ဖေေါ်ဝါရီ ၂၈ ရက် ၂၀၂၅

ဒီနေ့ လရမ့်၊ ဗန့်စ်နဲ့ ဇယ်လင်းစကီတို့ အိမ်ဖြူတော်မှာ တွေ့ကြတာက ပွဲဆူသွားခဲ့ပါတယ်။ အဲဒီအဖြစ်ကွက်ကွက်လေးကို မကြည့်ခင် အရင်ဆုံး အခင်းအကျင်းနဲ့ ပတ်ဝန်းကျင်မောင်းနှင်မှုတွေကို အရင်ကြည့်ကြရအောင်။

ဇယ်လင်းစကီးမလာခင် ရက်ပိုင်းအလိုမှာ ပြင်သစ်သမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ ပြာယိပြာယာ ပေါက်ချလာကြပါတယ်။ ဘာအတွက်ပါလဲ။ သူတို့တိုင်းပြည်အတွက်လား၊ ယူကရိန်းကို ကူစေချင်လို့လား။ သူတို့တိုင်းပြည်တွေလည်း စီးပွါးရေး မကောင်းနေပါဘူး။ ပြဿနာတွေနဲ့ပါ။ ဒါပေမယ့် သူတို့တိုင်းပြည်အရေးထက် ဘယ်လိုမှ မနိုင်နိုင်တဲ့ ယူကရိန်းကို ကူဖို့ ဘာလို့ဒီလောက် အသည်းအသန် ဖြစ်နေကြတာလဲ။ ယူကရိနိးမှာဖြင့် လူသန်းချီသေထားတော့ စစ်တိုက်ဖို့ လမိးပေါ် လိုက်ဖမ်းနေရတာလေ။ ဒီက ဒီမိုကရက်တွေနဲ့ ဥရောပခေါင်းဆောင်တွေ၊ သူတို့ကို ကြိုးဆွဲနေတဲ့ လက်မဲတွေက စစ်ရပ်မှာ အသည်းအသန်ကို ကြောက်နေကြပါတယ်။

အဲဒီတော့ သူတို့က သူတို့ရုပ်သေးဇယ်လင်းစကီးကို စစ်မရပ်ဖြစ်အောင် ဖိအားပေးကြမှာပါပဲ။ ဇယ်လင်းစကီးကလည်း ကမလာဘက်ကနေ မဲဆွယ်ပေးထားတာ မမေ့ကြပါနဲ့။

ဒီကနေ့ ရောက်လာချိန်မှာ မက်ခရွန်ကိုတောင် ဆင်းမကြိုခဲ့တဲ့ထရမ့်က ဇယ်လင်းစကီကို အရေးတယူ ထွက်ကြိုခဲ့တဲ့အပြင် အစိုးရအထွဲ့အကုန်လုံး လေးလေးစားစား ထွက်တွေ့ခဲ့ကြပါတယ်။ mineral deal အသေးစိတ်က သူစစ်ရပ်ဖို့ သေချာမှ အသေးစိတ် ဆွေးနွေးမယ့်ပုံပါပဲ။

ဇယ်လင်းစကီပြောသွားတာတွေထဲမှာ ရုရှားက ၂၀၁၄ကတဲက သူတို့ကို တိုက်ခိုက်လာတာနဲ့ ဘယ်လိုမကောင်းတဲ့အကြောင်းတွေပဲ အပ်ကြောင်းထပ်အောင် ပြောပါတယ်။ ထရမ့်က မင်းက ငါ့ကို ပူတင်လူဆိုး လူယုတ်လို့ ပြောစေချင်တာမှတ်လား။ ငါက အဲဒီလို မပြောပဲလည်း မင်းနိုင်ငံအတွက် အကောင်းဆုံး ညှိပေးနိုင်တယ်။ အမုန်းနဲ့ ပုတ်ခတ်ဆဲဆိုနေရုံနဲ့ ပြဿနာက ပြေလည်မသွားဘူးလို့ ပြန်ပြောပါတဖယ်။

အရင်ဆုံး မီဒီဃာတွေရှေ့မှာ စဖောင်းတာ ဇယ်လင်းစကီပါ။ သူက မီဒီညာတွေ ညာသံပေးထားသလိုပဲ ပူတင်ကို ဆဲမပြတာနဲ့ပဲ သမ္မတထရမ့်ကို ရုရှားဘက်ကရပ်တတယ်လို့ စွပ်စွဲပါတယ်။ ဒါသမီးရည်းစားတွေ စကားနာထိုး ကျီစယ်နေတာမဟုတ်ဘူးလေ။ ဒါမျိုးပြောချင်ရင်တောင် အခြေအနေ အချိန်အခါ အသုံးအနှုန်းကြည့်ရမှာပေါ့။

ထရမိ့က ငါက ငါ့နိုင်ငံဘက်ကပဲ ငါရပ်တာ၊ လူတွေ ထပ်မသေစေချင်လို့ စစ်ကို အမြန်ဆုံး ရပ်စေချင်တာလို့ ပြောပါတယ်။ အဲဒါနဲ့ ဗန့်စ်က မင်းတို့ တိုင်းပြည်မှာ စစ်ထဲဝင်မဃ့်သူမရှိလို့ မဝင်မနေရဥပဒေနဲ့ အတင်းခေါ်နေရတယ်မဟုတ်လားဆိုတော့ သကောင့်သားက မငြင်းနိုင်ပေမယ့် မင်းက ငါ့နိုင်ငံအကြောင်း ဘယ်လောက်သိလို့လဲလို့ ပတ်ရမ်းပါလေရော။

ဗန့်စ်က ဆက်ပြီး အရင်သမ္မတတွေက မင်းတို့ ငြိမ်းချမ်းရေးရဖို့ ဘာတွေ လုပ်ပေးခဲ့လို့လဖဲ။ ခုသမ္မတက မင်းတို့ အမြန်ဆုံး ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန် လုပ်ပေးနေတာလေ။ မင်းက ကျေးဇူးတင်စကား တလုံးမှမဆိုတဲ့အပြင် အပြစ်တောင် တင်နေပါသေးလားလို့ ဆိုပါတယ်။

ဇယ်လင်းစကီက ငါတို့နိုင်ငံမှာ ရုရှားကြောင့် ဘယ်လောက်ခံစားရကြောင်း၊ မင်းတို့ နိုင်ငံလည်း အခုမဖြစ်သေးပေမယ့် ခံစားလာရတောမှာဖြစ်ကြောင်းပြောတော့ ဒါက ကျိန်စာတိုက်သလို ဖြစ်သွားပြီလေ။ ဒါမျိုး ခညတွေကို သွားပြောလို့ ဘာမှ မဖြစ်ပေမယ် ထရမ့်အစိုးရမှာ တိုင်းပြည်ကို ချစ်လွန်းလို့ သူတို့အတွက် အသေးသုံးလောက်ရှိတဲ့ လစာလေးတွေနဲ့ လာလုပ်နေကြသူတွေ အများကြီးပါတော့ တိုင်းပြည်ကို ကျိန်နေတာ ဘယ်ခံနိုင်ကြပါ့မလဲ။

ဒီလိုတွေ ဖြစ်သွားတာ မီဒီယာရှေ့မှာဆိုတော့ တမျိုးလည်းကောင်းပါတယ်။ ကွယ်ရာမှာဆို သူကဘာပြောတာ၊ ထရမ့်ကဘာဆိုတာတွေ တလွဲတွေ ဖြန့်နေဦးမှာ။ ခုတောင်ဘာသာစကားအခက်အခဲရှိတဲ့သူတွေကလုံးစေ့ပတ်စေ့ နားမလည်တော့ ထရမ့်မုန်းမီဒီညာတွေလေသံအတိုင်း လိုက်လွက်ကြမှာပါပဲ။ ထရမ့်က မင်းစိတ်ထဲမှာ အမုန်းတွေ သိပ်များနေတယ်၊ အမုန်းနဲ့ ဘာပြဿနာမှ မဖြေရှင်းနိုင်ဘူး၊ ငြိမ်းချမ်းရေးယူဖို့ မင်းအသင့်ဖြစ်သေးပုံမရဘူး။ အသင့်ဖြစ်ရင် ပြန်လာခဲ့လို့ ပြောလိုက်ပါတယ်။

Leave a comment