ထရမ့်ကမ်ပိန်းက မနက်ဖြန်မှာ ပြုလုပ်မယ့် ထရမ့်နဲ့ ကမလာတို့ရဲ့ စကားစစ်ထိုးပွဲမှာ ကမလာကို မေးကိုမေးသင့်တဲ့ မေးခွန်း ၁၀ခုကို ဩဂုတ် ၂၈ရက်နေ့ကတဲက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒါတွေကတော့
- If you are capable of lowering prices for Americans, why haven’t you done it in the 3½ years you have been in office?
ကုန်ဈေးနှုန်းတွေ ကြီးမြင့်လွန်းနေတယ်ဆိုတာကို ဝန်ခံသွားပြီး ကမလာကို မဲပေးလို့ သူတက်လာရင် ကုန်ဈေးနှုန်းတွေ ကျအောင် လုပ်ပေးမယ်ဆိုတော့ လွန်ခဲ့တဲ့ ၃နှစ်ခွဲမှာ ဘာလို့မလုပ်ခဲ့တာလဲ။
- You say housing affordability would be a “Day One priority” if you were elected. Why is it not a priority now?
အိမ်ဈေးတွေ သက်သာဖို့ လူတွေဝယ်နိုင်ကြဖို့က ကမလာရဲ့ ပထမဆုံးနေ့မှာလုပ်မယ့် ဦးစားပေးအစီအစဥ်ဆိုတာမှန်ရင် အခုရော ဦးစားပေးထဲမှာ ဘာလို့မရှိနေတာလဲ။
- You co-sponsored Medicare-for-All and the Green New Deal. Do you still support these multi-trillion-dollar takeovers of the American economy?
မင်းက မက်ဒီကဲဖော်အောလ်နဲ့ ဂရင်းနယူးဒီးလ်တွေကို ပူးတွဲစပွန်ဆာ လုပ်ခဲ့တယ်။ အဲဒါတွေက ထရီလီယံပေါင်းများစွာ ကုန်ကျမှာဖြစ်ပြီး အမေရိကန်စီးပွားရေးကိုပါ အများကြီး ထိခိုက်လာမှာဖြစ်တာတောင် မင်းက ဆက်ပြီး ထောက်ခံနေဦးမှာလား။
- You talk a lot about “freedom.” What about the freedoms of Laken Riley, Rachel Morin, and Jocelyn Nungaray?
လွတ်လပ်မှု ဖရီးဒမ်းဆိုတဲ့စကားကို အကြိမ်များစွာပြောခဲ့တာဆိုတော့ ခိုးဝင်လူရမ်းကားတွေ အသတ်ခံခဲ့ရတဲ့ လေကင်ဘေလီ၊ ရေချယ်မာရင်၊ ဂျိုက်စ်လင်နန်ဂရေးတို့ရဲ့ ဖရီးဒမ်းတွေကျတော့ ဘာပြောမလဲ။
(အသက် ၂၂နှစ်ရှိ ဂျော်ဂျာမှ သူနာပြုတက္ကသိုလ်ကျောင်းသူလေကင်ကတော့ ခေါင်းကို ပုံပျက်တဲ့အထိ ကျောက်ခဲနဲ့ထု၊ လည်ပင်းညှစ်သတ်၊ မုဒိမ်းကျင့်ဖို့ကြိုးစားတာတွေခံရပြီး သေဆုံးပါတယ်။ ဘာလ်တီမိုးမြို့နားမှာနေတဲ့ အသက် ၃၇နှစ်အရွယ် ကလေး ၅ယောက်မိခင် ရေချယ်က ခေါင်းကို ၁၀-၁၅ချက်ရိုက်နှက်၊ မုဒိမ်းကျင့်ခံရပြီး ပိုက်လုံးထဲ ထိုးသွင်းပစ်ထားခဲ့တာကြောင့် သေဆုံးရတာပါ။ ဟူစတန်က ၁၂နှစ်သမီးလေး ဂျိုက်စ်လင်းကတော့ ၂နာရီလောက် ချုပ်နှောင်၊ မဖွယ်မရာအပြုခံရပြီး လည်ပင်းညှစ်အသတ်ခံရတာပါ။ မေလတုန်းက အိုဟိုင်းအိုက ၁၁နှစ်သားလေး အေဒင်ကလာခ့်က ကမလာတို့ ဟေတီက လေယာဥ်နဲ့ သွားပင့်လာတဲ့ ခိုးဝင် ၃သိန်း ၂သောင်းကျော်ထဲက တဦးက ကျောင်းကားကို လမ်းပြောင်းပြန်ဝင်တိုက်လို့ သေဆုံးသွားတာပါ။ ကလေး ၂ဒါဇင်ကျော်လည်း ထိခိုက်ဒဏ်ရာ ရကုန်ကြပါတယ်)
- President Trump didn’t need a “border bill” to secure the border. Why did you support executive actions like stopping construction of the border wall and halting deportations that intentionally unsecured the border?
ထရမ့်က ဘော်ဒါဘေလ်မလိုပဲ နယ်စပ်ကို လုံခြုံအောင် လုပ်နိုင်ခဲ့တယ်။ မင်းက နယ်ခြားတံတိုင်း ဆောက်နေတာကိုတားဖို့ အမိန့်ဥပဒေထုတ်ခဲ့တယ်၊ ပြည်တွင်းမှာ တရားမဝင်ရောက်နေပြီး ရာဇဝတ်မှုထပ်ကျူးလွန်တဲ့ လူဆိုးတွေကို ပြန်ပို့ဖို့လည်း ဥပဒေသုံးပြီး တားမြစ်တယ်၊ ဘာကြောင့်အဲဒီလိုတွေ လုပ်တာလဲ။
- Trump was the first president in decades to start no new wars. Under your watch, wars are popping up in Europe and the Middle East. Why is that?
ထရမ့်က ဆယ်စုနှစ်ပေါင်းများစွာမှာ စစ်အသစ်ကို မစခဲ့တဲ့ ပထမဆုံးသမ္မတဖြစ်ပါတယ်။ မင်းလက်ထက်မှာတော့ စစ်တွေက ဥရောပမှာရော အရှေ့အလယ်ပိုင်းမှာပါ စစ်တွေ ဖြစ်လာတယ်၊ အဲဒါဘာကြောင့်လဲ။
- Why did you conceal Joe Biden’s cognitive decline from the American people?
ဘိုင်ဒန်ရဲ့ သတိချွတ်ယွင်းလာတာကို သိပါလျက် အမေရိကန်ပြည်သူတွေကို ဘာဖြစ်လို့ ဖုံးကွယ်ထားခဲ့တာလဲ။
- You supported the Defund the Police movement and have said more that police doesn’t mean more safety. Why do you want fewer police officers?
ရဲဘတ်ဂျက်ဖြတ်ဖို့ကို ထောက်ခံခဲ့ပြီး ရဲပိုများတာနဲ့ ပိုလုံခြုံတာ မဟုတ်ပါဘူးလို့ ပြောခဲ့တယ်နော်၊ ဘာဖြစ်လို့ ရဲနဲနဲပဲ လိုချင်ရတာလဲ။
- You’ve called for getting rid of cash bail and your campaign hasn’t backed away from it. Why do you still support such a radical view?
လူဆိုးတွေဖမ်းမိရင် အမှုမပြီးသေးမချင်း အပြင်မှာ ခံဝန်နဲ့ နေလို့ရဖို့ ငွေသားအာမခံတင်ရမယ် ဆိုတဲ့ ဥပဒေကို ဖျက်သိမ်းဖို့ မင်းလှုံးဆော်ခဲ့တယ်၊ မင်းကန်ပိန်းကလည်း အဲဒီအတိုင်းဆိုတယ်။ ဘာဖြစ်လို့ ဒီလောက်အစွန်းရောက်တဲ့ကိစ္စကို ထောက်ခံနေရတာလဲ။
- You have sent anonymous aides out to claim you’ve abandoned the radically liberal positions that you’ve held for decades. Do you think lying to the American people is the best strategy?
ဆယ်စုနှစ်ပေါင်းများစွာ စွဲကိုင်လာခဲ့တဲ့ မင်းရဲ့ အစွန်းရောက်ရပ်တည်မှုတွေကို မင်းရဲ့ အမည်မသိလက်ထောက်တွေလွှတ်ပြီး မင်းက ဒီရပ်တည်မှုတွေကို စွန့်လွှတ်လိုက်သလိုလို ပြောခိုင်းနေတယ်။ အမေရိကန်တွေကို လိမ်တာက အကောင်းဆုံးဗျူဟာလို့ မင်းထင်သလား။Trump Campaign Gives CNN 10 ‘Must Ask’ Questions For Kamala Interview