ဧပြီ ၃ ရက် ၂၀၂၃

မနက်ဖြန်မှာ ဆိုရော့စ်ရုပ်သေး မန်ဟက်တန်ဒီအေနဲ့ ဂရန်းဂျူရီရဲ့ စွဲချက်ကို လာရောက်မယ့် အမေရိကန်ရဲ့ ၄၅ဦးမြောက် သမ္မတထရမ့်ဟာ ဒီကနေ့ကထဲက မန်ဟက်တန်က ထရမ့်တာဝါကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ခုံရုံးအစီအစဥ်အရ နံနက် ၁၁နာရီကနေ နေ့လည် ၂နာရီခွဲအထိ တရားရုံးမှာ ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီကနေ ဖလော်ရီဒါက မာရာလာဂိုစံအိမ်ကို တန်းပြန်မှာဖြစ်ပြီး အဲဒီညမှာ ကြေငြာချက်/ မှတ်ချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

သမ္မတထရမ်အနေနဲ့ တရားရုံးကို  မရောက်ခင်မှာပဲ ထောင် ရက် ၃၀ကျနိုင်တဲ့အမှုကို မန်ဟက်တန်ဒီအေက ဆင်ထားလိုက်ပြီဖြစ်ပါတယ်။ အဲဒါကတော့ အမှုအကြောင်း ရုံးချိန်းမတိုင်ခင် ပြည်သူကို ထုတ်မပြောရ ဆိုတာပါ။ Gag order လို့ ခေါ်ကြပါတယ်။ အဲဒါက အခြေခံဥပဒေ ပြင်ဆင်ချက် ၁ကို ချိုးဖောက်ထားတာ ဖြစ်ပါတယ်။ ထရမ့်အမှုမှာ ဘာတွေနဲ့ စွဲထားတယ်၊ လုပ်ငန်းနဲ့ပတ်သက်တာက ဘယ်နှစ်မှုဆိုတာကို ရုံးချိန်းပြီးမှ တရားရုံးက ပြည်သူကို ချပြရမှာ ဖြစ်ပေမယ့် သူတို့ထဲက တဦးက ဖောက်ချလိုက်တဲ့အတွက် သတင်းထွက်လာတာပါ။ အဲဒီလို တရားရုံးကအမှုကို ဖောက်ချလိုက်တာကမှ ရာဇဝတ်မှု မြောက်တာဖြစ်ပေမယ့် မန်ဟက်တန်က မြန်မာပြည်က မအလတရားရေးစနစ်လိုပဲ ခြစားနေတဲ့အခါကျတော့ သူတို့လုပ်သမျှ လွတ်စေ ဖြစ်နေတာပါ။

သမ္မတဖြစ်ခဲ့သူတဦးဟာ သာမာန်လူတွေလိုမဟုတ်ပဲ လျို့ဝှက်လုံခြုံရေးအဖွဲ့ရဲ့ အနီးကပ် စောင့်ရှောက်မှုအပြင် လုံခြုံရေးလုပ်ထုံးတွေကို လိုက်နာရတာကြောင့် အဲဒီအချက်ဟာ တရားရုံးမှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ အရင်က မကြုံဘူးကြသေးတဲ့အတွက် ဘယ်သူမှ မခန့်မှန်းနိုင် ဖြစ်နေကြပါတယ်။ ထရမ့်ရှေ့နေကတော့ mugshot ကို ပါ့ဘလစ် ထုတ်ပြန်ခြင်းအားဖြင့် ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့အတွက် မထုတ်ပြန်ဖို့ ကန့်ကွက်ထားပါတယ်။ ဒီမိုကရက်ဒီအေ ဘက်က ထရမ့်အပေါ် အသရေဖျက်စရာ တခြားဘာမှမရှိတဲ့တူတူ mugshot နဲ့ အောက်လုံးထိုးဖို့ များပါတယ်။

၆နှစ်ကျော် ၇နှစ်နီးပါး ဒီမိုကရက်တွေ ဂလိုဘယ်လစ်တွေနဲ့ မီဒီယာ၊ ဆိုရှယ်မီဒီယာ၊ တက်ခ်ဂျိုင်းယန့် တွေနဲ့ တရားရေးက ဝိုင်းဝန်းတိုက်ခိုက်နေတာကို ကြံ့ကြံ့ခံခဲ့တဲ့ ဒေါ်နယ်ဂျေထရမ့်ဟာ ခုချိန်မှာလည်း စိတ်ဓါတ်အားဖြင့်  ကောင်းမွန်ကြံ့ခိုင်နေတယ်လို့ သိရပါတယ်။ အမှုစွဲချက်တင်လိုက်တယ်လို့ ကြေငြာပြီး ၂၄နာရီအတွင်းမှာ ၂၀၂၄ ထရမ့်ကမ်ပိန်းအတွက် အလှူငွေ ၄သန်းကျော်သွားပြီး ၃ရက်နေ့အထိ ၇သန်းကျော် ရရှိနေပြီဖြစ်ပါတယ်။ ဟိုဖက်က ပိုညစ်လေ အလှူငွေတွေ လှိမ့်ဝင်လာလေပဲ ဖြစ်မှာပါ။

ထရမ့် နယူးယောက်ကို ထွက်လာစဥ် ဖလော်ရီဒါမှာရော နယူးယောက်မှာပါ အားပေးသူများရှိနေပြီး အင်္ဂါနေ့မှာလည်း ထောက်ခံသူများ လာရောက်အားပေးဝန်းရံကြဖို့ ရှိနေပါတယ်။ လွှတ်တော်ထဲက တက်ကြွသူ ရီပါဘလစ်ကန်အမတ် မာဂျိုရီတေလာဂရင်းက နယူးယောက်ကို လာဝန်းရံမယ်ဆိုတော့ နယူးယောက်မြို့ဝန် ရာဇဝတ်သားချစ်သူက ငါတို့က မြို့ကြီးတွေထဲမှာ safest မြို့ကြီးဖြစ်ပြီး ဥပဒေ လေးစားကြကြောင်း၊ မင်းတို့လို ဆူပူလိုသူတွေ လာမယ်စဥ်းစားရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ကြပါလို့ အထူးသဖြင့် မာဂျိုရီတေလာဂရင်းလို သတင်းမှား အမုန်းစကား ဖြန့်သူလို့ နာမည်တပ်ပြီး သတိပေး လိုက်ပါတယ်။

ကိုယ့်ဘက်က ဘာမှ ဘာမှမလုပ်တောင် ဂျန်၆တုန်းကလို၊ မြန်မာပြည်မှာ ၈၈တုန်းကလို သူတို့ထဲကပဲ ဆေးကျွေးထားတဲ့သူတွေ ပေးကမ်းထားတဲ့သူတွေထည့်ပြီး မဆူ့ဆူအောင် လုပ်ခိုင်းဦးမှာ သေချာနေတော့ ထရမ့်ကို ဝန်းရံမယ့်သူတွေ သတိကြီးကြီးထားကြဖို့တော့ လိုပါလိမ့်မယ်။ အဲဒါကလည်း ထရမ့်ကို စကားမမှားမှားအောင် ဆွပေးမယ့် နိမ့်ကျတဲ့ လုပ်ငန်းတွေလိုပါပဲ။

ထရမ့်အပေါ် တိုက်ခိုက်မှုတွေဟာ ဘယ်အထိ သွားမလဲဆိုတော့ ၂၀၂၄မှာ ထရမ့်ကြီး ရီပါဘလစ်ကန်ကိုယ်စားပြုသမ္မတလောင်း အဖြစ် အရွေးမခံရတော့တဲ့အထိ လုပ်ကြမယ်လို့ အိမ်ဖြူထောက်လှမ်းရေးအကြီးအကဲဟောင်း ဂျွန် ရက်ဒ်ကလစ်ဖ်က ဟောကိန်းထုတ်လိုက်ပါတယ်။ ဒီဆန်းတစ်စ်ကလည်း အလားအလာရှိသူအဖြစ် အများအသိအမှတ်ပြုကြပြီး ၂၀၂၄မှာ ဝင်ပြိုင်မှာ သေချာသလောက်ရှီနေပေမယ့် ဒီမိုကရက်တွေရဲ့ တိုက်ခိုက်မှုက ထရမ့်တဦးတည်းပေါ်မှာသာ စုပြုံနေတာကြည့်ရင် ခြအုံကြီးအတွက် အန္တရာယ်အရှိဆုံးက ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းလို့ရနိုင်ပါတယ်။ အဲဒါဆို ၂၀၂၄မှာ ဘယ်သူ့ကို ရွေးသင့်လဲဆိုတာပါ ရှင်းသွားမှာပါ။ တကယ်တော့ ၂၀၂၄မှာ ပြိုင်မယ့် သမ္မတလောင်းကို အဲဒီလို အမှုတန်းလန်းတွေနဲ့ ဖြစ်နေအောင် တမင်ဖန်တီးထားတာဟာ ရွေးကောက်ပွဲကို ဝင်စွက်တာပါ။

မန်ဟက်တန်ဒီအေက သမ္မတထရမ့်အပေါ် စွဲချက်တင်ထားတာကို လာရောက်အဖမ်းခံဖို့ သောက်ြာနေ့မှာ ခေါ်စာထုတ်ပြီး တနင်္ဂနွေနေ့မှာ အိုပက်နဲ့ ရုရှားအပါအဝင် အခြားရေနံ ထုတ်လုပ်သူများက ဒီနှစ် မေလကနေ နှစ်ကုန်အထိ ရေနံထုတ်လုပ်မှုကို တနေ့ကို စည် ၃.၆၆ သန်းအထိ လျော့ချသွားမယ်လို့ ကြေငြာခဲ့ကြပါတယ်။

ထရမ့်ကို အခုလို ပြန်မတက်နိုင်အောင် ဝိုင်းဝန်း နှိပ်ကွပ်နေတာကို အပျော်ဆုံးက ဒီမိုကရက်တွေတင်မကပဲ ရှီ၊ ပူတင်စတဲ့ အာဏာရှင်များ၊ အရှေ့အလယ်ပိုင်းက အကြမ်းဖက်များ၊ အိုပက်နဲ့ ရေနံထုတ်ရောင်းသူများ၊ မူးယစ်/လူ/လိင်ကုန်ကူး ဂိုဏ်းများ ပါဝင်ကြပါလိမ့်မယ်။ အဲဒါဆိုရင် ထရမ့်ကို ကြောက်ကြတာ လူကောင်းတွေဖြစ်မလား လူဆိုးတွေ ဖြစ်မလား၊ အမေရိကန်အကျိုးစီးပွား လိုလားသူတွေဖြစ်မလား မလိုလားသူတွေဖြစ်မလားဆိုတာ သိသာမယ် ထင်ပါတယ်။​ ပြည်သူတွေကတော့ ဆီဈေးတက်လာမှာနဲ့ အတူ အရာရာ ဈေးတက်လာတာတွေနဲ့ ရင်ဆိုင်ကြရဦးမှာပါ။ အမေရိကန်မှာဖြစ်တာတွေက ကမ္ဘာကို ရိုက်ခတ်မှုရှိတော့ အနှေးနဲ့အမြန် ထိလာကြမှာပါပဲ။

အမေရိကန်က အကြီးဆုံးဘဏ် ၂၅ခုမှာ ပြီးခဲ့တဲ့အပတ်အတွင်း ဘဏ်အပ်ငွေ ၉၀ဘီလီယံ ပြန်ထုတ်သွားတာနဲ့ ကြုံနေရပါတယ်။ အဲဒီမတိုင်ခင်အပတ်တွေက လူတွေက ဘဏ်အသေးတွေက အပ်ငွေတွေကိုထုတ်ပြီး ပိုခိုင်မယ်ထင်တဲ့ ဘဏ်ကြီးတွေဆီ ပြောင်းအပ်ကြတာကနေ ချက်ခြင်းကြီး ပြောင်းလဲသွားတာဖြစ်ပါတယ်။ SVB ပြိုကွဲပြီးစအပတ်မှာ ဘဏ်လေးတွေဆီက အပ်နှံငွေ ပြန်ထုတ်တာပေါင်း ၁၉၆.၄ ဘီလီယံ ရှိခဲ့ရာက ပြီးခဲ့တဲ့အပတ်မှာ လိုကယ်ချာတာဘဏ်အသေးတွေမှာ အပ်နှံငွေ ၆ဘီလီယံလောက် တက်လာခဲ့ပါတယ်။

ဘဏ်တွေ တည်ငြိမ်လာဖို့ လုံလောက်တဲ့ အာမခံချက် လမ်းညွှန်မှု ပူးပေါင်းဆောင်ရွက်မှု မပေးနိုင်တဲ့ အစိုးရလက်ထက်မှာ ဆီဈေးတွေ ထပ်တက်ပြီး အထွေထွေကုန်ဈေးနှုန်းပါ တက်ဦးမယ်ဆိုရင် ငွေဖောင်းပွတာက ပိုဆိုးဦးမှာပါ။ ဒီမိုကရက်တွေ တက်နေသ၍ ဆေးမီးတိုနဲ့ပဲ ကုပြနေတော့ ပြည်သူတွေမှာ အထွေထွေ အကြပ်အတည်း ဖြစ်လာဖို့ နီးနေပါပြီ။ အခု ဘိုင်ဒန်တို့လုပ်နေတာက အရမ်းကြီးဆိုးလာတော့မယ်ဆိုရင် ဖြတ်လမ်းနည်းနဲ့ ရေတိုတန့်နေအောင် ခဏထိန်းပေးထား၊ အာရုံလွှဲ၊ လူတွေ နဲနဲအသားကျလာရင် ထပ်ဆိုးအောင်ပြန်လုပ်နဲ့ ချိန်သားတော့ ကိုက်နေတာပါပဲ။ မဲရတာမရတာ ပြည်သူပေါ် မူမတည်နေရင်တော့ ထင်တိုင်းကြဲကြဦးမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: