Monkey Pox Facts

ဘဒအစိုးရနဲ့ ဟူးတို့ ကြောက်ပြနေတဲ့ မျောက်ကျောက်ကူးစက်ခံခဲ့ရတဲ့ ယောက်ျားတွေရဲ့ ၇၃ရာနှုန်းက ရောဂါလက္ခဏာမပြခင် ၃ပတ်အတွင်း အနည်းဆုံး ၂ယောက်ကနေ ၁၀ယောက်အထိသောသူတွေနဲ့ ကာမစပ်ယှက်ခဲ့ကြတယ်လို့ စီဒီစီရဲ့ ဒေတာတွေကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ရေးသားထားပါတယ်။ အဲဒီ လူတွေထဲက ၁၄ရာနှုန်းက လိင်ဆက်ဆံဖက် ၅ဦးကနေ ၉ဦးအထိ ရှိကြပြီး ၂၀ရာနှုန်းနီးပါးက အဆိုပါကာလအတွင်းမှာ ၁၀ယောက်အထက်သော သူတွေနဲ့ ကာမဆက်ဆံခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်မှာ ဖြစ်သမျှ မျောက်ကျောက်လူနာတွေရဲ့ ၉၉ရာနှုန်းက အမျိုးသားတွေဖြစ်ပြီး ၉၆ရာနှုန်းကတော့ လိင်တူဆက်ဆံသူ အမျိုးသားတွေ ဖြစ်ကြပါတယ်။

စီဒီစီက စစ်တမ်းကောက်ခဲ့တဲ့ ၂၉၁ဦးအနက် ၃၈ရာနှုန်းဖြစ်တဲ့ ၈၆ဦးဟာ အုပ်စုလိုက်ကြီး ဒချိခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိလူ့အသိုင်းအဝိုင်းမှာ လိင်တူသမားက လူနည်းစုပါ။ အဲဒီထဲမှာမှ လူတွေအများကြီးနဲ့ ပလေးဘွိုင်လုပ်နေတဲ့ ယောက်ျားတွေက ဘယ်လောက် များများရှိမှာမို့လို့လဲ။ ဘယ်လိုလူတွေ ဘယ်လိုနေရင် ရောဂါကူးနိုင်ခြေဘယ်လောက်တိုးနိုင်တယ်ဆိုတာကို ပညာပေး သတိပေးလိုက်ရင် ဒီရောဂါကူးစက်မှုကို လျော့မချနိုင်ဘူးလား။

ဒီလိုဒေတာတွေ ရှိနေလျက်သားနဲ့ အဖြစ်နိုင်ဆုံးအုပ်စုကို သတိမပေးပဲ မဆိုင်တဲ့သူအများကြီးကို အရေးပေါ်အခြေအနေဆိုပြီး လိုက်ကြေငြာနေတာက ဘာသဘောဖြစ်မယ်လို့ ထင်ကြသလဲ။ သေချာတာက ဖောက်ချိတို့တတွေက ငတုံးတွေမဟုတ်ဘူး။

May be an image of animal and outdoors

Share

Leave a comment