မတ်လ ၃၁ရက် ၂၀၂၅

Fox News က Bret Baier က အီလွန်နဲ့ ဌာနပေါင်းစုံကို ကူညီနေတဲ့ DoGE အဖွဲ့ကို မတ်လ ၂၈ရက်က အင်အာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့သားတွေက လုပ်ငန်းကြီးတွေ လုပ်ကိုင်နေကြတဲ့ ဘီလျံနာ မီလျံနာ လုပ်ငန်းရှင်တွေဖြစ်ကြပြီး တိုင်းပြည်အတွက် သမိုင်းဝင်မ​ယ့်ပြောင်းလဲမှုအတွက် သူတို့ရဲ့ ကိုယ်ပိုင် လုပ်ငန်းတွေကို ဘေးချိတ်ပြီး လာကူပေးနေကြတာ ဖြစ်ပါတယ်။ အီလွန်ရဲ့ ညာလက်ရုံးက Cost cutting မှာ လက်သံပြောင်သူ Steve Davis ဖြစ်ပါတယ်။ သူက အီလွန့်ရဲ့ ကုမ္ပဏီပေါင်းစုံမှာ အရေးကြီးတဲ့နေရာတွေက လုပ်ခဲ့ဖူးပြီး အကောင်းဆုံးလုပ်ခဲ့တာက cost cutting ပါပဲ။

အစိုးရ inefficiency အကြောင်းပြောရရင် ပင်ဆယ်လ်ဗေးနီးယားက ပင်စင်မိုင်းအကြောင်းပါမှ ရပါမယ်။ ပင်စင်သွားချင်သူတွေဟာ စာရွက်စာတမ်းအထပ်လိုက် ဖြည့်တင်ရပြီး အဲဒီစာရွက်တွေကို ဂူထဲမှာ အထပ်ဆယ်ထပ်ရှိတဲ့ ဖိုင်ဘီဒိုပေါင်း ၂သောင်း ၂ထောင်ကျော်မှာ သိမ်းထားတာဖြစ်ပါတယ်။ လူအားနဲ့ လုပ်ရတာဖြစ်တော့ တလကို လူ ၈၀၀၀ထက် ပိုပြီး ပင်စင်ပေးလို့ မရပါဘူး။ တင်လိုက်တဲ့ စာရွက်စာတမ်းတွေ အတည်ပြုဖို့ကလည်း ၆-၉လလောက် ကြာသေးတာပါ။ အခုတော့ ဒစ်ဂျစ်တယ်လုပ်တော့မှာဆိုတော့ အချိန်ရော ဝန်ထမ်းအင်အားပါ သက်သာသွားတော့မှာပါ။ အဲဒီပရောဂျက်အတွက် အီလွန်ကို ကူနေသူက Airbnb ဖောင်ဒါတဦးဖြစ်တဲ့ ဘီလျံနာ Joe Gebbia ဖြစ်ပါတယ်။

DoGE အင်ဂျင်နီယာတဦးဖြစ်တဲ့ Aram Moghaddassi က အစိုးရကွန်ပြူတာစနစ်တွေက တနှစ်ကို ဘီလီယံ ၁၀၀လောက် ကုန်ကျပြီး funding system တွေက အနှစ် ၅၀ကျော် သက်တမ်းရှိနေပြီဖြစ်လို့ ခေတ်မမီတော့တဲ့ စက်တွေကို ထိန်းသိမ်းဖို့ ကုန်ကျစားရိတ် များလွန်းပြီး ထိရောက်မှု မရှိကြောင်း၊ SS payment တွေမှာ တွေ့ရတာက ဖုံးခေါ်ပြီး ထည့်ရမယ့် ဘဏ်အကောင့်ပြောင်းခိုင်းတဲ့ ဖုံးခေါ်မှုမျိုး နေ့တိုင်းကြုံနေရကြောင်း၊ အဲဒီဖုံးတွေရဲ့ ၄၀%က လက်ခံရယူနေသူတွေက ခေါ်ဆိုတာမဟုတ်ပဲ လိမ်ညာသူတွေက ခေါ်ဆိုကြတာဖြစ်ကြောင်း၊​ အဲဒီလို ဆက်လိမ်လို့ မရဖို့နဲ့ SS payment တွေ ရသင့်တဲ့လူဆီ မြန်မြန်နဲ့ လုံလုံခြုံခြုံရောက်ဖို့ ခေတ်မီစနစ်တွေနဲ့ လုပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

HHS မှာ ကူနေတဲ့ Brad Smith က Russell Street Ventures ရဲ့ founder & CEO ဖြစ်ပြီး တခြား healthcare ကုမ္ပဏီတွေကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ သူက ထရမ့်လက်ထက် HHS လက်အောက်မှာ အမေရိကန်ဟာ biomedical သုတေသနမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်လာစေရမှာဖြစ်ပြီး မက်ဒီကိတ်၊ မက်ဒီကဲကို ရာနှုန်းပြည့် အကာအကွယ်ပေးသွားမှာဖြစ်ကြောင်း၊ သုတေသနနဲ့ ပတ်သက်ပြီး ၁၀၀ချပေးရင် သုတေသီက ၆၀ပဲသုံးရပြီး၊ တက္ကသိုလ်က ၄၀ ရနေတဲ့အစား ရောဂါပျောက်မယ့် ဆေးနည်းသစ်ကို တကယ်ရှာဖွေပေးမယ့် သုတေသီက ၈၅အထိ သုံးနိုင်အောင်  တက္ကသိုလ်က ၁၅ နဲ့ အဆိုပြုထားကြောင်း၊​ NIH မှာ ရောဂါအလိုက်ရော ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက်ပါ database တခုစီလုပ်လာခဲ့တာ အခုဆိုရင် IT စနစ်ပေါင်း ၇၀၀လောက်ရှိပြီး CIO ပေါင်း ၂၇ဦးရှိကြောင်း၊ IT စနစ်တခုနဲ့တခု ချိတ်ဆက်မှု မပြုနိုင်တာကြောင့် ဘယ်လောက်ကောင်းတဲ့ ဆေးပဲပေါ်ပေါ်  ပြည့်စုံတဲ့ ဒေတာတွေ ဘယ်လိုမှ ရမနေကြောင်း၊ အဲဒါတွေ ပြင်လိုက်ရင် ပြည်သူတွေအတွက် အများကြီး အကျိုးရှိသွားမှာဖြစ်ကြောင်း ရှင်းပြသွားပါတယ်။

Morgan Stanley က banker တဦးဖြစ်တဲ့ Anthony Armstrong က HHS မှာ communication officer ပေါင်း ၄၀ရှိကြောင်း၊ သူတို့က မတူတဲ့တာဝန်တွေ ယူထားတာမျိုးမဟုတ်ပဲ တာဝန်တွေ ထပ်နေတာဖြစ်ကြောင်း၊ IRS မှာ ဝန်ထမ်းတွေကို Laptop နဲ့ ဆဲလ်ဖုံး ထုတ်ပေးရတဲ့ဝန်ထမ်းတင် ၁၄၀၀လောက် ရှိကြောင်း၊ အဲဒီဝန်ထမ်းတဦးက တနေ့ကို ၂ခုပဲ ထုတ်ပေးနိုင်တာဖြစ်ကြောင်း၊ အဲဒီလို အလေအလွင့်တွေ များနေတာဖြစ်ကြောင်း ပြောသွားပါတယ်။

Treasury မှာ Fiscal ရေးရာလက်ထောက်ဝကဖြစ်တဲ့ Tom Krause က investment banker တဦးဖြစ်ခဲ့သလို Cloud Software Group ရဲ့ CEO လည်း ဖြစ်ပါတယ်။ သူက ဘဏ္ဍာရေးဌာနက ထွက်သမျှငွေတွေကို စီစစ်နေရသူဖြစ်ပြီး အစိုးရက ပေးသမျှပိုက်ဆံအကုန်လုံးက ဘဏ်အကောင့် တခုထဲကနေ ထွက်နေတာဖြစ်ပေမယ့် ဘယ်ကိုထွက်နေတယ်ဆိုတာ စစ်ဆေးမှုမရှိကြောင်း၊ ဒါကြောင့်လည်း တနှစ်ကို အလိမ်အညာပေးမှုတွေကတင် ဘီလီယံ ၅၀၀၊ မလျော်ပေးမှုတွေက ဘီလီယံ ၁၀၀ စသဖြင့် ပြုန်းတီးနေတာဖြစ်ကြောင်း၊ ပုဂ္ဂလိကဘက်မှာ အဲဒီလိုဖြစ်ခဲ့ရင် တာဝန်ရှိသူက ချက်ချင်းအလုပ်ပြုတ်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ရေနံကုမ္ပဏီတခုအပါအဝင် ကုမ္ပဏီပေါင်း ၅ခုကို ဦးဆောင်ခဲ့သူTyler Hassen ကတော့ သူ့အလုပ်တွေအကုန် လွှတ်ချခဲ့ပြီး  ပြည်ထဲရေးဌာနအတွက် DoGE ကို ကူနေသူဖြစ်ပါတယ်။ သူဟာ ဒီလထဲမှာ ပေါ်လစီ၊ စီမံနဲ့ ဘတ်ဂျက်ဆိုင်ရာ လက်ထောက်ဝကအဖြစ် အစမ်းခန့်အပ်ခံရပါတယ်။ သူက အစိုးရရဲ့ ကန်ထရိုက်တွေ၊ ဂရန့်တွေကို စီစစ်ပေးရပြီး မေးခွန်းထုတ်စရာဖြစ်နေတာတွေကို ဝန်ကြီး Doug Burgum ဆီတင်ပြပေးရတာပါ။ အရင်က ဌာနတွင်း စီစစ် oversight လုပ်ပေးတာမျိုး မရှိခဲ့ပါဘူး။

ဆာဗေးမန်းကီးမှာ တသောင်းလောက်နဲ့ လုပ်လို့ရတဲ့ ရိုးရိုးအွန်လိုင်းဆာဗေးတွေကို အစိုးရက လုပ်တဲ့အခါ ၁ဘီလီယံလောက်အထိ ကုန်ကျသွားပေမယ့် feedback loop ကို သေချာလုပ်မထားတော့ အဲဒီဆာဗေးက ဘာအကျိုးမှ မရှိတော့ပဲ ဖြစ်သွားပါတယ်။ အဲဒီလို မလိုအပ်ပဲ ကုန်မယ့်ပိုက်ဆံက အိမ်ယာမဲ့စစ်ပြန် ၄၀၀၀လောက်ကို အိမ်အခမဲ့ ပေးသွားနိုင်တယ်လို့ အီလွန်က ဆိုပါတယ်။

DoGE က Small business loan ပေါင်း သန်း ၃၀၀ကျော်ဖိုးကို အသက် ၁၁အောက် ကလေးတွေ (အငယ်ဆုံးချေးသူက ၉လ ဘေဘီလေးပါ) အတွက် ထုတ်ပေးထားတာတွေ့ရသလို နောက်ထပ် သန်း ၃၀၀ကိုလည်း အသက် ၁၂၀ကျော်တွေဆီ ထုတ်ချေးထားတာ တွေ့ရကြောင်း၊ အဲဒါတွေက သူများ SS ကို ခိုးယူပြီး ချေးထားတာတွေဖြစ်ကြောင်း၊ ဒါတွေ ဖြစ်ရတဲ့အကြောင်းက ကွန်ပြူတာတွေ တခုနဲ့တခု ဆက်သွယ်မှုမရှိတဲ့အတွက် အဲဒီချေးသူဟာ ဘယ်အရွယ်၊ ဘာဆိုတာ မသိတာဖြစ်ကြောင်း၊ အစိုးရယန္တယားထဲက ကွန်ပြူတာတွေ အချင်းချင်း ချိတ်ဆက်ထားနိုင်ရင် အခုလို လိမ်နေတာတွေ အများကြီးလျော့ကျသွားမှာဖြစ်ကြောင်း၊ ကာကွယ်ရေးဌာနမှာ ဆီနိတ်တာ ဆူဆန်ကောလင်းစ်က ရေငုတ်သင်္ဘောဝယ်ဖို့ ၁၂ဘီလီယံပေးထားတယ်ဆိုတာက အထွက်သာရှိပြီး ဘာရေငုတ်သင်္ဘောမှ ရမလာကြောင်း၊ အဲဒီလို အစပျောက်နေတာတွေတင် ဘီလီယံ ၃၀လောက် အနဲလေးရှိကြောင်း၊ စသဖြင့် အီလွန်က ပြောသွားပါတယ်။

SS နဲ့ပတ်သက်လို့ Green Bay, Wisconsin မှာ Supreme court အရွေးခံမယ့် Brad Schimel ကို ထောက်ခံပေးတဲ့ town hall event မှာ အီလွန်နဲ့ သူ့ကို SS နဲ့ပတ်သက်ပြီး ကူနေတဲ့ Antonio Gracias က နိုင်ငံသားမဟုတ်သူတွေ SS နံပါတ်ရခဲ့တဲ့ အရေအတွက်က ၂၀၂၁မှာ ၂၇၀,၀၀၀ ရှိခဲ့ရာက ၂၀၂၄မှာ ၂.၁သန်းအထိ ထိုးတက်သွားခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။ ဘိုင်ဒန်တို့ သွင်းလာတဲ့လူတွေဟာ ခိုလှုံခွင့်အမြန်ရပြီး တနှစ်အတွင်း အမြဲနေထိုင်ခွင့်ရကာ နောက် ၄နှစ်ဆို နိုင်ငံသားဖြစ်ဖို့အထိ လုပ်ပေးထားတာပါ။ ဘိုင်ဒန်တို့က အဲဒီလူတွေကို မက်ဒီကိတ်အပါအဝင် တော်ရုံပြည်သူတွေတောင် မရတဲ့ benefit အပြည့်အစုံ ပေးထားရတဲ့အကြောင်းရင်းကတော့ ဆွင်းစတိတ်တွေ လုံးဝ ပပျောက်သွားပြီး နိုင်ငံကို တပါတီအာဏာရှင်နိုင်ငံ ဖြစ်လာစေဖို့ပါပဲ။ သေဆုံးပြီးသူ သန်း ၂၀ကိုလည်း alive လို့ ပြထားပြီး ခံစားခွင့်တွေ လိမ်ထုတ်နေကြတာက အရင်တင်ပြခဲ့ပြီးပါပြီ။

DoGE က အမြဲအရှုံးပေါ်နေတဲ့ USPS ကိုလည်း စစ်ဆေးရေးဝင်ခဲ့ပါတယ်။ စာတိုက်မင်းကြီးကတော့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး သိပ်မကြာခင်မှာ အလုပ်ကနှုတ်ထွက်သွားခဲ့ပါတယ်။ USPS က ၂၀၂၄မှာ ၉.၅ဘီလီယံ အရှုံးပေါ်ခဲ့ပြီး ၂၀၃၀အထိ နောက်ထပ် ဘီလီယံ ၆၀-၇၀လောက် အရှုံးပေါ်ဖို့ ရှိနေပါတယ်။​ တကယ်သုံးနေတာတွေက တကယ်မလိုတဲ့ အပိုဆာဒါးတွေဖြစ်တာကြောင့် reform သေချာလုပ်လိုက်ရင် ပြည်သူ့အခွန်ငွေ သက်သာမှာဖြစ်ပါတယ်။ အရင်ဆုံး USPS ရဲ့ ၂သိန်းလောက်ရှိတဲ့ ယာဥ်တွေကို လျှပ်စစ်ကားအများစုနဲ့ အစားထိုးဖို့လုပ်နေတာက စရမှာပါ။ ၂၀၂၁က ပလန်အရ EV ၆၆,၀၀၀ ပါဝင်တဲ့ ယာဥ် ၁သိန်းလောက်ကို အစားထိုးဖို့ စီစဥ်ထားတာက ၁၀ဘီလီယံ ကုန်မှာပါ။ EV က ဆီကားထက် အနည်းလေး ၁-၂သောင်းမက ပိုကုန်တဲ့အပြင် မှာရတာ ပိုကြာပါတယ်။ ၂၀၂၂မှာ ကွန်ဂရက်စ်က EV ဝယ်ဖို့ ၃ဘီလီယံချပေးတာမှာ ၁.၂၉ဘီလီယံက EV၊ ၁.၇၁ဘီလီယံက အားသွင်းစတေရှင်တွေ ဆောက်ဖို့ဖြစ်ပါတယ်။ ဆီကားပဲသုံး၊ တနင်္လာ-သောက်ြာပဲစာပို့၊ Dear Santa ဆိုတဲ့ တီဗီရှိုးကို ဖျက်သိမ်းလိုက်ရင်ပဲ တနှစ် ၇ဘီလီယံလောက် သက်သာနေပါပြီ။

Leave a comment