Who’s pulling the strings of WHO?

ဂိတ်စ်နဲ့ တရုပ်ကြိုးဆွဲ ဟူးအဖွဲ့ကြီးက ပြီးခဲ့တဲ့ကပ်ပိုးကာလက တကမ္ဘာလုံးကို ဒီမိုကရက်တွေ  မီဒီယာတွေနဲ့အတူ ညာသံပေး အကြောက်မှိုင်း တိုက်ခဲ့ပြီးနောက် ကမ္ဘာမှာ သူတို့အလိုကျ အာဏာရှင်တွေ ခေါင်းထောင်လာတာ ဖြစ်ပါတယ်။ သူတို့အကြောက်မှိုင်းတိုက်ခဲ့သလိုပဲ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း လော့ဒေါင်းတွေ ခြိမ့်ခြိမ့်သဲ လုပ်ခဲ့ကြလို့ အဲဒီလိုလုပ်ခဲ့တဲ့ နိုင်ငံတွေရဲ့ စီးပွားရေး/ပညာရေး (အထူးသဖြင့် ဝင်ငွေနည်းသူတွေနဲ့ သူတို့ရဲ့သားသမီးတွေ) စီးပွားရေး ပညာရေး အဖက်ဖက်က နောက်ကျခဲ့ကြပြီး ကမ္ဘာ့ပြည်သူအများ လူမှုရေးအပါအဝင် ဒုက္ခအပေါင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျန်းမာရေးကတော့ အားလုံးသိတဲ့အတိုင်းပေါ့။

ကမ္ဘာ့သမိုင်းရဲ့ ဖြစ်ခဲ့သမျှကပ်တွေမှာ မလုပ်ခဲ့ကြတဲ့ လော့ဒေါင်းတွေကို အလံရှူးလို စပြီး အင်တိုက်အားတိုက် လုပ်ပြတာက စိနတိုင်းကဖြစ်ပြီး ၂၀၂၀ ဖေဖော်ဝါရီ ၂၄မှာကထဲက ဟူးရဲ့ လထညွှန်ချုပ် ဘရုစ်အိုင်လ်ဝါဒ်က ကပ်ပိုးရန်ကာကွယ်ဖို့အတွက် လော့ဒေါင်းတွေက ထိရောက်ပြီး လုပ်သင့်တဲ့ကိစ္စလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ အဲဒီအချိန်က အမေရိကန်မှာ လော့ဒေါင်းလုပ်ဖို့ဝေးလို့ နှာခေါင်းစည်းတောင် မတပ်ကြပါနဲ့၊ ဘာမှ မကာကွယ်ပါဘူး၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ထားလိုက်ပါလို့ ဖောက်ချီက ပြောနေဆဲပါ။ နောက်မသင်္ကာစရာတချက်က ၂၀၁၉ကမှ ထုတ်ပြန်ထားတဲ့ ဟူးရဲ့ ပန်ဓဲမစ်ဂိုက်လိုင်းမှာတော့ အဲဒီလို လော့ဒေါင်းလုပ်ရမယ်လို့ လုံးဝ ဖော်ပြမထားပါဘူး။

တကယ်တော့ သမိုင်းမှာ တခါမှ မလုပ်ခဲ့ဖူးတဲ့ လော့ဒေါင်းဆိုတာကြီးက တကယ့်စမ်းသပ်ချက် အကြီးစားကြီးပါ၊ ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးအတွက်လေးဆိုတာလိုပဲ ပိုးသက်သက်ကြောင့်ထက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြာကြာလုပ်ခဲ့ကြတဲ့ လော့ဒေါင်းတွေကြောင့် ကမ္ဘာ့ပြည်သူတွေ ပိုဒုက္ခရောက်ခဲ့ကြရတာပါ။ ကမ္ဘာမှာ သိပ္ပံနည်းကျလို့ ပြောတိုင်း စမ်းသပ်ပြီး အောင်မြင်ပြီးသားနည်းတွေကိုပဲ ရည်ညွှန်းကြတာပါ။ လော့ဒေါင်းက အဲဒီထဲမှာ မပါပါဘူး။

ဆေ့ချ်သိပ္ပံပညာရှင် ပါမောက္ခမာ့ခ်ဝူးလ်ဟောက်စ်က ပိုးထိန်းချုပ်ရေးနဲ့ပတ်သက်လို့ အရင်စမ်းသပ်ပြီး အောင်မြင်ပြီးသားနည်းတွေကနေ လုံးဝခွဲထွက်ပြီး လော့ဒေါင်းတွေကို ထောက်ခံဇောင်းပေးနေတဲ့ ဟူးရဲ့ လုပ်ရပ်ဟာ ကမ္ဘာမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ ဒီထက်ပိုပြင်းတဲ့အာဏာကို ရယူဖို့လည်းမသင့်၊ ရယူဖို့လိုအပ်တဲ့ ဂုဏ်သိက္ခာလည်း မရှိတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

အခုတော့ ဟူးက လော့ဒေါင်းအားပေးတာတင်မက ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေး အရေးပေါ်လား မပေါ်လားဆိုတာကိုပါ ဆုံးဖြတ်အရေးယူနိုင်တဲ့ အာဏာကို ဘိုင်ဒန်တို့ကဖန်တီးပြီး ပေးအပ်ထားပါပြီ။ စိနက မလုပ်ပဲ ဘိုင်တို့ကိုလုပ်ခိုင်းတာကို သတိထားမိကြမယ်ထင်ပါတယ်။ ဒါပဲလားဆိုတော့ အခုလို အာဏာကြီးကြီးပေးမထားတဲ့ ပြီးခဲ့တဲ့ ၂နှစ်မှာတောင် သူတို့ကိုဝေဖန်တဲ့သူတွေ အမှန်ချပြသူတွေကို သတင်းမှားဖြန့်သူတွေအဖြစ် သူတို့လူတွေအုပ်ချုပ်နေတဲ့နိုင်ငံတွေမှာ ဝိုင်းသမနေကြတာပါ။ (ကမ္ဘာ့အာဏာရှင်ကြီးတွေရဲ့အောက်) လွတ်လပ်တဲ့နိုင်ငံငယ်လေးတွေရဲ့အထက်မှာ နေနိုင်တဲ့ အာဏာရသွားရင် ဒီထက်ပိုဆိုးဖို့ပဲ ရှိပါတော့တယ်။

အဲဒီပလံဓဲမစ်စာချုပ်မှာ ဘာတွေပါလာနိုင်လဲ ဆိုတော့ ကကဆေးထိုးပြီးကြောင်း စတဲ့ အထောက်အထားတွေကို မလုပ်မနေရလုပ်လာနိုင်ပါတယ်၊ သူတို့ကို ဝေဖန်သူ ဆန့်ကျင်သူတွေကို သတင်းမှားဖြန့်တယ်ဆိုပြီး ဆိုင်ရာအစိုးရတွေကို အရေးယူဖို့ ဖိအားပေးလာနိုင်ပါတယ်၊ သူတို့ပြောသမျှ နာခံမှ အကူအညီအထောက်အပံ့ပေးမယ်လို့ ချည်လာနိုင်ပါတယ်။

ဒါတွေက ဘယ်ကနေ စပြောင်းလာတာလဲဆိုတော့ ဟူးကိုပေးနေတဲ့ ငွေတွေပြောင်းလဲသွားတဲ့ လွန်ခဲ့တဲ့ အနှစ်၃၀လောက်က စတာလို့ ဆိုပါတယ်။ အရင်က ဟူးလည်ပတ်နိုင်အောင် ထောက်ပံ့နေတဲ့ ရံပုံငွေတွကို အဖွဲ့ဝင်တွေက ကျခံရတာပါ၊ နောက်ပိုင်းမှာတော့ ဟူးဘတ်ဂျက်ရဲ့ တဝက်လောက်ကိုပဲ အဖွဲ့ဝင်တွေဆီကကောက်ပြီး ကျန်တဝက်ကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီက ရပါတယ်။ ဘယ်လိုအဖွဲ့တွေလဲဆိုတော့ နောက်ထပ်ဒီထက်အများကြီးဆိုးတဲ့ကပ်လာဦးမှာလို့ မောင်းတင်နေတဲ့ ဒုတိယအမွှေစိန်လိုလူတွေထောင်ထားတဲ့ ဖောင်ဒေးရှင်းတွေ၊ ဖွံ့ဖြိုးရေးဘဏ်ဆိုတာတွေပါဝင်ပါတယ်။ အဲဒီအစိုးရမဟုတ်တဲ့အဖွဲ့တွေကရတဲ့ ရန်ပုံငွေတွေကိုတော့ အလှူရှင်သုံးစေချင်တဲ့နေရာတွေမှာပဲ သုံးရမှာဖြစ်ပါတယ်။

အဲဒီဒုအမွှေစိန်နဲ့ ကွဲသွားပြီဖြစ်တဲ့သူ့မိန်းမတို့ နာမည်နဲ့ဖောင်ဒေးရှင်းက ဖဇတို့လို နာမည်ကြီးဆေးကုမ္ပဏီကြီးတွေမှာ သန်း၂၀၀ဖိုး မြှုပ်နှံထားလိုက်တာ မကြာသေးပါဘူး။ သူတို့ဖဒရှင်းက ဟူးကိုလှူတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေထဲမှာ ဒုအကြီးဆုံးလို့ဒေးဗစ်မိုးကြိုးက သူ့ရဲ့ ဖရီးဓမ်းဘလော့မှာ ရေးသားထားပါတယ်။ တနည်းအားဖြင့်ဆိုရင် ဆေးကုမ္ပဏီကြီးတွေက ကမ္ဘာ့ပြည်သူတွေရဲ့ ကျန်းမာရေးကို နောက်ကွယ်က ထိန်းချုပ်လာတော့မှာလို့ ပြောလို့ရမှာပါ။ ဆေးကုမ္ပဏီဆိုတာနဲ့ ကိုယ့်အကျိုးစီးပွား ဦးထိပ်ထားလိမ့်မယ်ဆိုပြီး မျက်စိမှိတ် ယုံရလောက်အောင်တော့ မအကြပါနဲ့လို့ ပြောချင်ပါတယ်။

ပြီးခဲ့တဲ့ ပလံဓဲမစ်မှာ တချို့နိုင်ငံတွေက စိနနဲ့ နယူးယောက်တို့ ကယ်လီဖိုးနီးယးတို့လုပ်ပြသလိုမျိုး တင်းကြပ်ခဲ့ကြပေမယ့် တချို့နိုင်ငံတွေက ဖလော်ရီဒါတို့ တက္ကဆက်စ်တို့လို ရှိသမျှအကုန်ရပ်ပြီးတုန့်ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။ လွတ်လပ်တဲ့ကမ္ဘာကြီးမှာ ကိုယ့်အခြေအနေနဲ့ ကိုယ့်တွက်ကိန်းနဲကိုယ် ဆုံးဖြတ်ချက်ချကြတာ မဆန်းပေမယ့် လာမယ့်ဟူးစာချုပ်အရဆိုရင် တကမ္ဘာလုံး တသွေးတသံတမိန့်အောက်မှာ ပြားပြားဝပ်နေရမယ့်ပုံပဲ။

https://davidthunder.substack.com/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: