မေ ၈ ရက် ၂၀၂၂

အီလွန်ဟာ ၂၀၂၈ခုနှစ်မှာ တွဒ်တာရဲ့ ဝင်ငွေကို ၂၆.၄ဘီလီယံဖြစ်လာဖို့ မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံသူတွေကို ပြောသွားတယ်လို့ နယူးယောက်တိုင်းမ်စ်က သတင်းပို့ပါတယ်။ တွဒ်တာရဲ့ မနှစ်ကဝင်ငွေက ၅ဘီလီယံဖြစ်တဲ့အတွက် ၅ဆလောက် တက်လာမယ်လို့ မှန်းထားတာ ဖြစ်ပါတယ်။ အဲဒီ ၂၆.၄ဘီလီယံထဲက ၁၂ဘီလီယံက ကြော်ငြာတွေကနေ ရမှာဖြစ်ပြီး လစဥ်ကြေးတွေကနေ ရမှာက နောက်ထပ် ၁၀ဘီလီယံ ဖြစ်ပါတယ်။ ငွေလည်ပတ်မှု Cash Flow ခန့်မှန်းချက်ကတော့ ၂၀၂၅ မှာ ၃.၂ဘီလီယံ ဖြစ်ပြီး ၂၀၂၈မှာ ၉.၄ဘီလီယံဖြစ်ပါတယ်။ ၂၀၂၃မှာ တွဒ်တာပေးကနေ ၁၅မီလီယံ ဝင်ဖို့ မှန်းထားပြီး ၂၀၂၈မှာတော့ ၁.၃ဘီလီယံအထိ တိုးလာဖို့ဖြစ်ပါတယ်။ အတည်ပြု(သို့) မှတ်ချက်ပေးဖို့တော့ မတ်စ်ကို ဆက်သွယ်လို့ မရသေးဘူးလို့ ဆိုပါတယ်။

အီလွန်မတိုင်ခင် ၁.၉ဘီလီယံနဲ့ တွဒ်တာရဲ့ အကြီးဆုံး ရှယ်ယာရှင်ဖြစ်ခဲ့တဲ့ ဆော်ဒီမင်းသား အလာဝိဒ်က ရက်သတ္တ ၃ပတ်အတွင်း အီလွန်တွဒ်တာဝယ်မှာကို ဒေါပွတဲ့အဖြစ်ကနေ အီလွန်ရဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအုပ်စုထဲကို သူ့ရှယ်ယာတွေ လွှဲပြောင်းပါဝင်ဖို့ သဘောတူညီခဲ့ပါတယ်။ မိတ်ဆွေသစ်ကြီး အီလွန်နဲ့ ဆက်သွယ်ခွင့်ရတာ ဝမ်းမြောက်ကြောင်း၊ အီလွန်ဟာ တွဒ်တာကို အမြင့်ဆုံးကို ပို့နိုင်မယ့် ပဲ့ကိုင်ရှင်ကောင်းဖြစ်မှာကို ယုံကြည်ကြောင်း၊ သူနဲ့တကွ သူဦးဆောင်တဲ့ ကင်းဒမ်းဟိုးလ်ဒင်းကုမ္ပဏီက သူတို့ရဲ့ ၁.၉ဘီလီယံပိုင်ဆိုင်မှုကို အီလွန်ရဲ့ စိတ်လှုပ်ရှားဖွယ်ခရီးစဥ်မှာ ပူးပေါင်းပါဝင်ဖို့ ရည်သန်မျှော်လင့်လျက် ရှိပါကြောင်း တွိထားပါတယ်။ အလာဝိဒ်တို့အဖွဲ့က ၁၉၉၀နှစ်တွေက စီးတီးဂရုဖြစ်မလာခင် စီးတီးကော့ပ်ဒုက္ခရောက်နေတုန်းက ငွေလုံးငွေရင်းနဲ့ ရှယ်ယာဝင်ဝယ်ပေးခဲ့ပြီး ၂၀၁၂ မီဒီယာသူဌေး မားဒေါကို စွဲတဲ့အမှုမှာ မားဒေါရဲ့ နယူးစ်ကော်မှာ အကြီးဆုံးရှယ်ယာရှင်ပီပီ မားဒေါဖက်က ရပ်ပေးခဲ့တာဖြစ်ပါတယ်။

စနေနေ့ကတွိမှာတော့ မတ်စ်က တွဒ်တာဝန်ထမ်းများကို အလုပ်အပေါ်မှာထားတဲ့ ကျင့်ဝတ်ပိုင်း မျှော်မှန်းချက်ကတော့ ဂိတ်ဆုံးဖြစ်လိမ့်မယ်၊ ဒါပေမဲ့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံတွေနဲ့ ယှဥ်ရင်တော့ အများကြီး နည်းပါသေးတယ်လို့ ဆိုပါတယ်။ လွှဲပြောင်းတာတွေ ပြီးသွားရင် ကုမ္ပဏီက ဆော့ဖ်ဝဲ အင်ဂျင်နီယားရင်းပိုင်း၊ ဒီဇိုင်းပိုင်း၊ အင်ဖိုဆက်ခ်နဲ့ ဆာဗာဟာ့ဒ်ဝဲပိုင်းတို့ကို အဓိကထား ကိုင်တွယ်သွားမယ်လို့ ဆိုပါတယ်။ ဧပြီလအတွင်း တွဒ်တာမှာ အလုပ်လုပ်လိုကြောင်း စိတ်ဝင်စားသူတွေဟာ မတ်လကထက် ၂ဆခွဲကျော် တက်သွားတယ်လို့ ဖော်ကျွန်းက ရေးထားပါတယ်။

ဘိုင်ဒန်ရဲ့ ဒစ်အင်ဖော်မေးရှင်းဂါးဗားနန့်စ်ဘုတ်ကို ပူးတွဲခေါင်းဆောင်မယ့် ဂျနီဖာပက်စ်ကဲလ်ဆိုသူက အမွှေစိတ် ဂဆရနဲ့ ပတ်သက်တဲ့သူဖြစ်နေကြောင်း မီဒီယာသုတေသနအဖွဲ့က တင်ပြထားပါတယ်။ သူမဟာ ဘရောင်းနဲ့ ဟားဗတ်ဆင်း ဥပဒေဘွဲ့ရဖြစ်ပြီး ပြည်တွင်းလုံခြုံရေးဝကဌာနရဲ့ ဆိုင်ဘာနဲ့ နည်းပညာအထွေထွေအကြံပေးရာထူးမတိုင်ခင်က ပ/လ လူ့အဖွဲ့အစည်းအင်စတီကျူမှာ အလုပ်လုပ်ခဲ့ပြီး အဲဒီအရင်ကတော့ ဂဆရထောင်ထားတဲ့ ဟူးမန်းရိုက်ဝေါ့ချ်မှာ တန်ပြန်အကြမ်းဖက်နဲ့ ပတ်သက်တဲ့ အကြီးတန်းအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူပါ။ အမွှေစိန်က အဲဒီဟူးမန်းရိုက်အဖွဲ့ကို ၂၀၀၀ နဲ့ ၂၀၁၄ကြား ၃၂သန်း ပေးခဲ့ပါတယ်။ ဂျနီဖာဟာ ဂျပ်စ်စီကျူရတီအွန်လိုင်းစာစောင်ကို တည်ထောင်သူ အယ်ဒီတာအနေနဲ့လည်း လုပ်ခဲ့ပါသေးတယ်။ အဲဒီစာစောင်က နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒ များနဲ့ လူ့အခွင့်အရေးသုံးသပ်ချက်များအကြောင်း အဓိကထား ရေးသားတာဖြစ်ပြီး ဂဆရက အဲဒီစာစောင်ကို ၂၀၁၇နဲ့ ၂၀၁၉ကြား ဒေါ်လာ ခြောက်သိန်းခွန်နှစ်သောင်းခွဲပေးခဲ့တယ်လို့ မီ/ယာသုတေသနအဖွဲ့က ဆိုပါတယ်။   

အမွှေစိန်ရဲ့ အဖွဲ့တွေက ကမ္ဘာတဝှမ်းမှာ တရားမျှတရေး၊ လွတ်လပ်မီဒီယာ၊ ပညာရေး၊ လူထုကျန်းမာရေး စသဖြင့် အမည်တွေနဲ့ လှုပ်ရှားနေပြီး တကယ်တမ်းမှာတော့ အခု ဘယ်အစွန်းတွေ လုပ်နေကြတဲ့ နိုင်ငံတိုင်းလိုလိုက အင်အားကြီးလူမျိုး/ဘာသာ/အဖွဲ့တွေကို သပ်လျို/နှိပ်ကွပ်ခြင်း၊ အင်အားနည်းတဲ့အဖွဲ့တွေကို မြှောက်ပေးခြင်း၊ လိင်တူ/လိင်ပြောင်းများကို ရှေ့တန်းတင်ပေးခြင်း၊ တရားမျှတမှု အမည်တပ်ထားသော်လည်း အာဏာရှင်များနဲ့ အလွမ်းသင့်နေခြင်းတို့ဖြင့် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာ များပါတယ်။ သူ့လက်နဲ့ထိသမျှ အီးဖြစ်တယ်လို့ ပြောရမလိုပါပဲ။

ဒစ်အင်ဖော်မေးရှင်းဘုတ်ကို ဦးဆောင်မယ့် ဂျန်ကိုဝဇ်က ယူကရိန်းနိုင်ငံခြားရေးဌာနမှာ ဖူးဘရိုက်ဖဲလိုးအနေနဲ့ လုပ်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရက်အင်စတီကျုမှာ လုပ်စဥ်က ရုရှားနဲ့ ဘယ်လာရုစ်ပရိုဂရမ်တွေမှာ ကြီးကြပ်သူ လုပ်ခဲ့တာပါ။ သူမက ဟန်းတားလက်ပ်တော့ပ်သတင်းကို ရုရှားဒစ်အင်ဖော်မေးရှင်းကမ်ပိန်းရဲ့ အစိတ်အပိုင်းအဖြစ် စွပ်စွဲခဲ့သူဖြစ်ပါတယ်။​

ထလရက ပေါက်ထွက်လာတဲ့ သတင်းတွေအရ ယူကရိန်းက ရုရှားစစ်ဗိုလ်ချုပ်ကြီးတွေကို သတ်နိုင်ခဲ့တာနဲ့ ရုရှားစစ်သင်္ဘောမော့်စ်ကဗာကို ပစ်ခတ်ဖျက်ဆီးမြှုပ်နှံနိုင်ခဲ့တာဟာ ရုရှားတွေရဲ့ လှုပ်ရှားမှုကို အမေရိကန်ဖက်က ထလရသတင်းတွေပေးပြီး ကူညီခဲ့လို့ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်စ်က ဆိုပါတယ်။ ဘိုင်ဒန်အစိုးရက ရုရှားနဲ့ နျူစစ်ဖြစ်လိမ့်မယ်ဆိုတဲ့ အကြောင်းပြပြီး စစ်ပွဲမှာ နက်နက်ရှိုင်းရှိုင်း ဝင်မပတ်သက်အောင် နေတာလို့လည်း ဆိုထားတာ ရှိနေပါတယ်။​ အခုသတင်းထွက်လာတော့လည်း အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ အေဒရီယန်းဝပ်ဆင်က ဒီလိုသတင်းတွေပေးတာဟာ ရုရှားစစ်ဗိုလ်ချုပ်တွေကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူးလို့ ကြေငြာချက် ထုတ်ပါတယ်။

ဒါပေမဲ့ ပန်တဂွန်က ပြန်ကြားရေးမှူးကတော့ အဲဒီလို ကူညီတာ မဟုတ်ပါဘူး၊ ယူကရိန်းတွေမှာ သူတို့ထက် အင်ဖော်မေးရှင်း ပိုရှိပါတယ်လို့ ငြင်းပါတယ်။ ယူကရိန်းလို ဆင်းရဲငယ်ရွယ်တဲ့နိုင်ငံငယ်ကလေးက ထလရတွေ အဲဒီလောက်အဆင့်မြင့်နေတာ ဖြစ်နိုင်ပါ့မလား။

ပိုလန်က တိုက်လေယာဥ်တွေ ပေးပါမယ်ဆိုတာကိုတောင် ရုရှားစိတ်ဆိုးမှာစိုးလို့ ပို့ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဘိုင်ဒန်အစိုးရက အခုလို ကူညီနေတာဟာ ဝေဖန်သူတွေ ပြောနေကြသလိုပဲ ကူမှာဖြင့်လည်း တခါတည်းနိုင်အောင်ကူ၊ အဲဒီလိုလည်း မဟုတ်ပဲ မထိတထိ သွားသွားစနေသလို၊ ဟိုဖက်က ဒေါသမထွက်ထွက်အောင် ဆွပေးသလိုဖြစ်နေလို့ ယူကရိန်းအတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်သလို ဖြစ်နေတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: