အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်တွေရဲ့ ကော်မန်ဒါဟောင်း အငြိမ်းစားကြယ်၄ပွင့်ဗိုလ်ချုပ်ကြီး ဖရန့်ခ်မက်ကန်းဇီက အီရန်ဟာ သမ္မတထရမ့်ကို လုပ်ကြံဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ထရမ့်ဟာ လက်ရှိအီရန်အစိုးရအတွက် ခြိမ်းခြောက်မှုကြီးဖြစ်တာကြောင့် မရမကကို လုပ်ကြံချင်နေကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးက CBS က မာဂရက်ဘရန်နန်နဲ့ အင်တာဗျူးမှာ အီရန်က ပြီးခဲ့တဲ့အပတ်က အစ္စရေးကို ဘော်လစ်စတစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကို အစ္စရေးက ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ မေးခွန်းကို အီရန်ရဲ့ အဓိကပန်းတိုင်က သူတို့အစိုးရ မြဲနေဖို့ပဲ၊ ထရမ့်တက်လာရင် သူတို့ခုံလှုပ်ပြီ၊ အစ္စရေးကို သူများမြှောက်ပေးပြီး တိုက်တာကနေ ကိုယ်တိုင် တိုက်ခိုက်လာတာလည်း ထရမ့်တက်မှာကြောက်ပြီး သွေးပျက်နေလို့ပဲလို့ ဖြေသွားပါတယ်။
အစ္စရေးက ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတော့ အီရန်ခေါင်းဆောင်ကို တခါထဲရှင်း၊ (သို့) အီရန်ရဲ့ နျူအစီအစဥ်ကို ရှင်းပစ်၊ (သို့) ရေနံတွင်း/ထုတ်ယူတဲ့စနစ်တွေကိုဖျက်ပစ်၊ (သို့) စစ်ထလရပစ်မှတ်တွေကို တိုက်ခိုက်လို့ ဖြေကြားသွားပါတယ်။ အီရန်ရဲ့ နျူစက်ရုံက တောင်ရဲ့မြေအောက် ပေ၂၅၀မှာဆိုတော့ အဲဒီလောက်အနက်ကို တိုက်နိုင်တဲ့လက်နက်က အမေရိကန်မှာပဲ ရှိတာဖြစ်နေပါတယ်။ မက်ကန်းဇီက ဘိုင်ဒန်-ဟဲရစ်အစိုးရအနေနဲ့ အစ္စရေးကို အီရန်ရဲ့ နျူစက်ရုံတွေကို မတိုက်ဖို့ ပြောတာကို ပြစ်တင်ဝေဖန်သွားပါတယ်။ စစ်တိုက်တာမှာ ဘယ်ပစ်မှတ်ကို မတိုက်ရဘူးလို့ မပြောရဘူး၊ မပြောမှ ဟိုက အကုန်လုံးကို ကာကွယ်ရတော့မှာပါ။ သူ့အနေနဲ့ အကြံပေးရရင် အစ္စရေးက အီရန်ရဲ့ ရေနံအင်ဖရာစထရပ်ချာ၊ စစ်ဌာနချုပ်နဲ့ စစ်ထလရ အဆောက်အဦတွေအကုန်လုံးကို တိုက်ဖို့ စဥ်းစားစေချင်တယ်လို့ ဆိုပါတယ်။
ဘိုင်ဒန်တို့ အာဖဂန်က တပ်ရုပ်တုန်းက စပယ်ရှယ်အင်မီးဂရန့်ဗီဇာနဲ့ ခေါ်သွင်းလာတဲ့ အာဖဂန်နိုင်ငံသား နဆာအာမက် တော်ဟီဒီက အိုင်းစက်နာမည်နဲ့ ရကပနေ့မှာ အကြမ်းဖက်ဖို့အတွက် အေကေ၄၇ ရိုင်ဖယ်တွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီး စုဆောင်းခဲ့လို့ ကနေ့ စွဲချက်တင်ခံရပါတယ်။ အဲဒီတုန်းက အမေရိကန်တပ်တွေကို အမှန်တကယ်ကူနေတဲ့ မိတ်ဆွေတွေကိုတော့ တမင်ထားခဲ့ပြီး သူတို့အကြံနဲ့ ခေါ်သွင်းချင်သူတွေ၊ လိုင်းဝင်နိုင်သူတွေကျတော့ လေယာဥ်အစီးလိုက် ပင့်လာကြတာပါ။ အမေရိကန်မိတ်ဆွေတွေကို သူတို့ကူညီခဲ့ဖူးတဲ့ စစ်ပြန်တွေက လိုက်ရှာ ဆက်သွယ်ပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် စွန့်စွန့်စားစား ကယ်ထုတ်ခဲ့ရပါတယ်။
ဟာရီကိန်းဟယ်လင်းက မြောက်ကာရိုလိုင်းနားနဲ့ ဂျော်ဂျာမှာ ထရမ့်အမာခံထောက်ခံတဲ့ ဒေသတွေကို အဆိုးရွားဆုံး ထိခိုက်စေတာနဲ့ အငိုက်မိသလို ဖြစ်ရတာနဲ့က မသင်္ကာစရာ ဖြစ်နေသလို ရကပ ရာသီဖြစ်နေတာက အဲဒီသံသယတွေကို ပိုဖြစ်စေပါတယ်။ ခုက မဲနမူနာတွေ၊ စာတိုက်မဲတွေ ပို့တဲ့အချိန် ရောက်နေပါပြီ။ မီးမရ ရေမရနဲ့ ရွံ့တွေ ဗွက်တွေကြားထဲ ဘယ်စာတိုက်က လာပို့နိုင်မှာတဲ့လဲ။ အဲဒီလူတွေက ဘယ်မှ မသွားနိုင်တော့ မဲရော ဘယ်လို ပေးကြမှာတဲ့လဲ။ သူတို့နိုင်မယ့်နေရာပဲ ရွေးပြီး လမ်းတွေကောင်းအောင် လုပ်ပေးမယ်၊ အပြင်ထွက်လို့ရမယ် အဲဒါမျိုး မဖြစ်နိုင်ဘူးထင်လား၊ ဒီအမ်ဗီမှာ ဘယ်သူဘယ်ပါတီဆိုတာ အကုန်စာရင်းရှိတာပဲ။ ခိုးဝင်မဲရော disaster ရော ဒိုminiယံဟက်ကောဆို ကမလာမပြောနဲ့ ဟောင်တဲ့အကောင် အမြှီးဖြတ်တင်ရင်တောင် မနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ လက်ရှိဆွင်းစတိတ်တွေက မဲမှတ်ပုံတင်တဲ့နှုန်းမှာ ရီပါဘလစ်ကန်က အများကြီးသာနေတော့ ဒီမိုကရက်တွေ သွေးပျက်ပြီး မကြံကောင်းမစည်ရာတွေ လုပ်လာနိုင်ပါတယ်။
နောက်မသင်္ကာစရာကိစ္စတခုက ဟာရီကိန်းမေလ်တန်က လွန်ခဲ့တဲ့ ၂ရက်က ဟောကိန်းထုတ်တာထက် အများကြီး ပိုဆိုးနေသလို နာရီပိုင်းအတွင်း အဆင့် ၃ကနေ အဆင့် ၅ကို တက်၊ ကျသွားပြီးမှ တခါပြန်တက်သွားတာဟာလည်း ဖြစ်လေ့မရှိတဲ့ ပုံစံဖြစ်နေပါတယ်။ ဗီယက်နမ်စစ်မှာ အမေရိကန်တွေက ဒေသခံတွေရဲ့ ပျောက်ကြားစစ်ကို နိုင်ဖို့ခက်တော့ မုတ်သုန်ရာသီကို နည်းပညာနဲ့ ဆွဲဆန့်ပြီး ရေလွှမ်းအောင် လုပ်ခဲ့ခြင်းဖြင့် အသာစီးယူခဲ့တာကို ပြန်ထောက်ပြကြပါတယ်။ အဲဒါကို စစ်ဖက် ကလောက်ဆိဒင်း လျို့ဝှက်ပရိုဂရမ်နဲ့ လုပ်တာဖြစ်ပြီး အော်ပရေးရှင်းပေါ့အိုင်းလို့ ခေါ်ပါတယ်။ ဟာရီကိန်းနဲ့ တော်နေဒိုးကွန်ထရိုးဒဗိုက်စ်ကို မူပိုင်ခွင့်တင်ထားတာက ၂၀၀၁မှာ ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀ကျော်က လုပ်ခဲ့တာဆိုတော့ ခုဆို ဘယ်လောက်များ လုပ်နိုင်နေမလဲ စဥ်းစားစရာပါ။ တရုပ်/ရုရှားမှာလည်း ဒီလိုနည်းပညာ ရှိနိုင်တာပါပဲ။ ဒီတိုင်းဆို မြန်မာပြည်က ရေကြီးတာလည်း စဥ်းစားစရာဖြစ်နိုင်တာပါပဲ။
ဘေဂိတ်တို့ တချိန်လုံး စိတ်ဝင်တစား လုပ်နေတဲ့ထဲမှာ ရာသီဥတုကို နည်းပညာနဲ့ ပြောင်းမယ့်ဟာတွေ ပါနေခဲ့တာရယ် ပြီးခဲ့တဲ့ ၂၀၂၀တုန်းက ကမ္ဘာနဲ့ချီပြီးတောင် ကဗပိုး ဖြစ်အောင်ဖြန့်ခဲ့ကြတာပဲလေ။ အရင်တင်ခဲ့တဲ့ထဲမှာ တပ်ထဲမှာလုပ်ခဲ့သူ ခရစ်စတန်မေဂန်က ကန်စစ်တပ်က ဇီဝပတ်ဝန်းကျင် အင်ဂျင်နီယားရင်းလုပ်နေတာကို ပြည်သူကို အသိမပေးလို့ဆိုပြီး ဖောက်ချခဲ့တာ ရှိပါတယ်။ လေထုထဲကို အန္တရာယ်ဖြစ်နိုင်တဲ့ ဓါတုပစ္စည်းတွေ မှုတ်တင်ပြီး စမ်းနေကြတာပါ။
ဝယ်သာတွေ ကမောက်ကမဖြစ်လာလေ အာမခံကုမ္ပဏီတွေက အာမခံမရောင်းတော့လေ ဖြစ်လာတော့မှာပါ။ အခုတောင် ကယ်လီဖိုးနီးယားမှာ တောမီးကြောင့် အာမခံတွေ မရောင်းပေးတော့တာ များသထက် များလာပါပြီ။ အရှေ့ဖက်ခြမ်းမှာ ရေကြီးအာမခံလည်း မရောင်းတော့တဲ့အထိ ဖြစ်လာရင် အရင်ဆုံးထိမှာ သာမာန်ပြည်သူတွေပါ။ ဟာဝိုင်အီမီးအပြီးမှာ အိုပရာတို့ အမြတ်ထွက်သွားသလိုပဲ ကတ္တရီနာအပြီးမှာလည်း မြေတွေလိုက်ဝယ်ရင်း ခါတော်မီ သူဌေးတွေ ဖြစ်သွားကြတာ မနည်းပါဘူး။ ယုံ/မယုံငြင်းတာထက် တကယ်ဖြစ်နေတာတွေကို မျက်စေ့ဖွင့်ကြည့်တာက ပိုလက်တွေ့ကျပါတယ်။
အခုအစ္စရေးစစ်က အင်မတန် ပြင်းထန် ကျယ်ပြန့်လာပြီ။ ဘာလို့လဲဆိုတော့ အထိန်းအကွပ် လုပ်ပေးနိုင်တဲ့သူ မရှိပဲ စစ်ကြာလေ ပွပေါက်တိုးလေဆိုတဲ့လူတွေ တက်နေလို့ပဲ။ နေတိုးကလည်း ကျယ်ပြန့်လာမယ့်စစ်တွေအတွက် ပြင်နေပြီ။ ဒီလူတွေပဲ ဆက်အုပ်နေရင် ကမ္ဘာကြီးတခုလုံး စစ်မီးတွေ ပြန့်သွားတော့မယ်။ ဘယ်ကိုသွားရှောင်ကြဦးမလဲ။ အဲဒီမှာဖြစ်တာ ငါတို့နဲ့ အဝေးကြီးပါလို့ ထင်နေကြသလား။ ကမ္ဘာ့ကုန်စည်စီးဆင်းမှုကို အဓိက လည်ပင်းညှစ်လိုက်နိုင်တဲ့ ချုပ်ပွိုင့်ကြီး ၄ခု ရှိတာမှာ ၂ခုက အဲဒီဒေသမှာပါ၊ စူးအက်တူးမြောင်းနဲ့ ဘကဘက်အယ်လ်မန်ဒက်ဘ်ရေလက်ကြားက ကမ္ဘာ့ကုန်စည်ရဲ့ ၁၂% ဖြတ်စီးပြီး ဟော်မုဇ် ရေလက်ကြားက ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ၂၀% ဖြတ်စီးပါတယ်။ အဲဒီ ၂ခုကို မဖြတ်နိုင်တော့ရင် ကုန်စည်တွေ လောင်စာဆီတွေ ရှားပါးပြတ်လပ်ပြီး ဈေးဆောင့်တက်တော့မှာပေါ့။ အဲဒါက လူတိုင်းနဲ့ ဆိုင်သွားပြီ။
ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားနေတာလည်း အဖွဲ့ ၅ဖွဲ့ရှိတယ်လို့ ဆိုကြတယ်၊ ၂ဖွဲ့က ပြည်တွင်းက၊ ၃ဖွဲ့က ပြည်ပက။ ခရွတ်ရော ဖလော်ရီဒါကလူရောက ဘလက်ရော့ခ်နဲ့ ပတ်သက်နေသလို ဖလော်ရီဒါက ထရမ့်ဂေါက်ကွင်းမှာ မိသွားတဲ့လူက ယူကရိန်းနဲ့လည်း ပတ်သက်နေတယ်၊ အီရန်ကလည်း တဖွဲ့၊ ပါကစ္စတန်ကလူကိုခိုင်းတာ မိထားကြောင်း အရင်က ရေးခဲ့ပြီ။ ယူကရိန်းက ဘာလို့ ထရမ့်ကို ရှင်းချင်မလဲဆိုရင် စစ်သက်ရှည်စေချင်လို့ပဲ၊ ယူကရိန်းပြည်သူတွေနဲ့ မဆိုင်ဘူး။ ယူကရိန်းကိုလည်း စီအိုင်ဧက ချုပ်ထားတော့ ပြည်တွင်းလို့တွက်တွက် ပြည်ပလို့တွက်တွက် သိပ်မထူးဘူး။
ကမလာရဲ့ နယူးဝေးဖော်ဝေါ့ဒ်ဆိုတာ ကွန်မီလမ်းစဥ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေ အနိဌာရုံတွေကို မြန်မာပြည်မှာမို့ဖြစ်တာ၊ ဒီမှာကျတော့ မဖြစ်နိုင်ပါဘူးဆိုပြီး ပေါ့ပေါ့လေး တွေးကြပါတယ်။ ဒီမှာကတော့ မြန်မာပြည်မှာလို စစ်တပ်လို အဖွဲ့အစည်းတခုက တဖက်သတ် ဘူလီနေတာ မဟုတ်သေးတော့ မဲရဖို့ လူတွေကို အယုံသွင်းပြီး ပြည်သူ့လွတ်လပ်ခွင့်တွေကိုကြပ်၊ ချောင်ချိမှုတွေကို လျော့ချဖို့ တထစ်ချင်း လုပ်ဆောင်သွားပါလိမ့်မယ်။ ကလိုင်းမိတ်အကြောင်းပြပြီး အာဏာမူလီကြပ်ဖို့ စီ-၄၀ ကွန်ဆော်တီယံကို တည်ထောင်ထားပါတယ်။ စီ-၄၀ဆိုတာက ကမ္ဘာတလွှားက မြို့ကြီး ၄၀တို့ ကလိုင်းမိတ်ရည်မှန်းချက်တွေအတွက် ပေါင်းလုပ်ကြဖို့ ဖွဲ့ထားတာပါ။ ပူးတွဲဥက္ကဋ္ဌက လန်ဒန်မြို့ဝန် ဆာဒစ်ခန်ဆိုတော့ ဘယ်ကိုဦးတည်နေလဲ ရိပ်မိကြမှာပါ။
အဲဒီအဖွဲ့ဟာ ပဲရစ်သဘောတူညီချက်အရ ကမ္ဘာ့အပူချိန်ကို ၁.၅C အထိပဲ တိုးလာအောင် ထိန်းထားဖို့ လူတဦးကာဗွန်ထုတ်လွှင့်မှုကို လူတဦး နှစ် ၁၀၀မှာ ၅တန်ကနေ ၂.၉တန်ကို လျော့ချရန်ဖြစ်ပါတယ်။ လူတဦးဆိုတာ တနိုင်ငံရဲ့ ထုတ်လွှင့်မှုပေါင်းကို သူ့လူဦးရေနဲ့ စားတာပါ။ အဆိုပါ စူးရောက်လှတဲ့ ဖော်မြူလာကို စက္ကူပေါ်မှာ ချတွက်လိုက်တဲ့အခါ အမေရိကန်နဲ့ ရုရှားက လူဦးရေနည်းတဲ့အတွက် ကမ္ဘာ့ပျမ်းမျှ ၆.၅ထက် ၂ဆကျော်ဖြစ်နေပြီး အိန္ဒိယနဲ့ တရုပ်က ကမ္ဘာ့ပျမ်းမျှရဲ့ တဝက်အောက်မှာပါတဲ့။
အဲဒီလိုတွက်ကတဲက လွဲနေပြီလေ။ မျက်မြင်အရ ဘယ်ကလေထုက ဆိုးနေသလဲ၊ ဘယ်ကလေထုက သန့်နေသလဲ အဲဒါတွေ ထည့်မတွက်ကြတော့ဘူးလား။ အဲလို ချိန်ခွင်တဖက်ဖိပေးထားတာတင် မလောက်သေးလို့ အမေရိကန်လို ချမ်းသာနိုင်ငံက မြို့တွေမှာ ကာဗွန်အီမစ်ရှင်ကို ချက်ချင်း သိသိသာသာ ဖြတ်တောက်လျော့ချရမှာဖြစ်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ နောက်ထပ် ၁၀စုနှစ် တခုလောက်အထိ သဘောရှိ ထုတ်လွှင့်နေနိုင်ပါတယ်တဲ့။
သမိုင်းကိုပြန်ကြည့်ရင် ပူတာ၊ သဘာဝ တောမီးတွေလောင်တာ၊ ရေကြီးတာ၊ မုန်တိုင်းတိုက်တာ၊ အပူလှိုင်း၊ အအေးလှိုင်းတွေ၊ ရေခဲခေတ်တွေဟာ လူ့သမိုင်းထက် စောဖြစ်ခဲ့တဲ့အရာတွေပါ။ သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက်ရင် အမှိုက်လျော့၊ ပြန်သုံးလို့ရသမျှ ပြန်သုံး၊ သန့်အောင်ထား၊ အဲဒီအထိ လုံးဝ လက်ခံနိုင်ပေမယ့် လူတွေရဲ့ စားဝတ်နေမှုကို ထိခိုက်လောက်အောင် တင်းကြပ်လာတာတွေ၊ common sense မရှိတဲ့ ဖော်မြူလာတွေ၊ action plan တွေက လူသားတွေ အကျိုးအတွက်လို့ ယုံကြည်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ကလိုင်းမိတ်နဲ့ခြောက်မှ ကြောက်၊ ကလိုင်းမိတ်နဲ့ မြှူမှ ပါ၊ ကလိုင်းမိတ် အကြောင်းပြပြီး ဇီးသီးဗန်းမှောက်၊ ဆိုတော့ ဒါကိုပဲသုံးပြီး အဆုံးအထိ ကြပ်ကြဦးမှာပါ။
ကလိုင်းမိတ်တားဂက်ကို မရောက်အောင်လုပ်၊ မရောက်လို့ဆိုပြီး မူလီပိုကြပ်နဲ့ နောက်ဆုံး ဘာတွေဖြစ်လာမလဲဆိုရင် လျှပ်စစ်ကားတွေ လျှပ်စစ်အဲဗရီးသင်းဖြစ်ဖို့ တွန်းလာတာတွေနဲ့ မလုံလောက်ဘူးဆိုပြီး ကားပိုင်ဆိုင်မှုကို လျော့ချဖို့ အခွန်တွေ နင်းကောက်လာမယ်၊ အဝတ်တွေ အသုံးအဆောင်တွေ နည်းလေကောင်းလေလို့ မှိုင်းတိုက်လာပြီး များများပိုင်ဆိုင်မှုကို လျော့ချဖို့ အခွန် အများကြီး တက်ပစ်လိုက်လိမ့်မယ်။ ခုတောင် တဖြည်းဖြည်းနဲ့ ကြပ်လာပြီ၊ မြို့ထဲ ကားအဝင် နည်းအောင် ပိုက်ဆံပိုကောက်၊ ဘာကြေး ညာကြေး အသစ်တိုးတာတွေ လာနေပြီ။ ရေအိုးထဲက ဖားတွေလို သိပ်မပူသေးလို့ ငြိမ်နေရင် ပူမှန်းသိလာတဲ့အခါ သိပ်နောက်ကျသွားတော့မယ်။