ထရမ့်နဲ့ ကမလာ+ABC ဒီဘိတ်

ကနေ့ဒီဘိတ်ကို ဘယ်လိုမြင်သလဲဆိုရင် သူခိုးက လူ လူ ဟစ်တဲ့ပွဲကြီးလို့ပဲ မြင်ပါတယ်။ ကမလာက စိတ်ပျက်စရာကောင်းလောက်အောင် အလိမ်အညာတွေနဲ့ တိုက်ခိုက်လာတာ သူမပါးစပ်ကထွက်တာ အကုန်လုံး အမှန်ဆိုတာ တခုမှကို မပါတော့ပါဘူး။ လိမ်နေတာကသူ၊ သူကပဲ ထရမ့်ကို လူလိမ်ကြီးတဲ့။ မျက်နှာပေးတွေကလည်း စနိုက်ကျော်စရိုက်ပဲ ဖြစ်နေပြီး ဒုသမ္မတတယောက်ရဲ့ တည်ကြည်မှုမျိုး လုံးဝ မတွေ့ရပါဘူး။ အလိမ်တွေနဲ့ တိုက်ခိုက်လာတော့ အလိမ်တွေကို ပြန်ရှင်းနေရတာနဲ့ပဲ ပြီးနေတော့ တိုင်းပြည်အတွက် အရေးပါတဲ့ကိစ္စတွေ ဘာမှ ကောင်းကောင်းပြောချိန် မရတော့ပါဘူး။ ဒိုင်တွေကလည်း လစ်ဗြဲမီဒီညာဒိုင်တွေဆိုတော့ ကြိုညှိထားတာတင်အားမရသေးဘူး၊ ကမလာကို အကြပ်တွေ့မယ့်ဟာဆို ဖြတ်ပစ်၊ ထရမ့်ကို ကြပ်ရမယ်ဆိုရင် သာသာထိုးထိုးမေးကြတာ သိသာလွန်းပါတယ်။

ယခုအမေရိကန်က ထရမ့်အုပ်ချုပ်တဲ့ ၄နှစ်ကနဲ့စာရင် ပိုကောင်းလားဆိုတဲ့ မေးခွန်းကို ကမလာက မဖြေပဲ သူက အလယ်အလတ်တန်းစားအနေနဲ့ မွေးဖွားလာတာပါတဲ့၊ လူလတ်တန်းစားတွေဘဝကို သူနားလည်ပါတယ်၊ လူလတ်တန်းစားအကျိုးအတွက် သူလုပ်မှာပါတဲ့၊ ဟိုလူကြီးကသာ အမွေရလို့ချမ်းသာလာတာပါ၊ သူက သူဌေးဆိုတော့ သူဌေးတွေအတွက် အခွန်လျော့တာတွေပဲ လုပ်မှာဆိုပြီး မမှန်မကန် စွပ်စွဲပါတယ်။ ထရမ့်ချမ်းသာဖို့ သမ္မတဖြစ်စရာမလိုဘူး၊ ကမလာတို့ နောက်က သူဌေးတွေက ထရမ့်ထက် အများကြီး ပိုချမ်းသာသလို ဘာလုပ်ငန်းမှမရှိတဲ့ ကမလာတို့ကမှ ချမ်းသာဖို့ အာဏာမက်ရတာပါ။ လူလတ်တန်းစားတွေအကျိုး လုပ်ချင်ရင် ဆီဈေးကျအောင်၊ ငွေဖောင်းပွမှုနဲအောင် လုပ်ပေးရမှာကို ဘာလို့ ပြောင်းပြန်တွေ လုပ်နေရတာလဲလို့ ဒိုင်တွေမမေးပေမယ့် ကိုယ်ကမေးလိုက်ချင်တယ်။

ထရမ့်ဖခင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးဆိုပေမယ့် Queens မှာ သာမာန်အဆောက်အဦတွေ လောက်ပဲ လုပ်နိုင်ခဲ့ပြီး သားသမီး ၅ဦးထဲမှာမှ ဒေါ်နယ်ထရမ့်တဦးပဲ မန်ဟက်တန်အထိ မိုးမျှော်တိုက်တွေ၊ ဟိုတယ်တွေ ဆောက်တဲ့ ဘီလျံနာ ဖြစ်လာတာပါ။ အမွေရလို့ချမ်းသာရင် မောင်နှမအားလုံး သူဌေးတွေ ဖြစ်နေမှာပေါ့။ သူဌေးတွေအခွန်လျော့မယ်ဆိုတာလည်း လူပိန်းတွေကို ဆွယ်နည်းသက်သက်ပါ၊ လုပ်ငန်းခွန်တွေ လျော့တာနဲ့ သူဌေးအခွန်လျော့တာ မတူကြောင်း ရေးရတာလည်း များလှပါပြီ။ လုပ်ငန်းခွန်လျော့မှ အလုပ်အကိုင်တွေ ဖွံ့ဖြိုးမယ်၊ ဝင်ငွေတက်လာမယ်လေ။

ကမလာက ထရမ့်ဟာ  ရောင်းခွန်ကို ၂၀% ကောက်လိမ့်မယ်၊ အဲဒါက ငွေဖောင်းပွမှုကို ဖြစ်စေလိမ့်မယ် လို့ လိမ်ပါတယ်။ ထရမ့်က သူမပြောတာ မမှန်ပါဘူး၊ သူအရင်က tariff လုပ်ခဲ့ဖူးတာပဲ၊ အဲဒါက ငွေဖောင်းပွမှု မဖြစ်စေခဲ့သလို ကုန်ဈေးနှုန်းတွေ တက်မသွားခဲ့ဘူးလိူ ပြန်ဖြေပါတယ်။ သူမ ပြောတာ sales tax ဆိုရင်လည်း မှားတာပါပဲ။ အဲဒီလောက်အခွန်တက်လိုက်ရင် ငွေဖောင်းပွမှုက ဆောင့်တက်သွားမှာပေါ့။ ထရမ့်အုပ်ချုပ်ခဲ့တာ အားလုံး မှီခဲ့ကြတာပဲလေ၊ ထရမ့်လက်ထက်မှာ ငွေဖောင်းပွမှု ပြဿနာ မရှိခဲ့ပဲ သူမတို့လက်ထက်ကျမှ ငွေဖောင်းပွမှု မိုးထိုးသွားတာ အထင်အရှားမှန်း လူတိုင်းသိပါတယ်။

ကမလာက ထရမ့်ဟာ ပရောဂျက် ၂၀၂၅နဲ့ ပတ်သက်နေတယ်လို့ ထပ်လိမ်ပါတယ်။ ထရမ့်က ပရောဂျက် ၂၀၂၅နဲ့ ဘယ်လိုမှ မပတ်သက်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးသားကို ထပ်ပြောတာဟာ သူမကို တိုက်ခိုက်ဖို့ အချိန် မရှိတော့အောင် လုပ်တာဖြစ်သလို ဒီပရောဂျက်ထဲကဆိုပြီး အဘောရှင်းဘန်းလို မဟုတ်တဲ့ ကိစ္စတွေနဲ့ ထရမ့်ကို လူတွေအမြင်လွဲအောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။

အဘောရှင်းက သူမရဲ့ အဓိကရောင်းကွက်ဖြစ်လေတော့ ကလေးပျက်ကျတဲ့မိန်းမက အဘောရှင်းဘန်းကြောင့် တခြားပြည်နယ်ကို ပြေးရမယ်ဆိုရင် မဟုတ်သေးဘူးလို့ အော်စကာရလောက်အောင် မာယာသုံးပြောသွားပါတယ်။ ကလေးပျက်ကျတာနဲ့ ဖျက်ချတာ လုံးဝ မတူပါဘူး။ ကလေးပျက်ကျတာပဲဖြစ်ဖြစ် ကလေးလိုချင်တာပဲဖြစ်ဖြစ်၊ ကိုယ်ဝန်တားဆေးပေးတာ ဖြစ်ဖြစ်၊ ကန့်သက်ချက် မရှိပဲ ကျန်းမာရေးဝန်ဆောင်မှု ရနိုင်တာပါပဲ။ သူတို့မွန်းနေတဲ့ ပလန်းပဲရင့်ဟွတ်က တားဆေးပေးတာရယ်၊ ဖျက်ချတာရယ်ကလွဲရင် ဘာအမျိုးသမီးကျန်းမာရေး စောင့်ရှောက်မှုမှ မပေးပါဘူး။ လူ့အသက် တန်ဖိုးထားသူတွေက ပလန်းပဲရင့်ဟွတ်ရှေ့ သွားပြီး ဆုတောင်းစာရွတ်ရင်တောင် ထောင်ချပစ်ကြတဲ့အထိ အစွန်းရောက်တဲ့ ကမလာတို့ပါ။ ရီပါဘလစ်ကန်တွေက မဖျက်ချပဲ မွေးဖို့ ဖျောင်းဖျကြသလို အဲဒီလို မွေးဖို့ဆုံးဖြတ်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးကြပါတယ်။

 ထရမ့်က အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ရင် မင်းတို့က နေ့စေ့လစေ့ကလေး၊ မွေးထွက်လာပြီးသားကလေးတောင် သတ်မယ့်လူတွေ၊ ငါက ကလေးမရနိုင်တဲ့ အမျိုးသမီးတွေကို IVF အတွက် ကျန်းမာရေးအာမခံက ကျခံပေးဖို့ လုပ်ပေးမယ်လို့ ဆိုပါတယ်။ ရိုးဗီဝိတ်ပြန်လှန်တယ် ဆိုတာလည်း အရင်အကြိမ်တရာလောက် ရေးခဲ့သလိုပဲ ဆူပရင်းကုတ်က လူ၉ဦးက ဆုံးဖြတ်မယ့်အစား ပြည်နယ်တွေက တကယ့်ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ ဆုံးဖြတ်စေတဲ့ကိစ္စပါ။ အိပ်ချင်ယောင်ဆောင်ရင် နှိုးရခက်တယ်ဆိုသလိုပါပဲ။ အပေါ်ပိုင်းကလူတိုင်း သိသိကြီးနဲ့ လိမ်ကြတာက အောက်က မသိနားမလည်တဲ့လူတွေရဲ့ မဲကိုချူဖို့သက်သက်ပါ။

ကမလာက ထရမ့်လက်ထက်မှာ ဘတ်ဂျက်လိုငွေအမြင့်ဆုံးတက်ခဲ့တယ်လို့ ထပ်စွပ်စွဲပါတယ်။ အမှန်က ဒေတာတွေကိုကြည့်ရင် ၂၀၁၉အထိ လိုငွေပြမှ တက်မလာပဲ ၂၀၂၀ကျမှ အိုဘမ စပွန်ဆာခဲ့တဲ့ ကဗကြောင့် ဒီမိုကရက်လွှတ်တော်နဲ့ ဖောက်ချိတို့ ခြဗျူရိုကရက်တွေ တွန်းခဲ့လို့ ဖြစ်ခဲ့တဲ့ လော့ဒေါင်းတွေနဲ့ လှုပ်မရတဲ့ အီကော်နော်မီကို stimulus တွေအကြိမ်ကြိမ်ထိုး၊ ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ ကကဆကို အစိုးရက စပွန်ဆာပေးတာတွေကြောင့်  ဘတ်ဂျက်လိုငွေ ဆောင့်တက်ခဲ့တာပါ။ ထရမ့်က လက်မှတ်မထိုးပြန်ရင်လည်း ပြည်သူ့ကျန်းမာရေး ဂရုမစိုက်ဘူးလို့ အပုတ်ချကြဦးမှာပါ။ ထရမ့်သာဆက်တက်ခဲ့ရင် အဲဒီကုန်ကျစားရိတ်တွေကို ပြန်ရှာနိုင်မှာ အသေအချာပါ။

ကမလာက ထရမ့်ဟာ ခြေ/ဥကို ဖျက်ပစ်မယ်လို့ ထပ်လိမ်ပါတယ်။ တိုင်းပြုပြည်ပြုဖခင်ကြီးများ  အမျှော်အမြင်ကြီးစွာနဲ့ ပြုစုခဲ့တဲ့ ကမ္ဘာမှာ အကောင်းဆုံးခြေ/ဥတခုဖြစ်သလို တိုင်းပြည်ကို အမြင့်ဆုံးမှာ တည်တည်ငြိမ်ငြိမ် နေနိုင်စေခဲ့တဲ့ခြေ/ဥကို ကာကွယ်ပေးနေတာက မာဂါရီပါဘလစ်ကန် တွေပါ။ ကမလာပြောနေတဲ့ လမ်းသစ်ကြီးဆိုတာကမှ ခြေ/ဥကို လုံးဝ ပစ်ပယ်မယ့် လမ်းပါ။

ဟာမာ့စ်နဲ့ ပတ်သက်ပြီးတော့ ကမလာက အစ္စရေးဘက်က ရပ်သလိုလိုပြောခဲ့ပါတယ်။ တကယ်တမ်း နေတန်ယာဟု ကွန်ဂရက်စ်မှာ ရီပါဘလစ်ကန်တွေဖိတ်လို့ လာစကားပြောတော့ သူမမတက်ပါဘူး၊ အတွေ့လဲ မခံခဲ့ပါဘူး။ သူ့လင်ပါသမီးတွေကလည်း ဟာမာ့စ်ကို အကြီးအကျယ်ထောက်ခံသူတွေပါ။ ခုတော့မှ မဲလိုချင်လို့ ဖျာပါးစပ်နဲ့ မလှိမ့်တပတ်လုပ်နေတာ စိတ်ပျက်စရာ ကောင်းတယ်ဆိုတာထက်ကို ပိုပါတယ်။

ကမလာက ထရမ့်ကို အာဏာရှင်ကြီးလို့ သူတို့မီဒီယာကို ကျောင်းထားတဲ့အတိုင်း စွပ်စွဲပါတယ်။ အာဏာရှင်တွေကသာ ကုန်ဈေးနှုန်းထိန်းချုပ်တာ၊ ပြည်သူတွေ လက်နက်ကိုင်ခွင့်မပြုတာ၊ ဆင်ဆာလုပ်တာ၊ မလုပ်မနေရ မန်ဒိတ်တွေလုပ်တာ၊ ပြည်သူကို မလေးစားပဲ လိမ်ညာတာတွေ လုပ်ကြတာပါ။ အဲဒါတွေအကုန်လုံးက ထရမ့်ဘက်မှာမတွေ့ရပဲ ကမလာဘက်မှာပဲ တွေ့ရတာဆိုတော့ ဘယ်သူက အာဏာရှင်လဲဆိုတာ ဦးနှောက်သုံးရင် ရှင်းရှင်းလေး တွေ့မှာပါ။

သေနတ်ကိုင်တာဆိုလို့ ကမလာတို့ ဒီမိုကရက်တွေအားလုံးက gun violence လို့ပဲ တချိန်လုံး ဘာကြောင့်ပြောနေကြလဲဆိုတော့ သေနတ်ကို ထိန်းချုပ်ချင်လို့ပါပဲ။ violence က ဘာနဲ့မဆို လုပ်လို့ရသလို သေနတ်ကလည်း ကိုင်တဲ့လူပေါ်မူတည်ပြီး အန္တရာယ်ရှိ/မရှိ ကွဲတာပါပဲ။ သေနတ်ကတော့ သူ့ဟာသူထပြီး မပစ်ပါဘူး။ အဲဒါကို ကမလာက ငါရော တင်မ်ရောက သေနတ်ကိုင်တာ မဘန်းဘူးလို့ လိမ်ပါတယ်။ တသက်လုံးစွဲလာခဲ့တာကို ခုမှ မဟုတ်ပါဘူးလို့ မျက်နှာပြောင်ပြောင်နဲ့ လိမ်တာနော်။

ယူကရိန်းစစ်ကို ဖြစ်အောင်လှုံ့ဆော်ခဲ့တာ ကမလာပါ။ စစ်မဖြစ်ခင်လေးမှာ ဥရောပကိုသွားပြီး ယူကရိန်းကို နေတိုးထဲ ဝင်ခွင့်ပေးမယ်လို့ ပြောခဲ့တာက ပူတင် ယူကရိန်းကို ဝင်တိုက်စေတဲ့ အကြောင်းရင်းပါပဲ။ အဲဒီမတိုင်ခင်က ဘိုင်ဒင်က နဲနဲပါးပါးဝင်တာ ယူတာ ကိစ္စမရှိပါဘူးလို့ မြှူပါတယ်၊ အဲဒါကို ပူတင်က မဝင်တော့ အိုဘမက ကမလာကိုလွှတ်ပြီး စစ်မဖြစ်ဖြစ်အောင် ဆွပေးခဲ့တာပါ။ ထရမ့်လက်ထက်မှာ ပူတင်၊ ရှီ အပါအဝင် မအလကအစ ဂျိုကောင်တွေအကုန် ငြိမ်နေရတာမျိုး ကမလာလုပ်နိုင်မယ်ထင်သလား၊ လုပ်နိုင်ရင် ခုအဲဒီလို ဖြစ်နေမှာပေါ့။ မ အ ကြပါနဲ့။

အီကော်နော်မီ ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတော့ ကမလာက ဘယ်သူ့ကို ဘာပေးမယ်ဆိုတာပဲ ပြောတယ်၊ ပေးတာက အဖြေမဟုတ်ဘူး၊ ပြဿနာကို ဖြေရှင်းတဲ့နည်းမှန်မဟုတ်ဘူး။ ထောက်ပံ့ပေးနေစရာမလိုပဲ ကိုယ်တိုင်လုပ်အားနဲ့ တတ်နိုင်အောင် လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးရမှာက ဖြစ်သင့်တဲ့ ရေရှည်ခံတဲ့ နည်းမှန်ပါ။ ရကပနီးလို့ မဲလိုချင်လို့ ပေးတဲ့ပိုက်ဆံနဲနဲက သူတို့ဝိုင်းတွတ်မယ့် မဟာအသုံးစားရိတ်တွေကြောင့် ဖြစ်လာမယ့် ငွေဖောင်းပွမှုအောက်မှာ အငွေ့ပျံသွားမှာပါ။ သူတောင်းစားအတွေးနဲ့ သူဌေးမဖြစ်တဲ့အပြင် အချောင်သမားစိတ်ဓါတ်က မျိုးဆက်လိုက် နိမ့်ဆင်းသွားစေပါလိမ့်မယ်။

ဂျန်၆ကိစ္စက ဒီမိုကရက်တွေရဲ့ ထောင်ချောက်ဖြစ်ပြီး တာဝန်အရှိဆုံးက ပလိုးစီဖြစ်တာကို လစ်ဗြဲဒိုင်တွေက ဖက်မချက်ပဲ ထရမ့်ကို စွပ်စွဲတဲ့မေးခွန်းတွေနဲ့ နာမည်ဖျက်ပါတယ်။ ထရမ့်ပြောသွားတာက အဲဒီနေ့က ပလိုးစီကို လုံခြုံရေးတိုးချဖို့ ငါပြောတယ်၊ စာပို့တယ်၊ သူမလုပ်ခဲ့ဘူး။ နောက်ပြီး အဲဒီနေ့က ထိခိုက်ခဲ့တာ ငါတို့လူတွေချည့်ပဲ၊ ရဲတွေအပါအဝင် ဘယ်ဒီမိုကရက်မှ ထိခိုက်မှု မရှိခဲ့ဘူး၊ ငါက နိုင်ငံချစ်စိတ်အပြည့်နဲ့ ငြိမ်းချမ်းစွာနေပါ၊ ရုတ်ရုတ်ရက်ရက် စဖြစ်လာချိန်မှာလည်း အေးအေးချမ်းချမ်း အိမ်ပြန်ဖို့ ပြောခဲ့ပါတယ်။ လွှတ်တော်ထဲ လူတွေ မဝင် ဝင်အောင် ဖွင့်ပေး ဟပေး အလံရှူးတွေ ထည့်ထားပေးပြီး ကျောင်းပေးနေတဲ့ထဲ အက်ဖ်ဘီအိုင်ကလူတွေတောင် ပါပါသေးတယ်။

၂၀၂၀တုန်းက ဘိုင်ဒန်သာ တကယ်မဲ ၈၁သန်း ရခဲ့တယ်ဆိုရင် အခုလို နယ်စပ်ဖွင့်ပြီး လူသန်း၂၀လောက် သွင်းလာစရာ လိုမလား၊ ထရမ့်ကိုရော မရှိတဲ့အမှုတွေ ဆင်စရာ၊ လုပ်ကြံစရာ လိုမလား။ နယ်စပ်ကဝင်တာတွေ သူတို့ထားသလိုမနေကြတာတွေများနေလို့ သူတို့လိုသလို ထားလို့ရမယ့်လူတွေ လေယာဥ်နဲ့ အခါခါသွားပင့်လာတာ၊ အဲဒီလူတွေ မဲပေးနိုင်ဖို့ တင်ကျွေးထား၊ ဖုံးတွေ ခရက်ဒစ်ကဒ်တွေပါ ပေးထားပြီးလိုသလို သုံးလို့ရအောင် လူစုထားတာ မိုးခဲဖို့ပဲ မဟုတ်ဘူးလား။

ကမလာက သူမရဲ့ လက်ဝဲစွန်းရပ်တည်ချက်တွေကို အခုမှ ဘွာခတ်ပြီး မဟုတ်ပါဘူးလို့ ပြောင်ငြင်းတာကို သူမသဘောထား ပြောင်းသွားတာလို့ မထင်လိုက်စေချင်ပါဘူး။ သူမက ကွန်မြူနစ်ဖြစ်သလို တင်မ်ကလည်း တရုပ်ရုပ်သေးဆိုတာကို မမေ့ပါနဲ့။ တကယ်လို့ သူမသာ အာဏာရသွားရင် ဒီတိုင်းပြည်က ကယ်လီဖိုးနီးယားလိုပဲ တပါတီနိုင်ငံ ဖြစ်သွားတော့မှာပါ။ အဲဒီကျရင် check and balance လည်းမရှိတော့သလို မင်းအရင်က ဘာပြောခဲ့တာလို့ ပြောလည်း သူတို့ဘက်က ဘာမှ ဖြေရှင်းစရာ မလိုတော့ပါဘူး။ ပွဲကပြီးပါပြီ။​ အမေရိကန်တောင် အာဏာရှင်တက်နေရင် ကမ္ဘာမှာလည်း အာဏာရှင်တွေပဲ ကြီးစိုးတော့မှာပါ။ အဲဒီလိုဖြစ်လာအောင်လည်း အလိမ်အညာတွေ မစ်အင်ဖော်မေးရှင်းတွေ ဒစ်အင်ဖော်မေးရှင်းတွေနဲ့ ပြည်သူကို အမှန်မမြင်နိုင်အောင် မှိုင်းတိုက်နေခဲ့ကြတာပါ။

နိုင်ငံတော်အာဏာဆိုတာ ပြည်သူလက်ထဲမှာပဲ ရှိရမှာပါ။ ပြည်သူကလည်း ကိုယ့်နေရာကိုယ် သိတယ်ဆိုရင် အာဏာကို မလျော်သုံးသူတွေ၊ အာဏာနဲ့ လုပ်စားသူတွေ တက်မလာအောင် ထိန်းကျောင်းဖို့ တာဝန်ရှိပါတယ်။ အာဏာနဲ့ လုပ်စားနေသူများကလည်း အာဏာအတွက် မလုပ်ဝံ့တာ မရှိတာ နေရာတိုင်းမှာပါပဲ။ စစ်တမ်းတွေအရ သမိုင်းအရ မှားယွင်းနိုင်ခြေတွေ နှုတ်လိုက်ရင် ထရမ့်နိုင်မယ့်ဘက်က အလေးသာနေပါတယ်။ ဒါပေမယ့် တကယ်အာဏာရမလားဆိုတာက နောက်တပိုင်းပါ။ အရင်တခါက ကဗပိုးနဲ့ လူ့အသက် သန်းပေါင်းများစွာစတေးခဲ့တယ်။ သူတို့ဘက်မှာ ကမ္ဘာ့ငွေရှင်ကြေးရှင် အာဏာရှင်တွေအပြင် တရုပ်ရဲ့ ညစ်နည်းပေါင်းစုံပါ ရထားလေတော့ အာဏာလက်မလွှတ်ရဖို့ ဘာကိုဖြစ်ဖြစ် ချနင်းမှာ မလွဲမသွေပါ။ အဲဒီလောက်ရက်စက်တဲ့ လူတွေက တိုင်းပြည်အကျိုးတို့ ပြည်သူအကျိုးတို့ လူ့အခွင့်အရေးတို့ အမျိုးသမီးကျန်းမာရေးတို့ အလေးထားမယ် ထင်နေကြသေးတာလား။

Leave a comment