ဆီနိတ်တာ တက်ဒ်ခရုဇ်က သေနတ်ထိန်းချုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာပါ။ အမေရိကန်မှာ တရားဝင်သေနတ်ကိုင်ဆောင်ထားတဲ့သူတွေက ပြည်သူအချင်းချင်း အကာအကွယ် ပေးတတ်ကြတာကြောင့် တနှစ်ကို ရာဇဝတ်မှုပေါင်း ၅သိန်းကနေ ၁သန်းကျော်အထိ သက်သာနေရတယ်လို့ ဆိုပါတယ်။ တကယ်တော့လည်း ဖြစ်ပြီဟေ့ဆိုရင် ရဲခေါ်နေဖို့ အချိန်မရတာ အမှန်ပါ။ အဲဒီတော့ ကိုယ်တိုင် (သို့) အနားမှာရှိတဲ့ သေနတ်ကိုင်ထားတဲ့သူက ဝင်ဟန့်လိုက်မယ်ဆိုရင် မဖြစ်ခင်က ကာကွယ်ပြီး ဖြစ်မှာပါ။ အဲဒါက ဥပဒေတွေနဲ့ တားတာထက် အများကြီး မြန်ဆန်ထိရောက်ပါတယ်။
ကိုင်ဆောင်ခွင့်ကို ကန့်သတ်လိုက်မယ်ဆိုရင် အထူးသဖြင့် အခုလို ရာဇဝတ်မှုတွေ မထူထူအောင် လုပ်ထားကြတဲ့အချိန်မှာ ပစ်ခတ် သတ်ဖြတ် ဓါးပြတိုက် ပြန်ပေးဆွဲ အကြမ်းဖက် မုဒိမ်း စတာတွေ အများကြီး ထပ်တိုးလာမယ့်အနေအထား ဖြစ်နေပါတယ်။ နယူးယောက်တမြို့ထဲမှာတောင် ရှိတဲ့ ရဲအင်အားက အရင်နှစ် ၂၀နဲ့ယှဥ်ရင် ၂၀၀၀လောက် လျော့သွားပြီဆိုတော့ ကျန်တဲ့နေရာတွေလည်း အနည်းနဲ့အများ လျော့မယ့်သဘောပါပဲ။
ပစ်ခတ်မှုတွေကို ဟန့်တားဖို့အတွက် ရီပါဘလစ်ကန်ဆီနိတ်တာတွေဖြစ်ကြတဲ့ ချပ်ခ်ဂရပ်စ်လီနဲ့ တက်ဒ်ခရုဇ်တို့ ပူးပေါင်းရေးဆွဲထားတဲ့ ဂရပ်စ်လီ-ခရုဇ်အဆိုကြမ်းမှာပါတဲ့ အဓိကအချက် ၃ချက်ကိုလည်း ပြောသွားပါတယ်။
၁။ ဖယ်လိုနီအဆင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ဖူးသူတိုင်းကို ဖက်ဒရယ်ဒေတာဘေ့စ်ထားရှိဖို့
၂။ လက်နက်နဲ့ အကြမ်းဖက် (သို့)ကြမ်းတမ်းရာဇဝတ်မှုကြူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ အစိုးရရှေ့နေတွေကို ဘတ်ဂျက်ချပေးသွားဖို့
၃။ တရားရေးဌာနက အရင်ရာဇဝတ်မှုကျူးလွန်ထားပြီးသူတွေကို ထောင်ထဲမှာမထားပဲ အပြင်ပြန်ပြန်လွှတ်နေတဲ့အပြင် လက်နက်တရားမဝင်ဝယ်ယူနေကြတာကိုလည်း မတားမြစ်တဲ့အတွက် သွားပြီး တရားစွဲထောင်ချသွားနိုင်ရန် ဘတ်ဂျက်ချပေးဖို့
စတာတွေအပြင်
