ဧပြီလ ၅ ရက် ၂၀၂၃

ထရမ့်က Truth Social မှာ တရားရုံးမသွားခင် နံနက်က မန်ဟက်တန်က ရီပါဘလစ်ကန်ကို မဲပေးသူ ၁%ပဲရှိတဲ့ ဒေသဖြစ်တဲ့အပြင် မန်ဟက်တန်ဒီအေကိုယ်၌က ထရမ့်ကို ရအောင်ထောင်ချမယ်/ အရေးယူမယ်ဆိုတဲ့ ရကပွဲကတိနဲ့ နိုင်လာတာဖြစ်ပြီး တရားသူကြီးကလည်း ထရမ့်အဖွဲ့အစည်းအပေါ် အလုပ်လုပ်စားလို့မရအောင် အညှိုးနဲ့ ဆုံးဖြတ်ခဲ့တဲ့ရာဇဝင်ရှိခဲ့လို့ ဘယ်လိုမှ တရားမျှတမှာမဟုတ်တဲ့ အတွက် အနားက စတေတန်အိုင်းလန်းကို ရွှေ့ပြီးကြားနာဖို့ကောင်းကြောင်း ရေးသားသွားခဲ့ပါတယ်။

ထရမ့်အပေါ်စွဲထားတဲ့ ၃၄မှုဆိုတာကလည်း အမှုတခုထဲကို ၃၄မျိုးပွားပြီးလှည့်စွဲထားတယ်လို့ပဲ ပြောရမယ်၊ အဲဒါကြောင့်လည်း ဥပဒေပိုင်းအရ အလွန်အားပျော့တယ်လို့ ဥပဒေပါမောက္ခ ဒီမိုကရက် အလန်ဒါရှိုဝဇ်က သုံးသပ်သွားပါတယ်။ အဲဒီအမှုက လက်ရှိဒီအေရော သူ့အရင်လူတွေရောက တရားစွဲဖို့ မလုံလောက်လို့ အကြိမ်ကြိမ် ငြင်းဆိုထားခဲ့ပြီးသားကို အခုမှ ၃၄မျိုးပွားပြီး ပြန်ထုတ်လာတာပါ။

Business felony ဆိုတော့ ထရမ့်မုန်းသူတွေ ပြောလေ့ရှိကြတဲ့ ထရမ့်ရဲ့ စီးပွားရေးအရှုပ်ထုတ်တွေ ထွက်လာမယ်လို့ ဒီမိုကရက်တွေက အကြီးအကျယ် မျှော်လင့်နေကြတာပါ။ ထွက်လာတာက အဲဒီ အပြာမယ်ကို နှုတ်ပိတ်ခပေးတယ်ဆိုတဲ့ အမှုကိုပဲ ဖုံးကွယ်တယ်ဆိုပြီး ရာဇဝတ် felony category ထဲ ထည့်လိုက်တာပါ၊ အမျိုးစုံ ပတ်ချာလည်ထည့်တော့ ၃၄မျိုး ပွားသလို ဖြစ်သွားတာပါ။ အလန်ကတော့ ထက်မြက်တဲ့ တရားသူကြီးဆိုရင် အားလုံးပေါင်းမှ တခုတည်းဆိုတာ သိမှာဖြစ်လို့ ပေါင်းပစ်ပြီးမှ ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။

အလန်က မန်ဟက်တန်က ထရမ့်မုန်းတဲ့နယ်မြေဆိုတာ မှန်တယ်၊ တရားသူကြီးတို့ ဂျူရီတို့ကလည်း အမှန်ကို ဆုံးဖြတ်ပေးချင်တယ်ဆိုရင်တောင် ထရမ့်နိုင်သွားရင် သူတို့ကို အပေါင်းအသင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ လူရင်းမိတ်ဆွေတွေ မိသားစုတွေကအစ မခေါ်နိုင် မပြောနိုင် ဖြစ်ကုန်ကြမှာကို ခံနိုင်မယ်လို့ မထင်ဘူး၊ အဲဒါကြောင့် ထရမ့် မန်ဟက်တန်မှာ တရားတဲ့စီရင်မှု ရနိုင်မယ်မထင်ဘူးလို့ ဆိုပါတယ်၊ ငါထရမ့်အတွက် အမှုလိုက်ပေးတုန်းကလည်း ငါနဲ့ ငါ့ဇနီး အဲဒီလိုပဲ ကြုံခဲ့ရတာလို့ ပြောပြသွားပါတယ်။ ထရမ့်က သမ္မတတဦးအနေနဲ့ တိုင်းပြည်အတွက် ကောင်းတာလုပ်လို့ ထောက်ခံခဲ့တဲ့ ကျမကိုတောင် လူရင်းတွေကအစ မခေါ်နိုင် မပြောနိုင် အန်ကြ ဘလော့ကြ ဖြစ်ကုန်ကြတာဆိုတော့ ဒါဟာ ချဲ့ကားပြောတာမဟုတ်တာ အမှန်ပါပဲ။ TDS is so real ပါ။

ထရမ့်ကတော့ အမှု ၃၄မှုလုံးအပေါ် အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ Mugshot နဲ့ပတ်သက်ပြီးတော့ တရားရုံးမှာ ဓါတ်ပုံရိုက်ခွင့်မရှိတာကြောင့် အပြင်ကို leak ဖြစ်လာရင် အဲဒါဟာ ဒီအေဘက်က leak တာပဲဖြစ်ပြီး တာဝန်ခံရမယ်လို့ နားလည်သွားတယ်ထင်ပါတယ်၊ မရိုက်တော့ပါဘူးလို့ ဖြစ်သွားခဲ့ပါတယ်။ Mugshot ထွက်လာလို့ကတော့ တရက်ထဲ ဒေါ်လာ ၅သန်းကျော် အလှူငွေရသွားနိုင်တဲ့အပြင် poll ဂဏန်းတွေပါ ဆောင့်တက်သွားမှာပါ။

ထရမ့်ကတော့ စိတ်အနှောက်အယှက် ဖြစ်စရာအဖြစ်ပေမယ့် ခေါင်းမော့ရင်ကော့ပြီး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ အသက် ၄၀လောက်ထဲက ဒီလိုတွေဖြစ်လာနိုင်တာ ကြိုမြင်လို့ နိုင်ငံရေးနယ်ထဲ မဝင်ခဲ့ပေမယ့် အသက် ၇၀အရောက်မှာတော့ ဟူစိန်အိုဖျက်သွားလို့ တိုင်းပြည်လည်း တော်တော်ထိသွားတဲ့နောက် စိတ်ဒုံးဒုံးချပြီး ဝင်ခဲ့ဟန်တူပါတယ်။

တရားရုံးမသွားခင် ဒီနေ့နံနက် စောစောမှာပဲ ဖက်ဒရယ်ဆားကစ်ကုတ်က စထြော်မီ ဒန်နီယယ်ကို ပြန်စွဲတဲ့အမှုမှာ အရင်က ထရမ့်ကို အနိုင်ပေးထားပြီး ရှေ့နေစားရိတ် ၅သိန်း ထရမ့်ကို ပေးလျော်ဖို့ ဆုံးဖြတ်ပေးထားတာကို ဒန်နီယယ်လ်က အယူခံခဲ့တာမှာ အယူခံပါရှုံးပြီး နောက်ထပ် ၁သိန်း ၂သောင်း ထပ်ပေးလိုက်ရပါတယ်။ အရင်က ၃သိန်းလျော်ထားရတာနဲ့ဆို ထရမ့်ကို လျော်ရတာတင် ၁သန်းနီးပါး ရှိနေပါပြီ။  

အိုင်အာအက်စ်ရော အက်ဖ်ဘီအိုင်ရော လစ်ဗြဲမြိုတွေက လက်ကိုင်ဒုတ်ရဲတွေရော ဗြိတိန်စုံထောက်ဟောင်းတွေပါမကျန် အခွန်ဆောင်ထားတာတွေ၊ အိမ်တွေ၊ ကျန်းမာရေးမှတ်တမ်းတွေ နိုင်ငံကူးလက်မှတ်တွေကအစ အကုန်သိမ်းပြီး ဝိုင်းရှာကြတာ ဘာဆို ဘာာာာာမှ မတွေ့တဲ့အပြင် လွန်ခဲ့တဲ့ ၁၇နှစ်က အိပ်ခဲ့တယ်ဆိုတဲ့ အပြာမယ်ကို ဟုတ်နေရင်တောင် တရားမဝင်တာမဟုတ်တဲ့ နှုတ်ပိတ်ခပေးတယ်ဆိုတဲ့ ဒီတမှုပဲတွေ့လို့ အဲဒါကိုပဲ ပွားထားရတဲ့အဖြစ်။ ထရမ့်ကို အဲဒီလောက် ခြောက်ပစ်ကင်းနေလိမ့်မယ်လို့ ဘယ်သူ ထင်ပါ့မလဲ။ ဝက်ပွတ်လေ ပိုပြောင်လေဆိုတာလို ဖြစ်နေပြီ။

စိုးရိမ်စရာရှိတာက သမ္မတဟောင်းတဦးလည်းဖြစ်သလို သမ္မတဝင်ပြိုင်မယ့်သူတဦးလည်း ဖြစ်နေတဲ့ ထရမ့်ကို ရုံးချိန်းအချိန်နေရာအတိအကျကြေငြာလိုက်တာပါ။ သမ္မတထရမ့်ရဲ့ လုံခြုံရေးအတွက် အလွန်စိုးရိမ်စရာဖြစ်ပါတယ်လို့ ဂျက်ဆီဝပ်တားစ်က သုံးသပ်လိုက်ပါတယ်။ ကလိန်စေ့ ငြမ်းဆင်တဲ့ အမှုကို ဘတ်စ်ကားရှည်ကြီးတွေနဲ့ ရဲအင်အားတွေ အများအပြား သုံးစွဲထားတာကလည်း လိုငွေပြနေတဲ့ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးတာဖြစ်သလို ရုံးချိန်းအတွက် လုံခြုံရေး ကြိုပြင်ရတာနဲ့ နဂိုထဲက ရဲအင်အား နဲ့ အမှုအခင်း မမျှတနေတာကို ပိုဆိုးစေမှာ အမှန်ပါ။

မန်ဟက်တန်ရဲတွေက မကောင်းဘူးလို့ ခြုံမပြောနိုင်ပေမယ့် ရဲထဲကနေ ရာဇဝတ်မှုတွေကို နိုင်နင်းအောင် ကိုင်တွယ်မယ်ဆိုတဲ့ ကတိနဲ့ မြို့ဝန် ဖြစ်လာသူကလည်း ထုံးစံအတိုင်း ရာထူးရသွားတော့ ကတိကဝတ်တွေ ဘေးချိတ်ပြီး ညီဖြစ်သူကို ရဲအကြီးအကဲတင်ဖို့ ကြိုးစားခဲ့တာကြည့်ရင် ရဲထိပ်ပိုင်းက သူ့ရုပ်သေးတွေပဲ ဖြစ်ဖို့များပါတယ်။

ဘိုင်ဒန်နဲ့ ကမလာရော အိမ်ဖြူပြန်/ဝန်ကပါ ထရမ့်အမှုအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုသွားတဲ့အပြင် ဟန်းတားကိစ္စမေးတဲ့အခါတိုင်း သတင်းထောက်တွေကို ဒေါပွဆူပူကြိမ်းမောင်းခဲ့တဲ့ ဘိုင်ဒန်က ထရမ့်အမှုပေါ်မှာတော့ ပြုံးဖြီးဖြီး တုန့်ပြန်ပါတယ်။ ထရမ့်အမှု အစရှိသွားပြီဖြစ်လို့ ရီပါဘလစ်ကန်တွေထဲကလည်း ဘိုင်ဒန်တို့ ဟန်းတားတို့အပေါ် တရားစွဲဖို့ နည်းလမ်းရှာနေကြပါပြီ။

အားလုံးက ထရမ့်အမှုပေါ် အာရုံစိုက်နေစဥ်မှာ ဖလော်ရီဒါဆီးနိတ်က ဒီဆန်းတစ်စ်ကို ဖလော်ရီဒါဂါဗာနာရာထူးကို မစွန့်လွတ်ပဲ သမ္မတရကပွဲဝင်နိုင်ဖို့ ဥပဒေ ပြင်ပေးလိုက်ပါတယ်။ မပြင်ခင်က လက်ရှိဂါဗာနာအနေနဲ့ ရာထူးစွန့်ပြီးမှ သမ္မတရကပွဲ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဖောင်မဖျက်ရဲဘူးဆိုတဲ့သဘောဆိုတော့ ပါတီရဲ့ nomination ရဖို့ ယုံကြည်မှုနည်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီဆန်းတစ်စ်က ကိုဗစ်ကိစ္စမှာ ပိတ်ထားတာတွေကို အမြန်ပြန်ဖွင့်ပေးနိုင်ခဲ့တာကနေ နာမည်ကြီးလာတာ ဖြစ်ပါတယ်။ ပထမအကြိမ် ဂါဗာနာရကပွဲတုန်းက ထရမ့်ထောက်ခံမှုကို ယူခဲ့ရပေမယ့် သူနဲ့ပိုရင်းတာက  ၂၀၁၅ကနေ ၂၀၁၉အထိ ရီပါဘလစ်ကန်လွှတ်တော် စပီကာလုပ်ခဲ့တဲ့ ပေါလ်ရိုင်ယန်ဖြစ်ပါတယ်။

ပေါလ်က ထရမ့်ကို သိပ်မုန်းတဲ့ မစ်ရွမ်နေနဲ့တွဲပြီး သမ္မတရကပွဲကို ဒုသမ္မတလောင်းအနေနဲ့ ဝင်ခဲ့သူ ဖြစ်ပါတယ်။ ပေါလ်ဟာ ရွမ်နေလိုပဲ အက်စ်တာဘလစ်ရှ်မန့်ရီပါဘလစ်ကန်ဖြစ်ပြီး နဲဗားထရမ်ပါ၊ နဲဗားအဂန်းထရမ်ပါလို့ ဂုဏ်ယူစွာ ပြောလေ့ရှိသူပါ။ မုန်တိုင်းထန်တဲ့ ထရမ့်ရဲ့ အိမ်ဖြူ ပထမ ၃နှစ်မှာ ရီပါဘလစ်ကန် လွှတ်တော်ဖြစ်ပေမယ့် ဘာမှ အထောက်အကူမရခဲ့ပဲ ထရမ့်လုပ်သမျှ ကန့်လန့်တိုက်ခံရတာ ပေါလ်ရိုင်ယန်ကြောင့်လည်း ပါပါတယ်။ ၂၀၁၉ပြီးတော့ အမတ်နေရာ ထပ်မပြိုင်တော့ပဲ ကောပိုရိတ်လောကမှာ ဒေါ်လာသန်းပေါင်းများစွာလစာနဲ့ သာသာယာယာလေး ပြောင်းသွားခဲ့သူပါ။

ဝါရင့်ဆီနိတ်တာတွေဖြစ်ကြတဲ့ မက်ကောနယ်တို့ လင်ဇီတို့လည်း ထရမ့်အိမ်ဖြူမှာတုန်းက သူ့ဖက်သားလိုလို ခင်ပြနေခဲ့လို့ မက်ကောနယ်ဇနီးကိုတောင် ဝန်ကြီးခန့်ထားခဲ့သေးတာပါ။ သူတို့ရကပွဲတွေမှာ အခက်အခဲဖြစ်နေလို့ ထရမ့်က သူတို့ကို လုံးဝ ထောက်ခံပေးခဲ့ပေမယ့် ရကပွဲမဲပြဿနာတွေဖြစ်လာတော့ သူတို့ကို ကူညီခဲ့တဲ့ ထရမ့်ကို အဆင်းဘီးတပ်ပေးဖို့ ဝန်မလေးခဲ့ကြတဲ့ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးဟာ အပေါ်ယံကြည့်လို့ မရဘူးဆိုတာကို ပြောချင်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: