ကကဆေးတွေအကြောင်း

ဒီကနေ့ အဲပုခ်တိုင်းမ်စ်က တင်ထားတဲ့ ကကဆနဲ့ ပတ်သက်တဲ့ အန်ဒါသယ် စကင်းဆိုတဲ့ မှတ်တမ်းရုပ်ရှင်လေးတခု ကြည့်လိုက်ရသလို တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့(JW) က တင်ထားတဲ့ ကဗကကဆနဲ့ ပတ်သက်ပြီး ဖော်ထုတ်သိရှိလာတာလေးတွေကိုပါ ဖတ်လိုက်ရပါတယ်။

ဖတ်လိုက်ရတဲ့ထဲမှာ JW က ကဗကကဆတွေနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေ လုပ်ထားတာတွေကို ဒေတာတွေသာပြပြီး ဘယ်မှာလုပ်ထားတယ်ဆိုတာကို လုံးဝ ဖုံးဖိထားခဲ့တာပါ။ တရားတဘောင်ပြုပြီး အမှန်ပြောဖို့ တောင်းဆိုရင်တောင်မှ ဖရီးဒမ်းအော့အင်ဖိုအက်မှာ အကျုံးမဝင်ပါဘူးဆိုပြီး အကြိမ်ကြိမ် ရှောင်တိန်၊ ထိန်ချန်ထားခဲ့ပါတယ်။ မနှစ်စက်တင်ဘာမှာ အဖဒီအေရော ဆီဒီဆီရော အံအိုင် အေအိုင်ဒီရောကို တရားစွဲခဲ့တာမှာတော့ သူတို့ရဲ့ မှတ်တမ်းမှတ်ရာတွေထဲက စာမျက်နှာ ၁၁၅ ခုကို ရရှိခဲ့ပါတယ်။ အဲဒီအချက်တွေက ကျန်းမာရေးဌာနက အရင်တရားစွဲတုန်းက ထုတ်ပေးခဲ့ရတာတွေမှာ ချန်ထားခဲ့တာပါ။

ဘာမို့လို့ ဒီလောက်ဖုံးဖိနေရတာလဲဆိုတော့ ဒီမိုခွက်တွေနဲ့ ပေါင်းစားနေတဲ့ ဖောက်ဆီတို့က ဖဇကဗကကဆ စမ်းသပ်တာတွေကို တြုတ်ပြည် ရှန်ဟဲမှာရှိတဲ့ မက်ဒီဆီလွန်ပရီကလင်နစ်ကယ်သု/န မှာ  လုပ်ခဲ့လို့ပါ။ ပြုလုပ်ခဲ့တာက ၂၀၂၀ ၈လပိုင်းမှာဖြစ်ပါတယ်။ အဲဒီတိုင်းပြည်က ပွင့်လင်းမြင်သာမှု ဇီးရိုးနဲ့ ထွက်သမျှသတင်း၊ လုပ်သမျှဒေတာက ထမင်းစားကြီးတဲ့သူတိုင်း ယုံစရာ မဟုတ်တာ အားလုံးသိနေတာပဲလေ။

အဲဒီတိုင်းပြည်မှာလုပ်တဲ့ သုတေသနကို ထားလိုက်ဦး၊ မှတ်တမ်းရုပ်ရှင်မှာ ပြထားတဲ့ထဲမှာ ဒိန်းမတ်တို့ ဂျာမဏီတို့ ဂရိတို့ပါ ပါနေတာပါ။ ကကဆ စမ်းသပ်မှုတွေမှာ ထုံးစံအတိုင်း တအုပ်စုကို ကကဆထိုး၊ နောက်တအုပ်စုကို ပလေစီဘို (ဆားရည်)ထိုးပြီး စမ်းကြတယ်လို့ပဲ ယုံကြည်ထားကြပေမယ့် အခုတော့ အဲဒီလို ဟုတ်မနေတာ တွေ့ရှိရပါတယ်။ အဲဒီမှတ်တမ်းကတော့ များသောအားဖြင့် သားအိမ် ခေါင်း ကင်ဆာ ကကဆဖြစ်တဲ့ အိတ်ချ်ပီဗီ ဆေးအကြောင်းပါ။ အဲဒီဆေးကို မာာ့ခ်ကုမ္ပဏီက ဂါဒါဆေးဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ပါတယ်။

တကယ်တမ်းက အဲဒီရောဂါက စက်မှုနိုင်ငံတွေမှာ ကင်ဆာဖြစ်မှုအားလုံးရဲ့ ၄ရာနှုန်းသာရှိတာပါ။ လူဦးရေ သန်း၃၀၀ကျော်ရှိပြီး ဟိုကိစ္စပွင့်လင်းတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် တနှစ်ကို ဖြစ်ပွားသူ ၁၃,၀၀၀လောက်နဲ့ သေဆုံးသူ ၄၀၀၀ လောက်ပဲ ရှိတာပါ။ သေဆုံးတယ်ဆိုတာလည်း အသက်ကြီးလေ သေဆုံးနိုင်ခြေ တက်လေဖြစ်လို့ ဒီရောဂါတခုထဲကြောင့် ပျက်စီးတာလို့ နာမည်တပ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ကြော်ငြာအား ကောင်းကောင်းနဲ့ ဝင်ချလာတာဖြစ်သလို အဲဒါမှ မထိုးထားရင် ကျိန်းသေ ကြွတော့မယောင် ပြောနေကြပြီး ဆြာဝန်တွေကပါ တိုက်တိုက်တွန်းတွန်းနဲ့ ထိုးခိုင်းနေကြတာ အသက် ၁၂အထက် မိန်းကလေးတိုင်းကို ဖြစ်ပါတယ်။

ထိုးဆေးတွေစမ်းရင် ထုံးစံအတိုင်း တအုပ်စုကို စမ်းမယ့်ဟာထိုးပေးပြီး ကျန်တစုကို ဆားရည်ထိုးပေးကြတာပါ။ အဲဒီနှစ်အုပ်စုမှာ ရလာဒ်အားဖြင့် ခြားနားမှု သိပ်မရှိရင် သိပ်မရှိတဲ့အတိုင်း ဆိုးကျိုးနည်းသယောင် ပုံမှားရိုက်ကြပါတယ်။ မိတော့လည်း ဒဏ်ငွေနဲနဲဆောင် နဲနဲခွန့်လိုက်ကြတာပေါ့။ ဒီကိစ္စမှာ ထုံးစံမဟုတ်နေတာက ပလေစီဘိုပေးတဲ့အုပ်စုကို ထုံးစံအတိုင်း ဆားရည်မထိုးပဲ အများစုကို အလူမီနမ်ဒြပ်ပေါင်းတွေ ပါတဲ့ ဆေးထိုးပေးခဲ့ကြတာပါ။

ဘယ်လိုစသိတာလဲဆိုတော့ နှစ်အုပ်စုလုံးကသူတွေမှာ တုန့်ပြန်မှုတွေ ရောဂါလက္ခဏာတွေ သွားဆင်နေတာကြောင့် ဥရောပက ဆေး/သုလို အဖွဲ့ကြီးဖြစ်တဲ့ ကွန်ကရန်မှာပါတဲ့ ဆြာဝန်တဦးက ကကဆစမ်းတဲ့ အုပ်စုတွေထဲမှာပါပြီး ရောဂါရှာမရပဲ မကျန်းမာနေတဲ့ လူနာတွေကို စမ်းသပ်ရင်းတွေ့ရှိလာလို့ တရားစွဲရာက သိလာတာဖြစ်ပါတယ်။

စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ဆွယ်တဲ့ ကြော်ငြာတွေမှာ ဒီဆေးက အရင်လည်း စမ်းသပ်ထားပြီးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးကြီးကြီးမားမား ဘာမှ မရှိဘူးလို့ ဆိုထားပါတယ်။ ပလေစီဘိုမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ တကယ်တမ်းက သူတို့စမ်းထားတယ်ဆိုတဲ့ အုပ်စုက သေးသေးလေးဖြစ်တော့ ဒီလိုကြော်ငြာရလောက်အောင် ခိုင်မာမှု မရှိသေးပါဘူး။

အရင်လဲ အဲဒီဗဆကြောင့် ဒုက္ခိတဖြစ်သွားသူတွေ၊ ကြာရှည် မမာမကျန်းဖြစ်ပြီး အသက်ပါ ဆုံးရှုံးရသူတွေ၊​ သူတို့အသံတွေ ထွက်မလာအောင် အာဏာရူးတွေနဲ့ တက်ခ်သူထိန်းတွေပေါင်းလုပ်နေကြတာကို ဖတ်ခဲ့ရဖူးပေမယ့် ဒီမှတ်တမ်းရုပ်ရှင်မှာတော့

–  အမျိုးသမီးငယ်တွေကို ကျလောက်အောင် ပြောခဲ့လို့ ဗော်လန်တီယာလုပ်ခဲ့ကြတဲ့အကြောင်း၊

–  ကျောင်းသူငယ်တွေကိုလည်း မထိုးရင် လျောမှာလို့ပြောပြီး ထိုးဖို့ ဖိအားပေးလို့ ကြောက်ပြီး ထိုးခဲ့ရတဲ့အကြောင်း၊

–  စထိုးပြီး နှစ်ပေါင်း ၅-၆နှစ် ကြာသည့်တိုင် ရောဂါက မပျောက်နေပဲ နောက်ရော ပျောက်ပါဦးမလားဆိုတာ မျှော်လင့်ချက်တောင် ကုန်နေသလိုဖြစ်နေကြောင်း၊

–  တချို့မှာ ၂လုံး ၃လုံးထိုးပြီးတဲ့အခါမှာ အချိန်ပြည့် အားအင်ကုန်ခမ်းနေသလို အာရုံစူးစိုက်နိုင်မှုပါ မရှိတော့လို့ ကျောင်းမတက်နိုင်၊ အလုပ်မသွားနိုင် ဖြစ်နေရကြောင်း၊

–  အဲဒီလိုဖြစ်တာ ကကဆအုပ်စုရော ပလေစီဘိုအုပ်စုမှာပါ တွေ့ရကြောင်း၊

–  ပိုဆိုးတာက သူတို့ခံစားနေရတာတွေကို ဆရာဝန်သွားပြတိုင်း ဘာရောဂါမှ မတွေ့တဲ့အတွက် သူတို့ကပဲ လီဆည်ပြောနေသလို ဖြစ်နေကြောင်း၊ အဲဒီလို ရုပ်ပိုင်းဆိုင်ရာ ရောဂါရှာမရ ဖြစ်လာရင် စိတ်ရောဂါလို့ နာမည်တပ်တတ်ကြတာကြောင့် ရောဂါခံစားရတဲ့အပြင် စိတ်ဆင်းရဲကြရပါကြောင်း၊

– အဲဒီ ကကဆမှာပါတဲ့ အလူမီနမ်ဒြပ်ပေါင်းတွေမှာ ပါနေတဲ့ အမှုန်တွေက နာနိုလို သေးသေးလေးတွေမဟုတ်ပဲ အများကြီး ကြီးမားနေကြောင်း၊ ဘယ်လောက်ကြီးသလဲဆို မိုက်ခရွန်တိုင်းတက်စက်က ပြနိုင်တာထက်ကို ပိုကြီးနေကြောင်း၊

–  ဂါဒါဆေးလ် ထိုးထားသူများမှာ ၁၀နှစ်ကျော်ကြာရင် သူတို့ကာကွယ်မယ်ဆိုတဲ့ ပိုးကို ကာကွယ်နိုင်စွမ်းက တဝက်လောက် လျော့ကျသွားကြောင်း၊

–  ဂါဒါဆေးလ်၄ကနေ ၉ထုတ်တဲ့အချိန်မှာ အလူမီနမ်ဒြပ်ပေါင်းတွေပါဝင်မှုဟာ ၂ဆကျော်လောက် ဖြစ်နေတာ တွေ့ရှိရကြောင်း၊ ကာကွယ်ရေးမှာ ပိုထိရောက်မှု ရှိ/မရှိ မသိရသေးပေမယ့် အန္တရာယ်ပိုလာမှာကတော့ သေချာနေကြောင်း၊ စသဖြင့် မှတ်သားလိုက်ရပါတယ်။

အလူမီနမ် ဟိုက်ဒရောက်ဆိုက်နဲ့ အလူမီနမ် ဖော့စဖိတ်တွေက တည်ငြိမ်ပြီး အဆိပ်အတောက်ဖြစ်ဖို့ နည်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ်တဲ့ ကကဆတွေမှာ အလူမီနမ်ဖော့စဖိတ်တချို့ကို ဆာလ်ဖိတ်အနေနဲ့ ပြောင်းပြစ်ခဲ့ပါတယ်။ ဆာလ်ဖိတ်က ပိုအက်ဆဒစ်ဖြစ်သလို မတည်ငြိမ်ပဲ အဆိပ်အတောက်လည်း ဖြစ်စေနိုင်တာပါ။ ပိုစိတ်ဝင်စားစရာကောင်းတာက အဲဒီအပိုင်းက ကကဆတွေရဲ့ ၉၉ရာနှုန်းမှာ မထည့်လည်း ဖြစ်နေတဲ့အပိုင်းပါ။ မထည့်လည်း ဖြစ်နေတဲ့ကြားက စိတ်ချရတာကို ဖယ်ထုတ်ပြီး အန္တရာယ်ဖြစ်နိုင်တာကို ပြောင်းထည့်လိုက်တဲ့ ရည်ရွယ်ချက်က စဥ်းစားဖို့ ကောင်းပါတယ်။

လတ်တလော ဘိုင်ကြီးအမိန့်ထုတ်လိုက်တာက ကကဆတွေကို မဖြန့်ဖြူးခင် စမ်းသပ်ဖို့ လိုအပ်ချက်ကို ပယ်ဖျက်လိုက်တာပါပဲ။ စမ်းရမယ်ဆိုတုန်းကတောင် နည်းမျိုးစုံနဲ့ အကြံအဖန်တွေ လုပ်နေခဲ့တာဆိုတော့ မစမ်းရတော့ဘူးဆိုရင် ဝိသမလောဘသားတွေနဲ့ ကမ္ဘာ့လူဦးရေ လျော့ပစ်ချင်သူတွေရဲ့ အကြိုက်ပဲ ဖြစ်သွားမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: