မတ်လ ၁၆ ရက် ၂၀၂၃

SVB ရဲ့ ဂယက်က သူ့ဆီမှာ အဓိက ငွေအပ်တဲ့ လုပ်ငန်းရှင်အငယ်လေးတွေကို ရိုက်ခတ်လာတဲ့အပြင် ကမ္ဘာ့ဘဏ်ကြီးတွေကိုပါ လှုပ်ခါနေပါပြီ။ ပြီးခဲ့တဲ့သောက်ကြာက US က SVB ပြိုလဲပြီးနောက် SVB လန်ဒန်လည်း လှုပ်လာပါတယ်။ သူတို့ဆီမှာလည်း သုညသာသာအတိုးနှုန်းနဲ့ နေခဲ့တာကနေ အတိုးနှုန်းတွေ တက်လိုက်တဲ့အကျိုးဆက်တွေကို ခံစားနေရတာပါ။

စနေနေ့မှာတော့ SVB လန်ဒန်မှာ ငွေအပ်ထားတဲ့ ကုမ္ပဏီ ၂၀၀ကျော်က UK Treasury ကို စာရေးအကူအညီတောင်းခံခဲ့ပြီးနောက် တနင်္လာနေ့မှာ HSBC က တရှယ်ယာကို စတာလင် ၁ပေါင်နဲ့ ဝယ်ယူခဲ့ပါတယ်။ မှတ်တမ်းတင်လောက်အောင် မြန်ဆန်တဲ့ ဝယ်ယူမှုကြောင့် အပ်နှံငွေ ၆.၇ ဘီလီယံပေါင်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီလိုမြန်ဆန်လို့ အကုန်လုံးအဆင်ပြေပြီး ပြည်သူကို မထိတာတော့ မဟုတ်ပါဘူး၊ HSBC တို့လို တခြားဘဏ်တွေက ဝယ်နိုင်အောင် အစိုးရက ဝင်ပြီး ညှိနှိုင်းပေးရသလို ဝယ်ယူချင်အောင်၊ ဝယ်ယူပြီး အမြန်ဆုံး ချောချောမွေ့မွေ့ လက်လွှဲနိုင်အောင်လည်း ထောက်ပံ့ကြေးမနည်းမနော ပေးရလေ့ရှိပါတယ်။ ဒါက SVB လန်ဒန်က ဝန်ထမ်းတွေ အလုပ်ပြုတ်မှာတွေ မပါသေးပါဘူး၊ ဘဏ်ဝန်ထမ်းတွေ ဆက်အလုပ်ရကောင်း ရနိုင်ပေမယ့် ရုံးဝန်ထမ်းတွေ ပြုတ်လေ့ရှိပါတယ်။

၁၈၅၆ထဲက တည်ထောင်ထားပြီး ကမ္ဘာမှာ ဘဏ်ခွဲပေါင်းများစွာရှိတဲ့ ဆွဇ်ဇာလန်က Credit Suisse လည်း ငွေထုတ်သူတွေများလွန်းလို့ မပေးနိုင်တော့တာကနေ ဘဏ်ပြိုလုမတတ် ဖြစ်ခဲ့ပေမယ့် Swiss Central Bank က ၅၄ဘီလီယံ ထုတ်ချေးမယ်လို့ ကြေငြာအပြီးမှာ စံချိန်တင်ကျဆင်းခဲ့တဲ့ ရှယ်ယာဈေးဟာ အနည်းငယ် ပြန်တက်ခဲ့ပါတယ်။ ၂၀၂၂ထဲမှာ ထုတ်ငွေပေါင်း ၁၃၃ဘီလီယံ ရှိခဲ့ပြီး အများစုက စတုတ္ထ ၃လပတ်မှာ ထုတ်ယူကြတာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီမှာတော့ ၇.၉ဘီလီယံ ရှုံးနေတယ်လို့ သိရပြီး အဲဒီပမာဏဟာ ၂၀၀၈အပြီးမှာ အကြီးဆုံးလို့ သိရပါတယ်။ CS ကို အဓိက ထောက်ခံပေးထားတဲ့ ဆော်ဒီနေရှင်နယ်ဘဏ်ကလည်း မနှစ်က ရှယ်ယာတွေအားလုံးရဲ့ ၁၀% နီးပါးကို ၁.၅ဘီလီယံနဲ့ ဝယ်ယူအပြီး ထပ်ဝယ်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းအပြီးမှာ CU ကိုဝယ်နိုင်မယ့်သူက Switzerland ရဲ့ အကြီးဆုံး USB ဘဏ်ပဲ ကျန်ပါတော့တယ်။

အခုလို ဖြစ်နေတဲ့ ကြားထဲက ဥရောပစန်ထရယ်ဘဏ်က ငွေတိုးနှုန်းကို 0.5 ထပ်တက်လိုက်တဲ့အတွက် ၉လအတွင်းမှာ -0.5% ကနေ 3% ဖြစ်သွားပါတယ်။ ဘဏ်တွေ အခက်ကြုံနိုင်ပေမယ့် ငွေဖောင်းပွမှုက ပိုကြီးတဲ့ ပြဿနာလို့ သတ်မှတ်ပြီး ခေါင်းမာမာနဲ့ တိုးပစ်လိုက်တာပါ။ SVB နဲ့ မတူတာက CS မှာ liquidity ပြဿနာမရှိဘူးလို့ ECB ကပြောပါတယ်။ ဒါပေမယ့် JPMorgan က banking analysts တွေက CS မှာ ရှိနေတဲ့ ပြဿနာတွေက လုပ်ငန်းခွဲတွေ ဖဲ့ထုတ်လိုက်သည့်တိုင် အစိုးရပေးတဲ့ ၅၄ဘီလီယံနဲ့ လောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

SVB ပြဿနာအပေါ် ဘိုင်ဒန်အစိုးရ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး Shark Tank က Kevin O’Leary က အစိုးရဟာ ဘဏ်တွေကို risk မရှိတော့အောင်လို့ ပြည်သူပိုင်သိမ်းလိုက်သလို ဖြစ်နေပြီ၊ ဘယ်လိုမှ private လို့ ခေါ်လို့မရတော့ဘူး၊ ပေါ့ဆတဲ့ BOD နဲ့ မိုက်မဲတဲ့ စီမံမှု ပေါင်းမိတော့ ဘဏ်တက်တက် ပြောင်တော့တာပေါ့။ အခု ဘိုင်ဒန်တို့က insured ရော uninsured အပ်ငွေတွေပါ လျော်ပေးမှာဆိုတော့ ဘဏ်တွေဖက်က ဘာမှ တာဝန်ခံစရာ မလိုတော့ဘူးလေ၊ အချိန်တန်ရင် အခွန်ထမ်းတွေပခုံးပေါ်ပဲ အဲဒီဝန်တွေ ရောက်လာမှာ၊ ဘဏ်စတော့တွေမှာ မြှုပ်နှံဦးမလား၊ ဘဏ်ဘွန်းတွေရော ဝယ်ဦးမလား စဥ်းစားနေရင် ဒီအဖြစ်တွေကနေ သင်ခန်းစာ ရသင့်နေပြီလို့ ဆိုပါတယ်။

ဆက်လက်ပြီး ကယ်ဗင်က ဘဏ်အပ်ငွေတွေအားလုံးကို လိုက်အာမခံပေးနေရင် ဘဏ်တွေက public service ပေးနေတဲ့ public utilities တွေလိုပဲ ဖြစ်တော့မှာပေါ့။ ကယ်လီဖိုးနီးယားက တခြားပြည်နယ် တွေနဲ့ ယှဥ်ရင် နည်းပညာကုမ္ပဏီသစ်တွေအပေါ် risk ကြီးကြီး ယူပြီး ရင်းနှီးမြှုပ်နှံတဲ့အပိုင်းကို အဓိက အလေးထားတာ၊ အဲဒါကြောင့်လည်း ဆီလီကွန်ဗယ်လီမှာ ဟိုင်းတက်ခ်တွေ စုနေတာ၊ startup တွေကနေ ဘီလီယံနာဖြစ်တဲ့သူတွေလည်း ရှိတော့နေဦးမှာပါပဲ၊ ကွာသွားမှာက ဘဏ်တွေက အဲဒီလို risky ဖြစ်တာတွေ လုပ်ကြတော့မှာ မဟုတ်ဘူး၊ utilities တွေက risk နဲ့ ဆန့်ကျင်ဖက်လေ၊ utilities တွေလည်း လက်ရှိနိုင်ငံရေးအရ ESG တွေထဲ မဖြစ်မနေ မြှုပ်နှံနေရပြီ၊ SVB ကလည်း ဝုခ်အဖြစ်ဆုံး ဘဏ်ဖြစ်ပြီး ဝုခ်ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံတာ များလွန်းနေတယ်လို့ ပြောသွားပါတယ်။

ကယ်လီဖိုးနီးယားမှာ ဘဏ်တွေ risk မယူကြ တော့လို့ ဟိုင်းတက်ခ်တွေ အင်အားလျော့သွားရင် ဟိုင်းတက်ခ်ကနေ ရနေတဲ့ အခွန်တွေ လျော့သွား တော့မှာပါ၊ ရေရှည်ထိနိုင်ပါတယ်။ အသုံးကကြမ်း၊ အခွန်ရတာကနည်းရင် ဘာဖြစ်လာမယ်ထင်လဲ။

SVB ပြိုလဲသွားတဲ့နောက် SVB ရဲ့ အသုံးအစွဲတွေကို ခြေရာခံကြတာမှာ လွှတ်တော် ဘဏ်ကင်းကော်မီတီလိုမျိုး ဘဏ်တွေအပေါ် ကြီးကြပ်ရတဲ့ အဓိကကော်မီတီဝင်တွေဟာ SVB ကနေ သောင်းနဲ့ချီပြီး ကမ်ပိန်းအလှူငွေတွေ ရယူထားကြကြောင်း တွေ့ရှိလာကြပါတယ်။ SVB ကို ကယ်ဖို့ ဆုံးဖြတ်လိုက်တာလည်း အဲဒီလို မလျော်ဩဇာတွေကြောင့် ဖြစ်နိုင်တာပါပဲ။ အဲဒီလို ခြစားမှုတွေ ဖြစ်နေသ၍ ပြည်သူ့ကိုယ်စားလှယ်တွေ ပြည်သူ့အသံ ပြည်သူ့အကျိုးကို ကိုယ်စားပြုမှာ မဟုတ်ပါဘူး။

Citadel တည်ထောင်သူ Ken Griffin ကလည်း SVB ကို ကယ်လိုက်တာဟာ အမေရိကန်စီးပွားရေးစနစ် ကြီးက ငါတို့မျက်စေ့ရှေ့တင် ပြိုကွဲသွားသလိုပါပဲ၊ အမေရိကန်က ကာပီတယ်လစ်စီးပွားရေး ဖြစ်ရမှာလေ၊ insured/ uninsured အကုန်အမ်းတော့ ဘာစည်းမှလည်း မရှိတော့ဘူး၊ အဆုံးအရှုံးနဲ့ တွေ့လာရမှ risk management ကို မဖြစ်မနေ လုပ်လာကြမှာလို့ ဆိုပါတယ်။ Risk management ကို အလေးအနက် မထားနေသေးသ၍ အီကော်နော်မီ လယ်ဗယ်အဆင့်ဆင့်မှာ ကျန်းကျန်းမာမာနဲ့ ရှေ့ဆက်ဖို့ မလွယ်တာ အမှန်ပါ။

တချို့ဘီလျံနာတွေကတော့ အစိုးရက ဝင်စွက်စေချင်ကြပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် အဲဒီလို ဝင်စွက်လိုက်တဲ့နောက်ပိုင်း ဝင်စွက်ရတဲ့အကြိမ်ရေ တိုးလာတာပဲရှိပြီး ဝင်စွက်ဖို့ပဲ အားလုံးက မျှော်လင့်နေကြတော့တာပါ။ အဆုံးစွန်ခံစားရတာတော့ အစိုးရလည်းမဟုတ်၊ အဲဒီဘီလျံနာကြီး တွေလည်းမဟုတ်တဲ့ အောက်ခြေ ပြည်သူတွေပါပဲ။

G7 နိုင်ငံတွေကြားမှာ အမေရိကန်တွေရဲ့ ခန့်မှန်းသက်တမ်းဟာ အသက် ၇၇နှစ်နဲ့ ကမ္ဘာ့အဆင့် ၁၃ ကနေ ၅၃အထိ ကျဆင်းသွားပါတယ်။ ဂျပန်ကတော့ ၈၅နှစ်နဲ့ အဆင့် ၄၅ကနေ ၃ အထိ တက်သွားခဲ့ပါတယ်။ အမြင့်ဆုံးက မိုနာကို ဖြစ်ပြီး life expectancy ၈၅.၉နှစ် ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကို ဗေးဧရိယာက Air District Board of Directors ဟာ လက်ရှိဥပဒေအပေါ် ပြင်ဆင်တာတွေလုပ်ပြီး ၂၀၂၇ကစလို့ လူနေအိမ်နဲ့ စီးပွားရေးအဆောက်အဦတွေရဲ့ ဓါတ်ငွေ့သုံး အပူပေးစက်နဲ့ ရေပူစက်တွေကနေ နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှင့်မှုတွေကို အဆုံးသတ်ဖို့ အသစ်ထုတ်တဲ့ စက်တွေကို ဇီးရိုးအီမစ်ရှင်စံညွှန်းနဲ့ညီမှ ထုတ်လုပ်ခွင့်ပြုသွားဖို့ သတ်မှတ်လိုက်ပါတယ်။ လောလောဆယ်တော့ လက်ရှိ appliances တွေနဲ့ ဂက်စ်မီးဖိုတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ သုံးစွဲသူတွေအတွက်တော့ ဈေးကြီးတဲ့ ပြောင်းလဲမှု ဖြစ်လာမှာပါ။ ဒီနှစ်ဆောင်းတွင်းမှာ ဂက်စ်နဲ့ အပူပေးရင် $931 ကုန်ကျပြီး လျှပ်စစ်နဲ့ အပူပေးရင်တော့ $1359 ကုန်ကျမှာ ဖြစ်ပါတယ်။ ၂၀၂၂ စက်တင်ဘာတုန်းက the California Air Resources Board က လူနေအိမ်တွေကနေ ဂက်စ်နဲ့သုံးတဲ့ appliances တွေကို ၂၀၃၀မှာ အပြီးဘန်းဖို့ အဆိုပြုတာ အောင်မြင်သွားပါတယ်။

ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်တွေက  သဘာဝဓါတ်ငွေ့ကို ရန်ရှာလာတာနဲ့ ပတ်သက်ပြီး ဆီနိတ်တာ တက်ဒ်ခရုဇ်က လက်ဝဲ environment ငွေမည်းအုပ်စုတခုနဲ့ consumer advocacy အဖွဲ့တခုတိုက ဂက်စ်မီးဖိုဆန့်ကျင်ရေးသုတေသနလုပ်ဖို့ ဒေါ်လာ ၃၇၅,၀၀၀သုံးစွဲထားတာကို Climate Imperative Foundation က Bruce Niles ဆီ စာရေးပြီး ဖြေရှင်းချက် တောင်းထားပါတယ်။ ဘိုင်ဒန်တို့တတွေ လုပ်လေ့ရှိတာက သုတေသနဆိုပြီး အမှန်တကယ် လွတ်လပ်တဲ့အဖွဲ့အစည်းများကနေ လုပ်တာမဟုတ်ပဲ ကိုယ့်လူတွေပါတဲ့အဖွဲ့က သူတို့လိုချင်တဲ့ ရလာဒ်ထွက်အောင် အဖြစ်သုတေသန အလုပ်ပြပြီး သိပ္ပံနည်းကျလို့ အတင်းကြီး ဂျင်းထည့်ကြတာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ အများလက်ခံတဲ့ အဖွင့်သုတေသန မဟုတ်သ၍ ပြည်သူ့အကျိုးစီးပွား ကိုယ်စားပြုဖို့ စိတ်မချရပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: