ဩဂုတ် ၉ ရက် ၂၀၂၄

ဒီကနေ့မှာ ထရမ့်က မွန်တားနားပြည်နယ် ဘို့ဇ်မန်မြို့က rally ကိုအသွား လေယာဥ်စက်ချို့ယွင်းမှု ဖြစ်ခဲ့တဲ့အတွက် ဘို့ဇ်မန်အရှေ့ဖက် မိုင် ၁၅၀ခန့်က ဘေလင်းစ်မြို့လေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရပြီး လေယာဥ်အသေးတစီးနဲ့ ခရီးဆက်ခဲ့ရပါတယ်။ လေယာဥ်နှစ်စင်း အကူးအပြောင်းမှာ လေဆိပ်ကို SS က ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၃အပြီးမှာ SS က ဘာလုပ်တယ်ပဲပြောပြော ယုံဖို့ခက်သွားပြီဖြစ်လို့ ပန်းတိုင်ကို ဘေးရန်ကင်းကင်း ရောက်ရှိပြီးမှပဲ အဲဒီခရီးအတွက် စိတ်ချရတော့တာပါ။ အဲဒီခရီးစဥ်က လာမယ့်အင်္ဂါမှာ ပြုလုပ်မယ့် မွန်တားနား ပရိုင်မရီမှာ ရီပါဘလစ်ကန် နေဗီဆီးလ်ဟောင်းတင်ရှီးဟီ ဆီးနိတ်နေရာဝင်ပြိုင်မှာဖြစ်လို့ အားပေးဖို့သွားတာဖြစ်ပါတယ်။ လက်ရှိဆီးနိတ်တာက ဒီမိုကရက် ဂျွန်တက်စ်တာဖြစ်ပါတယ်။

မစ်ဆိုးရီပြည်နယ်ကိုယ်စားပြု လက်ရှိအမတ် ကိုရီဘုရှ်ဟာ ဘီအယ်လ်အမ်အက်တီဗစ်တဦးဖြစ်ပြီး အီလ်ဟန်အိုမာ၊ အေအိုစီ၊ ရာရှိဒါတာလိဘ်တို့လို လက်ဝဲစွန်းပရိုဂရက်ဆစ်ဝုတ်တဦးဖြစ်ပါတယ်။ တခုကြိုပြောထားချင်တာက ဒီမိုကရေစီနဲ့ ဒီမိုကရက်ပါတီက အသံဆင်ပေမယ့် အနှစ်သာရချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသလိုပဲ ပရိုဂရက်ဆစ်ဆိုတာကလည်း တိုးတက်တာနဲ့ ဘာမှမဆိုင်ပဲ အဓိပ္ပါယ် ပြောင်းပြန်ယူရတာပါ။ သူမဟာ ဒီအပတ်အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ပြည်နယ်ပဏာမရကပမှာ စိန့်လူးဝစ်က အစိုးရရှေ့နေဝက်စ်လီဘဲလ်ကို ရှုံးနိမ့်သွားတဲ့အတွက် လွှတ်တော်မှာ အစွန်းရောက်တဦး လျော့တော့မှာ ဖြစ်ပါတယ်။ ဇွန်လတုန်းက နယူးယောက်က အစွန်းရောက်အမတ် ဂျမားဘိုမန်လည်း ကောင်တီအိတ်ဇတ်ကတစ် ဂျော့လတီမာကို ရှုံးနိမ့်သွားခဲ့လို့ ဒုတိယမြောက် အစွန်းရောက်အမတ် ပြုတ်တာ ဖြစ်ပါတယ်။

ကိုရီက ကမလာတို့လို အစွန်းရောက်ဖြစ်တဲ့အတွက် ဟာမာ့စ်ကို ထောက်ခံပြီး အစ္စရေးကို အကြီးအကျယ် ပုတ်ခတ်ဝေဖန်သူဖြစ်ကာ ဝက်စ်လီကတော့ ဒီမိုကရက်အများစု အမေရိကန်အများစု လိုပဲ အစ္စရေးကို ထောက်ခံသူဖြစ်ပါတယ်။ ဝက်စ်လီဘက်က အမေရိကန်-အစ္စရေး ပါ့ဘလစ်အဖဲ ကော်မီတီနဲ့ ချိတ်ထားတဲ့ ယူနိုက်တက်ဒီမိုကရေစီ ပရောဂျက်ဆိုတဲ့ ဆူပါပက်ခ်က ၉သန်းဖိုးလောက် အကုန်ခံပြီး လေလှိုင်းကနေ ကိုရီကိုတိုက်ခိုက်ရင်း ဝက်စ်လီကို မွှန်းပေးခဲ့ပါတယ်။ (ဂျမားဘိုမန်ရဲ့ ပြိုင်ဖက်ကို ကူပေးခဲ့တာလည်း အဲဒီဆူပါပက်ခ်ပါပဲ။) ဝက်စ်လီကလဲ လွှတ်တော်သက်တမ်းတလျောက် ကိုရီရဲ့ အသုံးမကျတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်တိုက်ခိုက်ခဲ့ပါတယ်။ ကိုရီရှုံးနိမ့်သွားပြီးနောက် ကျန်တဲ့ အစွန်းရောက် စကွာ့ဒ်အဖွဲ့ဝင်များကိုလည်း ပရိုင်မရီတွေမှာ မဲပေးဖြုတ်ချပစ်ဖို့ အစွန်းရောက်ဆန့်ကျင်သူများက နည်းလမ်းရှာလာကြပါတယ်။

အီလ်ဟန်အိုမာရှိတဲ့ မင်နီဆိုးတားက ပရိုင်မရီတွေမှာ ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ ပရိုင်မရီမှာ ဝင်ပေးလို့ရတဲ့အတွက် အီလ်ဟန် အိုမာရဲ့ ပရိုင်မရီကို ရီပါဘလစ်ကန်တွေပါ ဝင်ဗုတ်ဖို့ နှိုးဆော်နေကြပါတယ်။ သင့်မဲဆန္ဒနယ်က အီလ်ဟန်အိုမာရဲ့နယ်ဖြစ်နေလျင်သော်လည်းကောင်း၊ သင်သိသူတွေ အဲဒီမဲဆန္ဒနယ်မှာ နေတာဖြစ်နေလျင်သော်လည်းကောင်း ဒီအခွင့်အရေးကို လက်မလွှတ်ကြဖို့ လိုပါတယ်။ ဩဂုတ် ၁၃ရက်နေ့မှာ အီလ်ဟန်အိုမာနဲ့ အခြားဒီမိုကရက် ၃ဦး ယှဥ်ပြိုင်အရွေးခံကြမှာဖြစ်ပြီး အဲဒီထဲက ဒွန်ဆန်မြူရယ်စ်က အရင်တခါက အီလ်ဟန်အိုမာကိုမှီဖို့ မဲပေါင်း ၂၅၀၀ပဲ လိုတော့တာဖြစ်လို့ သူကတော့ အောင်မြင်ဖို့ အနီးစပ်ဆုံးဖြစ်မှာပါ။ ရီပါဘလစ်ကန်ဘက်ကတော့ ဒေလီယာအယ်လ်အကီဒီက ပြိုင်ဖက်မရှိတဲ့အတွက် နိုဝင်ဘာကျမှ ဒီမိုကရက်ပရိုင်မရီမှာ နိုင်တဲ့လူနဲ့ ယှဥ်အရွေးခံရမှာပါ။     

အရင်က သတင်းထွက်ခဲ့တဲ့ ထရမ့်ကမ်ပိန်းကို အီလွန်က တလ ၄၅သန်းလှူမယ်ဆိုတာ မမှန်ဘူးဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် ဟိုဖက်ရပ်ကွက်ကရော စခလေးတွေပါ ပျော်ကုန်ကြပါတယ်။ တကယ်တော့ အီလွန်က သူ့ရဲ့ ဆူပါပက်ခ်ကနေ ဆွင်းစတိတ်တွေမှာ ထရမ့်နိုင်ဖို့အတွက် သန်းချီသုံးပြီး ဗုတ်တာဒေတာတွေရအောင် အကြီးအကျယ်ကြိုးစားပေးနေတာပါ။ အီလွန်ပူးတွဲတည်ထောင်တဲ့ အမေရိက ပက်ခ်က အရင်က မထင်မရှား ရှိခဲ့ရာက အခုအခါမှာ နာမည်ကြီးပါဝင်သူတွေနဲ့ သူတို့ရဲ့ တမူထူးခြားတဲ့ လုပ်ပုံကိုင်ပုံတွေကြောင့် မီဒီယာတွေ သတိပြုမိလာလို့ လူသိများလာတာပါ။

ပြီးခဲ့တဲ့လက ဂျော်ဒန်ပီတာဆန်နဲ့ အင်တာဗျူးမှာ အီလွန်ရဲ့ အမေရိကပက်ခ်က ဇွန်-ဇူလိုင်မှာ သန်း ၂၀ကျော် သုံးထားပြီး အဲဒီအဖွဲ့မှာ အီလွန်အပြင် Cameron & Tyler Winklevoss, Joe Lonsdale နဲ့ Doug Leone တို့ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီပက်ခ်ရဲ့ ကြော်ငြာတခုမှာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတုန်းက ဗီဒီယိုကို လူတယောက်က သူ့သူငယ်ချင်းကိုပြပြီး မဲပေးရန်မှတ်ပုံတင်ဖို့ တိုက်တွန်း ထားသလို ဘယ်လိုမှတ်ပုံတင်ရမလဲဆိုတာကိုပါ ပြပေးထားတာပါ။ theamericapac (.org) ကိုသွားပြီး မဲပေးဖို့ ဘယ်လိုမှတ်ပုံတင်ရမယ်ဆိုတာကို စုံစမ်းလို့ရပါတယ်။

အရေးကြီး အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေမှာ ဒီမိုကရက်တွေ အုပ်ချုပ်နေတယ်ဆိုရင် သူတို့က မဲပေးဖို့ မှတ်ပုံတင်တာကို ရှုပ်ထွေးအောင်လုပ်ထားတတ်သလို မှတ်ပုံတင်မပြီးသေးပဲနဲ့ ပြီးသွားသလို ပြတာမျိုး၊ လော့ဂ်အောက် လုပ်ပစ်တာမျိုး၊ မဲမှတ်ပုံတင်တာမှာမလိုတဲ့ ကိုယ့်ရဲ့ အသေးစိတ် အချက်အလက်တွေတောင်းပြီး သူတို့အကျိုးအတွက် အသုံးချတာမျိုးတွေ လုပ်တတ်ကြပါတယ်။ သူတို့ထဲကလူတွေလုပ်မှပဲ​ အဆင်ပြေတဲ့ သဘောပါ။ အဲဒီလိုပြည်နယ်တွေကလူတွေ အပေါ်က ဝက်ဘ်ဆိုက်ကို သွားပြီး အကူအညီတောင်းကြပါ။ မေးစရာရှိသေးတယ် ကူညီဖို့လိုသေးတယ်ဆိုရင် ကျမ cb ကိုလာမေးပါ။ တော်တော်များများပြည်နယ်မှာ ရကပမတိုင်ခင် ၁၅ရက်အထိ မှတ်ပုံတင်လို့ ရသေးတယ်ဆိုပေမယ့် စောလေ စိတ်ချရလေဖြစ်လို့ တတ်နိုင်သလောက် စောစောလုပ်ကြပါ။ မှတ်ပုံမတင်ရသေးသူများရှိရင်လည်း တိုက်တွန်းလိုက်ကြပါဦး။ တာဝန်သိတဲ့လူဟာ တာဝန်ရှိသွားတာပါပဲ။

အီလွန်က တိုင်းပြည်အတွက် လှုပ်ရှားနေတာ မဲပေးတာတင် မကပါဘူး။ ဒီလ ၂ရက်နေ့က ရေးခဲ့တဲ့ထဲမှာ ပါဝင်တဲ့ GARM ဆိုတဲ့ ကြော်ငြာရှင်များဘူလီအုပ်စုကို တရားစွဲခဲ့လို့ အဲဒီအုပ်စုဟာ ဒီကနေ့ ဖျက်သိမ်းပေးလိုက်ရပြီဖြစ်ပါတယ်။ GARM က လွတ်လပ်တဲ့ စီးပွားရေးစနစ်မှာလို ကြော်ငြာရှင်တွေက သူတို့ကြော်ငြာထည့်ချင်တဲ့နေရာမှာ မထည့်ရပဲ ဘယ်မှာထည့်ရင် တရားမဝင်ဘူး၊ ဘယ်မှာထည့်ရင် အန္တရာယ်ဖြစ်တယ်ဆိုပြီး သူတို့အာဂျင်ဒါအတိုင်း ဖော်လိုမလုပ်တဲ့ mypillow တို့ X တို့လိုကုမ္ပဏီမျိုးကို သပိတ်မှောက် ဘူလီလုပ်ကြတာပါ။ GARM အဖွဲ့ဝင် ကုမ္ပဏီ ၁ဒါဇင်လောက်က Xမှာ ကြော်ငြာမထည့်တော့သလို Xကို ပေးစရာရှိတာတွေလည်း မပေးခဲ့လို့ အီလွန်က တရားစွဲခဲ့တာပါ။ အီလွန်က ထရမ့်လိုဗျူဟာ သုံးခဲ့တာဖြစ်ပါတယ်။ ဝုတ်တွေလုပ်သမျှ ခံနေရင် ပိုဆိုးလာမှာဖြစ်ပြီး ကိုယ်က ပြန်တိုက်စစ်ဆင်ရင်တော့ ဟိုက ထွက်ပြေးပါလိမ့်မယ်ဆိုတဲ့ သင်ခန်းစာကို ပေးသွားတာပါ။

Leave a comment