ဒီနေ့မဲဆွယ်ပွဲမှာ သေနတ်နဲ့ အပစ်ခံရပါတယ်၊ ထရမ့်တင်တဲ့ပို့စ်ထဲမှာ နားရွက်ကို ဖောက်သွားပါတယ်တဲ့။ ပွဲလာသူတဦး သေနတ်ထိမှန်သေဆုံးပြီး နောက်တဦး ဒဏ်ရာပြင်းပါတယ်။ ပစ်တဲ့သူကို အပစ်ခံရပြီး သေသွားပြီဖြစ်လို့ သူဘယ်သူလဲ သူ့ကိုဘယ်သူခိုင်းသလဲဆိုတာတော့ ဖော်ဖို့ မလွယ်တော့ပါဘူး။ ဘိုင်ဒန့်လက်ထက် ကျောင်းပစ်ခတ်မှုတွေမှာရော အခုပစ်ခတ်မှုမှာပါ ပစ်သူကို အသေပစ်လိုက်တော့ ဆက်လိုက်လို့ မရတော့တာချည့်ပါပဲ။ မနိုင်နိုင်တာ သေချာတော့ ရှေ့လျောက် ဒီထက်ညစ်တာတွေ လာဦးမှာပါ။ ဓမ္မနဲ့ အဓမ္မ သိသိသာသာ ကွဲပြားနေပါပြီ။
ဒီလိုတွေဖြစ်စေချင်လို့ ဒီမိုကရက်တွေက သမ္မတ/သမ္မတဟောင်းတိုင်းရတဲ့ secret service ကို ရုပ်သိမ်းဖို့ လွှတ်တော်မှာ ကြိုးစားကြတာပါ။ ရီပါဘလစ်ကန်က အများစုဖြစ်နေလို့သာ မနိုင်ခဲ့တာပါ။ လွှတ်တော်တွေကအစ ဒီမိုကရက်အများစုဖြစ်နေရင် အမေရိကန်က ဒီမိုကရေစီနိုင်ငံအဖြစ်က နိဂုံးချုပ်ပါပြီ။ ဓမ္မဘက်က နိုင်စေချင်ရင် ကမ္ဘာမှာ လွတ်လပ်ခြင်းတွေ ငြိမ်းချမ်းခြင်းတွေ ကျန်နေစေချင်သေးရင် ဒီနိုဝင်ဘာမှာ အားလုံးထွက် နီးစပ်ရာတွေပါခေါ်ပြီး မဲသွားပေးကြဖို့လိုပါတယ်။
ဆူပရင်းကုတ်က သမ္မတအတွက် immunity ပေးလိုက်ပြီးတဲ့နောက် ဒီမိုကရက်တဦးက အဲဒါဆို ဘိုင်ဒန်က ထရမ့်ကို ရှင်းပစ်လိုက်ပေါ့၊ immunity ရမှာပဲလေတဲ့။
ဒုတိယပုံက Kenneth Vogel ဆိုတဲ့ ဂျာနယ်လစ်တဦးက ၈ရက်နေ့က တင်ထားတဲ့ပို့စ်မှာ ဘိုင်ဒန်က ဒီနေ့လည် ဒိုနာတွေနဲ့ သီးသန့်ပြောတဲ့ထဲမှာ ထရမ့်ကို ပစ်ဖို့ အချိန်ကျပြီလို့ ပြောသွားကြောင်း တင်ထားတာပါ။ ဘယ်လောက်တိကျသလဲ ဘယ်သူက ဖောက်ချသလဲဆိုတာက နောက်တပိုင်းပါ။ အိုဘမတို့ကလည်း ထရမ့်ကို ဘိုင်ဒန်မနိုင်နိုင်မှန်းသိတော့ သူ့ကို အစားထိုးဖို့ဖြစ်ဖြစ် အာဏာလက်မလွှတ်ရဖို့ အသည်းအသန်ကြိုးစားနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဘယ်သူညွှန်ကြားတာပဲဖြစ်ဖြစ် အားလုံးက တဖွဲ့တည်းပါပဲ။
စတုတ္ထပုံမှာ အလိမ်အညာဝါရှင်တန်ပို့စ်က အသံကျယ်ကြီးထွက်လာပြီးနောက် ထရမ့်က rally ကနေ ထွက်ခွါသွားပါတယ်တဲ့၊ လုပ်ကြံခံရတာ၊ သေနတ်မှန်တာ လူသေတာတွေကို ဖျောက်ထားပါတယ်။ Shame on you Washington Post!
နောက်ဆုံးပုံကတော့ မီဒီညာတွေ ဝိုင်းပြီး ဖုံးဖိဖာထေးညာပေးနေကြတဲ့ပုံပါ။ လုပ်ကြံတာ၊ ပစ်ခတ်တာဆိုတဲ့ စကားလုံးတွေ ပါဖို့ဝေးလို့ ထရမ့်ကပဲ နေမကောင်းလို့ ပြန်ခေါ်သွားရသလိုလို ဒီအတိုင်းလဲပဲကျသလိုလိုနဲ့ သူတို့အဖိုးကြီးနဲ့ တန်းညှိပြကြပါတယ်။





See insights and ads
All reactions:
397Khin Gyaw, Saw Kalaya Oo and 395 others