မနေ့က နယူးဟမ်ရှိုင်းယားပြည်နယ်မှာ ပြုလုပ်တဲ့ စီအန်အန်တောင်းဟောလ်အစီအစဥ်မှာ ထရမ့် တက်ရောက်ခဲ့ပါတယ်။ စီအန်အန်က ထရမ့်ကို မဖိတ်ပဲနေခဲ့တာ ၂၀၁၆ကတဲကဖြစ်ပြီး အဲဒီကတည်းက အသည်းအသန် တိုက်ခိုက်လာခဲ့တာပါ။ ဘယ်ဒီမိုကရက်ထိပ်ပိုင်းကမှ ကွန်ဆာဗေးတစ်ချန်နယ်တွေက အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သလောက် မလာရဲ အမေးမခံရဲပေမယ့် ရဲရင့်တဲ့ ထရမ့်ကတော့ သူ့ကို ဝိုင်းဖြဲကြမှာ သိလျက်နဲ့ တဖက်ကသူတွေလည်း တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိသင့်တယ်လို့ ပြောပြီး ဖြစ်အောင် သွားခဲ့ပါတယ်။
တောင်းဟောလ်တက်သူတွေနဲ့ ကြည့်ရှုသူတွေ အကြိုက်ဆုံးအဖြေကတော့ ကုန်ဈေးနှုန်းကျအောင် ရေနံထုတ်ခွင့် ချက်ချင်း ပြန်ဖွင့်ပေးမှာဖြစ်ပြီး ယူကရိန်း-ရုရှားစစ်က သူတက်လာပြီး ၂၄နာရီအတွင်း ရပ်အောင် လုပ်ပစ်လို့ ရတယ်လို့ ဆိုတာပါ။ ဘယ်သူနိုင် ဘယ်သူရှုံးဆိုတာထက် အမြန်ဆုံး စေ့စပ်ညှိနှိုင်းပြီး စစ်တိုက်တာ ရပ်ပစ်မှ ပြည်သူတွေ သက်သာမှာဖြစ်လို့ အမြန်ဆုံးသဘောတူညီချက်ရဖို့ကိုပဲ ရှေ့ရှုသွားမယ်လို့ ဆိုပါတယ်။
လတ်တလော အမိန့်ချထားတဲ့ လိင်မှုကျူးလွန်တယ်လို့ စွပ်စွဲသူကို လျော်ကြေးပေးဖို့နဲ့ ပတ်သက်ပြီး အဆိုပါအမျိုးသမီးရဲ့ ဖြစ်နိုင်ခြေမရှိတဲ့ စွဲချက်ကို ပြန်ပြောပြပြီး အဲဒါဖြစ်နိုင်လားလို့ ကြည့်သူတွေကို ပြန်မေးခဲ့ပါတယ်။ အဲဒီအမှုမှာလည်း ဂျူရီရွေးတာကအဟ ဘာမှပွင့်လင်းမြင်သာမရှိတဲ့အပြင် အခြေခံတာကလည်း အထောက်အထား သက်သေ စတာတွေမဟုတ်ပဲ ထရမ့်ဟာ လူလိမ်ဆိုတဲ့ အမုန်းမှိုင်းအပေါ်မှာ မူတည်ထားတာ ဖြစ်နေတာပါ။ အယူခံမှာ မျှတတဲ့ တရားသူကြီးနဲ့ တွေ့ရင် မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးမယ်ထင်ပါတယ်။
မေးတဲ့အမျိုးသမီးက နိုင်ငံရေးတင်ဆက်သူမဟုတ်ပဲ ဖျော်ဖြေရေးနယ်ဘက်က ကိတ်တလင်ကောလင်း ဖြစ်နေတာကိုက စီအန်အန်ရဲ့ ရည်ရွယ်ချက် (သို့) စီမံမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ သူမမေးတာကို ဖြေတဲ့အခါမှာလည်း သူမ မကြားချင်တာဆိုရင် အတင်းဖြတ်ပြော ပြိုင်ပြောနဲ့ အရုပ်ဆိုးလှပါတယ်။ ပိုဆိုးတာက သူမကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အတွက် တရားဝင်ထွက်ပြီးသားသတင်းတွေကိုတောင် မမှန်ပါဘူးအတင်း ပြောနေတာပါပဲ။
ခုရက်ထဲ ထွက်လားတဲ့ ဘိုင်ဒန်မိသားစုက တရုပ်၊ ယူကရိန်းနဲ့ ရိုမေးနီးယားတို့ကနေ ၁၀သန်း လာဘ်ယူထားတယ်ဆိုတဲ့သတင်း၊ ဟန်းတားလက်ပ်တော့သတင်း၊ ယူခွင့်မရှိပဲ ယူသွားတဲ့ အိမ်ဖြူက ထိပ်တန်းလျို့ဝှက်စာတွေ တရုပ်တန်းမှာတွေ့တယ်ဆိုတဲ့သတင်း စတာတွေကိုတော့ အစီအစဥ်တင်ဆက်သူက ထုံးစံအတိုင်း မေးမသွားခဲ့သလို ထရမ့်ပြောလာရင်လည်း အပြောမခံခဲ့ပါဘူး။
အစီအစဥ်အချိန်က တပ်ကာကာလ်ဆန်ရှိုးလုပ်နေကျ လူအကြည့်ဆုံးအချိန် ဖြစ်သလို ထရမ့်နဲ့ တောင်းဟောလ်ကိုလည်း တပ်ကာရှိုးပုံမှန်ကြည့်ကြသလောက်ဖြစ်တဲ့ ၃.၁သန်း ကြည့်ရှုခဲ့ကြတဲ့အတွက် အချိန်တူပြသနေတဲ့ ဖောက်စ်ရဲ့ ၁.၄သန်းနဲ့ အမ်အက်စ်အန်ဘီစီရဲ့ ၁.၃သန်း ၂ခုပေါင်းထက် ကြည့်သူများနေတာပါ။ အဲဒီမတိုင်ခင်ရက်တွေက စီအန်အန်မှာ အဲဒီအချိန်ရှိုးကို တရက် ၇သိန်းလောက်ပဲ ကြည့်သူရှိခဲ့ပါတယ်။ ကြည့်သူအများစုက ကြော်ငြာသမားတွေအကြိုက် ပိုက်ဆံအသုံးဆုံးအုပ်စုဖြစ်တဲ့ အသက် ၂၅-၅၄ အုပ်စုဖြစ်လို့ စီးပွားရေးအရလည်း တွက်ခြေကိုက်သလို တညထဲနဲ့ ကြည့်သူ rating တန်းတက်သွားခဲ့တာ ကလည်း စီအန်အန်ကို ၂ဖက်မြင်လမ်းသွားမလား၊ တဖက်ထဲမှိုင်းဆက်တိုက်နေမှာလားလို့ ရွေးခိုင်းနေသလိုပါပဲ။
အစီအစဥ်မှာ ထရမ့်ဖြေသွားပုံတွေကို အပြာရောင်ပြည်နယ်က အပြာရင့်ချန်နယ်ရဲ့ ဧည့်သည်တွေက သဘောကျကြပုံရတဲ့အတွက် နောက်တခါ တောင်းဟောလ်မှာ လူတွေ မခေါ်တော့ဖို့ စပြောနေကြပါပြီ။ တောင်းဟောလ်ဆိုတဲ့သဘောက ရကပွဲဝင်မယ့်သူနဲ့ ပြည်သူကို မေးချင်တာမေးလို့ရအောင် တွေ့ပေးတာ ဖြစ်လို့ လူမပါရင် တောင်းဟောလ်ဆိုတဲ့ အနှစ်သာရက ပျောက်ဆုံးသွားတော့မှာပါ။
ထရမ့်ရဲ့ စီအန်အန်တောင်းဟောလ်က တိုင်းပြည်အတွက် အဖြေလိုချင်တဲ့ ပြည်သူတွေကို ကျေနပ်စေပေမယ့် လက်ဝဲစွန်းတွေနဲ့ ရိုင်နိုတွေ့ကတော့ ၂၀၁၆ရကပပြီးတုန်းကလိုပဲ ပြိုင်ဖက်က အလဲထိုးတာ ခံလိုက်ရတဲ့ ကျားနာတွေလို ကျိတ်မနိုင် ခဲမရဖြစ်နေကြတာ သူတို့ရဲ့ အပူရုပ်တွေက ဖော်ပြနေကြပါတယ်။ ဖက်ချက်တွေ ပလူပျံအောင်ထုတ်ပြီး အမှန်ကို အမှား အမှားကို အမှန်မှိုင်းတွေ ဖောဖောသီသီ တိုက်လာကြတာလည်း တွေ့ရပါတယ်။
အဲဒီအစီအစဥ်ကို မကြည့်ဖြစ်လိုက်လို့ ယူကျုမှာရှာတော့ ထုံးစံအတိုင်း ထရမ့်နဲ့ ပတ်သက်တာဆိုရင် လစ်ဗြဲအစီအစဥ်တွေက စကားစဥ် အစအဆုံးမပြပဲ စက္ကန့်ပိုင်းလောက် ရွေးဖြတ်ပြပြီး သူတို့လိုတဲ့ဖက် အတင်းဆွဲယူ ငါ့စကားနွားရတွေ ပြောကြတာ ယဥ်ကျေးတဲ့နိုင်ငံကြီးသားဆိုတာ ဒါလားလို့ မေးရမလို ဖြစ်နေပါပြီ။ ကိုယ်ဖက်က ခိုင်လုံတယ်ထင်ရင် အစအဆုံး တင်ပေးသင့်ပြီး၊ ပြည်သူတွေကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်စေရမှာ ဖြစ်ပါတယ်။ မူရင်းအတိုင်း အရှည်ဆုံးတွေ့တာလေးတော့ ကွန်မင့်မှာပေးပါမယ်။