မတ်လ ၁၈ ရက် ၂၀၂၅

၂၀၂၅မှာ ထရမ့်တက်လာပြီးနောက်ပိုင်း အပြောင်းအလဲတွေ ဖြစ်ခဲ့တာမှာ ထရမ့်နဲ့အဖွဲ့က ပြည်သူ့အခွန်/ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်နေတာတွေ၊ အဆင့်ဆင့် လက်ဆင့်ကမ်း ခိုးဝှက်ပြီး ကမ္ဘာတလွှား ထင်တိုင်းချယ်လှယ်နေကြတာတွေကို ဖော်ထုတ်တွေ့ရှိခဲ့တဲ့အတိုင်း ပြည်သူကို ချပြခဲ့ပြီး လေလွင့်ခိုးဝှက်မှုများကို ရပ်တန့်နိုင်ခဲ့ပါတယ်။ အစိုးရယန္တယားထဲမှာလည်း ဒိစတိတ်/ ဒီမိုကရက်ဩဇာခံမယ့် လူဖျင်း/လူညံ့တွေကို ဒီအီးအိုင်နဲ့ခန့်ထားတာတွေကို ဖယ်ရှားပြီး ထိုက်ထိုက်တန်တန် အရည်အချင်းရှိသူတွေကို နေရာပေးလာခဲ့ပါတယ်။ ကုန်ဈေးနှုန်းနဲ့ လူနေမှုစားရိတ် ကြီးမြင့်မှုရဲ့ အဓိကတရားခံကြီးတခုဖြစ်တဲ့ ပြည်တွင်းရေနံ ပိတ်တာတွေကို ပြန်ဖွင့်ဖို့၊ ပိုက်လိုင်းသစ် တည်ဆောက်ဖို့တွေ လုပ်နေပါတယ်။ နယူးအင်္ဂလန်ဒေသဟာ အမေရိကန်မှာ စွမ်းအင်ဈေးအကြီးဆုံး ဖြစ်နေတဲ့အတွက် နယူးယောက်ဘက်ကနေ ပိုက်လိုင်းပြေးရင် တအိမ်ထောင်ကို တနှစ် ၅၀၀၀လောက် အထိ သက်သာသွားနိုင်တယ်လို့ ဆိုပါတယ်။

အီလွန်က အစိုးရဌာနတိုင်းမှာ လေလွင့်/လိမ်စားမှုတွေ ရှိနေကြောင်း၊ software license တွေ မီဒီယာ subscription တွေ၊ အစိုးရ ခရက်ဒစ်ကဒ်တွေဟာ ဌာနဆိုင်ရာဝန်ထမ်းဦးရေထက် အများကြီး ပိုများနေပြီး တကြိမ်တခါမှ အသုံးပြုထားခြင်း မရှိတာကို တွေ့ရကြောင်း၊ ခရက်ဒစ်ကဒ်တွေဆိုရင် တကဒ်ကို တသောင်း limit ရှိတဲ့ကဒ်တွေဆိုတော့ အဲဒီကနေ အလေအလွင့်တွေ၊ အလွဲသုံးစားမှုတွေ အများကြီး ဖြစ်နေကြောင်း ဆီနိတ်တာ တဒ်ခရုဇ်နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ Software license တွေက ဘေလ်ဂိတ်စ်တို့လို လူတွေနဲ့ပေါင်းစားနေတာ ဖြစ်နိုင်သလို ဒီမိုကရက်လက်ကိုင်ဒုတ် မီဒီညာတွေကို ပြည်သူ့အခွန်ထဲက ပြန်ခွံ့ထားတာ တွေ့ရမှာပါ။ ပြည်သူ့ပိုက်ဆံနဲ့ ပြည်သူကို ပြန်မှိုင်းတိုက်/ လိမ်နေတဲ့ ဒီမိုကရက်တွေကို ဗဟုသုတနည်းပါးတဲ့ ပြည်သူတွေက ကျေးဇူးရှင်ကြီးများအလား ထင်ကြသေးတာပါ။

ဘဏ္ဍာရေးဝန်ကြီးးဌာနကနေ payment တွေလုပ်ပေးနေတဲ့ payment account manager ဆိုတဲ့သဘော နာမည်ပေးထားတဲ့ ကွန်ပြူတာတွေကနေ တနှစ်ကို ၅ထရီလီယံလောက်အထိ ပေးနေတာဖြစ်တော့ တနာရီကို ၁ဘီလီယံနှုန်းလောက် ဖြစ်နေပါတယ်။ အဲဒီကွန်ပြူတာမျိုး ၁၄လုံး ရှိပြီး code မရှိ၊ အကြောင်းပြချက်မရှိပဲ ပေးချင်သလို ပေးလို့ရနေတာပါ။ အီလွန်တို့နဲ့ ဘဏ္ဍာရေး ဝန်ကြီးသစ်တို့က ဒီက ရှေ့လျောက် ပြုလုပ်မယ့် payment တွေကို code နဲ့ အမှတ်အသားပြုပြိး Congress Appropriation Committee ကို တင်ပြဖို့ သဘောတူညီထားပါပြီ။ အဲဒီလောက်လေး ပြုပြင်လိုက်တာနဲ့ကို တနှစ်ကို ဘီလီယံ ၁၀၀လောက် အသာလေး ချွေတာနိုင်မှာ ဖြစ်ပါတယ်။ သူများ ss နံပါတ်တွေကို ခိုးယူပြီး လုပ်စားနေကြတာတွေလည်း အများကြီး ရှိနေတဲ့အတွက် အဲဒါတွေကို စီစစ်လိုက်ရင် ဖက်ဒရယ်အသုံးစားရိတ်ရဲ့ ၁၀%လောက်ဖြစ်တဲ့ ထရီလီယံဝက်လောက် ထပ်သက်သာသွားဦးမှာပါလို့ အီလွန်က Larry Kudlow နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

ပြည်သူ့ဘဏ္ဍာကနေ ခိုးချင်တိုင်း ခိုးနေကြလို့ တိုင်းပြည်က တဖြည်းဖြည်း ကြွေးထူလာပြီး အဲဒီကြွေးမြီက လူထုအိတ်ထဲက ပြန်နှိုက်တာဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်စားသူတွေ ချမ်းသာလာတာ ပြည်သူ့ပိုက်ဆံတွေနဲ့ပါပဲ။ အစိုးရကွန်ပြူတာတွေကနေ ပြည်သူ့ပိုက်ဆံတွေကို non-profit တွေဆီ အစစ်အဆေးမရှိ ပို့နိုင်နေပြီး အဲဒီ ပရဟိတအမည်ခံအဖွဲ့တွေက သူတို့ခေါင်းဆောင်တွေကို လစာ အများကြီးပေး၊ အကြီးအကျယ် ဇိမ်ခံတဲ့ စားရိတ်အကုန်ကို အဲဒီပရဟိတတွေကနေ အသုံးစားရိတ်ပြ၊ လေယာဥ်တွေ၊ အိမ်တွေ ဝယ်တဲ့အထိပါပဲ။ ဘလက်လိုက်ဖ်မက်တာဆိုတဲ့အဖွဲ့ ခေါင်းဆောင်လည်း အဲဒီလိုနဲ့ ချမ်းသာနေတာပါ။ ပြည်သူ့အခွန်နဲ့ ဘုရင်ကြီးတွေ ဘုရင်မကြီးတွေလို ဇိမ်ခံနေကြပါတယ်။

ခွက်ပျောက်သူများကတော့ အီလွန်ရဲ့ DoGE ကို အသည်းအသန် တိုက်ခိုက်ကြပေမယ့် အီလွန်က ဌာနဆိုင်ရာတွေရဲ့ ပေါ်လစီပိုင်း ဥပဒေပိုင်းကို ပြောင်းလဲပစ်နေတာ မဟုတ်ပဲ အသုံးစားရိတ်တွေကိုပဲ စီစစ်ပြီး ရှေ့လျောက် သုံးသမျှ accountability ရှိစေဖို့ နည်းပညာအကူအညီပဲ ပေးတာဖြစ်ပါတယ်။ အီလွန်က သူတို့ရဲ့ DoGE ဝက်ဘ်ဆိုက်မှာ ဘာ Grant တွေ ဘယ်မြေ/အဆောက်အဦငှားရမ်းမှုတွေ ရပ်တန့်/ဖျက်သိမ်းထားတယ်၊ အဲဒီတခုချင်းစီကနေ ပြည်သူ့ဘဏ္ဍာ ဘယ်လောက် သက်သာသွားတယ် ဆိုတာ အကုန်တခုမကျန် ချပြထားပါတယ်။ သူ့ကို အကျယ်လောင်ဆုံး တိုက်ခိုက်နေကြသူတွေက စားပေါက်အပိတ်ဆုံးသူတွေဖြစ်ပြီး ဘယ်တခုကို မကျေနပ်တာလဲ ပြပါဆိုရင် ဘာမှ ရေရေရာရာ မပြနိုင်ကြတာကို တွေ့ရမှာပါ။

ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခပေးနေတဲ့ ဗင်နီဇွဲလားက Tren de Aragua ဂိုဏ်းဝင်ပေါင်း ၂၃၈ဦးနဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်မှုနဲ့ နာမည်ကြီးတဲ့ MS-13 ဂိုဏ်းဝင် ၂၃ဦးကို အယ်လ်ဆာဗေးဒိုးက Centre for the Confinement of Terrorism (CECOT) ဆီ $ ၆သန်းနဲ့ တနှစ်(ထပ်တိုးနိုင်) လွှဲပြောင်းပေးခဲ့ပါတယ်။ အယ်လ်ဆာဗေးဒိုးအကျဥ်းထောင်တွေက အရင်က ရက်စက်မှု၊ ခြစားမှုတို့နဲ့ နာမည်ကြီးခဲ့ပေမယ့် သမ္မတဘူကလေးလက်ထက်မှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့လို့ အခုအခါမှာ ကမ္ဘာ့အဆိုးဆုံးလို့ ဆိုရလောက်တဲ့ ဂိုဏ်းသားတွေကို အခကြေးငွေနဲ့ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနေနိုင်ပြီ​ဖြစ်ပါတယ်။ ဒီလိုလူတွေကို အမေရိကန်မြေပေါ်မှာထားရင် ပြည်သူတွေအသက် လုံခြုံမှု အန္တရာယ်ရှိသလို အမေရိကန်အကျဥ်းထောင်တွေမှာ ထားပြန်ရင်လည်း စားရိတ်စက ကြီးလွန်းတဲ့အပြင် အခြားအကျဥ်းသားတွေပါ အန္တရာယ် ရှိနိုင်တာပါ။ အဲဒါကို ကာပြန်နေကြတဲ့ တရားသူကြီးနဲ့ မီဒီညာတွေမှာ ပြည်သူ့အကျိုးလိုလားမှု လုံးဝ မရှိနိုင်ပါဘူး။

ကမ္ဘာ့အရေးမှာဆိုရင်လည်း လူပေါင်းများစွာ မရှုမလှ သေကြေနေကြရတဲ့ ယူကရိန်းစစ်ကို ရပ်တန့်နိုင်အောင် စစ်နဲ့လုပ်စားတဲ့ ကမ္ဘာ့ရွာ ဒိစတိတ် ဒီမိုကရက်တွေ အစွမ်းကုန် ကဖျက်ယဖျက် လုပ်နေတဲ့ကြားက ကြိုးစားပေးနေတာ အခုဆိုရင် ပူတင်က ရက်၃၀ တဖက်နဲ့တဖက် စွမ်းအင် infrastructure တွေကို ပစ်ခတ်တိုက်ခိုက်မှုမပြုဖို့ ယူကရိန်းနဲ့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ ယူကရိန်းစစ်သားတွေ အဝိုင်းခံနေရတာကို ရုရှားဘက်က အလွယ်ချေမှုန်းနိုင်ပေမယ့် သမ္မတထရမ့်က ယူကရိန်းစစ်သားတွေအသက်ကို ချမ်းသာပေးဖို့ ပူတင်ကို တောင်းဆိုထားပါတယ်။

အခုထရမ့်အစိုးရနဲ့ အီလွန်တို့ လုပ်နေကြတာတွေအပေါ် ဘယ်ပြည်သူပြည်သားကမှ​ မကြိုက်စရာ မရှိပေမယ့် ရှေ့သမ္မတအဆက်ဆက်ကတည်းက တိုင်းပြည်ကို ဂုတ်သွေးစုပ်၊ ကမ္ဘာကို ထင်သလို ချယ်လှယ်နေခဲ့ကြတဲ့ ကမ္ဘာ့ရွာ၊ ဒိစတိတ်ကြိုးဆွဲများက ကမ္ဘာကြီးကို အုပ်စိုးဖို့ နှစ်ပေါင်းများစွာ အကွက်ချစီမံလာခဲ့တဲ့ ၎င်းတို့ရဲ့ အစီအစဥ်တွေကို လွယ်လွယ်နဲ့ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ထရမ့်အိမ်ဖြူကို မရောက်ခင်ကတည်းက သတင်းမှားတွေ၊ အမုန်းမှိုင်းတွေနဲ့ ခပ်စိတ်စိတ် တိုက်ခိုက်လာကြသလို အီလွန်ကိုလည်း နောက်ဆုတ်ချင်လာအောင် ဆန္ဒပြရုံတင်မက တက်စ်လာစတော့ကို အုံနဲ့ကျင်းနဲ့ short sale လုပ်ကြ၊ တက်စ်လာကားတွေ လိုက်မီးရှို့ကြ၊ တက်စ်လာအားဖြည့်စင်တာတွေ၊ ဆားဗစ်စင်တာတွေကို ဝင်မီးရှို့ကြနဲ့ ၂၀၂၀ ဂျော့ဖလွိုက်ကိစ္စတုန်းက အတိုင်း ဆူပူမှုတွေ ဖန်တီးလာကြပါတယ်။

ခုတခါမှာတော့ အီလွန်က သူ့စတော့ကို ဘယ်သူတွေ တိုက်ခိုက်နေတယ်၊ ဆူပူမှုတွေကို ဘယ်သူက ဖန်တီးနေတယ်ဆိုတာကို ဖော်ထုတ်လိုက်ပါပြီ။ ဆူပူမှုတွေကို ဖန်တီးပေးနေတာက ActBlue ဆိုတဲ့ ဒီမိုကရက် ရန်ပုံငွေရှာတဲ့ political action committee ပါ။ မြန်မာပြည်က ကြံ့ဖွံ့တွေ ၅၀၀၀စားတွေ ငှားပြီး ဆူပူစေသလိုပါပဲ။ ActBlue ကို ထောက်ပံ့ပေးနေသူတွေထဲမှာ နိုင်ငံခြားအဖွဲ့အစည်းတွေ ဥပဒေနဲ့ ဆန့်ကျင်ပြီး ပါနေသလို အမွှေစိန်ဆိုရော့စ်တို့လည်း ပါနေပါတယ်။ တက်စ်လာစတော့ကို အုံနဲ့ကျင်းနဲ့ ဝိုင်းဖြုတ်ဖို့ ကြိုးစားကြတာဟာလည်း အမွှေစိန်လက်ချက်ပါပဲ။ အမွှေစိန်က ၁၉၉၂မှာ ဗြိတိန်ငွေကြေးကို ၁၀ဘီလီယံဖိုး short sale လုပ်ပြီး Bank of England ကို ဖြူခါပြာခါ ကျအောင် လုပ်ခဲ့သလို၊ ၁၉၉၇မှာ မြန်မာနိုင်ငံကို အာဆီယံထဲ ဝင်ခွင့်ပေးခဲ့လို့ ဒဏ်ခတ်တဲ့ အနေနဲ့ ထိုင်းနဲ့ မလေးရှား ငွေကြေးတွေကို ကစားခြင်းဖြင့် စီးပွားရေးပြဿနာတက်အောင် လုပ်ခဲ့သူဖြစ်ပါတယ်။

ခုတလော သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေတဲ့ DVB ရဲ့ အဓိကစပွန်ဆာကလည်း အဲဒီ အမွှေစိန်ပါပဲ။ USAID နဲ့ ဥရောပလစ်ဗြဲအဖွဲ့တချို့လည်း ပါပေမယ့် အဓိကက အမွှေစိန်ပါ။ အမွှေစိန်နဲ့ အတူ စတော့တိုက်ခိုက်မှု၊ မီဒီညာတိုက်ခိုက်မှုတွေမှာ ပါဝင်နေနိုင်တာက ကမ္ဘာမှာ အာဏာအရှိဆုံးဆိုတဲ့ ဘလက်ရော့ခ်၊ စတိတ်စထရိ၊ ဗန်ဂတ်တို့က လက်မဲကြီးတွေပါ။ အဲဒီအကြောင်း ဩဂုတ် ၂၆ ၂၀၂၄တုန်းက ရေးခဲ့ပြီးပါပြီ။ မီဒီညာတွေက ထွက်နေတဲ့အသံနဲ့ ဝမ်ယိနဲ့ တရုတ်စီစီပီ ထွက်နေတဲ့ လေသံက ဘာလို့ တထပ်တည်းဖြစ်နေတာလို့ ထင်ကြသလဲ။

အမွှေစိန် လုပ်ခဲ့သမျှမှာ သူနဲ့ ကမ္ဘာရွာအဖွဲ့သားအီလိတွေ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်ဖို့ကလွဲရင် ဘယ်နိုင်ငံ ကောင်းစားရေး၊ ဘယ်ပြည်သူအေးချမ်းရေးမှ မပါပါဘူး။ အာဏာရှင်ဖြစ်ချင်သူ ကမ္ဘာ့ရွာအဖွဲ့သားတွေနဲ့ အမြဲ အလွမ်းသင့်တာက အာဏာရှင် ကွန်မြူနစ်တရုတ်ဖြစ်နေပါတယ်။ သူ့မှာ ကမ္ဘာ့နိုင်ငံတွေကို လိုသလိုကစားနိုင်တဲ့ အင်အားရှိနေတာပဲ၊ မြန်မာပြည်အရေး ကူချင်ရင် ကူနိုင်နေတာပဲလေ။ ဒေါ်စုက သူတို့မောင်းနေတဲ့ ဝုတ်ခ်အိုင်ဒီယာတွေ လက်မခံခဲ့လို့ ဒေါ်စုကို ပစ်ထားခဲ့တာပဲမဟုတ်လား။ ဒေါ်စုကို ချစ်ပြခဲ့ကြတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေရော အသက် ၈၀နီးနေတဲ့ ဒေါ်စု မတရား ထောင်ချခံနေရတာ ဘာတခွန်းပြောခဲ့ကြသလဲ။

ထရမ့်တို့ အီလွန်တို့ လုပ်နေတဲ့ သူခိုးဖမ်း၊ ယိုပေါက်ပိတ်တာမျိုးကို မြန်မာပြည်မှာ ဒေါ်စုအစိုးရ လုပ်ခဲ့ရင် အခု ထရမ့်နဲ့ အီလွန်ကို ဖောင်းထုနေကြတဲ့ မြန်မာများ အားပေးကြမှာလား၊ ဖောင်းထု ကြဦးမှာလား။ ထရမ့်က မြန်မာပြည် အတွက် ကောင်းမှာမဟုတ်ဘူးဆိုသူများ ဒေါ်စုတက်ခဲ့တဲ့ တချိန်လုံး တရုတ်နဲ့ မအလကို မှုစရာ မလိုခဲ့ပဲ အေးအေးချမ်းချမ်း အုပ်ချုပ်နိုင်ခဲ့တာ ဘာကြောင့်လို့ ထင်နေကြတာလဲ။​ ထရမ့်က မြန်မာပြည်အတွက် ဘာမှမလုပ်ပေးပါဘူးဆိုပြီး ဖောင်းထုနေသူများ အမွှေစိန်ဘက်ကရပ်ပြီး အသံတူထွက်တော့ တရုတ်ကို ဖျင်ပေးသလို ဖြစ်မနေဘူးလား။

မြန်မာပြည်အရေးမှာ တရုတ်က အဓိက ကျတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပြည်သူခုထိ ညီနေသေးတာရယ်၊ မအလက ညံ့ဖျင်းလွန်းတာရယ်ကြောင့်သာ တရုတ်က ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတာပါ။ စစ်အစိုးရ အဆက်ဆက်နဲ့ တရုတ်တို့က ပြည်သူကို ဂျင်းကျွေးတဲ့နေရာမှာ ဆရာကြီးတွေပါ။ ရန်သူကို မိတ်ဆွေထင်၊​ မိတ်ဆွေကို ရန်သူထင်ပြီး အချင်းချင်း ကွဲပြဲကုန်အောင် လုပ်လိမ့်မယ်ဆိုတာ နိုင်ငံရေးနယ်ကလူတိုင်း မျှော်လင့်ထားရမယ့် ကိစ္စပါ။ သတိအမြဲ ရှိကြဖို့လိုပါတယ်။

Leave a comment