အောက်တိုဘာ ၁၀ ရက် ၂၀၂၄

အီလွန်က အမေရိကားပက်ခ်လို့ခေါ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကော်မီတီသစ်တခုကို ဖွဲ့စည်းပြီး နယ်စပ်လုံခြုံရေးအားပေးသူ၊ ပြည်သူ/မြို့လုံခြုံရေး အားပေးသူ၊ မျှတတဲ့ တရားရေးစနစ်ကို အားပေးသူ၊ အစိုးရအသုံးစာရိတ်ကို စီစီစစ်စစ်သုံးမယ့်သူ၊ ဖရီးစပိချ်နဲ့ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ကို အားပေးမယ့်သူ စတဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ကန်ဒီဒိတ်တွေကို ထောက်ခံ/ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

အီလွန်က တွဒ်တာကိုဝယ်လိုက်ကတဲကစပြီး ခုလို ထရမ့်နဲ့ မာဂါကို ခြေစုံပစ်ထောက်ခံလိုက်တာဟာ သူ့ကို ဘိုင်ဒန်-ဟဲရစ်အစိုးရက ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဖြစ်လာပါတယ်။ အမေရိကန်မှာ အာကသကို သွားနိုင်တဲ့ ကုမ္ပဏီ သိပ်မရှိပါဘူး။ အီလွန်ရဲ့ ဂြိုလ်တုနဲ့ အာကာသလွန်းပျံယာဥ်တို့က စိတ်အချရဆုံးဖြစ်ပေမယ့် နာဆာက ကန်ထရိုက်အများစုကို အငြင်းပွားစရာသတင်းတွေ ခဏခဏ တက်နေတဲ့ ဘိုးအင်းကိုပေးပြီး အီလွန်ရဲ့ စပေ့စ် X က နဲနဲပဲ ရတာပါ။ အရေးရယ် အကြောင်းရယ် ဆိုတော့ အာကာသစခန်းထဲကလူတွေကို ကယ်ပေးရတာ space X ပါ။ ခိုလှုံခွင့်လျောက်ထားတဲ့ လူတွေကို space X မှာမခန့်လို့ တရားစွဲတာလည်း ပါပါသေးတယ်။ ခိုလှုံခွင့်လျောက်ထားတယ် ဆိုတာ ဒီကို ရောက်ခါစလူတွေပါ၊ ခိုးဝင်တွေလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံအတွက် လုံခြုံရေး အဆင့်မြင့်တဲ့ အလုပ်တွေမှာ ဥပဒေအရ နိုင်ငံသားတွေကိုပဲ ခန့်ရပါတယ်။ အဲဒီ ဥပဒေကို ကမလာတို့က မျက်ကွယ်ပြုပြီး အီလွန့်ကုမ္ပဏီကို ခွဲခြားဆက်ဆံမှုနဲ့ တရားစွဲထားတာပါ။ စမကပုဒ်မဆိုပါတော့။

ကမလာက ၂၀၂၀တုန်းက ဘိုင်ဒန်လို မြေအောက်ခန်းထဲမှာပဲ အိပ်နေလို့ မရတော့ပဲ အိုဘမညွှန်ကြားချက်နဲ့ ထရမ့်ကို ပုံတူကူးချဖို့ ကြိုးစားလာပါတယ်။ အပေါ်ယံ စကားလုံးတွေသာ ပုံတူကူးနိုင်ပေမယ့် အနှစ်သာရ၊ စေတနာနဲ့ ပြည်သူအပေါ် ထားရှိတဲ့ ဂတိသစ္စာတို့မှာတော့ မိုးနဲ့ မြေလောက် ကွာပါတယ်။ နှစ်ပေါင်းများစွာ သေနတ်ဘန်းခဲ့သူက  မဲလိုချင်တော့မှ ခြေ/ဥပြင်ဆင်ချက် ၂ ကို လက်ခံပါတယ်လို့ ပြောပြီး 60 minutes နဲ့အင်တာဗျူးမှာ သူ့မှာ ဂလော့ပစ္စတိုတလက်ပိုင်ကြောင်း ပြောသွားပါတယ်။ ကမလာဆန်ဖရန်ဒီအေလုပ်တုန်းက ပစ္စတိုလို ဟန်းဂန်းတွေကအစ ဘန်းဖို့ လုပ်ခဲ့တဲ့အပြင် ၁၀တောင့်ထက် ပိုထည့်နိုင်တဲ့ ကျည်ကပ်တွေကို ကန့်သတ်တဲ့ ဥပဒေကို ထောက်ခံခဲ့သူဖြစ်တော့ သူ့သေနတ်ကိုယ်၌က သူထောက်ခံတဲ့ဥပဒေမှာ တရားမဝင်ဖြစ်နေတာပါ။

ကမလာကို ထောက်ခံကြသူများထဲမှာ အဘောရှင်းသမားတွေ၊ ခိုးဝင်တွေ၊ ရာဇဝတ်ကောင်တွေ ဆေး/လူ/လိင်ကုန်ကူးတွေအပြင် နောက်ဆုံးထွက်ပေါ်လာတာက အဖော်အချွတ်လောကဖြစ်ပါတယ်။ သူတို့က ဒေါ်လာသိန်းချီအကုန်ခံပြီး ထရမ့်တက်ရင် ပွန်းတွေကို ဘန်းတော့မှာလို့ မုသားတွေ ဖြန့်နေပါတယ်။ အမှန်တရားနဲ့ လွဲတာတော့ အခြားမဲဆွယ်စကားတွေလိုပါပဲ။ ပွန်းက ဥပဒေနဲ့အညီ လုပ်တာဆိုရင် ဘာမှကန့်ကွက်စရာမရှိပါဘူး။ ကမလာကို ထောက်ခံကြတဲ့ထဲမှာ မိန်းမများပြီး ယောက်ျားနည်းနေလို့ ပွန်းရဲ့ အဓိကပရိသတ်ဖြစ်တဲ့ ပုရိသများကို မုသားနဲ့ မဲဆွယ်တာပါ။ ပွန်းအင်ဒပ်စထရီအပြင် အကြီးစားလိင်မုဆိုးတွေဖြစ်ကြတဲ့ ရှောန်ဒစ်ဒီကုမ့်ဘ်တို့ ဝိုင်းစတိုင်းတို့ အက်ပ်စတိန်းတို့အားလုံးက ဒီမိုကရက်တွေနဲ့ပဲ လုံးကြတာဟာ ဒီမိုကရက်ခေါင်းဆောင်တွေရဲ့ အတွင်းသရုပ်ကို ပြနေသလို နယ်စပ်ဖွင့်ထားတဲ့ အကြောင်းတခုပါပဲ။

မီဒီညာကတော့ ထုံးစံအတိုင်း ထရမ့်ပြောသမျှကို ဖြတ် ညှပ် ကပ်လုပ်ပြီး ပြည်သူအမြင်မှားအောင် လုပ်ကြသလောက် ကမလာတလွဲလုပ်သမျှကိုတော့ ဖုံး/ဖာ/ဖိ ကြပါတယ်။ မနေ့က ဟော့သွားတဲ့သတင်းက CBS က မိနစ်၆၀ အစီအစဥ်မှာ  ဘေလ်ဝှစ်တိတ်ကာက ကမလာကို နေတန်ယာယုဟာ ဘိုင်ဒန်-ဟဲရစ်အစိုးရပြောတာ နားမထောင်နေဘူး၊ အဲဒါဘယ်လိုကိုင်တွယ်မလဲလို့ မေးပါတယ်။ ကမလာက ထုံစံအတိုင်း အဓိပ္ပါယ်မရှိတဲ့ စကားလုံးအစုံသုတ်နဲ့ တုန့်ပြန်ပါတယ်။ အဲဒါကို ပြန်လွှင့်တော့ တည်းဖြတ်ပြီး ပိုကောင်းတဲ့အဖြေတခုနဲ့ ဖြေသလို ပြောင်းထားပါတယ်။ အဲဒါကို မီဒီယာအစစ်များရော စီဘီအက်စ်ဝန်ထမ်းဟောင်းတွေကပါ ဝိုင်းဝေဖန်နေကြပါတယ်။

ကမလာရဲ့ ခင်ပွန်း ဒပ်ဂ်အမ်ဟော့ဖ်ဟာ အယ်လ်အေက ဗန်နေဘဲလ်ဥပဒေအဖွဲ့မှာလုပ်တုန်းက လုပ်ငန်းခွင်က ငယ်ငယ်ချောချော အမျိုးသမီးတွေကို မျက်နှာသာပေးတာတွေ၊ ကျားသီးသန့် ကော့တေးချိန်တွေ၊ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေကို ညစ်တီးညစ်ပတ်ပြောတာတွေ၊ သူနှာဘူးကျတာ ခံတဲ့လူတွေကို အခွင့်အလမ်းကောင်းတွေပေးပြီး မခံတဲ့သူတွေကို မဲတာတွေ၊ အရည်အချင်းထက် ရုပ်ရည်ရူပကာ/ ကြည့်ငှားတာတွေ၊ လုပ်လေ့ရှိကြောင်း ၂၀၁၉တုန်းက ဗန်နေဘဲလ်ကို စွဲထားတဲ့အမှုမှာ ဖော်ပြထားပါတယ်။ ကမလာရကပဝင်တော့ ဒပ်ဂ်ကလည်း ဖမ်းမနစ်ပါလို့ ကြော်ငြာဝင်တော့တာပေါ့။ တကယ်က အမျိုးသမီးတွေအပေါ် လေးစားမှုမရှိသူ ဆိုတာကို ကမလာထောက်ခံသူ အမျိုးသမီးတွေက မျက်စေ့မှောက်နေကြတာပါ။

အမေရိကန်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက တနှစ်ကို ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ အလုပ်အကိုင် တနှစ်ကို ပျမ်းမျှ​ ၇၂၃,၀၀၀ခန့် လိုအပ်မယ်လို့ ဆိုပါတယ်။ အဲဒီလုပ်သားဈေးကွက်ကို ဖြည့်ဖို့ လိုအပ်တာက ပြည်တွင်းမှာ လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ ပေးနိုင်တဲ့ ပညာရေးအပြင် အသက်ကြီးလို့ အနားယူကြတော့မယ့် ကျွမ်းကျင်လုပ်သားကြီးများနေရာကို ဖြည့်စည်းဖို့ ခုခေတ် လူငယ်တွေက စိတ်ဝင်စားမှုအားနည်းနေကြတာ ဖြစ်ပါတယ်။ အဲဒီလုပ်သားဈေးကွက်ကို ဘယ်လို ဖြည့်စည်းမယ်ဆိုတာ မရှင်းလင်းပေမယ့် လုပ်သားနည်းနေသ၍ လိုအပ်ချက်အကြီးကြီးရှိနေတဲ့ ဈေးကွက်ထဲမှာ အိမ်အသစ်တွေ အများကြီးပေါ်ထွက်လာဖို့ မလွယ်ပါဘူး။

ဆောက်လုပ်ရေးဈေးကွက်မှာ လိုအပ်နေတာက ပိုက်သမားတွေ၊ ဂဟေဆက်သူတွေ၊ မီးသမားတွေ၊ HVAC ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ အခုလို ဟာရီကိန်းတွေ ဝင်မွှေလိုက်တော့ လုပ်သားလိုအပ်ချက်ရော ကုန်ကြမ်းလိုအပ်ချက်ပါ အများကြီးတိုးသွားပါတော့မယ်။ ပြည်တွင်းမှာ မလောက်ရင် ပြည်ပက ခေါ်ယူရမှာဖြစ်လို့ ပြည်ပက ဆောက်လုပ်ရေးနဲ့ ဆိုင်တဲ့အလုပ် ကျွမ်းကျင်သူများအတွက် သတင်းကောင်းဖြစ်လာနိုင်ပါတယ်။ ပြည်တွင်းမှာ ရောက်နေတဲ့ လူငယ် လူလတ်များလည်း အသက်မွေးပညာကျောင်းတက်ပြီး ဒီလုပ်ငန်းခွင်ထဲကို ဝင်ဖို့ စဥ်းစားကြသင့်ပါတယ်။

ဟာရီကိန်း မေလ်တန်ဝင်မွှေသွားတဲ့ ဖလော်ရီဒါမှာ အိမ်ခြေ ၂သန်းခန့် မီးမရသေးပါဘူး။ ဒီလ ၅ရက်နေ့မှာ ထွက်လာတဲ့ အလုပ်လက်မဲ့နံပါတ်က ခန့်မှန်း ၂၃၀,၀၀၀ ဆိုပေမယ့် ရေလွှမ်းဒေသတွေမှာ ပြုတ်တာတွေပါပေါင်းလိုက်တော့ ၂၅၈,၀၀၀ ကို တက်သွားပါတယ်။ ဩဂုတ် ၂၀၂၃နောက်ပိုင်း အမြင့်ဆုံးပါပဲ။

၂၀၁၉-၂၀၂၃ အတွင်း အမေရိကန်ဆေးရုံတွေမှာ ကလေး သောင်းလေးထောင်ခန့်ကို လိင်ပြောင်းခွဲစိတ်မှု ပြုလုပ်ပေးခဲ့ပြီး အဲဒီကနေ ဆေးရုံတွေက သန်း၁၂၀ ဝင်ငွေရခဲ့ကြောင်း ဒူးနိုးဟမ်း ဆိုတဲ့ ဆေးလောကစောင့်ကြည့်ရေးအဖွဲ့က ကြေငြာလိုက်ပါတယ်။ သူတို့ရတဲ့ ဒေတာက အာမခံကုမ္ပဏီတွေကနေ ပြန်တောင်းတာကနေရတာဖြစ်လို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခွဲစိတ်တာတို့၊ ချယ်ရတီတွေ၊ စစ်ပြန်တွေ၊ ကိုင်ဇာပလန်တွေ မပါဝင်ပါဘူး။ ထောင်ထဲကလူတွေ၊ ခိုးဝင်တွေ၊ တပ်သားတွေလည်း ပါဟန်မတူပါဘူး။ အဲဒီတော့ တကယ့်နံပါတ်က အဲဒီထက် ပိုမြင့်မှာ သေချာပါတယ်။ ဖီလာဒဲလ်ဖီးယားကလေးဆေးရုံမှာ ၈နှစ်ကလေးကို ကြီးကောင်ဝင်တာ ဟန့်တားတဲ့ဆေးပေးခဲ့ပြီး ၁၄နှစ်မိန်းကလေးကို ရင်သားတွေဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့ဝန် အဲရစ်အဒမ်စ်က ခြစားမှုတွေနဲ့ အမှုရင်ဆိုင်နေရသလို့ပဲ သူ့နေရာကို ဆက်ခံမယ့် ဂျူမိန်းဝီလီယမ်စ်ကလည်း ဥဇဘက်ကစ္စတန်က စီးပွားရေးသမား တိုလစ်မန်ဆူရော့ဗ်ဆီက လာဘ်ငွ ၅၀၀၀ ယူထားလို့ အက်ဖ်ဘီအိုင်က အနီတားခံထားရပါတယ်။ ဂျူမိန်းခြစားတာ အဲရစ်အဒမ်စ်ကို စစ်ရင်းနဲ့ ပေါ်လာတာဖြစ်ပါတယ်။ စစ်ရင်တော့ ပေါ်တာပါပဲ၊ ထိပ်ဆုံးက လူတွေကိုပါ စစ်မယ့် ခေါင်းဆောင် တိုင်းပြည်မှာလိုအပ်နေတာဖြစ်ပါတယ်။

Leave a comment