တက်စ်လာက semi-truck ကနေ့စပြီး deliver လုပ်နေပါပြီ။ ပေါင်ချိန် ၈၁,၀၀၀ (တန်၄၀.၅)သယ်ဆောင်နိုင်ပြီး တခါအားသွင်းထားရင် မိုင် ၅၀၀ ဆက်တိုက် မောင်းနိုင်ပါတယ်။ ၇၀% အားသွင်းဖို့ နာရီဝက်ကြာမှာဖြစ်ပြီး ကုန်ကားသမားတွေက ၈နာရီမောင်းပြီးတိုင်း အနည်းဆုံး နာရီဝက် နားဖို့ ပြဌာန်းထားတာနဲ့ အကိုက်ပဲလို့ ဆိုကြပါတယ်။
တက်စ်လာဆီမီးထရပ်ကို ၅နှစ်ကြာ အချိန်ယူ ဒီဇိုင်းဆွဲ၊ စမ်းသပ် ထုတ်လုပ်ထားတာဖြစ်ပြီး စနိုးထဲ၊ မိုးထဲ၊ အပူထဲ၊ အကုန်လုံးမှာ မောင်းကြည့်ပြီးသားပါတဲ့။ ဝန်အပြည့်တင်ပြီး တောင်တက်ရင် မလေးသလို ဝန်အပြည့်နဲ့တောင်ဆင်းရင်လည်း regenarative breaking သုံးထားတာဖြစ်လို့ ရိုးရိုးကုန်ကားတွေလို ဂီယာလွတ်သွားလို့ လျောသွားတာမျိူး လုံးဝမဖြစ်ဖူးလို့ ဆိုပါတယ်။ အဲဒါတွေက တက်စ်လာကားတိုင်းပါပဲ၊ ကုန်အပြည့်နဲ့ကတော့ ခုမှစမ်းထားတာပါ။ ပုံမှန်မောင်းနေချိန်မှာ ကားဘီးတခုချင်းက လိုအပ်သလောက်ပါဝါကိုပဲ အဓိကထား ယူသုံးမှာဖြစ်ပြီး လိုအပ်လာမှ နောက်ထပ်ဘီးတွေက အားဖြည့်/လိုက်ညှိပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပြူတာက အလိုအလျောက် တွက်ချက်လုပ်ဆောင်သွားမှာဖြစ်လို့ လူကဘာမှ ဝင်လုပ်စရာမလိုပဲ အပြောင်းအလဲကို သိတောင် မသိလိုက်အောင် သိမ်မွေ့ငြင်သာမယ်လို့ ဆိုပါတယ်။
သူတို့ထုတ်တဲ့ ထရပ်ကားတွေကို တက်စ်လာကားတွေ ကားပစ္စည်းတွေကို စက်ရုံ/ ဆိပ်ကမ်းတွေကနေ အရောင်းဌာနတွေကို ပို့ပေးဖို့ အရင်ဆုံးသုံးမှာဖြစ်လို့ အများပြည်သူအတွက်က ဖြည်းဖြည်းမှ ရမယ်ထင်ပါတယ်။ အဲဒီလို သူတို့လုပ်ငန်းထဲမှာ သုံးခြင်းအားဖြင့် လိုအပ်ချက်တွေ တိုးတက်အောင် လုပ်ဆောင်သင့်တာတွေရှိရင် အရင်ဆုံးသိရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးမကြေငြာသေးပေမယ့် အနိမ့်ဆုံး တသိန်းခွဲကနေ ၂သိန်းလောက်အထိ ရှိမယ်လို့ မှန်းနေကြပါတယ်။