မတ်လ ၂ ရက် ၂၀၂၅

ထရမ့်အစိူးရသစ်ကြောင့် ခွက်ပျောက်သွားတဲ့ လိဗြဲအုပ်စု ဆင်ကြံကြံနေကြပါပြီ။ အမေရိကန်မပါလည်း ကူမယ်လို့ ဆိုပါတယ်။ ဥရောပမှာ ခြတက်တာကြာတော့ စီးပွါးရေးလည်းမကောင်း၊ စစ်ရေးကရော ဘယ်ခြလက်ထက်မှာ လူတော်တွေ နေရာပေးခံရ၊ ပြည်သူ/တိုင်းပြည်ဦးစားပေးခံရတာရယ်လို့ ရှိဖူးလို့လဲ။ မအလကြည့်လေ။ 

သူတို့ကူမှာက ရုရှားပိုက်ဆံနဲ့ ကူမှာဆိုတော့ ရုရှားကို စိတ်မဆိုး ဆိုးအောင် ဆွပေးနေသလိုပါပဲ။ လူကြီးဆိုတာ ကြီးတဲ့ပြဿနာ ငယ်အောင်၊ ငယ်တဲ့ပြဿနာ ပပျောက်အောင် လုပ်ပေးရတာ မဟုတ်ဘူးလား။ ပြဿနာက ကြီးလာရင် ထရမ့်ပြောသလို ကမ္ဘာစစ်ထိ ဖြစ်လာနိုင်တာနော်။ ဒါကြောင့် အီလွန်က နေတိုးတို့ သုံးစားမရတဲ့ ယူအန်တို့ကနေ ထွက်ဖို့ စကားစနေတာ။ စစ်နံ့ထွက်လာရင် အရင်ဆုံးဘာဖြစ်လာမလဲ သိလား၊ ကုန်ဈေးနှုန်းတက်မယ်။ ခုလောတက်နေတာတောင် အားမရကြသေးဘူးလားဟင်။

 ခွက်ပျောက်တွေ မလုပ်ရဲတာ ဘာမှမရှိဘူး၊ ဘာထို့လဲဆိုတော့ သူတို့ကို ထိမှာမဟုတ်လို့ပဲ။ ကဗလည်း ကမ္ဘာစစ်လောက် လူသေတာပဲဆိုတော့ သေနတ်မပါတဲ့ ကမ္ဘာစစ်လို့ ပြောလို့ရတယ်။ အဲဒါ မတောိတဆဖြစ်တာ မဟုတ်ဘူးနော်။ လင်းနို့စားတဲ့ တရုပ်တွေကို ထိုင်ဆဲတဲ့ ဂျင်းတုန်းကြီး မှတ်မိကြတယ်မှတ်လား။ ဘာလို့လုပ်တာလဲဆိုတော့ ထရမ့်ပြန်တက်ရင် သူတို့ခွက်ပျောက်မှာစိုးလို့ မိုးခဲရအောင်လုပ်တာ။ လူအများကြီးသေတာကတော့ သူတို့အတွက် ဘိုးနပ်စ်ပေါ့။ 

ယူကရိန်းစစ်ကို သေချာကြည့်ရင် proxy war မှန်း လူတိုင်းသိတယ်။ ကျူးကျော်စစ်ဆိုတာ ယုံလွယ်သူတွေကို နားလှည့်ပါးရိုက်ဖို့ ဂျင်းထည့်ထားတာ။ စစ်မဖြစ်ဖြစ်အောင် အရင်သမ္မတတွေလက်ထက်ကတည်းက စီအိုင်အေနဲ့ usaid ပေါင်းပြီး ပြဿနာဖန်တီးလိုက်၊ နဲနဲဖဲ့ကျွေးလိုက် လုပ်နေခဲ့တာ။ ကဗကြောင့် ဒီမှာဘိုင်ဒန်တက်၊ ဟိုမှာလည်း စီအိုင်အေကောင်းမှုနဲ့ သူတို့ရုပ်သေးဇယ်လင်းစကီတက်တော့မှ ရုရှားကို အပြုတ်ဖြုတ်ဖို့ လုပ်တော့တာ။ ဒီမတိုင်ခင်မှာထဲက ရုရှားအကြောင်း အပုတ်မှိုင်းတိုက်တာက တော်တော်ဝင်နေပြီလေ။ 

ရုရှားကို ဘာလို့ ဖြုတ်ချင်တာလဲဆိုတော့ ရုရှားရဲ့ ၇၅ထရီလီယံလောက်ရှိတဲ့ သံယံဇာတတွေ လိုချင်လို့။ ယူကရိန်းကို သိမ်းချင်ရအောင် ယူကရိန်းက ဆင်းရဲပြီး ခြစားနေတဲ့နိုင်ငံ၊ သံယံဇာတကလည်း ရုရှားအစွန်းထွက်လောက်ရှိတာ။ တကမ္ဘာလုံး ဆန်ရှင်လုပ်ခံထားရပြီး တဖက်ကလည်း စစ်ဖြစ်နေတဲ့တိုင်းပြည်က လူဦးရေ မများပဲနဲ့ ကမ္ဘာ့အဆင့် ၄ စီးပွါးရေးဖြစ်လာတာ ဘာကြောင့်များထင်နေလဲ။

ပူတင်က ဒါ​တွေ ကြိုမြင်လို့ ထရမ့်ကို သံယံဇာတ​တွေ ထုတ်ယူဖို့ ကမ်းလှမ်း​နေတာ။ အဲဒီလိုသာ လုပ်ဖြစ်ရင် ကမ္ဘာကြီးလည်း အေးချမ်းမယ်၊ အ​မေရိကနိ​ရော ရုရှားပြည်သူ​တွေပါ အကျိုးများဦးမယ်။ ခွက်​ပျောက်အုပ်စုကတော့ သူတို့လကိဝါးကြီးမအုပ်ရလို့ ကျေနပ်မှာမဟုတ်။ အော် ဒါနဲ့ ယူကရိန်းက လယ်​တွေ အများစုကို ဟိုလက်မဲ​တွေ သိမ်းထားပြီးသား​နော်။ ယူကရိန်းပြည်သူ​တွေမျက်ရည်ကို ဘယ်မီဒီညာမှ မ​ဖော်ပြကြဘူး။

ဥရောပနဲ့ အမေရိကန်ကွဲပြဲရင် တရုတ်အကြိုက်တဲ့။ တရုပ်က အစကတည်းက လစ်ဗြဲတွေနဲ့ လုံးနေတာ usaid ကနေ ဝူဟန်ကို ပေးထားတာ၊ ဘိုင်ကြီးသားအဖကို ခွံ့ထားတာ၊ ဥရောပ/ အမေရိက ဘယ်လိဗြဲမဆို တရုပ်ကြောက်တာ၊ ငြင်းချင်သေးလား။ ဗြဲနဲ့ တရုတ်အုပ်စုက ကမ္ဘာကြီးကို ထိန်းချုပ်ချင်တာ ကမ္ဘာမှာ ဖြစ်သမျှစစ်တိုင်း သူတို့နဲ့ကင်းတာ ခပ်ရှားရှားရယ်။ ထရမ့်က ကမ္ဘာ့နိုင်ငံ​တွေအားလုံး ကိုယ့်အချုပ်အချာနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေသွား​စေချင်တာ။ အမုန်းအားကြီးတဲ့ ကမ္ဘာမှာ သူက ဟာသဖြစ်​နေနိုင်​ပေမယ့် ငြိမ်းချမ်း​ရေးလိုလားတဲ့ကမ္ဘာမှာ​တော့ သူက သူရဲ​ကောင်း ဖြစ်​နေနိူင်တာပဲ​လေ။

အခု လိဗြဲတွေ ရွှေ့နေတဲ့အကွက်က ထရမ့်မုန်းရောဂါနဲ့ ရုရှားမုန်းရောဂါ၊ အီလွန်မုန်းရောဂါတွေကို နေမြင့်ပြီး ဆေးမတိုးတော့တဲ့ထိအောင် မောင်းရင်း တဖက်မှာ ရုရှားကို အမှည့်ခြွေဖို့ လုပ်နေတာ။ လိဗြဲတွေရဲ့နောက်က လက်မဲကြီးက ဘယ်သူလည်းပြောဖို့ခက်ပေမယ့် ဘလက်ရော့ခ်၊ စတိတ်စထရိနဲ့ ဗန်ဂါတ်တို့က အဖြစ်နိုင်ဆုံးပဲ။ သူတို့အကြောင်း အရင်ရေးခဲ့ပြီးပြီ။ 

အခု ၂ပတ်နားနေတာ ဖုံးနဲ့ စာရေး/ဖတ်ဖို့ အဆင်မပြေလို့ ဆွေးနွေးစရာရှိရင် ကျမစာဖတ်နေကျမိတ်ဆွေများ ဝင်ဆွေးနွေးနိုင်ပါတယ်။

Leave a comment