တရုပ်ပြည်မှာ အာဏာသိမ်းမှုဖြစ်တယ်ဆိုတဲ့ ကောလဟလတွေ ထွက်လာတယ်ဆိုတာ မတော်တဆဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ စစ်ကားတွေသွားနေတာကလည်း စစ်ကားတွေက အမြဲဟိုသွား ဒီသွား လုပ်တတ်ကြတာဖြစ်သလို လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းတယ်ဆိုတာလည်း ကပ်ပိုးနောက်ပိုင်း ကမ္ညာအနှံဲ့မှာ ဖြစ်လေ့ရှိတာထက် အများကြီးမပိုပါဘူး။ နိုင်ငံတကာသတင်းဌာနကြီးတွေ တခုကမှ အတည်ပြုထားတာမဟုတ်တာကလည်း မသင်္ကာစရာ ကောင်းစေတာပါ။
ရှီက ဒီနှစ်ထဲမှာလုပ်မယ့် ပါတီထိပ်သီးညီလာခံမှာ ရာသက်ပန်အာမ္မတလုပ်ဖို့ ကြံစည်နေသူဖြစ်တော့ ပါတီတွင်းအားပြိုင်မှုတွေ ရှိနေခဲ့တာ လအတော်ကြာခဲ့ပါပြီ။ ဒီလထဲမှာ ကျန်ဇီမင်းကို သစ္စာခံသူတွေထဲက အောက်ခြေပိုင်းတွေကို စဖြိုခဲ့ပါတယ်။ ထောင်ဒဏ်တွေနဲ့ မချိမဆန့်ဒဏ်ကြေးတွေ၊ ပိုင်ဆိုင်မှုအကုန်သိမ်းတာတွေ ပါသလို စမုံတုံးမယ့်ပြစ်ဒဏ်တွေအထိ ပါဝင်ပါတယ်။ အောက်ခြေကို စကိုင်တာကတော့ လုပ်ရိုးလုပ်စဥ်ပါပဲ။ အောက်ခြေက သေဒဏ်/မဆပ်နိုင်လောက်တဲ့ ဒဏ်ကြေးတွေကို ရှောင်ဖို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အထက်ကို ဖော်ကောင်/ လိမ်ကောင် လုပ်ရပါတော့တယ်။ အဲဒီလိုနဲ့ အထက်ထိ လမ်းရှင်းသွားကြတာပါ။
ကမ္ဘာမှာ တပါတီ၊ တဦးတည်းက အာဏာရည်ရှည်ကိုင်ထားတာ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ အပြိုင်အဆိုင်ရှိမှ တိုးတက်မှာဖြစ်သလို အပြိုင်အဆိုင်ဆိုတာလည်း တရားသဖြင့် ပြိုင်ဆိုင်ရမှ အဓိပ္ပါယ်ရှိမှာ ဖြစ်ပါတယ်။ အခုကောလဟလကို ဘယ်သူက စလွှင့်တာလဲလို့ သိချင်ရင် အချိန်တွေ၊ ဖြစ်ရပ်တွေ၊ ရည်ရွယ်ချက်တွေ စတာတွေမှာ တိုက်ဆိုင်နေတာတွေ ကြည့်ရင် သိနိုင်မှာပါ။ ပြည်တွင်းမှာ လော့ဒေါင်းတွေကြောင့် မကျေမနပ်မှုတွေ၊ ဆန္ဒပြတာတွေ မြင့်တက်နေတာကို အာရုံလွှဲပြီးသားလည်း ဖြစ်တာပါပဲ။ ဘုတ်အုပ်ထဲက ဖော်မြူလာတွေပါ။