Epstein’s Death

အသက်မပြည့်သေးတဲ့ ကလေးမတွေကို နာမည်ရှိ အာဏာရှိ အီလိတွေအတွက် ကာမဂုဏ်ဖျော်ဖြေပေးဖို့ စည်းရုံးသိမ်းသွင်းလေ့ကျင့်ပေးခဲ့တဲ့ ဂျက်ဖရေအက်ပ်စတိန်းဟာ ၂၀၁၉ ဩဂုတ်လ ၉ရက်နဲ့ ၁၀ရက်ကြား ညကာလမှာ မန်ဟက်တန်အချုပ်ခန်းအတွင်း အသတ်ခံလိုက်ရပါတယ်။

အဲဒီသတင်းကို ကြားကြားချင်း အဲဒီအချိန်က တရားရေးဝန်ကြီး ဝီလီယံဘားက သွားမကြည့်ရသေးခင်မှာတောင် ဟာ ဒါကို ဆူဆိုက်လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ အမျိုးမျိုး ယူဆချက်တွေ ထွက်လာလိမ့်မယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ ဘယ်သူပေါ့လျော့လို့လဲ၊ အစိုးရဖက်က ဘာတွေမှားလို့ ဘယ်လိုတာဝန်ယူရမလဲဆိုတာတွေထက် လူတွေဘယ်လိုထင်မယ်ဆိုတာ အရင်တွေးနေတာ မဖြစ်သင့်ဘူးလို့ တပ်ကာက ဆိုပါတယ်။ အခင်းဖြစ်ပွားချိန်မှာ ထောင်ဝန်ထမ်းတွေက အိပ်ငိုက်နေတယ်လို့ ထွက်ဆိုပြီး အဲဒီအချိန်ရဲ့ စီစီတီဗီမှတ်တမ်းကို စစ်ကြည့်ဖို့မှာလည်း အက်ပ်စတိန်းတို့ အခန်းတွေဖက်ကို ချိန်ထားတဲ့ စီစီတီဗီက အချိန်ကိုက် ပျက်နေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါပေမယ့်လည်း ဝီလီယံဘားကတော့ ပင်မအဆောက်အဦဝင်ဝက ဗီဒီယိုကို အက်ပ်စတိန်းအခန်းတွေဖက်က ဗီဒီယိုလိုလိုနဲ့ အဲဒီနေ့ ည ၆နာရီကျော်ကနေ နောက်တနေ့နံနက် ၆နာရီကျော်အထိ ဘယ်သူမှ အဝင်အထွက်မရှိတဲ့အတွက် ဆူဆိုက်လုပ်တာလို့ပဲ လွယ်လွယ် အဖြေထုတ်ပေးလိုက်ပါတယ်။

အလောင်းကို ကနဦး စစ်ဆေးခဲ့တဲ့ ဆရာဝန်က ဘာကြောင့်သေတယ်လို့ ရှင်းရှင်းလင်းလင်း မပြောနိုင်ကြောင်း မှတ်ချက်ပြုခဲ့သလို တရားဝင်မှုခင်းဆရာဝန်ကလည်း ယတိပြတ်အဖြေ မထုတ်ခဲ့ပါဘူး။ စစ်ဆေးခဲ့ရာမှ ပါဝင်ခဲ့တဲ့ ကြိုးနဲ့ ကိုယ့်ကိုယ့်ကို ဆူဆိုကလုပ်ခဲ့သူပေါင်း ၁၅၀ကျော်ကို စစ်ဆေးခဲ့ဖူးတဲ့ ဆရာဝန်ကတော့ အက်ပ်စတိန်းရဲ့ လည်ပင်းမှာ အဲဒီလိုလုပ်ရင် ဖြစ်ကြတဲ့ ဒဏ်ရာဒဏ်ချက်မျိုး မရှိတဲ့အတွက် ဆူဆိုက်လုပ်တာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း အသတ်ခံရတာပဲ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘာမှ ထပ်မစစ်ဆေးတော့ပဲ ရက်အနည်းငယ်အကြာမှာတော့ အလောင်းကို စစ်ဆေးတဲ့ထဲမှာ မပါဝင်တဲ့ နယူးယောက်မြို့တော် မက်ဒီကယ်အိတ်ဇမင်းနာချုပ် ဘာဘရာဆင်မ်ဆင်က အလောင်းကို တကယ်စစ်ခဲ့တဲ့ မက်ဒီကယ်အိတ်ဇမင်းနာတွေရဲ့ မှတ်ချက်ကို လစ်လျူရှုပြီး အက်ပ်စတိန်းသေဆုံးတာဟာ ဆူဆိုက်ကြောင့်ပါလို့ အဆုံးအဖြတ်ပေးလိုက်ပါတယ်။ တပ်ကာတို့က သူမကို မေးမြန်းဖို့ ကြိုးစားပေမယ့် သူမဖက်က အကြောင်းပြန်ကြားခြင်း မရှိပါဘူး။

ဝီလီယံဘားတို့ တရားရေးဌာနက အခင်းမဖြစ်ခင် ၂ပတ်ခွဲလောက်အလိုကလည်း အက်ပ်စတိန်းက ဆူဆိုက်လုပ်ဖို့ ကြိုးစားခဲ့သေးကြောင်း ပြောပြန်ပါတယ်။ တကယ်ဆိုရင် အဲဒီလိုအကြံရှိသူတွေကို ၂၄နာရီ အစောင့်နဲ့ ထားရတာ၊ အဝတ်လိုဟာတွေမပေးပဲ စက္ကူအဝတ်/အသုံးအဆောင်တွေပဲ ပေးကြတာ လုပ်ရိုးလုပ်စဥ်ပါ။ အက်ပ်စတိန်းရဲ့ ညီကတော့ သူသိသလောက် သူ့အကိုဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လောက်တဲ့ စိတ်အနှောက်အယှက်မျိုး ရှိနေပုံ မရဘူးလို့ ဆိုပါတယ်။

နောက်တခု ဖောင်းတာက ပုံမှန်မဟုတ်တဲ့ သေမှုသေခင်းမှာ အလောင်းကို မရွှေ့ရ မပြင်ရပါဘူး။ ဒါပေမယ့် အရေးပေါ်ကားလာတဲ့အချိန်မှာ အလောင်းကို နေရာရွှေ့ထားပြီး ဖြစ်နေရုံမက အဝတ်ကလည်း ထောင်ဝတ်စုံမဟုတ်ပဲ ဆေးရုံဝတ်စုံနဲ့ သူ့အဆုတ်ထဲကိုလည်း လေမှုတ်သွင်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဗီဒီယိုကလည်း အက်ပ်စတိန်းကိုထားတဲ့ အတန်းဖက်ကို ရိုက်ပြတာမဟုတ်တော့ အဲဒီအတန်းမှာ အခန်း ၈ခန်းရှိပြီး အဲဒီနေ့က အခန်းတွေ သော့မခတ်ထားဘူးလို့ သိရပါတယ်။ ကျန်တဲ့ အခန်းတွေထဲမှာ ဘယ်သူတွေရှိတယ်၊ အဲဒီလူတွေက လုပ်နိုင်ခြေ ရှိ/မရှိတို့ကို လုံးဝ မြှုပ်ကွက်လုပ်ထားပြီး စစ်ဆေးခြင်း အရှင်းမရှိခဲ့ပါဘူး။

တာဝန်ရှိသူတွေ ဖုံးကြဖိကြတာ လုံးဝ မပိရိပေမယ့် ထောက်မယ့်သူလည်းမရှိ၊ သတင်းဌာနတွေကလည်း ဖော်ထုတ်ဖို့ မကြိုးစားပဲ ပီဒိုတွေဖက်က ကူဖုံးပေးဖို့ပဲ ကြိုးစားခဲ့ကြတဲ့အတွက် သတင်းတွေ ကျယ်ကျယ်လောင်လောင် ဖြစ်မလာသလို တရားမျှတမှုဆိုတာကို လက်ခလယ်ထောင်ပြနေသလို ဖြစ်နေတာပါ။ တရားရေးဌာနနဲ့ တရားဥပဒေစိုးမိုးရေးတို့ ခြစားရင် အားလုံးအတွက်အန္တရာယ် ရှိလာနိုင်ပါတယ်။ အီလိတွေ သိပ်ခင်ခဲ့ကြတဲ့ အက်ပ်စတိန်းသေသွားတာကို ဘယ်အီလိမှ ဝမ်းနည်းပုံမရပါဘူး၊ ဝမ်းတောင် သာနေကြဦးမလားပါပဲ။ သူ့ညီကတော့ အမှန်အတိုင်း သိချင်ပါတယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: