နိုက်ကီကုမ္ပဏီက အခွန်မဆောင်ဘူးလို့ ပြောကြပါတယ်။ အဲဒါမျိုး ဘယ်လိုလုပ်သလဲဆိုတော့ နိုက်ကီက ကုမ္ပဏီ ၂ခု ခွဲထားပါတယ်။ ကုန်အမှတ်တံဆိပ် Trademark နဲ့ပတ်သက်တဲ့ ကုမ္ပဏီကိုတော့ အခွန် ၁% ပဲပေးရတဲ့ တောင်အမေရိကက ဘလိစ်နိုင်ငံလေးမှာ မှတ်ပုံတင်ထားပြီး ဥရောပမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကတော့ နိုက်ကီ ပစ္စည်းထုတ်လုပ်တာတွေ၊ ရောင်းချတာတွေ၊ ဝန်ထမ်းလခပေးတာတွေ၊ စတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အပိုင်းအားလုံးကို လုပ်တဲ့အတွက် သန်းရာချီတဲ့ ဝင်ငွေရှိပါတယ်။
နှစ်ကုန်တဲ့အခါ ဥရောပက နိုက်ကီကုမ္ပဏီရဲ့ မြတ်သမျှပိုက်ဆံက အမှတ်တံဆိပ်ကို ကိုင်ထားတဲ့ ဘလိစ်ကကုမ္ပဏီကို အမှတ်တံဆိပ်သုံးစွဲခအဖြစ် ပေးလိုက်ရတော့ အမြတ်သိပ်မကျန်တော့လို့ အခွန်ဆောင်စရာ မလိုတော့ပါဘူး။ ဘလိစ်က ကုမ္ပဏီကလည်း အဲဒီနိုင်ငံရဲ့ ဥပဒေအရ ၁% ပဲဆောင်ရတာဖြစ်လို့ ပွဲက အဲဒီမှာတင် ပြီးသွားပါပြီ။
လုပ်ငန်းခွန်မြှင့်တာဟာ အလယ်အလတ်လုပ်ငန်းတွေကို သင်းသပ်သလိုလည်း ဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အကျိုးမဲ့သလောက် လုပ်ငန်းရှင်ကြီးတွေကို ပြိုင်ဖက်ကင်းအဆင့် ရောက်သွားစေပါတယ်။ ဒါက လော်ဘီအတွက် သန်းပေါင်းများစွာသုံးရခြင်း အကြောင်းရင်းပါ။ သူတို့ဖက်က ပြိုင်ဖက်ကင်းတွေဖြစ်လာလို့ အမြတ်ကြမ်းသလို ပေါင်းစားတဲ့ ဒီမိုကရက်အစိုးရတွေကလည်း အဲဒီလုပ်ငန်းတွေကို သူတို့ရဲ့ DEI တို့ ESG တို့လိုအာဂျင်ဒါမောင်းဖို့ သုံးနိုင်လို့ အကျိုးရှိပြန်တာပါပဲ။ လုပ်ငန်းကြီးတွေ ပြိုင်ဖက်ကင်းလာရင် ပြည်သူမှာ အမှန်တကယ် ရွေးချယ်စရာနဲသွားပြီး သူတို့တောင်းသမျှဈေးပေးရတော့မှာပါ။
သိပ်ချမ်းသာတဲ့လူတွေကို ဝင်ငွေခွန်တိုးမယ် ဆိုရင်လည်း လစာနဲနဲပဲယူပြီး တခြားခံစားခွင့်တွေ စတော့ရှယ်ယာတွေ ပြောင်းယူကြမှာပါ။ ဒါ့အပြင် သူတို့အဆင့်မှာ အသုံးစားရိတ်ပြစရာ အများကြီးရှိတဲ့အတွက် တော်ရုံဝင်ငွေက အခွန်ဆောင်လောက်တဲ့အထိ ကျန်တော့မှာမဟုတ်ပါဘူး။
ကမာလာတို့လုပ်ချင်နေတဲ့ ရင်းနှီးမြှုပ်နှံထားတာတွေအပေါ် မရောင်းရ ငွေမဖော်ရသေးသည့်တိုင် ပေါက်ဈေးမြင့်လာပြီဆိုတာနဲ့ အခွန်ကောက်မယ်ဆိုလည်း သိပ်ချမ်းသာသူတွေ၊ ခြတွေအတွက်က အခွန်သက်သာတဲ့ နိုင်ငံမှာ သွားထားလိုက်ရုံပါပဲ။ အံဲဒီလို သွားမထားနိုင်တဲ့ လူလတ်တန်းစားတွေကိုပဲ ထိလာမယ့်အပြင် လျော့သွားတဲ့အခွန်တွေကို ဖြည့်ပေးရသူတွေက လူလတ်တန်းစားတွေနဲ့ လူလတ်တန်းစားအဆင့်ရောက်အောင် ကြိုးစားအလုပ်လုပ်နေသူတွပေပဲ ဖြစ်လာမှာပါ။ လူချမ်းသာတွေကို ကောက်တာ ငါတို့ကိုမထိဘူးဆိုပြီး အလိမ်တော်ကီမှာ ပျော်နေကြသူများ သိဖို့ပါ။
အစိုးရက အလုံးစုံ ပံ့ပိုးပေးတာလိုချင်ရင် အခွန်ခေါင်းစဉ်တွေ ရာခိုင်နှုန်းတွေက ရတာနဲ့မတန်အောင် တိုးလာတော့မှာပါ။ မိုးခဲချင်လို့ ခိုးဝင်တွေနင်းကန်သွင်းတာလည်း အခွန်တွေတက်ကုန်တာ၊ ငွေဖောင်းပွကုန်တာ၊ အိမ်ဈေးတွေ လူနေမှုစားရိတ်တွေ တက်ကုန်တာရဲ့ အကြောင်းရင်းတခုပါပဲ။
တရားဝင်သလားဆိုတော့ ဝင်ပါတယ်။ ကောင်းသလားဆိုတော့ မကောင်းပါဘူး။ အဲဒီလိုလုပ်နေတာကို ဘာဖြစ်လို့ ခြအစိုးရတွေက ခွင့်ပြုသလဲဆိုတော့ လော်ဘီတွေကနေ လိုင်းဝင်ထားတာရယ် သူတို့နိုင်ဖို့ ငွေသန်းပေါင်းများစွာ လှူပေးတာရယ်ကြောင့်ပါ။
ပြည်တွင်းမှာ လုပ်ငန်းရှင်တွေကို အခွန်တိုးကောက်ရင် လုပ်ငန်းရှင်ကြီးတိုင်းက အဲဒီလိုမျိုးနည်းတွေ သုံးပြီး အခွန်ရှောင်ကြပါတယ်။ ရသင့်တဲ့အခွန်မရတော့ တိုင်းပြည် နစ်နာသလို ဘတ်ဂျက်လိုငွေပြလို့ အခွန်တိုးကောက်ရင်လည်း ဝင်ငွေနည်းနဲ့ လူလတ်တန်းစားတွေေ ပခုံးပေါ်ပဲရောက်လာတာပါပဲ။ အဲဒါကြောင့် ဒီမိုကရက်တွေပါးစပ်က လူချမ်းသာတွေကို အခွန်တိုးကောက်မယ် ဆိုတာ မလှိမ့်တပတ်လုပ်တာပါ။ ထိပ်ဆုံးကလူတွေမှာ ရှောင်စရာနည်းပေါလို့ပဲ အဲဒီလူတွေက ဒီမိုကရက်တွေကို မဲစုထည့်နေကြတာပေါ့။ လူချမ်းသာတွေကို အခွန်တိုးတာမပြောနဲ့ ၁၀၀% ကောက်မယ်ပဲပြောဦး၊ ထိမှာက သူတို့ကိုမဟုတ်ပါဘူး။ ကိုယ့်ကိုပါ၊ အဲဒါကို နားလည်ဖို့ လိုပါတယ်။