မနေ့ကပဲ တွဒ်တာမှာ ကလေးလိင်အမြတ်ထုတ်ခံရတဲ့ သတင်းတွေကို ကာဗာယူပြီး ကလေးပွန်းတင်နေကြတာ၊ ကလေးလိင်ကုန်ကူးတဲ့ပို့စ်တွေ တင်နေကြတာ ရေးလိုက်ပါတယ်။ တပ်ကာက ထောင်ချီပေးရတဲ့ ကလေးအသုံးအဆောင် အဝတ်အစားထုတ်လုပ်သူ ဘလန်ရှာဂါ ကြော်ငြာတွေမှာ ကလေးတွေနဲ့ ကလေးတွေကိုင်ထားတဲ့ အရုပ်တွေကို နှိပ်စက်ညှင်းပန်းပြီး လိင်ကျွန်လိုဖျော်ဖြေတဲ့ ပုံစံမျိုးတွေ ဝတ်ပေးထားကြောင်း၊ ကလေးရဲ့ ပတ်ဝန်းကျင်မှာလည်း အဲဒီဘွန်းဒေ့ဂျ်နဲ့ ပတ်သက်တဲ့ အခင်းအကျင်းတွေ ပြထားကြောင်း၊ အဲဒါဟာ ကလေးတွေအပေါ် လိင်အမြတ်ထုတ်တာကို တဖက်လှည့်နဲ့ ပေါ်ပေါ်ထင်ထင် လုပ်နေတာဖြစ်ကြောင်း တင်ဆက်သွားပါတယ်။
အဲဒီဘလန်ရှာဂါစီအီးအို ဆဲဒရစ်ရှားဘစ်နဲ့ လုံးထွေးနေတာက နယူးယောက်မြို့ဝန် အဲရစ်ခ်အဒမ်စ်ပဲ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်တွေက ထောက်ပြကြတဲ့အခါမှာတော့ ဆဲဒရစ်က ဓါတ်ပုံဆရာကို အပြစ်တင်ပြီး သူ့ကြော်ငြာတွေကို ပြန်သိမ်းသွားပါတယ်။ (တပ်ကာရဲ့ တင်ဆက်မှုကို ကွန်မန့်မှာ လင့်ခ်ချပေးပါမယ်။)
တာဝန်ရှိသူတွေက ဒီလိုကိစ္စမျိုးတွေကို အရေးမယူကြတာ ဆန်းတော့ မဆန်းပါဘူး။ ကလင်တန်ကစလို့ အာဏာ ပါဝါကြီးသူတွေက ဟာဗေဝိုင်းစတိုင်းလို ဂျက်ဖရေအက်ပ်စတိန်းလို လိင်မုဆိုးတွေနဲ့ လုံးထွေးနေကြသလို ကိုယ်တိုင်လည်း သက်ငယ်ပါမရှောင်တဲ့ လိင်မုဆိုးတွေ ဖြစ်နေကြတာပါ။ ဒါ့အပြင် သက်ငယ်လိင်မုဆိုးတွေကိုခေါ်တဲ့ ပီဒိုဖိုင်းလ်ဆိုတဲ့ စကားလုံးအပေါ်လည်း အနာဆားပက်သလို ဖြစ်ကြတဲ့အတွက် သက်ငယ်တွေကို စိတ်ဝင်စားသူများဆိုတဲ့ အခေါ်အဝေါ်နဲ့ အစားထိုးစေတာ ဖြစ်ပါတယ်။
မသင့်တော်/ မဖြစ်သင့်တာတွေကို မမြင်ချင်ယောင်ဆောင် အရေးမယူကြသူတွေကိုတော့ မီဒီယာတွေက ဘေးမဲ့ပေးထားပြီး ဖြစ်နေတာကို တင်ပြပေးတဲ့ တပ်ကာနဲ့ ကွန်ဆာဗေးတစ်တွေကိုတော့ လစ်ဗြဲမီဒီယာတွေက လိင်အကြောင်းပဲ တွေးနေသူတွေအဖြစ် ပုံဖော်စွပ်စွဲကြပါတယ်။ အကြောင်းပြချက်ဆိုတာတော့ ဇော်မဲလုံးတို့ ပြန်ဝန်/ (အ)ဖာဝန်တွေလို လျှာအရိုးမရှိတိုင်း လျောက်ပြောလို့ ရနိုင်ပေမယ့် လောကဓမ္မအရက to err on the safe side ပဲ ဖြစ်သင့်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ပတ်သက်လာရင်ပေါ့။
နယူးယောက်က ဒီမိုကရက်ဂါဗာနာ ကေသီဟိုကူလ်ဟာ သူမကမ်ပိန်းအတွက် အလှူငွေ သန်း၆၀ ရရှိခဲ့ပြီး ရတဲ့မဲက ၃သန်းလောက်ဖြစ်တဲ့အတွက် တမဲကို ဒေါ်လာ ၂၀လောက် သုံးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါက အစိုးရအသုံးစာရိတ်ဖြစ်တဲ့ မဲစာရွက်၊ ပုံနှိပ်ခ၊ ပို့ခ၊ မဲရုံစားရိတ်၊ စက်ဖိုးစတဲ့ အသုံးစားရိတ်တွေ မပါပါဘူး။ သူ့မဲဆွယ်တာမှာ သုံးတာတခုထဲပါ။ ရီပါဘလစ်ကန်ပြိုင်ဖက်ဖြစ်တဲ့ လီဇယ်လ်ဒင်က ကမ်ပိန်းအလှူငွေ သန်း ၂၀ကျော်ပဲ ရခဲ့တာပါ။ ဟိုကူလ်က သူ့ကမ်ပိန်းကို ငွေများများ လှူတဲ့သူတွေကို အချီကြီးကန်ထရိုက်တွေ ချပေးတဲ့ ရာဇဝင်ရှိပါတယ်။
အဲဒါက ပြည်သူအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ သိချင်ရင် မြန်မာပြည်မှာ စစ်ဖက်ကို ထောက်ခံသူတွေက အကြီးစားကန်ထရိုက်တွေရ၊ သူဌေးတွေဖြစ်ကုန်ပြီး ပြည်သူက မွဲသထက်မွဲနေတာကို ကြည့်နိုင်ပါတယ်။
ဒီလအစောပိုင်းက lab-on-a-chip နည်းပညာနဲ့ သွေးစစ်တာတွေကို လွယ်ကူသက်သာအောင် ပြုလုပ်ပေးမယ်၊ သွေးတစက်နဲ့ ရောဂါအကုန်ရှာလို့ရမယ်၊ ပက်ချ်လေးဝတ်ထားလိုက်ရုံနဲ့ လူတဦးလိုအပ်တဲ့ ဆေးတွေကို အချိန်နဲ့အမျှ လိုအပ်သလောက် သွင်းပေးနေမယ်၊ ဝတ်ထားသူရဲ့ သွေးထဲမှာဖြစ်နေတဲ့ အပြောင်းအလဲများကို သက်ဆိုင်ရာဆရာဝန်ထံ အချိန်နဲ့အမျှသတင်းပို့နေမယ်လို့ လိမ်လည် ကြွေးကြော်ထားတဲ့ Theranos ရဲ့ဖောင်ဒါ အဲလစ်ဇဘက်သ်ဟုမ်းစ်ကို ထောင်ဒဏ် ၁၃၅လ ချမှတ်လိုက်ပါတယ်။ သူမဟာ Theranos ကို တည်ထောင်တုန်းက အသက် ၁၉နှစ်သာရှိသေးတဲ့ စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းသူဖြစ်ပြီး ကျောင်းမပြီးခဲ့ပါဘူး။
သူမကို ၁၉၈၄တုန်းက ဒီစီမှာ မွေးခဲ့တာဖြစ်ပြီး သူမဖခင်က လိမ်လည်မှုတွေနဲ့ ပြိုကွဲသွားခဲ့တဲ့ နာမည်ကြီး အန်ရွန်ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။ အန်ရွန်ကိစ္စတုန်းကလည်း လိမ်တဲ့လူတွေက သူတို့ကိုယ်ကျိုးအတွက် အချီကြီးလိမ်ခဲ့ကြပေမယ့် မျက်ဖြူဆိုက်လာတော့ ခြစားအာဏာရှင်တွေနဲ့ပေါင်းပြီး ပြည်သူ့ပိုက်ဆံနဲ့ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ FTX က ဆမ်ဘန့်ခ်မန်-ဖရိဒ်ရော အဲလစ်ဇဘက်သ် ဟုမ်းစ်ရောက မျိုးနဲ့ရိုးနဲ့ ဒီမိုကရက်ခြစားတွေနဲ့ ပေါင်းစားလာတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အရှင်မွေး နေ့ချင်းကြီးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာတွေ ဖြစ်ခဲ့ကြတာပါ။ အဲဒီ ၂ခုကိုမှီပြီး ဒီမိုကရက်တွေလည်း တော်တော်အူစိုသွားပုံပါပဲ။
သူမရဲ့ ကုမ္ပဏီကို စိတ်ဝင်စားကြတဲ့အတွက် အမေရိကန်တဝှမ်းက ဆေးဆိုင်ချိန်းကြီးတွေက ဘီလီယံနဲ့ချီပြီး စာချုပ်ချုပ်ခဲ့ပေမယ့် တကယ်ဘာမှ deliver မလုပ်နိုင်ခဲ့သလို ဆေးပညာပါမောက္ခကြီးတွေကလည်း သူမအဆိုတွေအပေါ် သံသယရှိလာပြီးနောက်ပိုင်း သူမလက်ခံထားတဲ့ ငွေတွေပြန်ပေးလိုက်ရတဲ့အပြင် ဒဏ်ငွေပါ ဆောင်ခဲ့ရပါတယ်။ ဒီလထဲမှာတော့ သူမကို ကယ်လီဖိုးနီးယား တရားသူကြီးက ထောင်ဒဏ် ၁၃၅လ ကျခံဖို့ အမိန့်ချခဲ့ပြီး အဲဒီပြစ်ဒဏ်ကို တက္ကဆက်စ်ပြည်နယ်မှာရှိတဲ့ အလွတ်လပ်ဆုံးထောင်မှာ ကျခံစေဖို့ အမိန့်ချပေးလိုက်ပါတယ်။ အဲဒီလိုထောင်တွေက ထောင်ဆိုတာထက် အဆောင်တွေနဲ့ ပိုတူတဲ့အပြင် facility အပြည့်နဲ့ ဇိမ်ကျကျ နေလို့ ရမယ့်နေရာမျိုးတွေဖြစ်ပါတယ်။
ကလေးလိင်မုဆိုး/ခေါင်းဂျက်ဖရေအက်ပ်စတိန်းရဲ့ အမှုတွဲ ဂျစ်ရှ်လင်မက်ဆွဲလ်ကိုလည်း အဲဒီလိုပဲ facility အပြည့်နဲ့ အဖြစ် ထောင်ချပေးလိုက်တာပါ။ အဲဒီ ၂ဦးလုံးမှာ တူညီနေတာက သူတို့ဟာ ဒီမိုကရက်တွေနဲ့ မီဒီယာတို့ရဲ့ အချစ်တော်ဖြစ်နေတဲ့အတွက် ဘာအပြစ်ရှိရှိ တင့်တယ်နေအောင် ပုံဖော်ပေးထားကြတာပါ။ တရားဥပဒေဆိုတာကို သားရေကွင်းလို လိုသလို ချုံ့ ဆန့် လုပ်နေသ၍ တိုင်းပြည်အတွက်ရော ပြည်သူကောင်းတွေအတွက်ပါ အရှုံးပဲ ဖြစ်မှာပါပဲ။
တောင်ဖက်နယ်စပ်အတွက် တာဝန်အရှိဆုံးဖြစ်ပြီး ဘာမှ တာဝန်ယူမှု တာဝန်ခံမှု ရှိမနေတဲ့ ဘိုင်ဒန့်ပြည်တွင်းလုံခြုံရေးဝန်ကြီး မယောကာ့စ်ကို လာမယ့်ဂျန်နဝါရီမှာ အောက်လွှတ်တော် လူများစုခေါင်းဆောင်ဖြစ်လာမယ့် ကယ်ဗင်မက်ကာသီက ကိုယ့်ဖာသာကိုယ် မနှုတ်ထွက်ဘူးဆိုရင် သူပေးခဲ့တဲ့ အမိန့်တိုင်း၊ သူ့လုပ်ရပ်တိုင်း၊ ကျရှုံးမှုတိုင်းကို စစ်ဆေးသွားပြီး အင်မ်ပိချ်လုပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အဲဒီလိုတရားမဝင် ဝင်ရောက်လာတာတွေက ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေကို ဆုံးရှုံးစေနေတဲ့အပြင် တနှစ်ကို ပြည်သူ့ဘဏ္ဍာ ၁၃၄.၉ဘီလီယံ ကုန်ကျနေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဘယ်လောက်က လက်သင့်ရာစားတော်ခေါ်ပြီး ဘယ်လောက်က လေလွင့်ကုန်လဲဆိုတာကလည်း မေးစရာဖြစ်ပါတယ်။ အဲဒီလူတွေ အလုပ်လုပ်ပြီး အခွန်ဆောင်လို့ နိုင်ငံတော်က ပြန်ရတာက ၁၉ဘီလီယံပဲ ရှိတာပါ။