၁၉၈၀ပြည့်လွန်နှစ်တွေတုန်းက စေတန်နစ်ဗာ့စ်စ်စာအုပ်ကြောင့် ဟိုဘာသာကြီးရဲ့ စစ်သွေးကြွတွေက တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းအမိန့်ထုတ်ခံခဲ့ရတဲ့ အိန္ဒိယဖွား စာရေးဆရာကြီး ဆာအာမက်ဆောလ်မွန်ရှပ်ရှ်ဒီးဟာ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးတောင်ဖက်က Chautauqua မြို့လေးမှာ ဟောပြောပွဲတခု ပြုလုပ်နေစဥ် လူတဦးက စင်ပေါ်တက်ပြီး ဓါးနဲ့အကြိမ်ကြိမ်ထိုးခဲ့ပါတယ်။ ဖြစ်စဥ်ဟာ စက္ကန့် ၂၀လောက် ကြာမြင့်ပြီး လူတွေက ရုတ်တရက် ကြောင်သွားကြလို့ ချက်ချင်းမတုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံကို ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်သွားစဥ်မှာတော့ ရှပ်ရှ်ဒီးဟာ အသက်ရှင်လျက် ရှိနေပြီး စင်ပေါ်မှာတော့ သွေးတွေ ပြန့်ကြဲနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကနေ့သူဟောပြောမယ့်ခေါင်းစဥ်က ရှောင်ပြေးနေရတဲ့ စာရေးဆရာတွေနဲ့ တခြားအနုပညာသည်တွေအတွက် အမေရိကန်ဟာ လွတ်လွတ်လပ်လပ် ဖန်တီးဖော်ထုတ်ခွင့်ရှိတဲ့ ခိုလှုံရာ ကင်းလွတ်နယ်မြေအဖြစ် ဆွေးနွေးသွားဖို့ စီစဥ်ထားတာပါ။ ရှပ်ရှ်ဒီးကို စေတန်းနစ်ဗာ့စ်စ်စာအုပ်အတွက် အီရန်က ခိုမေနီက သေမိန့်ထုတ်ထားကလို သူ့စာအုပ်ကိုလည်း ဘန်းကြတဲ့နိုင်ငံတွေ မနည်းပါဘူး။ နောက်ပိုင်းမှာအီရန်အစိုးရက အဆိုပါသေမိန့်ဖာတွာကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် ၂၀၁၂အထိ အစိုးရတပိုင်း ဘာသာရေးတပိုင်းအဖွဲ့တွေက ရှပ်ရှ်ဒီးခေါင်းကိုရရင် ဒေါ်လာ ၃သန်းပေးမယ်လို့ ဆုကြေးထုတ်ထားတာပါ။
ရှပ်ရှ်ဒီက ပန်အမေရိကလို့ခေါ်တဲ့ စာပေနယ်မှာ လွဝ်လပ်စွာဖော်ထုတ်ခွင့်ကို အကာအကွယ်ပေးမယ့် နန်းပရောဖစ်အဖွဲ့တခုကို ဦးဆောင်ဥက္ကဋ္ဃလုပ်ခဲ့ပါသေးတယ်။ ဒီမနက်မှာလည်း ယူကရိန်းက အန္တရာယ်ကြုံနေရတဲ့ စာပေပညာရှင်တွေကို တိမ်းရှောင်နိုင်ဖို့ ဆက်သွယ်ကူညီပေးနေခဲ့တာပါ။
ရှပ်ရှ်ဒီးဟာ အသက် ၇၅နှစ်ရှိပြီဖြစ်ပြီး သူ့ကို လုပ်ကြံဖို့ ကြိုးစားသူဟာ ဘယ်သူဘယ်ဝါမှန်း ရဲက မဖော်ထုတ်နိုင်သေးသလို ဘာကြောင့်သတ်ချင်ရတာလဲဆိုတာကိုလည်း မသိရသေးပါဘူး။ လွတ်လပ်မှုကို မြတ်နိုးပြီး ရဲရင့်ဆန်းသစ်တဲ့ အတွေးအမြင်ရှိသူ စာရေးဆရာကြီး ဒီတောင်ကို ကျော်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
https://nypost.com/2022/08/12/salman-rushdie-stabbed-during-appearance-in-new-york/