ဇန်နဝါရီ ၇ ရက် ၂၀၂၃

မက်ကာသီတယောက် ဟောက်စ်စပီကာဖြစ်လာဖို့အတွက် တက်ကြွတဲ့ လူငယ်ရီပါဘလစ်ကန် အမတ်တွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့ထဲမှာ ပါဝင်တဲ့အချက်တချို့ကို တန်နက်စီ ပဉ္စမခရိုင်ကနေ ပထမအကြိမ် ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အမတ်သစ် အန်ဒရူးအော်ဂဲလ်စ်ကို အဲပေါ့ခ်တိုင်းမ်စ်က ရော်ဂျာဆိုင်မွန်က မေးမြန်းတင်ပြထားပါတယ်။ မက်ကာသီသဘောတူခဲ့တဲ့ အချက်တွေကတော့

၁။ စပီကာအနေနဲ့ စကားမတည်ရင်ဖြစ်ဖြစ် ပေါ်လစီအာဂျင်ဒါတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲလာရင် ဖြစ်ဖြစ် စပီကာရာထူးကနေ ဖယ်ရှားပစ်မယ့် လုပ်ငန်းစဥ်ကို စတင်ဖို့ Jeffersonian Motion အတိုင်း ဆောင်ရွက်မယ့် အမတ်တဦးသာ လိုမှာ ဖြစ်ပါတယ်။

၂။ အမေရိကန်ပြည်သူတွေအကျိုးစီးပွားနဲ့ ဆန့်ကျင်ဖက်တွေလုပ်ဖို့ အက်ဖ်ဘီအိုင်နဲ့ စီအိုင်အေလို အစိုးရအဖွဲ့အစည်းတွေကို လက်ကိုင်ဒုတ်လုပ်နေတာတွေကို စုံစမ်းဖို့ ဘုရားကျောင်းစတိုင် ကော်မီတီ ဖွဲ့ပေးဖို့ ဖြစ်ပါတယ်။

၃။ အမတ်တွေရဲ့ လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခွင့် အကြိမ်ရေသတ်မှတ်ချက်ကို မဲခွဲဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။

၄။ ကွန်ဂရက်စ်ကို တင်ပြလာမယ့် ဥပဒေကြမ်းတွေကို ခေါင်းစဥ် တခုချင်းစီနဲ့ တင်ရမှာဖြစ်ပြီး ၁၁၆ နဲ့ ၁၁၇လွှတ်တော်တွေမှာ ဒီမိုကရက်တွေ လုပ်ခဲ့သလို  ဇီးသီးဗန်းတွေ ကြားညှပ်ထည့်နိုင်တဲ့ စာမျက်နှာပေါင်း ၄၅၀၀လောက်ရှိတဲ့ omnibus bill လိုမျိုးကို လုံးဝ ခွင့်မပြုဖို့နဲ့ တင်လာမယ့် ဥပဒေကြမ်းတွေကို ဖတ်ရှုသုံးသပ်ဖို့ အနည်းဆုံး ၇၂နာရီ အချိန်ပေးဖို့ ဖြစ်ပါတယ်။  

၅။ တက္ကဆက်စ်နယ်စပ်အစီအမံကို ကွန်ဂရက်စ်မှာ ချပြဖို့၊ အချက် ၄ချက်ပါဝင်တဲ့ ၄ချောင်းထောက် အစီအစဥ်ဟာ နယ်စပ်တံတိုင်းကာတာ ပြီးအောင်ဆက်လုပ်ဖို့၊ နယ်ခြားစောင့်တပ်တွေအနေနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေအတိုင်း အတိအကျ ဆောင်ရွက်ဖို့ (ဘိုင်ဒန်တို့က အဲဒီပေါ်လစီတွေကို သူ့အမိန့်နဲ့ ကျော်ခွခိုင်းထားတဲ့အတွက် နယ်ခြားစောင့်တပ်တွေက ဘာမှ လုပ်လို့ မရနေတာပါ)၊ ပြည်တွင်းမှာလည်း ဥပဒေစိုးမိုးမှုရှိအောင် ရှိတဲ့ဥပဒေတွေ အသက်ဝင်အောင် ဆောင်ရွက်ဖို့၊ လိင်/လူ/ဘိန်းရာဇာတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို ပစ်မှတ်ထားဖို့၊ စတာတွေကို ဦးတည်ထားတာ ဖြစ်ပါတယ်။

