ဟာမာ့စ်နဲ့ ပတ်သက်တဲ့ ငွေဖြူလျော်ဖွတ်တဲ့လုပ်ငန်းစဥ်မှာ အဓိကပါဝင်ပတ်သက်နေတဲ့ ယူအန် Relief & Works Agency (အန်ဝါ)ကို ရှေ့နေတစုက တရားစွဲဆိုလိုက်ပါတယ်။ အောက်တိုဘာ 7 တိုက်ခိုက်မှု မတိုင်ခင် ဆယ်စုနှစ်တခုလောက်ကတဲက အန်ဝါအဖွဲ့ဟာ ဂါဇာကို လူမှုရေးအကူအညီခေါင်းစဥ်နဲ့ ငွေသားအကူအညီပေးခဲ့တာ စုစုပေါင်း ၁ ဘီလီယံလောက် ဖြစ်နေပြီလို့ ယူအန်ရီပို့တွေကို ကိုးကားပြီး ရှေ့နေဂယ်ဗရီယယ်မရုန်းက ဖောက်စ်ဘဇ်နက်ဇ်ကို ပြောသွားပါတယ်။ ဂါဇာက ဒုက္ခသည်တွေအတွက် ဆိုပြီး တီဗီတွေ၊ လူမှုကွန်ယက်တွေမှာ အကြီးအကျယ် အလှူခံနေကြတာမှာ အလှူရှင်တွေဟာ နယူးယောက်က ဂျေပီမော်ဂန်ဘဏ်ထဲကို ပိုက်ဆံထည့်ပေးရပြီး နယူးယောက်က ဝန်ထမ်းတဦးက ဘတ်ဂျက်ကိုကြည့်ပြီး လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ဝက်စ်ဘန့်ခ်နဲ့ ဂါဇာတွေမှာရှိတဲ့ အန်ဝါရုံးခွဲတွေကို လစဥ်ငွေလွှဲပေးပါတယ်။
ဂါဇာကရုံးအတွက် နယူးယောက် ဂျေပီမော်ဂန်ကနေ အနောက်ဘက်ကမ်း ရာမာလာမြို့က သူတို့ရဲ့ဘဏ်ခွဲကို ငွေလွှဲပြီး အဲဒီကနေ လမ်းတဖက်ခြမ်းမှာရှိတဲ့ ပါလက်စ်တိုင်းဘဏ်ကို တဆင့်ပြန်လွှဲပြီး အဲဒီကနေမှ ငွေသားထုတ်ပေးပါတယ်။ တလကို အမေရိကန်ဒေါ်လာ သန်း၂၀ လွှဲပေးနေတာပါ။ အဲဒီငွေသားကို Brinks ငွေကြေးပို့ဆောင်တဲ့ထရပ်တွေနဲ့ ဂါဇာထဲကို သွင်းလာပါတယ်။ ဂါဇာက အန်ဝါရုံးက ဝန်ထမ်းလစာတွေ၊ supplier ကိုငွေချေတာတွေ အားလုံးကို ဒေါ်လာအရွက်နဲ့ လုပ်ပါတယ်။ ဂါဇာမှာက ဒေါ်လာသုံးတာမဟုတ်တော့ ဒေသသုံးငွေကြေး ဖြစ်တဲ့ ရှက်ကယ်နဲ့ လဲယူရပါတယ်။ အဲဒီ money changer တွေကို ဟာမာ့စ်က ပိုင်တာဖြစ်ပြီး ငွေလဲတဲ့အခါမှာလည်း ၁၀-၁၅-၂၀ %အထိကို fee အနေနဲ့ ဖြတ်ယူပါတယ်။
ဟာမာ့စ်ကို အီရန်နဲ့တကွ အခြားသော အကြမ်းဖက်အားပေးနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့နေတာဖြစ်လို့ ငွေမရှားပေမယ့် ဂါဇာထဲကို လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ မြေအောက်ဥမင်ကွန်ယက် ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ စတာတွေ မှောင်ခိုသွင်းဖို့အတွက်က ငွေသား လိုအပ်နေပါတယ်။ အဲဒီအခက်အခဲကို အန်ဝါက ဖြေရှင်းပေးလိုက်တာပါ။
အန်ဝါလို ယူအန်ရုံးတွေဟာ သံတမန်ကင်းလွတ်ခွင့်ရယူထားတဲ့အတွက် အစ္စရေးအစိုးရက ဝင်စစ်ခွင့် မရှိတာကြောင့်လည်း အခုလိုဖြစ်ပျက်နေတာတွေ မသိလိုက်တာဖြစ်ပါတယ်။ အခုအစ္စရေးတပ်တွေ ဂါဗာကိုဝင်တော့မှ အန်ဝါရုံးတွေ ကလေးကျောင်းတွေ စတာတွေမှာ လက်နက်တွေ၊ လောင်ချာပစ်တဲ့ ယန္တယားတွေတွေ့ခဲ့ရတာပါ။ ဟာမာ့စ်ထိပ်တန်းခေါင်းဆောင်တွေကိုလည်း အန်ဝါက ဝန်ထမ်းအနေနဲ့ လခပေးထားတာလည်း ပုံမှန်တွေ့ရတယ်လို့ ဆိုပါတယ်။ တကယ်တော့ ခုလိုတွေ့ရှိတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်ကလည်း ယူအန်ရုံးတွေမှာ လက်နက်တွေတွေ့တာပါပဲ။ အဲဒီကိစ္စကို နယူးယောက်က ရုံးချုပ်ကို တင်ပြတဲ့အခါတိုင်း အံ့ဩတဲ့ပုံစံပြပြီး ငါတို့စစ်ဆေးပေးမယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းမှာ ဘယ်တော့မှ အရေးယူတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
တရုပ်က အာဖဂန်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပြီး မြို့ပြဖွံ့ဖြိုးရေးနဲ့အတူ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဖန်တီးနေပြီလို့ ဆိုပါတယ်။ အာဖဂန်မှာကလည်း ယူရေနီယံအပြင် ဘက္ထရီလုပ်ရာမှာ လိုအပ်တဲ့ လစ်သူယံ၊ ဖုံး၊ တက်ဘလက်၊ ကွန်ပြူတာ၊ တီဗီ/လျှပ်စစ်ပစ္စည်းဖန်ပြား တွေမှာ မပါမဖြစ်တဲ့ မြေရှားသတ္တု၊ ကြေးနီစတာတွေအပြင် ရွှေ၊ ကျောက်မျက်၊ ကျောက်မီးသွေး၊ ရေနံ၊ ဓါတ်ငွေ့ အပါအဝင် ဓါတ်သတ္တုအမျိုးစုံ ထုတ်လုပ်တဲ့ ကွင်းပေါင်း ၁၄၀၀ကျော် ရှိပါတယ်။ အဲဒါကြောင့်လည်း ဘိုင်ဒန်တို့က အပိုဆုအဖြစ် အဆင့်မြင့်ယန္တယား လက်နက်ခဲယမ်းတွေပါ ထားခဲ့ပြီး ရှီသခင်ကို ကျေးဇူးဆပ်တာ ဖြစ်ပါလိမ့်မယ်။ ရှီအစိုးရဟာ ပြည်တွင်းက ဝီဂါမွတ်စလင်တွေကို နှိပ်ကွပ်နေပေမယ့် ရေနံပေါတဲ့ အာရပ်ကမ္ဘာ၊ သံယံဇာတပေါပြီး ဖွံ့ဖြိုးမှုနိမ့်တဲ့ အာဖရိကနိုင်ငံတွေနဲ့ ဆက်ဆံရေး အကြီးအကျယ် တည်ဆောက်နေတာပါ။
နယူးယောက်မြို့ဝန် အဲရစ်အဒမ်စ်နဲ့ ထိပ်တန်းလက်ထောက်တဦးဟာ စီစီပီက စပွန်ဆာပေးတဲ့ တရုပ်ပြည်ခရီးကို အနည်းဆုံးတကြိမ် အတူသွားရောက်ခဲ့ကြကြောင်း အက်ဖ်ဘီအိုင်က ဖော်ထုတ် တွေ့ရှိထားပါတယ်။ အဒမ်စ်က ဘရွတ်ကလင်ဘိုရိုဥက္ကဋ္ဌလုပ်နေတဲ့ ၂၀၁၄-၂၁အတွင်း တရုပ်ပြည်ကို ၇ကြိမ် သွားရောက်ခဲ့ပြီး ကုန်ကျစားရိတ်ကို စီစီပီက $787 ပေးပြီး Sino-America က $၇၀၀၀ နီးပါး ပေးခဲ့ပါတယ်။ အဲဒီခရီးစဥ်တွေအတွက် စီစဥ်မှုတွေကို အဒမ်စ်ကရော အဒမ်စ်ရဲ့ အထူးအကြံပေးလည်း ဖြစ်တဲ့ ဆိုင်နိုအမေရိကက ဝင်နီဂရက်ကိုဆိုတဲ့ တရုပ်မကပါ တရားဝင်ရုံးemail တွေမသုံးကြပဲ နယူးယောက်မြို့အစိုးရဆာဗာမှာ ဒေတာတွေ သိမ်းမထားတဲ့ ပုဂ္ဂလိကemail တွေပဲ သုံးခဲ့ကြပါတယ်။ မြို့ဝန်ရုံးက အစိုးရကိစ္စမဟုတ်ရင် ပုဂ္ဂလိက email သုံးလို့ရတယ်လို့ ဆိုပေမယ့် လုပ်ပိုင်ခွင့်တွေ အများကြီးရှိနေတဲ့ ရာထူးနဲ့လူတယောက်က လာဘ်ထိုးတာမှာ နာမည်ကြီးတဲ့နိုင်ငံကို သွားတဲ့ကိစ္စက ပုဂ္ဂလိကကိစ္စလို့ ပြောဖို့ မဖြစ်နိုင်ပါဘူး။ ဝင်နီက စီစီပီနောက်ခံထားတဲ့ အဖွဲ့တွေမှာ အကြံပေးအဖြစ် အကြာကြီး လုပ်ခဲ့ပြီး လောလောဆယ်မှာ နယူးယောက်မြို့ရဲ့ အာရှသားရေးရာကို ဦးဆောင်နေတာပါ။ ဝင်နီကို အဒမ်စ်ရဲ့ ခရီးစဥ်တွေအတွက် ပေးတဲ့ပိုက်ဆံက ဘယ်ကရလဲလို့ မေးတော့ မဖြေနိုင်ခဲ့ပါဘူး။
ကမ်ပိန်းအလှူငွေ များများလှူသူကို စီးတီးကကန်ထရိုက်ပြန်ချပေးတာမျိုးကို ကယ်လီဖိုးနီးယား ဥက္ကလံမြို့မှာ တွေ့ရတဲ့အတွက် FBI က ဥက္ကလံမြို့ဝန် ရှန်တောင်ရဲ့အိမ်ကို စီးနင်းခဲ့ပါတယ်။ လှူသူက Recycle အမှိုက်သိမ်းတဲ့ Cal Waste Solutions က CEO David Duong နဲ့သား Andy Duong ဖြစ်ပြီး သူတို့ရဲ့ အိမ်တွေကိုလည်း အရှာခံရပါတယ်။ သူတို့က တိုက်ရိုက်လှူတာတွေတင်မက သူများကို အမည်ခံပြီး လှူခိုင်းတာတွေပါတွေ့ရတယ်လို့ SFist မှာ ဖော်ပြထားပါတယ်။ လိုကယ်ကမ်ပိန်းတွေကို လှူတဲ့အလှူတွေထဲက အနည်းဆုံး ၉၃ခုမှာ အန်ဒီရဲ့ ကမ်ပိန်းငွေဖြူလျှော်တာက ပါဝင်ပတ်သက်နေပြီး ဘိုင်ဒန်၊ ကမလာ၊ နျူဆမ်တို့ကိုပါ ငွေလှူထားပြီး ဓါတ်ပုံအတူတွဲရိုက်ထားတာ တွေ့ရပါတယ်။ အန်ဒီက ရှန်တောင်ကို ၂၀၁၈ မြို့ကောင်စီရကပကတဲကငွေလှူရုံတင်မက မြို့ဝန်ရကပမှာလည်း ပြိုင်ဖက်ရဲ့ မျက်နှာသွင်ပြင်ကို စာရွက်ပေါ်မှာ ပြုပြင်ပြောင်းလဲပြီး အပုတ်ချလက်ကမ်းစာစောင် ဝေပြီး ကူညီခဲ့ပါတယ်။
ယမန်နှစ်နှောင်းပိုင်းနဲ့ ယခုနှစ်အစောပိုင်းမှာ FBI က အဒမ်စ်ရဲ့ ဖုံး၊ ကွန်ပြူတာ စတာတွေ၊ မြို့ဝန်ရုံးဝန်ထမ်းအိမ်၊ ရံပုံငွေရှာဖွေရေးမှုးအိမ်နဲ့ ဝင်နီ့အိမ်တို့ကို ဝင်စီးခဲ့ရာမှာ ဝင်နီက သူ့ရဲ့ ရာထူးကို အသုံးချပြီး သူပိုင်တဲ့အိမ်တွေ မွမ်းမံပြင်ဆင်မှုတွေရအောင် ကြံဖန်ခဲ့သလို ဘရွတ်ကလင်က KSK ဆောက်လုပ်ရေးကုမ္ပဏီနဲ့ တူရကီအစိုးရအရာရှိတွေက အဒမ်စ်ရဲ့ ကမ်ပိန်းကို တရားမဝင် ငွေလှူထားကြတာ တွေ့ရတဲ့အပြင် တာကစ်ရှ်အဲလိုင်းကို အဒမ်စ်စီးတိုင်း business class ကို မြှင့်ပေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဒမ်စ်ဟာ ရဲလုပ်ခဲ့ဖူးသူဖြစ်လို့ နယူးယောက်မှာ လုံခြုံရေး ကောင်းအောင်လုပ်ပေးပါမယ်ဆိုတဲ့ ကမ်ပိန်းကတိနဲ့ မြို့ဝန်ရာထူးကို ရလာတာပါ။ ဒါပေမယ့် သူ့လက်ထက်မှာ မြို့လုံခြုံရေး ထူးပြီးကောင်းလာတာ မတွေ့ရပါဘူး။
ဘိုင်ဒန်တို့ ဒီမိုကရက်တွေဟာ ဘယ်လိုပဲ အာဏာရှင်လမ်းကြောင်းကို လျောက်နေနေ ဘိုင်ဒန်ကမှ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်နေကြသူတွေ မနည်းပါဘူး။ ဒီမိုကရက်တွေက ဘယ်လိုလူမျိုးတွေကို ထောက်ခံနေသလဲ၊ သူတို့ကိုယ်တိုင်ကရော ဘာတွေလဲ ဆိုတာကိုတော့ သေချာစေ့ငုဖို့ လိုပါလိမ့်မယ်။
ဒီမိုကရက်တွေကြား စတားဖြစ်နေတဲ့ အီလ်ဟန်အိုမာဆိုရင် ဆိုမာလီကနေ ခိုလှုံခွင့်ရယူထားတဲ့ မွတ်စလင်မဖြစ်လို့ ဒိုင်ဗာစတီမျက်နှာစာမှာ ရေပန်းစားပေမယ့် သူမရဲ့ဖခင်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဆိုမာလီအာဏာရှင် ဆီယက်ဘားရဲ့ စစ်တပ်က ဗိုလ်မှူးကြီးဖြစ်ပြီး အဆပ်ခ်လူမျိုးအရပ်သား၂သိန်းခန့်ကို သတ်ခဲ့တဲ့ထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီလူမျိုးတုန်းသတ်ဖြတ်မှုမှာ တိုင်းပြည်ရဲ့ ဒုတိယနဲ့ တတိယအကြီးဆုံးမြို့ကြီးတွေ လုံးဝ ပျက်စီးသွားခဲ့ပြီး အဆပ်ခ်လူမျိုး အများစုပါဝင်တဲ့ ဆိုမာလီပြည်သူပေါင်း ၅သိန်းလောက် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ ပြည်သူတွေ မခံနိုင်ကြလို့ ပြန်တော်လှန်ခဲ့ကြတဲ့အတွက် ဆီယက်ဘားစစ်အစိုးရ ပြုတ်ကျခဲ့ပြီး ပြည်တွင်းစစ်လို ဖြစ်ခဲ့တဲ့အချိန်မှာ အီလ်ဟန်အိုမာတို့မိသားစုက ကင်ညာကနေတဆင့် အမေရိကန်မှာ ခိုလှုံလာခဲ့တာပါ။
State Farm အာမခံကုမ္ပဏီက အာမခံကြေးကို လုံးချင်းအိမ်ပိုင်ရှင်တွေကို ၃၀% ကွန်ဒိုပိုင်ရှင်တွေကို ၃၆% အိမ်ငှားနေသူတွေကို ၅၂% တက်တော့မယ်၊ အဲဒါကို လက်မခံရင် ကာလီဖိုးနီးယားကနေ ထွက်သွားတော့မယ်လို့ ရာဇသံပေးလိုက်ပါတယ်။ All State နဲ့ Farmers တို့ကလည်း ကယ်လီဖိုးနီးယားမှာရှိတဲ့ အာမခံလုပ်ငန်းတွေကို ချုံ့ပစ်လာပါပြီ။ အကြောင်းကတော့ တောမီးတွေ လောင်တာ များများလာတာရယ် အိမ်ပြင်စရိတ်၊ ပြန်ဆောက်စရိတ်တွေ အဆမတန် မြင့်လာတာရယ် ကြောင့်ပါ။ ကာလီဖိုးနီးယားမှာ တောမီးက ဟိုးတုန်းတဲက ရှိခဲ့ပေမယ့် နည်းပညာမတိုးတက်တဲ့ ခေတ်တွေမှာတောင် မီးတားလမ်းတွေထား၊ လောင်စာဖြစ်လာမယ့် အပင်ခြောက် အပင်သေတွေကို ရှင်းပေးရတာပါ။ ဒီမိုကရက်အစွန်းရောက်တွေက မီးတားလမ်းအတွက် အပင်ခုတ်တာ၊ အပင်သေတွေ ခုတ်တာကိုတောင် ဥပဒေနဲ့ ပိတ်ပင်ထားတဲ့အတွက် မီးကစလိုက်ရင် လောင်မဆုံးဖြစ်နေတာပါ။ မီး စလောင်တာမှာလည်း ကလိုင်းမိတ်အာဂျင်ဒါတွေ DEI တွေနဲ့တွန်းတော့ PG&E က အသားမည်း ဝင်ငွေနည်းဆို ဖရီးလောက်ပေးရတာနဲ့၊ နိုင်တီးဂွမ်တိက ဓါတ်တိုင် ဓါတ်ကြိုးတွေလဲဖို့ထက် ရီနျူးရေးဘဲတွေအတွက် ဘတ်ဂျက်ပိုပေးနေရတာက အဓိကအကြောင်းတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် သဘာဝဘေးအန္တရာယ်ရှိတာချင်း ငွေဖောင်းပွတာချင်းတူတူ ကာလီဖိုးနီးယားမှာ အစစ ပိုခက်ခဲနေတာပါ။