အိုဘမက အမေရိကန်သမ္မတတွေထဲမှာ အဆိုးရွားဆုံးပါလို့ ဆရာကြီး သောမတ်စ်ဆိုးလ်က ဆိုပါတယ်။ ပညာရေးမှာ common core နဲ့ ဆွဲချထားပြီး ကျန်းမာရေးမှာ အဖော့ဒဘဲလ်အက်နဲ့ ကျန်းမာရေးကို လူများစုအတွက် အဖော့ဒဘဲလ်မဖြစ်အောင် လုပ်သွားခဲ့ပါတယ်။ စွမ်းအင်ဘက်မှာလည်း ဘိုင်ဒန်လိုပဲ ပြည်တွင်းစွမ်းအင်တွေ လိုက်ပိတ်ခဲ့လို့ ရုရှားနဲ့ အိုပက်ပြုသမျှ နုခဲ့ရပါတယ်။ နိုင်ငံခြားရေးမှာလည်း အပိုလိုဂျီတိုးရ်လို့ ခေါ်ရလောက်အောင် ကမ္ဘာလှည့်ပြီး သေးသိမ်တဲ့ သူ့စိတ်နဲ့ အမေရိကန်ကိုပါ သိမ်ငယ်စေခဲ့ပါတယ်။ လွတ်လပ်သောကမ္ဘာကြီးရဲ့ ခေါင်းဆောင်ဆိုတဲ့ ရာထူးကိုမှ အားမနာ အာဏာရှင်ဆော်ဒီဘုရင်ကို ခါးကိုင်းနေအောင် ဦးညွှတ်ခဲ့ပါတယ်။
သူ့လက်ထက်မှာ ကမ္ဘာ့ငပွကြီးများအကုန် ဂျိုကြွကြပြီး ရုရှားက ယူကရိန်းနိုင်ငံထဲက ခရိုင်းမီးယားဒေသကို သိမ်းခဲ့ပါတယ်။ အကြမ်းဖက်တွေ ပြန်ပေးဆွဲသွားတဲ့ အမေရိကန်ဓါးစာခံတွေလည်း တယောက်ကိုမှ မကယ်နိုင်ခဲ့တဲ့အပြင် ဘန်ဂါဇီမှာ တိုင်းပြည်ကိုယ်စားပြု သံအမတ်ကြီးနဲ့တကွ ကိုယ့်နိုင်ငံသားတွေ အသတ်ခံရတာကို ဝင်မကယ်ခဲ့ပါဘူး။ စစ်ရေးမှာလည်း အရေးကြီးတဲ့ ထိမ်းသိမ်းရေးဘတ်ဂျက်တွေ ဖြတ်ခဲ့တဲ့အတွက် လက်နက် ယန္တယား စစ်ယာဥ်တွေ သုံးမရတော့တာ အများကြီးဖြစ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ယူနီယံတွေ အားကောင်းလာပြီး စပယ်ရှယ်အင်းထရက်စ်ဂရုလို အစိုးရနဲ့ အပေးအယူလုပ်နေနိုင်တာ၊ ဘီအယ်လ်အမ်တွေ စပေါ်လာတာ၊ လူမျိုးရေးမှိုင်း အကြီးအကျယ်စတိုက်လာတာတွေလည်း ထည့်ပြောရမှာပါ။ အဲဒါတွေ တော်တော်များများကို ဒေါက်တာဆိုးလ်က Dismantling America စာအုပ်မှာ ရေးထားသလို ယူကျုမှာလည်း ဗီဒီယိုတွေ အများကြီး တင်ထားပါတယ်။
ဒီတခုကတော့ အိုဘမလုပ်ခဲ့တဲ့ထဲမှာ အဆိုးဆုံးလို့ ဆရာဆိုးလ်က ပြောထားပါတယ်။ အစ္စလမ်မစ်အစွန်းရောက်တွေရှိတာ အရှိတရားတခုဖြစ်သလို အစ္စလာမ်ဘာသာဝင်တွေလည်း သိနေတာပါပဲ။ ဒါပေမယ့် ဟူစိန်ကတော့ အစ္စလာမ်မစ်အစွန်းရောက်ဆိုတာကို လုံးဝ လေသံမဟပါဘူး။ မယ်ရီခရစ်စမတ်လို့ ပြောမယ်ဆိုရင်တောင် တခြားဘာသာတွေ အားနာစရာကြီးဆိုပြီး ဟက်ပီဟောလီဒေးပဲပြောပါဆိုပြီး အစဥ်အလာတွေကို စဖျက်ခဲ့တာပါ။ အစွန်းရောက်လို့ ထုတ်မပြောရုံတင်မကပဲ အကြမ်းဖက်တွေကို အမေရိကန်မြေပေါ်မှာ အမေရိကန်တွေနဲ့တန်းတူ တရားရင်ဆိုင်စေဖို့ အိုဘမ လုပ်ခဲ့ပါတယ်။
အကြမ်းဖက်တွေကို ဂွမ်တာနာမိုဘေးမှာပဲ စစ်ခဲ့ကြတာ အစဥ်အလာပါ။ အဲဒါကလည်း စစ်ရေးအရ လျို့ဝှက်အပ်တာကြောင့်ရော၊ အကြမ်းဖက်စီမံကိန်းတွေကို ပေါ်အောင် စစ်ဆေးဖို့ လိုအပ်တာကြောင့်ရော၊ လုံခြုံရေးစည်းအရ အပြင်လူတွေနဲ့ မထိတွေ့စေလိုတာကြောင့်ရော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ အဲဒါကို ပြည်တွင်းမှာ အရပ်သားတွေနဲ့ရောပြီး စစ်ဆေးရင် လျို့ဝှက်ချက်တွေ ပေါက်ကြားမှာအပြင် သက်သေပြဖို့ ခက်တာရော ခြေဥပြင်ဆင်ချက် ၅ အရ မပြောပဲ အလွယ်လေးနေလို့ ရနိုင်တာရောဆိုတော့ ဟူစိန်ရဲ့လက်ချက်က နိုင်ငံတော်ကို ခြေနဲ့ဖိပြီး အကြမ်းဖက်တွေကို ဖင်မပေးတဲ့လုပ်ရပ်ကြီးပဲ ဖြစ်နေတာပါ။
မ အ အောင် သမိုင်းသင်ဆိုတဲ့ ပညာရှိအဆုံးအမအတိုင်း သမိုင်းကိုသိအောင် တင်ပြပေးတာဖြစ်ပါတယ်။ တော်ကီလေးကောင်းတာမက်ရင် တိုင်းပြည်ပျက်နိုင်တဲ့ သာဓကပါ။