Trump Home Raid 4

ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတထရမ့်အိမ်ကို ဝင်စီးကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တချို့ ထပ်ထွက်လာပါတယ်။​ အဲဒီထဲမှာ

၁။ ရှာဖွေဝရမ်းကို လက်မှတ်ထိုးပေးထားတာ သောက်ြာနေ့ထဲကဖြစ်ပြီး ဝင်စီးတာက တနင်္လာမှဖြစ်လို့ ထရမ့်(သို့)သူ့ရှေ့နေအဖွဲ့ကို အကြောင်းကြားဖို့ အချိန်အများကြီး ရခဲ့တဲ့ကြားက တမင်ကို ထိမ်ချန်ထားခဲ့တာ ဖြစ်ပါတယ်။

၂။ ကလပ်စီဖိုင်းဆိုတဲ့ လျို့ဝှက်စာရွက်စာတမ်းတွေ ယူဆောင်သွားတယ်လို့ စွပ်စွဲပေမယ့် ထရမ့်သမ္မတအဖြစ် ရှိနေခဲ့စဉ်ကထဲက သမ္မတတဦးရဲ့ လုပ်ပိုင်ခွင့်နဲ့ တချိန်မှာ အများပြည်သူကို ချပြသင့်တယ်လို့ ယူဆတဲ့ စာရွက်စာတမ်းတွေကို ဒီကလပ်စီဖိုင်း (ကလပ်စီဖိုင်းအဆင့်ကနေ ပယ်ဖျက်)ခဲ့ပါတယ်။

ထရမ့်လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးအဖြစ် ထမ်းရွက်ခဲ့တဲ့ ကက်ရှ်ပတဲလ်က ၂၀၂၀ အောက်တိုဘာကထဲက ရုရှားဂိတ်ရော ဟေလာရီရောနဲ့ ပတ်သက်တဲ့ ဖိုင်မှန်သမျှကို ဒီကလပ်စီဖိုင်းလုပ်ခဲ့တာ သူ့မျက်မြင်ပဲလို့ ဆိုပါတယ်။

၃။ သူတို့ပြောတဲ့ ထရမ့်ယူသွားတယ်ဆိုတဲ့ ပုံး၁၅လုံးကလည်း မာရာလေဂိုမြေအောက် စတိုခန်းထဲမှာ ရှိနေခဲ့တာ ဇွန်လထဲက သူတို့ လာကြည့်သွားပြီးသားပါ။ ပိုကောင်းတဲ့သော့ ပြောင်းတပ်ဖို့နဲ့ လုံခြုံရေးကင်မရာ ထပ်တပ်ဖို့ တောင်းဆိုခဲ့တာကိုလည်း ထရမ့်ဘက်က လိုက်လျောခဲ့ပြီးပါပြီ။ ဆိုလိုတာက အဲဒီလို အဆင့်ဆင့်ပူးပေါင်းဆောင်ရွက်နေတဲ့ကြားက ဝင်စီးတာက နည်းမကျတာကို ထင်ရှားစေတာပါ။

၄။ နျူလက်နက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ယူဆောင်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က “အဲဒါလိမ်တာပါ၊ ကလင်တန်တို့က ငါ့ကိုနာမည်ဖျက်ဖို့ ငှားထားခဲ့တဲ့ ဗြိတိသျှစပိုင်ဟောင်း ခရစ်စတိုဖာစတီးလ်ကိစ္စကို တရားရေးဌာန အင်စပက်တာချုပ်က စစ်ဆေးခဲ့တုန်းက ၂၀၁၆ ထရမ့်ကမ်ပိန်းအဖွဲ့ဝင်တွေကို တိတ်တိတ်လေး စုံစမ်းထောက်လှမ်းခဲ့ကြတဲ့တာမှာ အက်ဖ်ဘီအိုင်ရဲ့ အမှားတွေ၊ ထိမ်ချန်ထားတာတွေ တပုံကြီး တွေ့ခဲ့ရတာပဲ”လို့ ဆိုပါတယ်။ ထရမ့်ရှေ့နေကတော့ ဒီစွပ်စွဲချက်ဟာ ဒီမိုကရက်တွေရဲ့ ထုံးစံအတိုင်း ပြည်သူတွေကြောက်အောင် လှန့်ခြင်းဖြင့် ထရမ့်ကို မုန်းလာအောင်လုပ်တာပါလို့ ပြောသွားပါတယ်။

အိုဘားမား အိမ်ဖြူကထွက်တုန်းက စာမျက်နှာပေါင်း သန်းနဲ့ချီပြီး ယူထုတ်သွားခဲ့တာတွေကို ဘယ်သူမှ စစ်ဆေးဖို့ မကြိုးစားခဲ့သလို ကလပ်စီဖိုင်းဖိုင်တွေနဲ့ ထိပ်တန်းလျို့ဝှက်ဖိုင်တွေ သိမ်းထားတဲ့ ကလင်တန်ရဲ့ ကိုယ်ပိုင်အီးမေးလ်ဆာဗာကို အစစ်မခံချင်လို့ ဖျောက်ဖျက်ပစ်ခဲ့တာကိုလည်း ဘယ်အက်ဖ်ဘီအိုင်၊ ဘယ်တရားရေးဌာနကမှ စုံစမ်းဖို့ အားမထုတ်ခဲ့ကြပါဘူး။ တကယ်တမ်းမှာ လျို့ဝှက်ကိစ္စတွေကို ကိုယ်ပိုင်ဆာဗာမှာထားရှိတာဟာ ဟက်ကာတွေက ထိုးဖောက်ခိုးယူနိုင်သလို သူ့အနေနဲ့ ရန်သူဆီ ရောင်းစားချင်လည်း လွယ်လွယ်လေး လုပ်လို့ ရနေတာပါ။

၂၀၁၆ဇူလိုင်တုန်းက အက်ဖ်ဘီအိုင်ဒါရိုက်တာ ဂျိမ်းစ်ကိုမေက (ဟေလာရီရဲ့) ကလပ်စီဖိုင်းဖိုင်တွေ ကိုင်တွယ်ပုံ မဟုတ်ခဲ့တာဟာ ဟေလာရီက အဲဒီလုပ်ရပ်ဟာ ဥပဒေချိုးဖောက်နေတာလို့ မသိခဲ့တဲ့ အတွက် ပေါ့ဆခဲ့တာသာဖြစ်လို့ အရေးယူမှာ မဟုတ်ကြောင်းပြောခဲ့ပါတယ်။ အဲဒီလို ရှေ့မှာဆုံးဖြတ်ထားတဲ့အတွက် အခုထရမ့်ကိစ္စမှာလည်း ကလပ်စီဖိုင်းဖိုင်တွေကို ယူသွားတယ်ဆိုရုံနဲ့ အမှုလုပ်လို့ မရနိုင်ပါဘူးလို့ အမတ်ဟောင်းနဲ့ အက်ဖ်ဘီအိုင်ဒါရိုက်တာဟောင်းဂျွန်ရက်ဒ်ကလစ်ဖ်က ဆိုပါတယ်။

သမ္မတကလင်တန်လက်ထက်က အမျိုးသားလုံခြုံရေးအကြံပေးလုပ်ခဲ့တဲ့ စန်ဒီဘာဂါဟာ အမျိုးသားမှတ်တမ်းဌာန နေရှင်နယ်အာခိုက်ဖ်ကနေ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေကို ခိုးယူပြီး အကြမ်းဖက်တွေနဲ့ ပတ်သက်တဲ့ သမိုင်းမှတ်တမ်းတွေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလို ပြစ်မှုကြီးကိုတောင် ဒဏ်ငွေတစ်သောင်းပေးဆောင်ပြီး ထောင်မကျခဲ့တဲ့အပြင် သူ့ရဲ့လုံခြုံရေးကင်းရှင်းချက်ကိုလည်း နှစ်အနည်းငယ်ပဲ ကန့်သတ်ထားခဲ့တာပါ။

ထရမ့်ကျမှ နိုင်ငံတော်သစ္စာဖောက်မှုကြီးလို ပြောနေကြတာဟာ အမေရိက ပထမ ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲနိုင်လာပြီး လုပ်သမျှဟာ အမေရိကန်တွေ လုံခြုံဖို့၊ သာယာဝပြောဖို့နဲ့ နိုင်ငံတကာမျက်နှာစာမှာ အမေရိကန်ရဲ့ အင်အား၊ သိက္ခာတို့ ပြန်တက်ဖို့ လုပ်ခဲ့တာ အရင်က မသိခဲ့ဘူး ဆိုရင်တောင် ဘိုင်ဒန်တို့လုပ်နေသမျှနဲ့ ချိန်ထိုးကြည့်ရင် ငြင်းနိုင်စရာ မရှိပါဘူး။

အက်ဖ်ဘီအိုင်နဲ့ တရားရေးက စစ်ဆေးဖို့ပျက်ကွက်ခဲ့တဲ့ အိုဘားမား၊ ဟေလာရီ၊ ဘိုင်ဒန်တို့ကြောင့်သာ အမေရိကန်တွေ သေကြေ/ဆုံးရှုံး/ကြပ်တည်းခဲ့ပေမယ့် ထရမ့်ကြောင့် အပြစ်မရှိတဲ့ ဘယ်အမေရိကန်မှ ဒုက္ခ မရောက်ခဲ့တာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမပါပဲ ကြည့်ရင် တွေ့နိုင်မှာပါ။ အဲဒီအချက်တွေကပဲ ထရမ့်က နျူလက်နက်တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ယူသွားတာ ဖြစ်နိုင်/မဖြစ်နိုင် ထင်ရှားစေမှာပါ။

ဒီမိုကရက်တွေရဲ့ စွပ်စွဲချက်တွေ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရလက်ထက်မှာ အမျိုးသားစီးပွားရေးကောင်စီဒါရိုက်တာ လုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း ဖောက်စ်တီဗီက တင်ဆက်နေသူ လာရီကဒ်လိုက သူတို့ထရမ့်အပေါ် စွပ်စွဲခဲ့သမျှတွေက အလိမ်တွေချည့်ပဲလေ၊ ဥပမာ

  • ရုရှားကိုလူးရှင်း
  • စတီးလီ ဒေါ်စီရေ
  • ကာတာပေ့ချ်အပေါ် ထုတ်ခဲ့တဲ့ ဖိုင်စာ(နိုင်ငံခြားထောက်လှမ်းရေးတွေကို စောင့်ကြည့်တဲ့ တရားရုံး)ရဲ့ ဝရမ်း
  • မူလာဝှိုက်ဝေါ့ရှ်
  • အကြမ်းဖက်တွေဝင်လာမှာစိုးလို့ စီစစ်စေတာကို မူဆလင်တွေကို ဘန်းတယ်ဆိုတဲ့ စွပ်စွဲချက်
  • ကလေးတွေကို (လှောင်အိမ်)ကေ့ချ်နဲ့ထားတယ်ဆိုတဲ့ စွပ်စွဲချက်
  • ရုရှားတွေနဲ့ ထရမ့်တာဝါမှာ တွေ့တယ်ဆိုတဲ့ စွဲချက်
  • ရုရှားဆာဗာတွေ ထရမ့်တာဝါမှာ ထားထားတယ်ဆိုတဲ့ စွဲချက်
  • ဒုက္ခိတကို လှောင်တယ်ဆိုတဲ့ စွဲချက်

အဲဒါတွေအပါအဝင် သူတို့စွပ်စွဲတာတွေအားလုံးက အလိမ်တွေချည့်ပဲဆိုတော့ အခုကိစ္စမှာလည်း အမှန်စွပ်စွဲတာပါလို့ ယုံဖို့ခက်ကြောင်း လာရီက ဆိုပါတယ်။

ထရမ့်အိမ်ကို ရှာဖွေတဲ့ ဝရမ်းနဲ့ ပတ်သက်ပြီး နယူးယောက်တောင်ပိုင်းခရိုင် အစိုးရရှေ့နေဟောင်း အန်ဒရူးမက်ကာသီက တရားရေး/အက်ဖ်ဘီအိုင်အနေနဲ့ ကလပ်စီဖိုင်းဖိုင်တွေပဲ ရှာဖို့ ရည်ရွယ်တာဆိုရင် ဝရမ်းမှာ အဲဒီဖိုင်တွေရှာဖို့ပဲ ရေးရမှာဖြစ်ပြီး အဲဒီဖိုင်တွေတွေ့မှပဲ ပုံစံမှာဖြည့်စွက်ပြီး ယူဆောင်သွားရမှာဖြစ်ကြောင်း၊ အခုလုပ်သွားတာက အထွေထွေဝရမ်းလိုပဲ ထရမ့်သမ္မတလုပ်နေတဲ့ ၄နှစ်အတွင်း ဖြစ်သမျှနဲ့ ပတ်သက်တာ အကုန်သိမ်းသွားတဲ့အတွက် သူတို့ပေးတဲ့ အကြောင်းပြချက်က မလုံလောက်ဘူးလို့ ဆိုပါတယ်။

ထရမ့်အိမ်ကို ရှာဖွေခဲ့တဲ့အပေါ် ဟားဗတ် ဥပဒေကျောင်းမှာ ဆရာလုပ်ခဲ့သူ ရှေ့နေအလန်ဒါရှိုဝဇ်က သူတို့ရှာမယ်ဆိုတဲ့ စာရွက်စာတမ်းတွေဟာ သူတို့ပြောနေသလို ကလပ်စီဖိုင်းတွေမဟုတ်တော့ပဲ ဒီကလပ်စီဖိုင်းတွေ ဖြစ်တယ်လို့ဆိုရင် အဲဒီအချက်ကို ရုံးတော်ကို ပြန်တင်ပြပြီး ရုံးတော်က ကလပ်စီဖိုင်းမဟုတ်တဲ့ စာရွက်စာတမ်းကို စစ်ဖို့သင့်သေးတယ်လို့ သတ်မှတ်ရင် သင့်တော်တဲ့နောက်ဝရမ်းတခု ထပ်ထုတ်ပေးရမှာဖြစ်ကြောင်း၊ အဲဒီလိုမလုပ်ခဲ့ရင် အရင်ဝရမ်းက အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ သူလျိုလုပ်တာနဲ့ ပတ်သက်တဲ့ ဥပဒေကို အေစီအယ်လ်ယူနဲ့ လစ်ဗြဲတွေ ကန့်ကွက်နေကြတာကြာပြီဖြစ်ကြောင်း၊ အခုအဲဒီလူတွေကပဲ သူတို့မုန်းတဲ့ ဥပဒေကိုသုံးပြီး ထရမ့်ကို စွပ်စွဲကြပြန်ကြောင်း၊ ဂါလန်က မျှမျှတတ ဆောင်ရွက်ပါ့မယ်လို့ ပြောပေမယ့် အပြောနဲ့ အလုပ်က ဆန့်ကျင်ဖက်တွေဖြစ်နေကြောင်း ဝေဖန်သွားပါတယ်။

အက်ဖ်ဘီအိုင်က ထရမ့်အိမ်မှာ ရှာနေတာကို ထရမ့်မိသားစုက စီစီတီဗီကနေ ကြည့်နေခဲ့ပြီး သိမ်းသွားတဲ့ထဲမှာ ထရမ့်နဲ့ သူ့ရှေ့နေကြားသာ သိခွင့်ရှိတဲ့ အစိုးရနဲ့မဆိုင်တဲ့ စာရွက်စာတမ်းတွေပါ ပါသွားသလို အစိုးရအဖွဲ့ဝင်တွေရဲ့ ကင်းလွတ်ခွင့်ရှိတဲ့ စာရွက်စာတမ်းတွေ ပါသွားပါတယ်။ အဲဒါတွေကိုတော့ ထရမ့်က ပြန်တောင်းထားတယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: