နိုဝင်ဘာ ၁၁ရက် ၂၀၂၃

ဂျိုးလက်ထက်အိမ်ဖြူဟာ ဟူစိန်ရဲ့ တတိယသက်တမ်းလို့ ပြောနေကြတာ ကြာပါပြီ။ ခုတော့ အိမ်ဖြူဝန်ထမ်းတွေက ဟူစိန်ဟာ အိမ်ဖြူမှာ အေအိုင်နဲ့ ပတ်သက်ပြီး အကြံပေးနေခဲ့တာ ၅လ ကျော်ပြီလို့ ဝန်ခံလိုက်ပါတယ်။ တကယ်တော့ အဲဒီအေအိုင်ဇာရာထူးကို ကမလာကို ပေးတာပါ။ နယ်စပ်ဇာအဖြစ်ရော ဘာရာထူးပေးပေး သုံးမရပေမယ့် အေအိုင်ကို ဗန်းပြပြီး ပြည်သူတွေကို ဦးနှောက်ပုံစံခွက်ထဲထည့်ဖို့၊ ဆင်ဆာလုပ်ဖို့အခွင့်အလမ်းကို လက်မလွှတ်ချင်တာကြောင့် ဟူစိန်အိုက ပေါ်ပေါ်ထင်ထင် ဝင်ကိုင်နေပုံရပါတယ်။ ဟူစိန်ဝင်ပါနေတာ အေအိုင်တင်လည်း ကချင်မှ​ ကမှာပါ။

ပြည်သူကို လှည့်စားဖို့ အေအိုင်က ကီးဆိုတော့ အေအိုင်ကွန်ဖရန့်စ်မှာ သူတို့ဩဇာခံမယ့် ဂူဂဲတို့ မိုက်ခရိုဆော့တို့ ကိုပဲ ဖိတ်တာပါ။ အေအိုင်အကြောင်း သေချာလည်းသိ အန္တရာယ်တွေကိုလည်း ကြိုသတိပေးနေတဲ့ အီလွန်ကို မဖိတ်သလို ဇကာပေါက်ကိုလည်း မဖိတ်ပါဘူး။ အကျိုးဆက်ကတော့ ဂူဂဲကို ဟာမာ့စ်က မိန်းမတွေကို မုဒိန်းကျင့်သလားလို့မေးရင် ဂူဂဲက ဟာမာ့စ်က အစ္စရေးမိန်းမတွေကို ဘာလုပ်သလဲ ဆိုတဲ့ မေးခွန်းဆီ ခေါ်သွားပြီး ပြန်လွှတ်ပေးတယ်လို့ ဖြေပါတယ်။ လွှတ်ပေးတာက အဖွားကြီး ၂ယောက်လားပါ။ သတ်တာ မုဒိန်းကျင့်တာက အများကြီးလေ။ ပေးသိချင်တာကိုပဲ ရွေးပေးတာပါ။ အလွန်ပြင်းတဲ့အဆိပ်ပါပဲ။

နယူးယောက်မြို့ဝန် အဲရစ်အဒမ်စ်ရဲ့ ဖုံး၂လုံးနဲ့ အိုင်ပက်ကို အက်ဖ်ဘီအိုင်က သိမ်းပြီး စစ်ဆေးရာမှာ သူ့ရဲ့ ဒေတာတွေထဲမှာ သူ့ကမ်ပိန်းအပေါ် တူရကီအစိုးရက တရားမဝင်လှူထားတာကို လက်ခံထားကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ၂၅နှစ်အရွယ် သူ့ရဲ့ဝန်ထမ်းဟောင်းလည်းဖြစ် ၂၀၂၁ မြို့ဝန်ကမ်ပိန်းအတွက် အလှူခံပေးသူလည်းဖြစ်တဲ့ ဘရီယန်နာဆပ်ဂ်စ်ရဲ့ အိမ်ကို အဖ်ဘီအိုင်က ဝင်စီးခဲ့ပြီး အမျိုးမျိုးသော ပြည်တွင်း အဖွဲ့အစည်းတွေတဆင့် တူရကီအစိုးရရဲ့ လှူဒါန်းမှုတွေကို လက်ခံထားလား ဖော်ထုတ်ရန်အတွက် အဲရစ်အဒမ်စ်နာမည်နဲ့ ဖိုင်တွဲတခုအပြင် ကွန်ပြူတာ ၂လုံး၊ အိုင်ဖုံး ၃လုံး စတာတွေကို သိမ်းဆည်းသွားခဲ့ပါတယ်။ အဲဒီအပေါ် မြို့ဝန်က တော်တော် မကျေမနပ် ဝေဖန်ခဲ့ပါတယ်။

တူရကီဟာ နေတိုးအဖွဲ့ဝင်ဖြစ်ပေမယ့် အာဏာရှင်နိုင်ငံဖြစ်ပြီး သမ္မတ အာဒိုဂန်က နိုင်ငံရေးကို ပါးပါးနပ်နပ် ကစားလေ့ရှိပါတယ်။ ဒါပေမယ့် အစ္စရေး-ဟာမာ့စ်စစ်ဖြစ်တော့မှ ဟူစိန်အိုအပါအဝင် လူတော်တော်များများလိုပဲ မျက်နှာဖုံးတွေ ကွာကျသွားပြီး အမေရိကန်ကို မုန်းတဲ့ အကြမ်းဖက် ဟာမာ့စ်ကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာတာ ဖြစ်ပါတယ်။ ဟူစိန်အိုဟာလည်း မုသားဖောဖောသီသီသုံးပြီး ဘယ်လိုညှိနှိုင်းလို့မှမရပဲ အရပ်သားတွေကို လစ်ရင်လစ်သလို ဝင်ဝင် တိုက်နေတဲ့ ဟာမာ့စ်တွေကိုမှ ငြိမ်းချမ်းမှုငတ်မွတ်နေကြတဲ့ သိုးကလေးတွေလို ပုံဖော်သွားပါတယ်။

ဂျူးကလေးငယ်တွေရဲ့ စာသင်ခန်းတွေမှာ တရားဝင်နေထိုင်နေကြတဲ့ ပါလက်စ်တိုင်းနဲ့ မွတ်အပါအဝင် တခြားလူမျိုး ဘာသာတွေ ရှိကြပြီး မုန်းတီးရေးကို ဘာသာတရပ်အနေနဲ့ သင်ကြားနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟာမာ့စ်တွေဘက်မှာတော့ ဂျူးတွေကို မုန်းရမယ်၊ သတ်ပစ်ရမယ်ဆိုတာ ငယ်ငယ်လေးထဲက ခေါင်းထဲရိုက်ထဲ့ထားတာဖြစ်ကြောင်း ဖုံးဖိထားတာမဟုတ်တဲ့အတွက် ကမ္ဘာက သိနေကြတာပါပဲ။ ပညာနဲ့ ဆင်ခြင်တုံတရားကို ဦးစားပေးသင်တာမဟုတ်ပဲ အမုန်းနဲ့ အကြမ်းဖက်တာကိုသာ ပင်မသင်ရိုးလုပ်နေတာကြောင့်လည်း အိမ်နီးချင်းအာရပ်နိုင်ငံတွေက ဘယ်ပါလက်စ်တိုင်းဒုက္ခသည်ကိုမှ အဝင်မခံနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်ကို အကြမ်းဖက်လို့ မပြောတာချင်းက တူရကီက အာဒိုဂန်နဲ့ ဟူစိန်အိုနဲ့ တူတူပါပဲ။ ကမ်ပိန်းတို့ ဖောင်ဒေးရှင်းတို့ကို ငွေထည့် တဖက်လှည့်နဲ့ အိမ်ဝယ်ပေးတာတို့က ဟူစိန်တို့ ကေလာရီတို့ ဂျိုးတို့ ဘယ်သူမှ မကင်းပါဘူး။ အဲဒါဆို အဲရစ်အဒမ်စ်ကို တူရကီနဲ့ပတ်သက်နေလို့ အပြစ်ရှာချင်တာက တခြားအကြောင်းဖြစ်ပါမယ်။ အန်ဒရူးကိုမိုကို နှုတ်ထွက်စေတဲ့အထိ ဖြစ်သွားတာကလည်း ဂျိုးတို့ စွပ်စွဲသလို လိင်ကိစ္စနဲ့မဟုတ်ကြောင်း စွဲချက်မှာ ကိုးကားထားတဲ့ အမှုတွေကို ကွန်ဆာဗေးတစ်တွေက တခုချင်းစီ ထောက်ပြကြပါတယ်။ အဓိကက ကိုမိုတို့ အဒမ်စ်တို့ဆိုတာထက် အာဏာရှင်တွေလို သူတို့တက်စေချင်သူတက်၊ ထွက်စေချင်သူထွက် လုပ်ချင်သလိုလုပ်နေတာက မဲဆန္ဒရှင်တွေကို စော်ကားနေတာဖြစ်သလို ဒီမိုကရေစီအတွက် စိုးရိမ်စရာကိစ္စ ဖြစ်နေတာပါ။

ကယ်လီဖိုးနီးယားမှာ တောမီးတွေကြောင့် အာမခံကုမ္ပဏီတွေ လျော်ရတာ မတတ်နိုင်တော့တဲ့အတွက် ပြောင်းပြေးကြတာ All State နဲ့ State Farm ပြီးတော့ အခု Farmers အာမခံလည်း သွားပါတော့မယ်။ ဒါအကြီးကြီးတွေကိုပြောတာပါ၊ အာမခံကုမ္ပဏီအသေးတွေလည်း ထွက်ပြေးတာတွေ တိုးလာပါပြီ။ ကယ်လီဖိုးနီးယားမှာ တောမီးဆိုတာ ကိုလံဘတ်စ်မရောက်ခင်ကြီးထဲက ရှိခဲ့တာပါ။ ဌာနေလူနီတွေဟာ တောမီးမပြန့်အောင် ဘယ်လိုထိန်းရမယ်ဆိုတာ သေချာသိပြီး ကောင်းကောင်းစီမံနိုင်ခဲ့ပါတယ်။ ကလိုင်းမိတ်ချိန့်လို့ စွဲနေတာ ဂျင်းပါ။ အရင်က အစိုးရများလည်း ပြည်သူ့အကျိုးကို အခုလို လုံးဝပစ်ပယ်ထားတာ မဟုတ်တဲ့အတွက် တော်ရုံမီးကို ထိန်းနိုင်ခဲ့ပါတယ်။

နျူဆမ်ခေတ်မှာတော့ တောမီးများများလောင်မှ ကလိုင်းမိတ်အာဂျင်ဒါကို တွန်းလို့ပိုကောင်းမှာဖြစ်တဲ့ အတွက် ပီဂျီအန်အီးကို ဆိုလာလုပ်မှ ပိုက်ဆံပေးမယ်၊ အခွန်သက်သာမယ်လုပ်တော့ ပိုက်ဆံမရတဲ့ မီးကြိုးအဟောင်းတွေကို မပြင်တော့ပါဘူး။ ဖြစ်သမျှတောမီးတိုင်းလိုလိုက မပြုပြင်တဲ့ မီးကြိုးအဟောင်းတွေက မီးတွေ စလောင်တာချည့်ပါပဲ။ တောတွေကိုလည်း မီးတားလမ်းတွေ မလုပ်၊ အပင်သေတွေ မရှင်းပစ်တဲ့အတွက် လောင်စာပိုထည့်ထားသလိုပါပဲ။ မကြာမီက မောဝ်ဝီမှာ ဖြစ်သွားတဲ့မီးကလည်း တပုံစံတည်းပါပဲ။ ဒီလူတွေပဲ​ ဆက်တင်နေသ၍ ဒါမျိုးတွေ ဖြစ်နေဦးမှာပါပဲ။ မီးထဲပါတဲ့သူက တိုက်ရိုက်ဒုက္ခ၊ မပါတဲ့သူကလည်း အာမခံတွေ ရှား/ ဈေးတက်ကြတော့ တဆင့်ခံဒုက္ခတွေ ခံကြဦးပေါ့လေ။ ကလိုင်းမိတ်ဆိုလို့ လူသားတွေဖြစ်တည်လာတဲ့ သက်တမ်းက ကမ္ဘာကြီးဖြစ်တည်လာတဲ့သက်တမ်းရဲ့ ၀.၀၀၆၇% ပဲရှိတယ်ဆိုတော့ အဲဒီလောက် အချိန်လေးအတွင်းမှာ လူသားတွေက ကမ္ဘာကြီးကို ပျက်အောင် ဖျက်နိုင်တယ်ဆိုတာ ဖြစ်ရော ဖြစ်နိုင်ပါ့မလား။

နျူဆမ်ဟာ ကယ်လီဖိုးနီးယားကိုသာ ပျက်အောင်ဖျက်တာမဟုတ်ပဲ တနိုင်ငံလုံးကိုပါ ကယ်လီဖိုးနီးယားလို ပျက်လာအောင် ခြေလှမ်းစရွှေ့နေပါပြီ။ ပြီးခဲ့တဲ့လနှောင်းပိုင်းက နျူဆမ်က တရုပ်ပြည်ကို တပတ်ကြာ လျှပ်စစ်ကားနဲ့ ကလိုင်းမိတ်ကိစ္စတွေအတွက် အကြောင်းပြပြီး တရားဝင် သွားရောက်လည်ပတ်ခဲ့ပါတယ်။ တရုပ်ပြည်ဟာ ကမ္ဘာကို ကလိုင်းအညစ်ညမ်းစေဆုံး တနိုင်ငံပါ။ ဒါပေမယ့် ဒီမိုကရက်တွေ တရုပ်နဲ့ ကလိုင်းမိတ်သဘောတူညီချက်တခုလုပ်လိုက်တိုင်း ကိုယ့်ဖက်ကိုယ်ပဲ အရေးယူ ချည်တုပ်နေပြီး တရုပ်ဖက်ကတော့ အခွင့်အရေးတွေချည့် ရသွားကြတာ အာရ်ကေကြောင့်ကလွဲလို့ တခြားယိုးစရာ သိပ်မရှိလှပါဘူး။ ဒါကတပိုင်းပါ။ နောက်တပိုင်းက ဂျိုးဟာ လူလုံးပြဖို့တောင် သိပ်အဆင်မပြေတော့တဲ့အခြေအနေဖြစ်နေလို့ နောက်ကွယ်က ကြိုးဆွဲနေတဲ့ ဒီမိုကရက်အီလိတွေဟာ အာဏာပြင်းတဲ့ ပလိုးစီရဲ့တူ စားရဖို့ ဘာကိုမှမငဲ့ပဲ စခွက်ပြောင်တဲ့ နျူဆမ်ကို ပွဲထုတ်လာဖို့ ပြင်နေတာဖြစ်နိုင်ပါတယ်။ တကယ့်မဲရဖို့ သူတို့မပူပါဘူး၊ အရင်တခါက ပရိုင်မရီမှာ ဂျိုးက ကန်ဒီဒိတ်တွေအားလုံးထဲမှာ တော်တော်မဲနည်းပါတယ်။ ဆိုရှယ်လစ် ဘာနီဆန်းဒါးစ်က မဲအများဆုံးရနေတာဖြစ်ပေမယ့် နောက်ဆုံးတော့ မည်သို့မည်ပုံလုပ်လိုက်သည်မသိ ဆိုသလိုပါပဲ ဟူစိန်တို့ ဦးပေါက်ဆီတို့ဇတ်ညွန်းအတိုင်း ဒီမန်းရှားဂျိုးသည်သာ တစ်ကက်ပေါ် ရောက်လာတာပါ။ မရောက်လို့လည်း မဖြစ်ဘူးလေ၊ ရောက်အောင်လို့ တရုပ်က ဂျိုးအိပ်ထဲ ငွေလမ်းခင်းထားတာပဲဟာ။

လူဆိုးသူခိုးချစ်တဲ့ ဒီမိုကရက်တွေက ဂိုဏ်းတွေကို ချုပ်ထိန်းဖို့ ဘာလ်တီမောမှာ ရုံးချုပ်ထိုင်ထားတဲ့ ဆေ့ဖ်စထရိ ပရိုဂရမ်ကို အက်ဖ်ဘီအိုင်က ဝင်စီးခဲ့တယ်လို့ ဆိုပါတယ်။ လုပ်နေကျရဲတွေရဲ့ ဘတ်ဂျက်တွေလျော့ပြီး လူဆိုးဂိုဏ်းတွေကို ထိန်းဖို့ ရဲမဟုတ်သူတွေနဲ့ ဖွဲ့ထားတဲ့ အဆိုပါအဖွဲ့ဟာ သူတို့ထိန်းထားရမယ့် လူဆိုးဂိုဏ်းတွေနဲ့ ခြေချင်းလိမ်နေတဲ့အတွက် အက်ဖ်ဘီအိုင်က ဝင်ပြီဆိုမှ တည်ထောင်ထားသူဒီမိုကရက်တွေ ပြေးပုန်းဖို့ နေရာရှာနေရပါတယ်။ အဲဒီအဖွဲ့ကြောင့် ရာဇဝတ်မှုတွေ ကျဆင်းမသွားတဲ့အပြင် တက်မြဲ တက်ဆဲပဲဖြစ်ပါတယ်။ ဂိုဏ်းတွေ ဆိုးသွမ်းရာဇဝင် နဲ့လူတွေကို ခြေရာခံဖို့ ရဲတွေက သေချာလေ့ကျင့်ပြီးသားဖြစ်တဲ့အပြင် ရာဇဝင်ရော လူတွေနဲ့ပါ အကျွမ်းဝင်သူဖြစ်မှ လုပ်လို့ရတာဖြစ်ပေမယ့် လူမြင်ကောင်းအောင် ပြစားရတာမျိုးမဟုတ်တာကြောင့် ရဲဘတ်ဂျက်လျော့တဲ့ထဲမှာ ထိပ်ဆုံးက ပါကြတာပါ။ တကယ်တော့ ၂၀၂၀ ဂျော့ဖလွိုက်တုန်းက ရဲတွေမပါစေပဲ အရပ်သားတွေချည့် မြို့တကန့်ကို ပိတ်ထိန်းကြတာမှာ အကြီးအကျယ်ပြဿနာတွေ တက်ခဲ့ပါတယ်။ ဒီကရဲတွေနေရာမှာ မြန်မာပြည်က စွမ်းအားရှင်လို ဟာတွေနဲ့ အစားထိုးချင်ကြတာပါ။

ဂျိုးအစိုးရက ပြည်သူ့လုံခြုံရေးအတွက် အရေးပါတဲ့ ရဲဘတ်ဂျက်သာ လျော့/ဖြတ်လုပ်နေပေမယ့် သူတို့ရဲ့ ဂျင်းအာဂျင်ဒါဖြစ်တဲ့ ကလိုင်းမိတ်ကိစ္စတွေမှာ သူတို့အာဘော်ကို မလိုက်နာသူတွေကို ဖော်ထုတ်အပြစ်ပေးဖို့ အရပ်သားကလိုင်းမိတ်ကော်တပ်ဖွဲ့ကို ပထမနှစ်မှာတင် လူငယ်ပေါင်း ၂သောင်းနဲ့ စတင် ဖွဲ့စည်းသွားဖို့ လုပ်ငန်းစနေပါပြီ။ ဒါဟာလည်း အစိုးရလက်ကိုင်ဒုတ်အဖွဲ့ ဖြစ်တဲ့အတွက် လူထုကို လိုသလိုကြပ်ဖို့ အသုံးချမှာဖြစ်တဲ့အပြင် တချို့မြို့ကြီးတွေက အိမ်အသစ်တွေမှာ ပေးမတပ်တော့မယ့် ဓါတ်ငွေ့မီးဖို၊ ဓါတ်ငွေ့ဟီတာလိုဟာမျိုးတွေ ခိုးသုံးမိရင်တောင် ပြဿနာဖြစ်လာတော့မယ့်ပုံပါ။ လူငယ်မဲကို မျှော်ပြီးလုပ်တာလည်း ပါပေမယ့် လူငယ်တွေ အလုပ်အကိုင်ရစေချင်တယ်၊ တိုင်းပြည်တိုးတက်ဖို့ အထောက်အကူပြုစေချင်တယ်ဆိုရင် အကောင်းဆုံးက အစိုးရအလုပ်မဟုတ်ပဲ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးအောင် လုပ်ပေးဖို့လိုအပ်ပါတယ်။

Leave a comment