၆။ ကဗမန်ဓိတ်တွေကို အဆုံးသတ်ပြီး အဲဒါနဲ့ ပတ်သက်တဲ့ အရေးပေါ် ဘတ်ဂျက်အပါအဝင် ဘတ်ဂျက်တွေအားလုံးကို အပြတ်ဖြတ်ဖို့ ဖြစ်ပါတယ်။

၇။ ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကနေ အဆုံးမရှိ မြင့်သထက်မြင့်နေတဲ့ ကြွေးမြီ မျက်နှာကျက်ကို ရပ်တံ့စေဖို့နဲ့ ဆီးနိတ်ကိုပါ အလားတူ တာဝန်ခံစေဖို့ ဖြစ်ပါတယ်။

အိုဂဲလ်စ်ပြောပြသလောက်က အဆိုပါ ၇ချက်ပဲ ဖြစ်ပေမယ့် အဲဒီနောက်ပိုင်း ထပ်ဆွေးနွေး ထပ်ထည့်လာတာတွေလည်း ရှိနိုင်ပါသေးတယ်။ အဆိုပါအချက်တွေကို ရအောင် တောင်းဆိုခဲ့တာ ရီပါဘလစ်ကန် ၂၀ဦးသာဖြစ်ပေမယ့် ဖြစ်လာမယ့် အပြောင်းအလဲတွေအပေါ် သဘောကျတာကတော့ ရီပါဘလစ်ကန်အများစု ဖြစ်မှာပါ။ အဲဒီအချက်တွေကို ကြည့်ပြီး ဒီလူ ၂၀ ကို သူပုန်/အကြမ်းဖက် ခေါ်သင့် မခေါ်သင့် ဆုံးဖြတ်ကြပေါ့။

၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပါဘလစ်ကန်ဘက်က ပါဝင်ယှဥ်ပြိုင်မယ့် ဒုတိယတဦး ထွက်လာပါပြီ။ သူကတော့ သမ္မတထရမ့်လက်ထက်က အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တနှစ်ခန့်လုပ်ကိုင်ခဲ့ပြီး ထရမ့်က ဖြုတ်ပစ်ခဲ့တဲ့ ဂျွန်ဘိုလ်တန်ပဲ ဖြစ်ပါတယ်။ ဘိုလ်တန်က သမ္မတရေဂင်လက်ထက်ကတည်းက နိုင်ငံရေးလောကထဲ ရောက်နေခဲ့တာဖြစ်ပြီး အီရန်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ ဗင်နီဇွဲလား၊ ကျူးဘား၊ ယီမင်နဲ့ မြောက်ကိုရီးယားတို့အပေါ် စစ်ရေးဆောင်ရွက်မှုတွေ အစိုရအပြောင်းအလဲတွေဖြစ်အောင် လှုံ့ဆော်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဘုရှ် ၄၃လက်ထက် အီရတ်နဲ့ စစ်ဖြစ်နေစဥ်အတွင်း (ယူ)အန်ကို ခန့်အပ်ခံရတဲ့ အမေရိကန် သံအမတ်ကြီး လုပ်ခဲ့ပါတယ်။

ဘိုလ်တန်က သမ္မတထရမ့်ရဲ့ နိုင်ငံခြားရေးပေါ်လစီတွေကို အပြင်းအထန် ဝေဖန်သူဖြစ်ပြီး အထူးသဖြင့် တရုပ်နဲ့ ရုရှားအပေါ် ထရမ့်ကိုင်တွယ်ခဲ့ပုံကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သေချာတာက ထရမ့်ထက်နေတုန်းမှာ ဒီမိုကရက်တွေတက်တိုင်း ငစွာတွေဖြစ်ခဲ့/ကုန်ကြတဲ့ ရုရှား၊ တရုပ်၊ အီရန်၊ မြောက်ကိုရီးယားတို့အားလုံး အပိုးကျိုးနေခဲ့ကြတာ တွေ့ရမှာပါ။ ဘိုလ်တန့်သမိုင်းကိုကြည့်ရင်လည်း စစ်လိုလားတဲ့ဖက်က အမြဲရပ်ခဲ့တာကြောင့် စစ်အသစ်လုံးဝမစခဲ့တဲ့ တဦးတည်းသောသမ္မတဖြစ်တဲ့ ထရမ့်အပေါ် အမြင်မကြည်တာ သိပ်တော့ မဆန်းပါဘူး။

ဘိုလ်တန်ရေးခဲ့တဲ့ The Room Where It Happened ဟာလည်း ၂၀၁၉တုန်းက သမ္မတထရမ့်ကို ပထမအကြိမ် အင်မ်ပိချ်လုပ်စဥ်က မထုတ်ဝေရသေးတဲ့ စာအုပ်ကော်ပီတွေ လိခ်ဖြစ်လာပြီး ဒီမိုကရက်တွေ ယူသုံးခဲ့ကြတာကိုကြည့်ရင် စစ်ဖြစ်တိုင်း စီးပွားဖြစ်နေကြတဲ့ နှစ်ပါတီလုံးက စားဖားကြီးတွေနဲ့ တဂိုဏ်းတည်း ဖြစ်မှာ ကျိန်းသေပါတယ်။ ရကပွဲအတွက် ပြင်ဆင်ဖို့ ပြည်သူဆီက ကမ်ပိန်းအလှူငွေ ရနိုင်ခြေ မရှိသလောက်နည်းပေမယ့် သူ့နောက်ကွယ်မှာ အီလိတွေ စစ်လက်နက်ကုမ္ပဏီတွေ ရှိနေနိုင်တာကြောင့် ခုလို ရကပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။

ရှီကာဂိုအစိုးရကျောင်းများအပေါ် စစ်ဆေးရေးမှုးချုပ်က ၂၀၂၁-၂၂ စာသင်နှစ်အတွက် အစီရင်ခံစာထုတ်ရာမှာ ရာနဲ့ချီတဲ့ ဆရာတွေနဲ့ ကျောင်းဝန်ထမ်းတွေဟာ ကျောင်းသား/သူတွေအပေါ် လိင်လုပ်သားလေးတွေဖြစ် အသုံးချနိုင်အောင် ပြုပြင်သိမ်းသွင်းခြင်း၊ လိင်စော်ကားခြင်း၊ မုဒိမ်းကျင့်ခြင်း စတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ မနှစ်က စာသင်နှစ်မှာ လိင်အမှုပေါင်း ၄၇၀ ရှိခဲ့ပြီး အဲဒီထဲမှာ မလျော်ထိ/ကိုင်ခြင်း၊ ငှားစားဖို့ သိမ်းသွင်းခြင်း၊ မလျော်မှတ်ချက်ပေးခြင်း၊ ဖုံး/ကွန်ပြူတာမှာ ဆက်စ်ချက်လုပ်ခြင်း၊ အဓမ္မကျင့်ခြင်းတွေ ပါဝင်ပါတယ်။

၂၀၂၂မှာတော့ တိုင်ကြားမှုပေါင်း ၄၄၇ အမှုဖွင့်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄နှစ်မှာတော့ ဆရာ/မ/ကျောင်ဝန်ထမ်းတွေအပေါ် လိင်ရာဇဝတ်မှုပေါင်း ၁၆မှုပဲ ပြစ်ဒဏ်ချမှတ်တဲ့ထိ ဖြစ်ခဲ့တာပါ။ အစိုးရကျောင်းတွေဟာ ပုဂ္ဂလိကကျောင်းတွေလိုမဟုတ်ပဲ ဝင်ပြီးရင် ဖြုတ်ဖို့ခက်တာရယ်၊ အချင်းချင်း အပြန်အလှန် ဖာပေး ဖုံးပေးကြတာရယ်၊ ဝုခ်အာဂျင်ဒါတွေ တွန်းလာပြီးနောက်မှာ မဆိုင်တာတွေနဲ့ ခွဲခြားတယ် စွပ်စွဲခံရမှာစိုးတော့ ကိုယ်နဲ့မဆိုင်ရင် မဆိုင်သလို နေကြတာရယ်ကြောင့် ပြဿနာတွေက မတိုးသင့်ပေမယ့် တိုးပွားနေတာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: