ဇူလိုင် ၁၃ရက်မှာ ထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ခရွတ်စ်ဆီကို ဝင်ထွက်သွားလာနေတဲ့လူက FBI ရုံးကိုလည်း ဝင်ထွက်သွားလာနေသူ ဖြစ်ကြောင်း တွေ့ရှိထားပါတယ်။ ဒီအမှုဟာ ဒီပဲယင်းအမှုလိုပဲ လုံခြုံရေးတာဝန်ရှိသူများဘက်က တမင် ဟ ပေးထားခြင်း၊ ဖုံးကွယ်ခြင်း၊ လိမ်လည်ခြင်းများနဲဆိုတော့ လုပ်သူက ဘယ်သူဆိုတာ ပြည်သူတွေ သိနေပေမယ့် အမှန်တရား တရားဝင်ပေါ်ထွက်လာဖို့ ခက်သွားပါပြီ။ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတာကို ဒီမိုကရက်တွေရဲ့ လက်ပါးစေမီဒီညာတွေ ဘစ်တက်ခ်တွေကလည်း သမိုင်းကနေ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေကြပါတယ်။ ဂူဂယ်လ် ဆာ့ချ်အင်ဂျင်က အလိုအလျောက်တက်လာတဲ့ suggestions တွေထဲမှာ မပါသလို အမေဇုံရဲ့ အလက်ဆာကလည်း သမ္မတကို လုပ်ကြံဖို့ကြိုးစားးတာလို့မေးလိုက်ရင် ရေဂင်တို့ ထရူးမန်းတို့ကိုပဲ ရွေးဖြေပါတယ်။
ထရမ့်ကို မလုပ်ကြံခင်ရက်မှာမှ ရော့သ်ချိုင်း၊ ဘလက်ရော့ခ်၊ ဗန်ဂတ်၊ မေတာ တို့အပြင် ဘုရှ်၄၃နဲ့ ချေနီမိသားစုတွေ အဓိကပါဝင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက ထရမ့်စတော့ ၁၂သန်းကို put option လုပ်ထားခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ Put option ရဲ့သဘောက ငွေချေးဝယ်ယူတာဖြစ်ပြီး စတော့ဈေးထိုးကျသွားရင် ကျဈေးနဲ့ဝယ်ပြီး ပြန်ဆပ်ရတာဖြစ်လို့ အရင်းသိပ်မလိုပဲ အမြတ်ကြမ်းတာ ဖြစ်ပါတယ်။ ထရမ့်ကို လုပ်ကြံတာအောင်မြင်သွားခဲ့ရင် ထရမ့်စတော့ကျမှာပါပဲ။ ဖြစ်ချင်တော့ ထရမ့်က မသေတဲ့အပြင် သွေးတွေကြားက လက်သီးလက်မောင်းတန်းပြီး ကျုံးထလာတော့ ထရမ့်စတော့က ဆောင့်တက်သွားခဲ့ပါတယ်။
SS ကောင်တာစနိုက်ပါတဦးက တဌာနလုံးက ယူနီဖောင်းဝတ်အားလုံးကို email ပို့တာမှာ SS ထိပ်ပိုင်းက အနည်းဆုံး ၅ဦး မနှုတ်ထွက်/အဖြုတ်မခံရမချင်း အေဂျင်စီအနေနဲ့ နိုဝင်ဘာမတိုင်ခင် နောက်ထပ် လုပ်ကြံဖို့ ကြိုးစားတာကြုံတွေ့နိုင်တာကို ထုတ်ပြောနေမှာပဲဖြစ်ကြောင်း၊ ဒီလုပ်ကြံဖို့ ကြိုးစားမှုအပြီးမှာ သူ့အနေနဲ့ SS ကောင်တာစနိုက်ပါအဖြစ် တာဝန်ထမ်းဆောင်ရတာ ဂုဏ်ယူခြင်း မရှိတော့ကြောင်း၊ သူတို့ဟာ ဟန်ပဲရှိပြီး အရည်အသွေး ကျဆင်းနေတာ နှစ်နဲ့ချီနေပြီဖြစ်ကြောင်း၊ အခုလိုဖြစ်သွားပြီးတဲ့နောက် SS ထွက်တွေဆိုရင်ကို အပြင်မှာ ဘယ်သူမှ အလုပ်ခန့်မှာမဟုတ်တဲ့အထိ ဂုဏ်သိက္ခာတွေ ထိခိုက်ရပါကြောင်း ရေးသားထားပါတယ်။ အေဂျင်စီကတော့ အဲဒီ email ကို ချက်ချင်းဖျက်ပစ်ခဲ့ပါတယ်။
အဆိုပါကောင်တာစနိုက်ပါပြောသွားသလိုပဲ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတာတွေ ထပ်ဖြစ်ခဲ့ပါတယ်။ ဒီစီမှာ ဆန်အန်တိုနီယို တက္ကဆက်စ်က ခရစ်စတီးနားမွန်တိုယာ အသက် ၄၁နှစ်ကို လိုင်စင်မဲ့သေနတ်နဲ့ ကာပီတိုကနေ တမိုင်အကွာမှာ ဖမ်းမိခဲ့ပြိး သူပစ်မယ့်စာရင်းထဲမှာ ထရမ့်ပါတယ်လို့ ဩဂုတ် ၂ရက်နေ့က ရဲအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီတပတ်ထဲမှာလည်း အီရန်က အေးဂျင့်တဦးဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသား အဆစ်ဖ်မာချန့်ဟာ ထရမ့်နဲ့ အခြားနိုင်ငံရေးသမားတွေကို နယူးယောက်မှာ ဒီလထဲ (သို့) စက်တင်ဘာလဆန်းပိုင်းမှာ လုပ်ကြံဖို့ ကြေးစားသေနတ်သမားတွေကို ကြိုတင်ငွေ ၅၀၀၀ပေးပြီး ငှားဖို့ ကြိုးစားခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။ ဒါပေမယ့် ဇွန်လတုန်းက သူငှားဖို့ကြိုးစားခဲ့သူတွေက လျို့ဝှက်အေးဂျင့်တွေ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံခြားက အဆက်အသွယ်တွေဆီက ငွေရဖို့ စီစဥ်ထားတယ်လို့ ပြောခဲ့တဲ့ အဆစ်ဖ်ဟာ ရက်အနည်းငယ်အကြာမှာ ငွေထုပ်နဲ့ပြန်လာခဲ့ပြီး အစီအစဥ်အတိုင်း ဆက်သွားမယ်လို့ ပြောခဲ့ပါတယ်။ သူတို့လုပ်ကြံရမယ့်သူရဲ့ နာမည်ကို မပြောပဲ လုံခြုံရေးအပြည့်ရှိသူလို့ပဲ ပြောခဲ့ပါတယ်။ လျို့ဝှက်အေးဂျင့်တွေရှေ့မှာ အဆစ်ဖ်က လုပ်ကြံမယ့်ပုံစံတွေ ဆွဲပြနေပြီး တခုမှာတော့ လူ ၂၅လောက် ငှားပြီး ဆန္ဒပြပွဲအတုနဲ့ လုံခြုံရေးတွေကို အာရုံပြောင်းထားဖို့လည်း ပါပါတယ်။ နောက်တလအကြာ ဇူလိုင် ၁၂မှာ အမေရိကန်က ထွက်ခွာဖို့လုပ်နေတဲ့ အဆစ်ဖ်ကို ဖမ်းမိခဲ့ပါတယ်။ အဲဒါက ၂၀၂၀မှာ ထရမ့်က အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို သုတ်သင်မိန့်ပေးခဲ့တာအပေါ် လက်စားခြေဖို့ဖြစ်ကြောင်း ရှေ့နေချုပ် မဲရစ်ဂါလန်က ဩဂုတ် ၆ရက်နေ့က အတည်ပြုသွားပါတယ်။
အီရန်ခိုင်းတဲ့လုပ်ကြံမှုက ဇူလိုင် ၁၃မှာ ဖြစ်ခဲ့တဲ့ ခရွတ်စ်ရဲ့အမှုနဲ့ မဆိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပေမယ့် အဲဒီလိုကိစ္စတွေ ရှိထားတဲ့အတွက်ကို လုံခြုံရေး ပိုဂရုစိုက်ရမယ့်အစား SS ၃ဦးနဲ့ တခြား မလေ့ကျင့်ထားတဲ့လူတွေ ထည့်ပေးတာရယ်၊ ဘိုင်ဒန်တို့ရော SSရော က အရည်အချင်းထက် DEI ကို ပရိုမုတ်လုပ်နေပေမယ့် ဘိုင်ဒန်တို့တဖွဲ့လုံးကို ပေးတဲ့ SS တွေက ပေမှီဒေါက်မှီ လူဖြူ ယောက်ျားတွေချည့် ဖြစ်နေတာကလည်း စိတ်ဝင်စားစရာပါပဲ။
တရုပ်စီ၂ပီက အမေရိကန်ရကပတွေမှာ ဝင်စွက်နေတာကို ပုဂ္ဂလိက စုံစမ်းထောက်လှမ်းသူတွေက အသီးသီး တွေ့ရှိထားကြပါတယ်။ လတ်တလောအဖြစ်ဆုံးက ၂၀၂၂ မစ်တမ်းရကပတွေမှာပါ။ အဲဒီမှာ စွက်ဖက်မှုက အရင်မစ်တမ်းတွေထက် ပိုကျယ်ပြန့်နက်နဲပေမယ့် သမ္မတရကပတွေလောက်တော့ မဆိုးလှဘူးလို့ သိရပါတယ်။ စွက်ပုံစွက်နည်းတွေက အများကြီးပါပဲ။ တကယ်တော့ အခုလောက် ထဲထဲဝင်ဝင် စွက်ဖက်လာတာက ၂၀၂၀နောက်ပိုင်း ဘိုင်ဒန့်လက်ထက်မှာ သူတို့အပေါ် လေနဲ့ စာနဲ့တောင် မဟန့်ခဲ့လို့ဖြစ်ပါတယ်။ အဟန့်လည်းမရှိ လက်တုန့်ပြန်မှုလည်းမရှိတော့ ပိုတိုးပြီး စွက်ဖက်နေဦးမှာပါပဲ။
မစ်တမ်းတွေမှာ တားဂက်ထားတာကတော့ အမတ်ရကပတွေဖြစ်ပြီး တရုပ်အပေါ် တင်းမာတဲ့ အမတ်တွေကို မနိုင်အောင် ထိုးနှက်အပြစ်ပေးပြီးတရုပ်ဘောမမယ့်အမတ်တွေကို နိုင်အောင် ငွေအား၊ လူအား၊ နည်းပညာအားနဲ့ ကူညီတာပါ။ ပါတီမရွေးပါဘူး။ စီ၂ပီရဲ့ ၂၀၂၂မစ်တမ်းရကပတွေအပေါ် ဝင်စွက်တာက သူတို့ရဲ့ ဩဇာကျယ်ပြန့်လာစေမယ့် ပထဝီနိုင်ငံရေးဗျူဟာကို ဆက်လက်ကျင့်သုံး နေတာကို ပြလိုက်တာပါပဲလို့ မြောက်ကြယ်ဆပို့ဂရုက ပထဝီနိုင်ငံရေးအကြံပေး ဆမ်ကက်စ်လာက ဆိုပါတယ်။ အဲဒီလို စွက်နိုင်ခြင်းဖြင့် အမေရိကန်ရဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ရုပ်ပျက်အောင် ပုံဖော်ပြီး တရုပ်ရဲ့ စနစ်ကမှ ပိုကောင်းသလို ဝါဒဖြန့်ဖို့လည်း ရည်ရွယ်ကြတာဖြစ်ပါတယ်။
ရကပဝင်စွက်တာအပြင် ဆိုရှယ်မီဒီယာအကောင့်တွေ၊ ပရောက်ဆီဝက်ဘ်ဆိုက်တွေ၊ ပိုက်ဆံပေးထားတဲ့ အင်ဖလူရန်စာတွေ၊ ပါ့ဘလစ်ရလေးရှင်းဖမ်းတွေသုံးပြီး တရုပ်အပေါ် လူထုအမြင်ကို ကောင်းတဲ့ဖက်ရောက်အောင် ဆွယ်သွားစေတာပါ။ ဖဘနဲ့ မိုက်ကရိုဆော့ဖ်တို့က မနှစ်ကထုတ်တဲ့ အစီရင်ခံစာတွေမှာလည်း အဲဒီလိုတွေ့ရှိတယ်လို့ ပါပါတယ်။ ဖဘက တရုပ်ပြည်နဲ့ ဆက်နေတဲ့ ဖဘအကောင့်ပေါင်း ၇၇၀၀ကျော်၊ ပေ့ချ်ပေါင်း ၉၀၀ကျော်၊ ဂရုပေါင်း ၁၅ခုနဲ့ အင်စတာဂရမ်အကောင့်တွေကို ရှင်းပစ်ခဲ့ရကြောင်း၊ အဲဒီပမာဏက ကမ္ဘာ့အကြီးဆုံး အွန်လိုင်းအင်ဖလူးယန့်စ်အော်ပရေးရှင်းကြီးရဲ့ အစိတ်အပိုင်းလို့ ဩဂုတ် ၂၀၂၃မှာ ကြေငြာခဲ့ပါတယ်။ အဲဒီအော်ပရေးရှင်းက ၂၀၂၂ မစ်တမ်းရကပတွေကို ဝင်စွက်သူတွေထဲက သိနေတဲ့ တရုပ်ရဲတွေနဲ့ ဆက်စပ်နေတယ်လို့ ဖဘက ဆိုပါတယ်။
ဘလက်အော့ပ်စ်ပါတနာစ်က စီအီးအို ကေစီဖလမ်းမင်းက အဲဒီအော်ပရေးရှင်းတွေဟာ စီ၂ပီရဲ့ အကန့်အသတ်မဲ့ စစ်ပွဲဗျုဟာရဲ့ အစိတ်အပိုင်းပဲလို့ ဆိုပါတယ်။ သူတို့က ရန်သူအမေရိကန် အင်အားနည်းစေဖို့ ဘယ်လိုနည်းကိုမဆို သုံးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဘောရှင်းနဲ့ ဂန်းကွန်ထရိုးနောက်မှာလည်း သူတို့ပါပဲ။ ရကပတွေမှာ ဝင်စွက်ပြီး လူတွေ မဲပေးလည်း ဘာမှ မထူးဘူးဆိုပြီး မဲပေးတာကို စိတ်ကုန်လာအောင် လုပ်တာလည်း ပါပါတယ်။ သူတို့ဟာ မီဒီယမ်၊ ပင်းထရက်စ်၊ ကိုရာ၊ ရက်ဒစ်၊ တစ်တော့၊ ဗီမီယို၊ X နဲ့ ယူကျူအပါအဝင် ပလက်ဖောင်ပေါင်း ၅၀ကျော်မှာ လှုပ်ရှားနေကြတာဖြစ်ပါတယ်။ AI နဲ့ဖန်တီးထားတဲ့ မဲဆန္ဒရှင်အတုတွေကနေ အကြီးအကျယ် သွေးကွဲစေမယ့် အကြောင်းတွေဖန်တီးပြီး ရန်ဖြစ်စေကြတာလည်း သူတို့စနက်ပါပဲ။
အဲဒီထဲမှာ ဖဘ influencer တွေလည်းပါတော့ ကဗကိစ္စမှာရော၊ မမပြည်ကိစ္စမှာရော၊ အမေရိကန်ရကပ၊ နိုင်ငံရေး စတာတွေမှာ တရုပ်ကို ပွင့်ပွင့်လင်းလင်း မဝေဖန်သူ၊ အမှန်ကို ချပြဖို့ ဝေ့ဝိုက်နေသူ၊ စာဖတ်သူ လိုရာဆွဲတွေးလို့ရအောင် အဖြူ အမဲ ကွဲကွဲပြားပြား မရေးသူ မပြောသူ တွေဆိုရင် ချင့်ယုံကြဖို့ လိုပါတယ်။
ဒီနှစ်ရကပက သမ္မတရကပလည်းဖြစ်တော့ သူတို့တွေ ပိုခြေရှုတ်မှာပါ။ ဖလမ်းမင်းက ဒီရကပမှာ ရန်သူနိုင်ငံတွေက AI ကိုသုံးပြီး အွန်လိုင်းမှာ ဗရုတ်သုတ်ခတွေဖြစ်အောင် ဖန်တီးလိ့မ်မယ်လို့ သတိပေးထားပါတယ်။ Crowdstrike ရဲ့ အကြီးဆုံးရှယ်ယာရှင်က ဗန်ဂတ်ဆိုတာရယ်၊ outage မဖြစ်ခင် အတွင်းလူတွေက ရှယ်ယာတွေ ထုတ်ရောင်းကြတာရယ်၊ ဖိုရမ်က ကလော့စ်ရွှက်ဘ်က ကဗထက် အဆပေါင်းများစွာဆိုးမယ့် ဆိုင်ဘာအတက်ခ်ကို ပြောနေတာတွေရယ် ကိုကြည့်ရင် အဲဒီကိစ္စကလည်း ရကပကိစ္စနဲ့ တနည်းတဖုံ ဆက်နွယ်နေနိုင်ပါတယ်။
ဒီမိုကရက်နိုမီနီကိစ္စမှာလည်း ကမလာနဲ့တွဲဖို့ ပါတီက သဘောကျတာက ဂျော့ရှ်ရှပီရိုပါ။ ကမလာက ဟာမာ့စ်ထောက်ခံသူဖြစ်ပြီး ဂျူးဖြစ်တဲ့ ရှပီရိုက အမေရိကန်အများစုလိုပဲ အစ္စရေးရဲ့ ခုခံပိုင်ခွင့်ကို ထောက်ခံသူပါ။ ဂျူးတွေ၊ ဂျူးထောက်ခံသူတွေရဲ့ မဲနဲ့ အလှူငွေတွေ၊ အရေးပါတဲ့ ပန်ဆလ်ဗေးနီးယားကို လိုချင်ရင် ရှပီယိုကို ရွေးရမှာပါ။ ဒါပေမယ့် သမိုင်းကြောင်းမကောင်းတဲ့ တင်မ်ကိုတော့ တရုပ်ဘောမ ကွန်မြူနစ်ဖြစ်နေလို့ ဟူစိန်နဲ့ ပလိုးစီက ရွေးစေချင်တာပါ။ နောက်ဆုံးတော့ ဒီမိုကရေစီမရှိတဲ့ ဒီမိုကရက်ပါတီမှာ အများဆန္ဒက အရာမရောက်ပဲ ဟူစိန်တို့လက်မည်းတွေ ချယ်လှယ်သမျှပဲ ဖြစ်လာပါတယ်။ တင်မ်ဝေါ့လ်ဇ်ကို ရွေးတဲ့ကိစ္စမှာ တရုပ်ဝင်စွက်တာ မပါဘူးလို့ ငြင်းကြဦးမလား။