– ကျောင်းတွေမှာ ဝင်ပေါက်တပေါက်ထဲသာ ဖွင့်ထားပြီး အဲဒီအပေါက်မှာ လက်နက်ကိုင်ရဲ/စစ်ပြန်တွေ ထားရှိသွားဖို့ ဂရန့်တွေ စီစဥ်ပေးအပ်သွားမယ်လို့လည်း ပါပါတယ်။
အဲဒီအဆိုကို ဆီးနိတ်မှာ မဲခွဲခဲ့တာမှာ ဒီမိုကရက်ဆီနိတ်တာ ၉ဦးအပါအဝင် စုစုပေါင်း ၅၂မဲ ရခဲ့တဲ့အတွက် တကယ်ဆိုရင် အဆိုအောင်တယ်လို့ ပြောလို့ ရပါတယ်။ ပြဿနာက ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ဆီးနိတ်မှာ မဲ၆၀ရမှ အဆိုအောင်မယ်လို့ သတ်မှတ်လိုက်တဲ့အတွက် ဂရပ်စ်လီ-ခရုဇ်အဆိုက အရေးနိမ့်သွားခဲ့ပါတယ်။
ဆူသာလန်စပရင်းပစ်ခတ်မှုရော ရော့ဘ်စ်မူလတန်းကျောင်းပစ်ခတ်မှုရောမှာ တူတဲ့အချက်က လက်နက်ဝယ်ဖို့ နောက်ကြောင်းစစ်တဲ့ဖောင်ကို လိမ်ဖြည့်ထားတာဖြစ်ပါတယ်။ ဆူသာလန်စပရင်းမှာ ပစ်ခတ်သူရဲ့ရာဇဝတ်နောက်ကြောင်းကို ဟူစိန်အိုရဲ့ လေတပ်က ထုတ်ပြန်မထားသလို ရော့ဘ်စ်မှာလည်း ပစ်ခတ်သူက ဖောင် လိမ်ဖြည့်ထားခဲ့ပါတယ်။
၂၀၁၀မှာ ရာဇဝတ်နောက်ကြောင်းရှိသူပေါင်း ၄သောင်း၈ထောင်ကျော်က တရားဝင် သေနတ်ဝယ်ယူခဲ့ကြပြီး အဲဒီထဲက ၄၄ဦးကိုသာ ဟူစိန်အိုအစိုးရက အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ ဆန်တာဖေးအထက်တန်းကျောင်းပစ်ခတ်မှုနဲ့ ရော့ဘ်စ်မူလတန်းကျောင်း ပစ်ခတ်မှုတို့မှာ ပစ်ခတ်သူက နောက်ဖေးပေါက်ကနေ ဝင်ရောက်လာကြတာ တူညီပါတယ်။ တကယ်လို့ အဝင်ပေါက်က တခုထဲရှိပြီး အဲဒီမှာလည်း လက်နက်ကိုင်အစောင့်ရှိမယ်ဆိုရင် အခုလို အဖြစ်ဆိုးမျိုးတွေနဲ့ ကြုံဖို့မလွယ်တော့ပါဘူး။
စဥ်းစားသင့်တာက ဘိုင်ဒန်အစိုးရလုပ်ဒုက္ခတွေဖြစ်တဲ့ လောင်စာဈေးကြီးမြင့်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စုဆောင်းထားတာ ရင်းနှီးမြှုပ်နှံထားတာလေးတွေ လုံးပါးပါးနေတဲ့ ဒဏ်ခံနေရတဲ့ ပြည်သူတွေကို ရာဇဝတ်မှုတွေနဲ့ပါ နပမ်းလုံးနေရတဲ့ အခြေအနေအထိ ဘေးကျပ်နံကျပ်ဖြစ်အောင် တွန်းနေကြတဲ့ ဘယ်ပါတီဝင်ကိုမဆို နိုဝင်ဘာမှာ ဖြုတ်ချကြဖို့ လိုပါပြီ။

SEE WHAT TED CRUZ JUST SAID TO THE ENTIRE DEMOCRATS ON GUN CONTROL
democrats gets up and sends a direct message to democrats on gun co