ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂

မြောက်ကာရိုလိုင်းနား ဆူပရင်းမ်ကုတ်က မဲပေးရင် ID လိုတယ်ဆိုတာ လူမည်းတွေ မဲပေးခွင့်မရအောင် ကန့်သတ်ထားတာဖြစ်လို့ မဲပေးရင် ID လိုတယ်ဆိုတာကို ပယ်ချလိုက်ပါတယ်။ အဆိုပါပြည်နယ် ဆူပရင်းမ်ကုတ်မှာ ဒီမိုကရက်တရားသူကြီး ၄ဦးက ID မလိုစေချင်ပဲ ရီပါဘလစ်ကန်တရားသူကြီး ၃ဦးက ID လိုစေချင်တာကြောင့် အများစုမဲနဲ့ ID မလိုတဲ့ဘက်က နိုင်သွားတာဖြစ်ပါတယ်။​ အများညီ ဤ ကို ကျွဲ လို့ဖတ်တဲ့ ခေတ်ရောက်နေပါပြီ။​ တရား/မတရား၊ ခြေဥနဲ့ ညီ/မညီ၊ ထုံးတမ်းစဥ်လာတွေနဲ့ ကိုက်/မကိုက်၊ ယုတ္တိ ရှိ/မရှိ၊ ကောင်းကျိုးဆိုးကျိုး ဘာကိုမှ ထည့်မစဥ်းစားတော့ပဲ ပါတီအာဂျင်ဒါ အတိုင်း တွန်းနေတာဟာ အပျက်ကို ရှေ့ရှုတဲ့ အရွေ့ဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါတယ်။ ဒီတိုင်း ရှေ့ဆက်သွားရင် တရုပ်ကွန်ကွန်လို နာနာဂျာဂျာ(ဂျာမဏီ)တို့လို တပါတီစနစ် ဖြစ်တော့မှာပါ။

လွှတ်တော်က သားပိုက်ကောင်ကော်မီတီက လက်ရှိလွှတ်တော်သက်တမ်းရဲ့ နောက်ဆုံးရက်တွေမှာ ဂျန် ၆ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်အပေါ် ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ဘိုင်ဒန့်တရားရေးဌာနကို လွှဲပြောင်းပေးလိုက်ပါတယ်။ လွှတ်တော်ရဲ့ တာဝန်က ဥပဒေပြုရေးဖြစ်တဲ့အတွက် တရားစီရင်ရေး ဘောင်ကို ကျော်ပြီးလုပ်တဲ့ လွှတ်တော်ကို DOJ ကလိုက်နာဖို့ တာဝန်မရှိပေမယ့်လည်း တရားရေးဌာနက အဲဒီအမှုကို သူတို့ဖာသာသူတို့ စစ်ဆေးမှု စတင်နေပြီးသား ဖြစ်ပါတယ်။ ဂျန်၆မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ထရမ့်ထောက်ခံသူ စစ်ပြန်အမျိုးသမီးကို ကြိုတင်သတိပေးမှုမရှိပဲ​ သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တဲ့ ပလိုးစီသစ္စာခံ ကာပီတိုရဲနဲ့ လူနင်းခံရလို့ လဲနေသူ သက်ကြီးပိုင်း ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးကို မကူညီပဲ အသက်ထွက်တဲ့အထိ ဝိုင်းရိုက်ခဲ့ကြတဲ့ ကာပီတိုရဲတို့ကိုတော့ ကနေ့အထိ အရေးယူခံရတာမျိုး နှမ်းတစေ့စာတောင် မရှိခဲ့ပါဘူး။

၂၀၁၃-၂၀၁၈ အထိ ထရမ့်အခွန်ဆောင်ထားတဲ့ မှတ်တမ်းတွေကို လွှတ်တော်အမတ်တွေကြား ထုတ်ပြန်ပေးဖို့ လက်ရှိ ဒီမိုကရက်တွေ ကြီးစိုးနေတဲ့ လွှတ်တော် Ways and Means ကော်မီတီက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။​ ကော်မီတီထဲက ဒီမိုကရက် ၂၄ဦးလုံးက ထောက်ခံခဲ့ပြီး ရီပါဘလစ်ကန် ၁၆ဦးစလုံးက ကန့်ကွက်ခဲ့တာပါ။ တိုင်းပြည်မှာ ဖြေရှင်းရမယ့် ပြဿနာတွေ တလှေကြီး ရှိပါလျက်နဲ့ လွှတ်တော်ကော်မီတီအားလုံးက ဒီမိုကရက်တွေက လက်ရှိသမ္မတမဟုတ်တော့တဲ့ ထရမ့်ကို ထိုးနှက်ဖို့ပဲ အားကုန်သုံးနေကြတာရယ် လက်ရှိသမ္မတက တိုင်းပြည်ကို ပြဿနာအပေးဆုံး တိုင်းပြည် ၃ခုဖြစ်တဲ့ တရုပ်၊ ရှရှား၊ ယူကရိန်းတို့နဲ့ ငွေကြေးအရှုပ်အရှင်းရှိနေတာတွေကိုတော့ မျက်နှာလွှဲ နေကြတာရယ်က ဒီမိုကရက်တွေရဲ့ ဆင်ခြင်တုံတရားကို ထင်ရှားစေတာ ဖြစ်ပါတယ်။

အခုလို ဒီမိုကရက်ကြီးစိုးတဲ့ လွှတ်တော်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ တခြားဘာမှ မလုပ်နိုင်ပဲ ထရမ့်မပြန်လာဖို့ပဲ အသည်းအသန် လုံးပမ်းနေတာကို ကြည့်ရင် ထရမ့်ပြန်လာမှာ သူတို့ အကြောက်ဆုံးဆိုတဲ့ အဖြေထွက်ပါတယ်။ ထရမ့်ဟာ ဒီမိုကရက်တွေရဲ့ ထိုးနှက်ထုထောင်းတာကို အခံရဆုံးလည်း ဖြစ်သလို အထဲက အရှုပ်အရှင်းတွေကို ကိုယ်တိုင်ကြုံလာရဖူးတော့ ဒီတခါပြန်လာရင် ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်မှာဖြစ်လို့ သူတို့ကို ဒုက္ခအပေးနိုင်ဆုံးသူအဖြစ် မုန်းနေ ကြောက်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

မနက်ဖြန်မှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို နှစ်ရပ်ပေါင်းလွှတ်တော်မှာ လာစကားပြောဖို့ ပလိုးစီက ဖိတ်ထားပါတယ်။ လာ/မလာကတော့ လုံခြုံရေးပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။ လာဖြစ်ရင်တော့ ဒီနှစ်ဖေဖေါ်ဝါရီ ၂၄မှာ ရုရှားတွေကျူးကျော်ခဲ့ချိန်ကစလို့ ဝါရှင်တန်ကို ပထမဆုံးလာလည်တာ ဖြစ်မှာပါ။ စစ်လိုလားတဲ့ စစ်ကနေ အကျိုးအမြတ်ခံစားနေကြတဲ့ နိုင်ငံရေးသမားတွေက ဇယ်လန်းစကီးကို ပင့်ပြီး မျက်ရည်ချူကြ သောက်ကျိုးနဲကြီးတဲ့ ဘတ်ဂျက်ကြီးတွေ ချပေးကြ လုပ်ကြဦးမှာပါ။

ပြီးခဲ့တဲ့အပတ်ကမှ ပေထရီးရော့ ဒုံးကာကွယ်ရေးစနစ်ကို ယူကရိန်းကိုပေးဖို့ ဘိုင်ဒန်တို့ ခွင့်ပြုထားတာပါ။ အဲဒီမြေပြင်က ဝေဟင်ပစ်စနစ်က တိုက်လေယာဥ်ရော၊ စစ်သင်္ဘောကနေပစ်တဲ့ တည့်တည့်သွားတဲ့ ခရုစ်မစ်ဆိုင်းရော၊ အမြင့်ကို ပစ်လွှတ်ရတဲ့ ဘော်လစ်စတစ်မစ်ဆိုင်းတွေကိုပါ ပစ်ချနိုင်တာဖြစ်ပြီး တခါပစ်ရင် ဒုံးကျည်တတွဲကို ၄သန်းနဲ့ ပစ်တဲ့စနစ်က ၁၀သန်းလောက်ကုန်တာ ဖြစ်ပါတယ်။ ပေးထရီရော့စနစ်ကို ၁၉၈၀နှစ်တွေက အရှေ့အလယ်ပိုင်းနဲ့ အီရတ်စစ်တွေမှာ စမ်းသပ်ထားတယ်လို့ သိရပါတယ်။

အခုယူကရိန်းမှာ ရုရှားအသုံးများတာက အီရန်လုပ် ၅သောင်းတန် ဒရုန်းတွေဖြစ်တော့ ၅သောင်းတန်ကို ပစ်ချဖို့ သန်းတန်ဒုံးတွေ သုံးသင့်သလားဆိုတာကို အငြိမ်းစား စစ်ဖက်အရာရှိကြီးများက မေးခွန်းထုတ် နေကြပါတယ်။ နောက်တချက်ကလည်း ပေးထရီရော့စနစ်ကို မှန်မှန်ကန်ကန် အသုံးချ/ထိန်းသိမ်းဖို့ တပ် ၉၀လောက်လိုမှာ ဖြစ်တာကြောင့် ပေးထရီရော့ပေးဖို့ ဆုံးဖြတ်လိုက်တာဟာ စစ်ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ပါလိုက်သလို ဖြစ်သွားတာပါ။ အဲဒီလိုလုပ်လေ စစ်ပိုကြာလေလေ၊ ယူကရိန်း ပြည်သူဒုက္ခရောက်လေလေ၊ အမေရိကန်တွေ မွဲလေလေ၊ စစ်ကြိုက်သူများ အိတ်ဖောင်းလေလေပါပဲ။

စစ်ဆိုလို့ မီဒီယာနဲ့ နိုင်ငံရေးသမားတွေက ပြောတိုင်း မမှန်ဘူးဆိုတာကို အီရတ်စစ်ပွဲမှာတုန်းက အီရတ်မှာ နျူလက်နက်တွေရှိတယ်လို့ ဝိုင်းညာသံပေးခဲ့ကြတာကနေ ဝင်တိုက်တဲ့အထိ ဖြစ်သွားခဲ့ပြီး တကယ်တမ်း ဝင်တော့မှ ဘာဆို ဘာနျူမှ မတွေ့ခဲ့ရတာကို သတိရစေချင်ပါတယ်။ တကယ်ဆို ဂြိုလ်တုကနေ တကမ္ဘာလုံး အပ်ကျတာကအစ သိနိုင်နေတဲ့ ကန်ထောက်လှမ်းရေးတွေဟာ နျူစက်ရုံ ရှိ/မရှိဆိုတာ မသိစရာအကြောင်းကို မရှိပါဘူး။ အီရတ်မှာ အမေရိကန်တပ်တွေ ရှိနေစဥ်အတွင်း အီရတ်အဖွဲ့တွေက ပြည်သူတွေကို ထင်သလို သတ်ဖြတ်နေခဲ့တာကို အမေရိကန်တပ်တွေက တွေ့မြင်နေပေမယ့် ဝင်မစွက်ခဲ့တာကို ဖွင့်ချခဲ့တဲ့ ကန်တပ်သား ချယ်လ်ဆီးမန်းနင်းကို ကူညီပေးခဲ့လို့ ဂျူလီယန်အာဆန့်ဂျ်ကို နိုင်ငံရေးစားဖားများ အငြှိုးထားခဲ့တာကိုလည်း သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပြည်နယ်၁၃ခုက ရှေ့နေချုပ်တွေဟာ ဘလက်ခ်ရော့ခ်နဲ့ ဗန်ဂတ်က အိမ်သုံးစွမ်းအင် ဖြည့်စည်းပေးတဲ့ ကုမ္ပဏီတွေမှာ ၂၀%လောက်အထိ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတာကို သတိပေးသံချောင်းခေါက်လိုက်ပါတယ်။ အဲဒီလို အကြီးစားရင်းနှီးမြှုပ်နှံလိုက်ပေမယ့် ကုမ္ပဏီခွဲအဖြစ် အမည်ခံစရာမလိုသလို လက်ခွဲတွေ လိုက်နာရမယ့် ဥပဒေနဲ့ ကြုံလာရမယ့် စစ်ဆေးမှုတွေပါ မရလာအောင် the Federal Energy Regulatory Commission (FERC) ကို တင်ပြခဲ့တဲ့အတိုင်း FERC က ခွင့်ပြုပေးခဲ့တာပါ။ သူတို့ဖက်က လုပ်ပေးရတာကတော့ သူတို့ရှယ်ယာပိုင်ဆိုင်မှုကို အသုံးချပြီး စီမံခန့်ခွဲသူများအပေါ် လွှမ်းမိုးဖို့ မလုပ်ပါဘူးဆိုတဲ့ ကတိပါပဲ။

အမေရိကန်မှာ လျှပ်စစ်/ဓါတ်ငွေ့/ရေ/မိလ္လာ/ကေဘယ်စတာတွေကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကြီးတွေက သူ့နေရာနဲ့သူ ပြိုင်ဖက်မရှိ မိုနိုပိုလီလုပ်နေပြီးသားဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ပြည်သူမှာ ရွေးချယ်ပိုင်ခွင့်မရှိပဲ သူတို့တောင်းသမျှ ပေးနေရတော့တာပါပဲ။

ပိုဆိုးတာက Black Rock နဲ့ Vanguard က ၁၉၇၀ အလယ်ပိုင်းနှစ်တွေကစလို့ ကမ္ဘာ့ကုမ္ပဏီ တော်တော်များများကို ဝါးမြိုခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး ၂ခု ဖြစ်လာတဲ့အပြင် သူတို့အချင်းချင်းလည်း ရှယ်ယာတွေ အပြန်အလှန်ပိုင်ဆိုင်ထားတာကြောင့် ကုမ္ပဏီ ၂ခုဆိုပေမယ့် အကျိုးစီးပွားက တခုတည်းလို ဖြစ်နေတာပါ။ ကုမ္ပဏီအငယ်လေးတွေကို ဝါးမြိုခဲ့တဲ့အတွက် အမေရိကန်ရဲ့ အကြီးဆုံးအားသာချက်ဖြစ်တဲ့ လွတ်လပ်စွာ ယှဥ်ပြိုင်တဲ့ ဈေးကွက်စီးပွားရေးကို သင်းသပ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ဥပမာ ပြောရရင် Pepsi နဲ့ Coca Cola တို့က ပြိုင်ဖက်တွေ ဆိုပေမယ့်  ၂ခုလုံးက အဓိကရှယ်ယာရှင်တွေဟာ ဒီလူတွေပဲ ဖြစ်နေတာကြောင့် တကယ်တမ်းမှာ ပြိုင်ဖက်တွေ မဟုတ်ကြတော့ပါဘူး။

BlackRock က ဗဟိုဘဏ်တွေကို ငွေချေးတာ၊ ဗဟိုဘဏ်တွေနဲ့ Federal Reserve တို့ရဲ့ ပင်တိုင်အကြံပေး လုပ်နေတဲ့အထိ နီးကပ်လွန်းတဲ့အတွက် Bloomberg က BlackRock ဟာ အစိုးရဲ့ စတုတ္ထမဏ္ဍိုင်လို့တောင် တင်စားထားပါတယ်။ အစိုးရပိုင်းတဲ ဘယ်လောက်ပိုင်သလဲဆိုရင် BlackRock ရဲ့ဝန်ထမ်းတွေကို ဘုရှ်၊ အိုဘားမား၊ ဘိုင်ဒန်လက်ထက်တွေမှာ အစိုးရအဖွဲ့ထဲမှာ အများကြီး ခန့်ထားတာဖြစ်ပါတယ်။ ဖွဘုတ်တို့ ဂူဂယ်တို့ကဟာတွေလည်း အစိုးရအဖွဲ့ထဲမှာ ပါနေတာပါပဲ။

အမေရိကန်ကို ဘယ်သူတွေ အုပ်စိုးနေလဲဆိုရင် BlackRock နဲ့ Vanguard တို့ အုပ်စိုးနေတာလို့ ပြောရလောက်အောင် အစိုးရတွေထဲ ပေါက်ရောက်ကြတာပါ။ BlackRock ရဲ့ အကြီးဆုံးရှယ်ယာရှင်က Vanguard ဖြစ်နေပြန်ပါတယ်။ Big Pharma နဲ့ Mainstream Media တို့ကို ကိုင်ထားတာလည်း သူတို့ပါပဲ။ အဲဒါဆိုရင် ဘာကြောင့် မီဒီညာတွေ တသံတည်း ထွက်နေကြသလဲဆိုတာနဲ့ ဘာကြောင့် ဘိုင်ကြီးတို့တတွေ ကဗကကဆ အတင်းထိုးဖို့ ငတေမာတဲ့ ဇတ်လမ်းထွင်နေကြတယ်ဆိုတာ ရိပ်မိမယ်ထင်ပါတယ်။

၂၀၁၅မှာ သူတို့ ၂ခုပေါင်း ဝင်ငွေက ၉.၁ ထရီလီယံဖြစ်ပါတယ်။ သူတို့ ၂ဦးနဲ့ ကမ္ဘာ့တတိယအကြီးဆုံး State Street ပေါင်းလိုက်ရင် S&P 500 ရဲ့ ၉၀% ကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ (စတုတ္ထ လိုက်တာကတော့ ဝါရင်ဘတ်ဖက်ရဲ့ Berkshire Hathaway ပါ။) ဒီအခြေအနေအထိ ဖြစ်လာတာကို မတားမြစ်ခဲ့တာက အစိုးရအဆက်ဆက်ရဲ့ ညံ့ဖျင်းမှု တကိုယ်ကောင်းဆန်မှုပဲ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: