ဧပြီ ၃၀ ရက် ၂၀၂၂

အီလွန်က တွဒ်တာကိုဝယ်ဖို့ ဘဏ်ကချေးထားတဲ့ငွေတွေကို ပြန်ဆပ်နိုင်ဖို့ တွဒ်တာပေးလုပ်ဖို့ အစီအစဥ်ရှိကြောင်း၊ ဘုတ်အဖွဲ့ကို ပေးနေရတဲ့ လစာတွေကို ဖယ်ရှားသွားမယ့်အကြောင်း၊ တွိတွေကနေ ငွေဝင်အောင် နည်းလမ်းသစ်တွေ ရှာဖွေသွားမယ့်အကြောင်း မြီရှင်တွေကို ပြောကြားသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ လောလောဆယ် သုံးစွဲသူတွေက အကောင့်အစစ်အမှန် ဖြစ်ကြောင်း ဘလူးမာ့ခ်ရဖို့အတွက် တလကို ၃ဒေါ်လာ ပေးနေရတာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ဖို့ သေချာစစ်ဆေးတာမျိုး မရှိတဲ့အတွက် စက်တွေကနေ အကောင့်တုတွေ အများကြီးဖန်တီးပြီး ကလဖန်ထိုးနေကြတာက ပြဿနာတခုဖြစ်နေတဲ့အတွက် သုံးစွဲသူစီစစ်ဖို့ကို ကွန်ဆာဗေးတစ်တွေက တောင်းဆိုနေကြတာပါ။

ဘုတ်အဖွဲ့ရဲ့ စတော့အပါအဝင် ခံစားခွင့်တွေကလည်း ၂၀၂၁ မှာ သန်း၆၃၀ ဖြစ်လို့ ၂၀၂၀တုန်းကထက် ၃၃ရာနှုန်း ပိုများလာတာပါ။ ကုမ္ပဏီရဲ့ ဝင်ငွေနဲ့စာရင် အုပ်ချုပ်သူတွေရဲ့ ခံစားခွင့်က မဟားတရား များနေတာကိုယ်၌က ဘုတ်အဖွဲ့ရဲ့ အရည်အချင်းကို မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဟန်းတားသတင်းကို အတုပါဆိုပြီး ဆင်ဆာလုပ် ပိတ်ပင်ခိုင်းခဲ့ပြီး တွဒ်တာကို အီလွန်ဝယ်လိုက်တဲ့အခါ မျက်ရည်ကျခဲ့တဲ့ တွဒ်တာရဲ့ ရှေ့နေမ ဝိဇယာဂတ္တာက မနှစ်က ခံစားခွင့် ၁၇သန်းရပြီး သူမကိုဖြုတ်လိုက်ရင်တောင် ၁၂.၅သန်း ပေးမှရမှာပါ။

ဆီးနိတ်က ဒီမိုကရက်အမတ်တွေက အီလွန်ကို ဆီးနိတ်မှာ လာအစစ်ခံဖို့ ဆင့်ခေါ်ရန် စဥ်းစားနေကြပါတယ်။ အီလွန်က တွဒ်တာကို ဒီနှစ်ကုန်လောက်ကျမှ အပြည့်အဝ လွှဲပြောင်းရယူမှာပါ။ မေးမယ်ဆိုတာတွေကတော့ ဘာပလန်တွေရှိလဲဆိုတာနဲ့ ကွန်တန့်မော်ဒရေးရှင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။ လစ်ဘရယ်အစစ်တွေက လက်ဝဲတွေကိုနဲနဲဝေဖန်လိုက်တာနဲ့ ဝိုင်းတုပ်ကြတော့ အဲဒီလစ်ဘရယ်တွေက ကွန်ဆာဗေးတစ်တွေနဲ့ ပိုပိုနီးလာတာပါ။ အီလွန်ရော ဂျိုးရိုဂန်ရောပါပဲ။ အဲဒီလိုလုပ်လေ သူတို့ဘက်မှာ လူနည်းလေဖြစ်မှာပါ၊ အာဏာရှင်ပေါက်စတွေနဲ့ ဘာပြောပြောယုံမယ့်လူတွေလောက်ပဲ ကျန်တော့မှာပေါ့။

၂၀၁၆နဲ့ ၂၀၂၀မှာ ကွန်ဆာဗေးတစ်တွေကို ဆင်ဆာတွေ လုပ်ကြတာကိုတောင် ဒီမိုကရက်တွေက သူတို့အရေးမလှတဲ့အခါတိုင်း တက်ခ်ကုမ္ပဏီကြီးတွေ ဆိုရှယ်မီဒီယာတွေကိုပဲ လှိမ့်ကြိမ်းမောင်းပြီး ကွန်တန့်မော်ဒရေးရှင်းလုပ်ဖို့ ဖိအားပေးနေခဲ့ကြပါတယ်။ ကလင်တန်ဆို ဘာလို့ အဲဒီဖက်ကအသံတွေ ဆိုရှယ်မီဒီယာမှာ ရှိနေသေးတာလဲလို့ကို ပြောခဲ့တာပါ။ လွတ်လွတ်လပ်လပ်လွှတ်ထားမယ်ဆိုတာကို မခံနိုင်ကြသူတွေက ရိုးဖြောင့်သူတွေဖြစ်မလား လူညစ်တွေဖြစ်မလားဆိုတာတော့ သိပ်စဥ်းစားစရာ မလိုဘူးထင်ပါတယ်။  

ပူပူနွေးနွေးဖွဲ့စည်းလိုက်တဲ့ ဘိုင်ဒန်ရဲ့ ဆင် ဆာဘုတ်ခေါ် ဒစ်စ်အင်ဖော်မေးယှဥ်းဃားဗန်းနင်းဘုတ်ကို ဦးဆောင်မယ့် နီနာဂျန်ကိုဝဇ်က ကပ်ပိုးရဲ့ မူလအစကို စိနတိုင်း လက်ဘ်ကလာတာပါဆိုတဲ့သတင်းနဲ့ ဟန်းတားလက်ပ်တော့ပ်သတင်းတွေကို မမှန်သတင်းတွေပါ၊ ထရမ့်ကမ်ပိန်းက လုပ်ကြံတာပါလို့ စွပ်စွဲခဲ့တဲ့သူပါ။ အဲဒီသတင်းနှစ်ခုစလုံးက နောက်တော့ အမှန်တွေဖြစ်ကြောင်း ထွက်ပေါ်လာပါပြီ။ အင်တာနက်ပေါ်မှာ သူမက ကွန်ဆာဗေးတစ်တွေကို ဘယ်လိုနှိပ်ကွပ်မယ် ဘယ်လိုဖြုတ်မယ် ဆိုတာတွေကို တစ်တော့မှာရော ယူကျူမှာရော တင်ထားတာတွေ အများကြီးပါ။ အဲဒီလိုလူက ဆင်ဆာဘုတ်ကိုင်မယ်ဆိုတော့ တရားမျှတမှုက ရှိဦးတော့မှာပေါ့။

နီနာဂျန်ကိုဝဇ်က အဲဒီလို အမှန်ကို အမှားလုပ်ခဲ့တဲ့အကြောင်း သူမဘော့စ် ပြည်ထဲရေးဝန်ကိုမေးတော့ မယောကာ့စ်က အဲဒီအကြောင်းတွေ သူမသိပါဘူးလို့ ဖြေပါတယ်။ ပြန်ဝန်ကလည်း အဲဒီလိုဖြေပါတယ်။ သူမအကြောင်း ကောင်းကောင်းမသိပဲ ဘာဖြစ်လို့ ဒီလိုနေရာခန့်တာလဲ၊ ဘယ်လို လုပ်ငန်းစဥ်နဲ့လဲလို့ သတင်းထောက်ကမေးတာကို ပြန်ဝန်က သူမဟာ သတင်းအမှားတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်သူဖြစ်တယ်၊ ဝီလ်ဆင်စန်တာမှာလုပ်နေတယ်စသဖြင့် စကားလုံးတွေအများကြီးသုံးပြီး လိုရင်းကို ရှောင်ပြောသွားပါတယ်။

ရုရှား-ယူကရိန်းစစ်မှာ နေတိုးကို ပုံမှန်ဦးဆောင်သူ အမေရိကန်က ဘိုင်ဒန်နဲ့အဖွဲ့က သုံးမရတော့ အဲဒီနေရာကို ယူကေက တစတစ ဝင်လာနေရပါတယ်။ မြို့တော်ကိဗ်ကို ကိုယ်တိုင်သွားပြီး ဇယ်လင်းစကီနဲ့ သွားတွေ့ခဲ့တာကအစ အခုနောက်ပိုင်း ပင်လယ်နက်နဲ့ ဘော်လတစ်ပင်လယ်တဝိုက်က မဟာမိတ်ဝေဟင်ပိုင်နက်ကို ကာကွယ်တာအဆုံးပါပဲ။ နေတိုးရေဒါမှာ ဘာမှန်းမသိတာတွေ ပျံလာတာတွေ့ရပြီး နောက်မှ ရုရှားတိုက်လေယာဥ်တွေဖြစ်နေမှန်း သိရတာပါ။ အခုတော့ အကုန်တပ်လှန့်ထားပါပြီ။

ရုရှားစစ်ဖက်လေယာဥ်တွေက သူတို့တည်နေရာ ပျံသန်းတဲ့အမြင့် ဖလိုက်ပလန်စတာတွေကို ထရန်စပွန်ဒါကုဒ်နဲ့ ထုတ်လွှင့်မှုမရှိတာကြောင့် အရပ်ဖက်လေယာဥ်တွေအတွက် အန္တရာယ် ရှိလာနိုင်တာပါ။ ဘော်လတစ်ပင်လယ်ဖက်ကို ပိုလန်၊ ဒိန်းမတ်ခ်၊ ပြင်သစ်နဲ့ စပိန်တို့က ကာကွယ်နေပြီး ပင်လယ်နက်ဖက်ကို ရိုမေးနီးယားနဲ့ ယူကေတို့က တာဝန်ယူထားပါတယ်။ ဘိုင်ဒန်အစိုးရက ကူတော့ ကူပါတယ်၊ နိုင်အောင်ကူတာမဟုတ်ပဲ မစို့မပို့နဲ့ တပြည်လုံးပြာမကျမချင်း စိတ်ရှည်လက်ရှည်စောင့်ပြီး ကူနေသလိုပါပဲ။

ရုပ်ရှင်သရုပ်ဆောင်နဲ့ ကလိုင်းမိတ်ချိန့်အက်တီဗစ် မာ့ခ်ရူဖလိုက ယူကရိန်းစစ်ဟာ ဘိုင်ဒန်တို့ ကလိုင်းမိတ်ချိန့်အာဂျင်ဒါအတွက် တကယ့်လက်ဆောင်ပါပဲလို့ ပြောသွားပါတယ်။ အမေရိကန်တွေကို ဒေါသထွက်အောင် ဆွပေးရင်း ကလိုင်းမိတ်အာဂျင်ဒါကို တွန်းနိုင်ဖို့ အကောင်းဆုံးအခွင့်အလမ်း ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ဂျွန်ကယ်ရီကလည်း ယူကရိန်းစစ်ကတပိုင်း ကလိုင်းမိတ်ချိန့်က ပိုအရေးကြီးတယ်လို့ ပြောဖူးပါတယ်။ တကယ်သဘာဝပတ်ဝန်းကျင်ကို အလေးထားရင် တကမ္ဘာလုံးမှာ နည်းပညာအမြင့်ဆုံးနဲ့ အသန့်စင်ဆုံး ရေနံ ဓါတ်ငွေ့ထုတ်နိုင်တဲ့ အမေရိကန်က ဘာလို့မထုတ်ပဲ သဘာဝပတ်ဝန်းကျင်ကို ပိုထိခိုက်တဲ့နည်းပညာနဲ့ထုတ်တဲ့နိုင်ငံတွေဆီက ဝယ်သုံးနေရတာလဲ၊ အားလုံးက ဒီတကမ္ဘာထဲကပဲမဟုတ်လို့လား။

တရုပ်ပြည်မှာ ပိုးက ရှန်ဟိုင်းတင်မကဘူး ပေကျင်းပါပျံ့နေပါပြီ။ စားရေရိက္ခာတွေပြတ်လပ်ပြီး လူတွေမခံနိုင်ဖြစ်လာကြလို့ ဆိုရှယ်မီဒီယာတွေမှာ ပိတ်ပင်ထားပေမဲ့ ကမ္ဘာ့အဆိုးဆုံး ဆင်ဆာတွေ အင်တာနက်သံကွန်ချာတွေ အေအိုင်တွေကို ကျော်လွှားဖို့ အမျိုးစုံစဥ်းစားကြံဆပြီး မက်ဆေ့ချ်ပြန့်အောင် ကြိုးစားနေကြပါပြီ။ ဘယ်ကွန်မြူနစ်အစိုးရမှ လူအများကြီး သေတာ အငတ်ဘေးဆိုက်တာအပါအဝင် ပြည်သူဒုက္ခရောက်တာကို ဂရုမစိုက်ပါဘူး၊ သူတို့ အာဏာတည်မြဲရေးထက် ဘယ်ဟာမှ ပိုအရေးမကြီးပါဘူး၊ ကွန်မြူနစ်ဆိုတာထက် အာဏာရှင်တိုင်းပါပဲ။ အာဏာရှင်လမ်းစဥ်သွားနေတာကို ခပ်ပေါ့ပေါ့မြင်သူများ သတိထားကြဖို့ပါ။

ဇန်နဝါရီ ၆ရက်နေ့မှာ လာရောက်ခဲ့တဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတဦးဖြစ်တဲ့ ရိုစန်းဘွိုင်လန်ဟာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ပြီး ရဲတွေကလိုက်ရိုက်ချိန်မှာ လူအုပ်ထဲလဲကျသွားခဲ့ပြီးနောက် သတိမရှိတော့တဲ့ သူမခန္ဓာကိုယ်နဲ့ ဦးခေါင်းကို ဒီစီမက်ထရိုရဲတဦးဖြစ်တဲ့ လီလာမောရစ်စ်က သစ်သားဒုတ်နဲ့ ၃ချက် အားကုန်ရိုက်ခဲ့တယ်လို့ ဘော်ဒီကမ်မရာတွေက မှတ်တမ်းများကို ကိုးကားပြီး အဲပို့ခ်တိုင်းမ်စ်က ရေးထားပါတယ်။

အင်အားသုံးတဲ့ကိစ္စမှာ ကျွမ်းကျင်သူ စတန်လေကက်ဖတ်ရဲ့ မှတ်ချက်မှာတော့ မောရစ်စ်ရဲ့ အင်အားသုံးမှုဟာ မခုခံမကာကွယ်နိုင်သူအပေါ်ဖြစ်တဲ့အတွက် အဲဒါဟာ အဖမ်းခံ အပြစ်ပေးခံရနိုင်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း၊ ရဲတွေကို ဒုတ်နဲ့ ခေါင်းကို မရိုက်ဖို့ လေ့ကျင့်ထားပေးပြီးဖြစ်ကြောင်း၊ အဲဒါကို အစိုးရဌာနက ဘွိုင်လန် သေဆုံးရတာဟာ အက်ဒါရဲလ်ဆိုတဲ့ ဆေးလွန်ပြီးသေတာလို့ မှတ်ချက်ပေးခဲ့ပြီး အဖြစ်မှန်ကိုဖုံးကွယ်ထားခဲ့တာဖြစ်ကြောင်း၊ ပြောကြားသွားပါတယ်။ ဘွိုင်လန်က နေရာမှာတင် အသက်ထွက်ခဲ့ပုံရပြီး နောက်၁၀မိနစ်လောက်အကြာမှာ အဆောက်အဦထဲ ဆွဲသွင်းပြီး မိနစ် ၅၀လောက် အသက်ပြန်ရှင်အောင် ကြိုးစားခဲ့ပေမယ့် မရတော့ပါဘူး။ ဒီမိုကရက်တွေနဲ့ သူတို့အောက်ဆွဲမီဒီယာတွေကတော့ ဒီလိုသတင်းမျိုး တင်မှာမဟုတ်ပါဘူး။ သူတို့တွေ တရားမျှတမှုကို တန်ဖိုးထားသလား၊ တာဝန်ယူမှု တာဝန်ခံမှုရှိသလားဆိုတာကို စဥ်းစားစေချင်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: