ဇူလိုင် ၃ ရက် ၂၀၂၄

ပထမဒီဘိတ်ပြီးသွားပေမယ့် ရိုက်ခတ်မှုကကြီးတော့ ခုထိ သတင်းတွေ တက်နေဆဲပါ။ ထင်ရှားတာက ဘိုင်ဒန့်အနေအထားဟာ ကမ္ဘာကို အများကြီး ရိုက်ခတ်မှုရှိနိုင်တဲ့ နိုင်ငံကြီးတခုကို အုပ်ချုပ်ဖို့ မဆိုထားနဲ့ ကိုယ့်ခန္ဓာကိုယ်လိုအပ်ချက် ကိုယ့်ရဲ့ တနေ့တာကိုတောင် စီမံခန့်ခွဲနိုင်စွမ်း ရှိပုံမရပါဘူး။ အဲဒီလိုလူမျိုး သမ္မတဖြစ်နေရင် တိုင်းပြည်နဲ့ ကမ္ဘာကို သက်ရောက်မယ့် အရေးကြီးကိစ္စရပ်တွေကို သူကဦးဆောင်လမ်းညွှန်မှု ပြုနိုင်မလား၊ သူ့ကို ရုပ်ပြထားပြီး ဘယ်သူဘယ်ဝါမှန်း မသိရသူတွေက ချယ်လှယ်နေမလား သိပ်စဥ်းစားစရာမလိုပဲ သိနိုင်ပါတယ်။

ရကပဆက်ဝင်/မဝင်ကိစ္စကို မိသားစုနဲ့ တွေ့ဆုံတိုင်ပင်မယ်ဆိုပြီးတဲ့နောက်မှာ ထွက်ကြေငြာတာက ဂျိုးဘဒမဟုတ်ပဲ ဂျေးလ်ဖြစ်နေတာပါ။ ဘိုင်ဒန်လုပ်ခဲ့သမျှကို မိနစ် ၉၀လေးနဲ့ မဆုံးဖြတ်ပါနဲ့တဲ့၊ သူ့ရဲ့ ၃နှစ်ခွဲအတွင်း စွမ်းဆောင်ခဲ့မှုများနဲ့ ဆုံးဖြတ်ပါ၊ ဒီဘိတ်မှာလည်း ထရမ့်ပြောသွားသမျှတွေက အလိမ်တွေပါ၊ ဘိုင်ဒန်ကမှသာ ကောင်းကောင်းဖြေခဲ့တာပါ၊ you did a good job လို့ ယောင် န နေတဲ့ အဖိုးကြီးကို ဘေးမှာထားပြီး ချီးမွမ်းခန်း ဖွင့်သွားပါတ​ယ်။ ဒါမျိုးအပြောက ကလေးပေါက်စနဲ့ အိုမင်းမစွမ်းတွေကိုပဲ ပြောကြတာပါ။ မိသားစုရဲ့ ဆုံးဖြတ်ချက်ကြောင့် ရကပမှာ ဆက်ပြိုင်မှာလို့လည်း ပြောသွားပါတယ်။ အဲဒါကို ကိုယ်တိုင်ကြေငြာနိုင်စွမ်း ဆုံးဖြတ်နိုင်စွမ်းမရှိတာကိုက မှားနေပြီလို့ မထင်မိကြဘူးလား။ ကမ်ပိန်းတွေမှာလည်း ဘိုင်ဒန်ကြည့်တောင် မဖတ်နိုင်တာများလာလို့ ဂျေးကပဲ ပြောပေးနေတာပါ။ မသိရင် ဂျေးကပဲ ဝင်ပြိုင်နေသလိုလို။ အာဏာနဲ့ လာဘ်လာဘအတွက် ကိုယ့်လင် ကိုယ့်ဖခင်ကို သမိုင်းမှာ အမည်ဆိုးနဲ့ ကျန်ရစ်အောင် အဝီစိဂျိုးကပ်အောင် လုပ်နိုင်ကြတာမှာ ဒီမိသားစုလည်း မြန်မာပြည်က ဟိုမိသားစုလိုပါပဲ။

တနင်္လာနေ့ အိမ်ဖြူကို ပြန်ရောက်ပြီး west-wing အစည်းအဝေးလုပ်တဲ့အခါမှာလည်း ဟန်းတားက သူတို့ပဲခန့်ထားတဲ့ အိမ်ဖြူဝန်ထမ်းတွေကို မယုံလို့ဆိုပြီး သူပါအစည်းအဝေးတက်ပါသတဲ့။ ဘိုင်ဒန် အခေါင်းထဲရောက်ရောက် အမြှီးပဲပေါက်ပေါက် သမ္မတက တပြားမှမလျော့နိုင်သူများက ဒီကိစ္စကို ထရမ့်လက်ထက်က အီဗန်ကာ သမ္မတနဲ့ အစည်းအဝေးတွေတက်တာကို ယှဥ်ပြောကြပါတယ်။ လုံးဝ မတူပါဘူး။

အီဗန်ကာရော ဂျာရက်ရောက သူတို့ရဲ့ လုပ်ငန်းကြီးတွေကို သူများနဲ့ ကြိုတင်လွှဲထားခဲ့ပြီး သမ္မတရဲ့ အကြီးတန်းအကြံပေးအဖွဲ့ဝင်တွေအဖြစ် အစကတဲက တရားဝင်လုပ်ကိုင်နေကြတာပါ။ သမိုင်းဝင်အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးစာချုပ်တွေ ဖြစ်လာတဲ့ထဲမှာ ဂျာရက်ရဲ့ ကြိုးပမ်းမှုတွေ အများကြီးပါသလို စစ်ပြန်အရေး၊ opioid crisis တွေ၊ American innovation ဒါရိုက်တာတွေအဖြစ် ကူလုပ်ခဲ့ပါတယ်။ အီဗန်ကာကလည်း Office of Economic Initiatives and Entrepreneurship မှာ ဒါရိုက်တာအဖြစ်နဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်ခဲ့ပါတယ်။ ထရမ့်နဲ့တကွ မိသားစုအပေါ် အပြစ်ရှာချင်လွန်းလှတဲ့ ဒီမိုကရက်တွေက သူတို့မှာ အပြစ်နဲနဲရှိရင်တောင် မကြီး ကြီးအောင်ချဲ့ပြီး ထောင်ထဲထည့်ထားလောက်ပါပြီ။

ဟန်းတားက ဆေးသမား၊ မရီးရော တူမပါ ချမ်းသာမပေးတဲ့သူ၊ အဖော်အချွတ်မယ်နဲ့ရတဲ့ သမီးလေး ကိုလည်း တာဝန်မယူ ပစ်ထားသူ၊ လက်ရှိမှာလည်း သေနတ်အမှု၊ အခွန် ၁.၄သန်းရှောင်တဲ့အမှုတွေ တန်းလန်းနဲ့၊ တသက်လုံးလည်း အလုပ်ကြီး အကိုင်ကြီးမပြောနဲ့ တကယ့်အလုပ် ဘာတခုမှ လုပ်ဖူးခဲ့တာမဟုတ်သူ၊ တရားဝင်ရာထူး ဘာမှရယူထားတာမဟုတ်သူ၊ ရန်လိုတဲ့ နိုင်ငံခြားအစိုးရတွေနဲ့ ပတ်သက်နေသူတွေဆီက သန်းချီတဲ့ တံစိုးလက်ဆောင် ရယူထားတာ အထောက်အထား အခိုင်အလုံရှိသူက သမ္မတအစည်းအဝေးတွေမှာ ဝင်ပါနေတယ်ဆိုတော့ တိုင်းပြည်အတွက် ကောင်း/မကောင်း စဥ်းစားကြည့်ရင် သိနိုင်ပါတယ်။ တကယ်တော့လည်း သူတို့သားအဖတွေ ပေါင်းစားနေကြတာဆိုတော့ သူဘာလုပ်လုပ် အဖိုးကြီးက ၁၀စု ၁စုရမှာပဲလေ။ ထရမ့်ပြန်မလာခင် သခင်ကြီးတို့အလိုကျ တိုင်းပြည်ကို ချိနဲ့နိုင်သမျှ ချိနဲ့အောင် လုပ်ဖို့နဲ့ လျှို့ဝှက်ချက်တွေ ရောင်းစားဖို့၊ အဲဒီအတွက် မြိုးမြိုးမျက်မျက်လေးရဖို့ တွန်းလုပ်ရဦးမှာကိုး။

ဒါနဲ့ နျူလက်နက်ခလုတ်ကရော ဘယ်သူ့လက်ထဲမှာပါလိမ့်၊ ယောင်နန အဖိုးအိုလား၊ ဆေးသမားခြကြီးလား၊ မပူကြဘူးလားဟင်။ ထရမ့်တုန်းကတော့ သူ့လက်ထဲ နျူပစ်တဲ့ခလုတ် ရောက်သွားရင် ကမ္ဘာကြီးပျက်တော့မှာလိုလိုပြောပြီး ဝိုင်းပူပြလိုက်ကြတာ မှတ်မိကြသေးလား။

ဒီဘိတ်မှာ အခြေမလှခဲ့တဲ့နောက်မှာ လွှတ်တော်ထဲက ဒီမိုကရက်အမတ်တဦးသာ ဘိုင်ဒန် ရာထူးက နှုတ်ထွက်ပေးဖို့ စတင်တောင်းဆိုလာပြီး အခုတော့အမတ် ၂၅ဦးက တောင်းဆိုလာကြပါပြီ။ အဲဒီလို တောင်းဆိုလာကြတာက တိုင်းပြည်အတွက်တော့ မဟုတ်ပါဘူး။ သူတို့နဲ့ သူတို့ပါတီ အာဏာဆက်မရမှာ စိုးလို့ပါ။ စွမ်းဆောင်ရည်မရှိတာက အစကတဲက သိနေကြတာပဲလေ။ ခုမှသာ ဖုံးမနိုင် ဖိမရ ဖြစ်လာတာပါ။

သမ္မတက တာဝန်ထမ်းဆောင်နိုင်တဲ့ အခြေအနေ မရှိဘူးဆိုရင် ခြေ/ဥ ပြင်ဆင်ချက် ၂၅နဲ့ ရာထူးက ပယ်ရှားပစ်လို့ ရပါတယ်။ ဒါပေမယ့် ဒုသမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက မဲခွဲဆုံးဖြတ်ရတာပါ။ သာမာန်အခြေအနေမှာဆိုရင်တော့ မဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။ အခုကိစ္စက ၂၀၂၀မတိုင်ခင်ထဲက ဘိုင်ဒန်ဒီမန်းရှာဖြစ်နေတာ လူတိုင်း မြင်သိနေတာပဲလေ။ ခက်တာက သူ့ကိုဖြုတ်ချရင် ကမလာတက်ရမှာဆိုတော့ word salad နဲ့ အခြေအနေ အချိန်အခါမသိ ဟီလာတိုက်တာနဲ့၊ အောက်ပါအရည်အချင်းရာဇဝင်နဲ့၊ ဘယ်ဝန်ထမ်းမှ ဒဏ်မခံနိုင်လို့ ထွက်ကုန်တာနဲ့ ဆိုတော့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာနိုင်တယ်လို့ မားကက်တင်းဆင်းရမယ့်အစား ရုပ်ပြမလှတဲ့ ဒီမန်းရှာအဖိုးအိုကိုပဲ ဆက်သုံးနေရတာပါ။

ကမလာက X မှာ ထရမ့်တက်လာရင် တနိုင်ငံလုံးမှာ အဘောရှင်းမလုပ်ရဆိုပြီး တားမြစ်လိမ့်မယ်၊ ငါနဲ့ ဂျိုးက  သူ့ကို တတ်နိုင်သလောက် တားမြစ်ပြီး ဝူးမန်းတွေရဲ့ မျိုးဆက်ပြန့်ပွားရေးလွတ်လပ်ခွင့်ကို ပြန်လည် ရယူပေးမယ်လို့ တင်သွားပါတယ်။ သူတို့က ထရမ့်ပြောသမျှ ပြန်မချေနိုင်တော့ ကလေးတွေ ရန်ဖြစ်သလို လူလိမ်ကြီးလို့ပဲ တွင်တွင်စွပ်စွဲနေတော့တာပါ။ ထရမ့်လုပ်ပေးခဲ့တာက အဘောရှင်းကိစ္စကို အရွေးချယ်ခံ မဟုတ်တဲ့ ဆူပရင်းကုတ်ကလူ ၉ယောက်က ဆုံးဖြတ်ရမယ့်အစား ပြည်နယ်အလိုက် ပြည်နယ်လူထုက မဲပေးဆုံးဖြတ်စေတာပါ၊ အဲဒါက ဒီမိုကရေစီကျင့်စဥ်နဲ့ အညီဆုံးဖြစ်တာကို အာဏာနဲ့ ပိတ်ပင်သယောင်ပြောတာရယ် ​၊ အဘောရှင်းက မျိုးဆက်ပြန့်ပွားခွင့်ရဲ့ ပြောင်းပြန်ဖြစ်နေတာရယ်ကမှ တကယ့်အလိမ်တွေလေ။ ဒါက အမှန်ကို ချပြတာနော်၊ ဟိတ်စပိချ် မဟုတ်ဘူး။ ဒီနေ့ အိမ်ဖြူပြန်ဝန်က ကမလာကို သမ္မတလို့ တခါသုံးသွားသလို ပါတီရဲ့ အနာဂတ်လို့လည်း ပြောသွားပါတယ်။  

အိုဘမကဲရဲ့ ပဲ့ကိုင်ရှင် အီဇီကဲအီမန်နျူရယ်ကတော့ ဘိုင်ဒန်ကို အစားထိုးမယ်ဆိုရင် အဲဒီလူတွေက ဆွင်းစတိတ်တွေက ဂါဗာနာတွေပဲ ဖြစ်သင့်တယ်၊ အဲဒီထဲက ကြိုက်တဲ့ ၂ယောက်သာရွေးလို့ ဆိုပါတယ်။ နျူဆမ်လို ဘိုင်ဒန်ကိုမာရနေရင်တောင် နိုင်မယ့်ပြည်နယ်မျိုးကလူတွေနဲ့ ကမလာလို ဘာ impact မှမရှိသူတွေကို မရွေးနဲ့လို့လည်း အကြံပြုသွားပါတယ်။ ဗျူဟာအရဆိုရင်တော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလိုအကွက်ရွှေ့နေတာကိုက ဒီမိုကရေစီကျင့်စဥ်နဲ့ လွဲနေသလို မဲဆန္ဒရှင်ပြည်သူတွေကို မထေမဲမြင် ပြုရာလည်း ကျနေပါတယ်။ ဘယ်သူတက်တက် ဒီမိုကရက်ဖြစ်ရင်ပြီးရောဆိုတာက ရှေ့ကလူ ဘယ်သူပဲဖြစ်ဖြစ် နောက်ကွယ်က လက်မဲက တဦး/တဖွဲ့တည်းပဲလို့ ပြောနေသလိုပါပဲ။

ဘိုင်ဒန်ထောက်ခံသူတချို့က ဘိုင်ဒန်က ရုပ်သေးရုပ်ပါ၊ သူဘာပဲဖြစ်နေနေ အရေးမကြီးပါဘူးလို့ တွေးပြီး ဆက်လက်ထောက်ခံကြပါတယ်။ အဲဒါ လုံးဝ မှားပါတယ်။ လူဆိုတာ ကိုယ့်နာမည် ခံပြီးမှ သမိုင်းတရားခံဖြစ်ရမယ့် အလုပ်မျိုးကို လုပ်ဖို့ ၂ခါ ၃ခါ စဥ်းစားမှာဖြစ်ပေမယ့် သူများနာမည်နဲ့ မကောင်းမှုလုပ်ရမယ်ဆိုရင်တော့ ဂိတ်ဆုံးအထိ သွားကြဖို့ ဝန်လေးမယ် မထင်ပါဘူး။ လူဆိုးတွေ ကြည့်လိုက်ရင်လည်း Hoodie ဆောင်း mask တပ်ပြီး အမှာင်ထဲမှာ လှုပ်ရှားကြတာ မဟုတ်လား။ ဗိုရွှေလက်ထက် မြန်မာပြည်မှာလည်း ဗိုခင်ညွန့်က သမိုင်းတရာခံဖြစ်မယ့် ကြေငြာချက်တိုင်းကို အမိန့်အရလို့ပဲ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ မှတ်မိကြဦးမှာပါ။ နောက်ပိုင်းဗျူးတော့ သူက စစ်သား၊ အမိန့်နာခံရတယ်၊ အဲဒီအမိန့်ကို ဘယ်သူပေးလဲဆိုတာတော့ မပြောပြန်ဘူး။ နောက်ကွယ်က လက်မဲကြီးက ဘယ်တော့မှ တရားဝင် နာမည်မဖော်ပါဘူး။

ဆူပရင်းကုတ်က ထရမ့်ကို စွဲထားတဲ့ အမှုတွေအပေါ် official or unofficial ဆိုတာပေါ် မူတည်ပြီး သမ္မတသက်တမ်းအတွင်း လုပ်ခဲ့တာတွေအပေါ် ကင်းလွတ်ခွင့်ပေးဖို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ အဲဒါကြောင့် မန်ဟက်တန်တရားရုံးက အမိန့်ချမယ့်ရက်ကို ဒီလကနေ စက်တင်ဘာကို ရွှေ့လိုက်ပါတယ်။ ဒါပေမယ့်လည်း အာဏာကို လုံးဝ လက်မလွှတ်နိုင်တဲ့ ဘိုင်ဒန်တို့ “တရားရေးဌာန”က ရကပမှာ ထရမ့်နိုင်သွားပြီးရင်တောင် အိမ်ဖြူတက်လို့မရအောင် အမှုတွေကို အဲဒီကျမှ ပြန်ဆက်ဖို့/ အမိန့်ချဖို့ ပြင်ဆင်နေကြတယ်လို့ အတွင်းသတင်းရထားကြောင်း ဝါရှင်တန်ပို့စ်က တင်ပြထားပါတယ်။

Leave a comment