လစ်ဗြဲမီဒီယာတွေက အရင်က ကမလာကို လုံးဝ မကြိုက်ခဲ့ကြပါဘူး။ ဒုသမ္မတရာထူးမှာ ဘာဆို ဘာမှ ဟုတ်တိပတ်တိ မလုပ်ခဲ့တာကို ထောက်ပြခဲ့ကြသလို လူကြိုက်အနည်းဆုံး ဒုသမ္မတလို့လည်း အကြိမ်ကြိမ် ဖော်ပြခဲ့ကြပါတယ်။ ဒါတွေက ခုအချိန်မှာ ယုံတမ်းစကားလို ဖြစ်သွားခဲ့ပါပြီ။ အခုတော့လည်း ကမလာက ဘော်ဒါဇာ မဟုတ်ခဲ့ပါဘူးတို့၊ ပထမဆုံး အမျိုးသမီးလူမည်းသမ္မတနိမီနီ ပါတို့နဲ့ ဖာကြ ထေးကြပါတယ်။ ဘယ်အရာက သူတို့လေသံကို ပြောင်းသွားစေတာလို့ ထင်ပါသလဲ။
ကမလာကလည်း ရေးပေးတာဖတ်၊ ပြောခိုင်းတာပြောတာလွဲလို့ ပြောစမှတ်ပြုလောက်အောင် ဘာဆိုဘာမှ မဟုတ်နေတော့ မိန်းမဖြစ်တာနဲ့ အသားညိုတာကလွဲလို့ အကောင်းပြောစရာ ဘာတခုမှ မရှိနေပါဘူး။ နယ်စပ်ကိစ္စကိုလည်း သူတာဝန်ရှိတာကိုဖုံးပြီး ထရမ့်ကြောင့်ပါ၊ ငါ့ကိုမဲပေးလို့ ငါတက်လာရင် နယ်စပ်ကိစ္စကို ဖြေရှင်းပေးမယ်လို့ လိမ်ပါတယ်။ ထရမ့်က သူ့အတွက်ကလွဲရင် ဘာမှ စိတ်မဝင်စားဘူး၊ သူတက်လာရင် ပထမရက်ကစလို့ အာဏာရှင်ကြီးလုပ်တော့မှာ၊ တရားရေးဌာနကို တလွဲအသုံးချပြီး အတိုက်အခံတွေကို နှိပ်ကွပ်တော့မှာလို့လည်း လိမ်ပါသေးတယ်။
အရင်က ဘိုင်ဒိုနောမစ် အလုပ်ဖြစ်တယ်လို့ အရှက်မရှိပြောခဲ့ပြီး အခုကျတော့ ကုန်ဈေးနှုန်းတွေက ကြီးပါတယ်၊ ဒါပေမယ့် ငါတက်ရင် ပထမဆုံးနေ့မှာတင် ချက်ချင်းကုန်ဈေးနှုန်းတွေ ကျသွားအောင် လုပ်ပေးမယ်တဲ့။ အဲဒီလောက် လွယ်တယ် ထင်နေလို့လား၊ ပြီးပြီးရော လွယ်လွယ် ပြောလိုက်တာလား၊ လွယ်တယ်ထင်ရင် ထရမ့်လက်ထက်က ကုန်ဈေးနှုန်းကို ဘာလို့ ထိန်းမထားခဲ့ကြတာလဲ။
အဲဒီလို ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေကို သူများအပေါ် လွှဲချတာက ဒီမိုကရက်တွေရဲ့ ဗျူဟာတခုပါ။ အဲဒါကို gaslighting လို့ ခေါ်ပါတယ်။ အဲဒီဗျူဟာက ဘယ်ကလာတာလဲဆိုတော့ နာဇီဝါဒဖြန့်ဝန်ကြီး ဂျိုးဆက်ဂေါ်ဘဲလ်စ်ဆီကပါ။ “သင့်မှာရှိတဲ့ အပြစ်တွေကို တခြားတဖက်ကလုပ်တာဆိုပြီး စွပ်စွဲပါ” ဆိုတာကို ခေတ်သစ်နာဇီတွေက အကောင်းဆုံးလိုက်နာနေကြတာပါ။ ပုံမှန်စဥ်းစားတတ်သူတွေ အတွက်တော့ ရီစရာဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့နောက်လိုက်တွေကတော့ ပြောသမျှယုံဖို့ ထိုင်စောင့်နေကြတာဆိုတော့ ယုံကြမှာပါပဲ။ စဥ်းစားတတ်တဲ့လူတွေရဲ့ မဲကိုပဲ မျှော်လင့်ရတော့မှာပါ။