ဧပြီလမှာ အလုပ်အကိုင်သစ်ပေါင်း ၁၇၇,၀၀၀ ဖန်တီးပေးနိုင်ခဲ့ပြီး အလုပ်လက်မဲ့နှုန်းက ၄.၂% နဲ့ ပြောင်းလဲမှု မရှိပါဘူး။ ဒီနံပါတ်က မတ်လက ၁၈၅,၀၀၀ ထက် အနည်းငယ်လျော့သွားပေမယ့် ခန့်မှန်းနံပါတ်က ၁၃၀,၀၀၀ဖြစ်လို့ ခန့်မှန်းထက် အများကြီးပိုတဲ့အတွက် စတော့ဈေးကွက် အညွှန်းကိန်းတွေ treasury yield တွေ တက်သွားသလို ဒေါ်လာလည်း ပြန်မာလာပါတယ်။ အလုပ်အကိုင်သစ် အများစုက ကျန်းမာရေး ၅၁,၀၀၀၊ transportation and warehousing 29,000, financial activities 14,000 ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမှာ ၁,၀၀၀ လျော့သွားပါတယ်။ နိုင်ငံခြားလုပ်သား ၄၁၀,၀၀၀ လျော့သွားပေမယ့် အလုပ်လက်ရှိ အမေရိကန်ဖွားတွေ ၁သန်းကျော် တိုးလာပါတယ်။
ဒီနှစ် ပထမ ၃လပတ် GDP က ၀.၃% လျော့သွားတယ်လို့ သတင်းထွက်လာတဲ့နောက်မှာ မီဒီညာနဲ့ လစ်ဗြဲတွေက ပြည်သူကို အကြောက်တရားနဲ့ မှိုင်းတိုက်နေကျအတိုင်း ရီဆက်ရှင်ဖြစ်တော့မှာလို့ ဝမ်းသာအားရ လေသံ ပစ်ကြပါတယ်။ ကျသွားရတဲ့ အကြောင်းရင်းတွေက ဧပြီ Tariff ကိုရှောင်ဖို့ သွင်းစရာရှိတာတွေကို အလုံးအရင်းနဲ့ ကြိုသွင်းထားကြတာရယ် အစိုးရ အသုံးစားရိတ် ကျသွားတာရယ်ကြောင့် ဖြစ်ပါတယ်။ Q1 မှာ သွင်းကုန် ၄၁.၃% တက်သွားခဲ့တာပါ။ တဦးချင်းစားသုံးမှု ၁.၈%တက်တာက အရင် ၄% ကို မမှီပေမယ့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ၂၁.၉% တက်သွားတာက အားရစရာ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ပြည်သူတွေ အသုံးအဖြုန်းလျော့ပြီး စတော့ဝယ် ဘွန်းဝယ် လုပ်ထားကြတာမျိုးပါ။
သွင်းကုန်တွေဟာ GDP မှာ အနှုတ်လက္ခဏာပြတာဖြစ်တဲ့အတွက် သွင်းလာတဲ့ ၃၃၃ဘီလီယံဖိုး (-5%) ကုန်စည်တွေက inventory ဂိုထောင်ထဲမှာ ရှိရင်ရှိ (သို့) သုံးလိုက်တဲ့ consumption မှာ စာရင်းသွင်းပြီးမှ အပေါင်းလက္ခဏာ ပြန်ဖြစ်ပါတယ်။ Commerce Dept က သွင်းကုန်နဲ့ inventory နံပါတ်တွေကြား ၁၉၃ဘီလီယံ ကွာနေတာဆိုတော့ Inventory မသွင်းရသေးတဲ့ သွင်းကုန်တွေကို စာရင်းသွင်းလိုက်ရင် GDP က ၃.၂% ဖြစ်လာပါလိမ့်မယ်လို့ NEC Director Kevin Hassett က ဆိုပါတယ်။ Q1 မှာ inflation 0%, real final sales 3%,နဲ့ business spending 22.5% တက်ကြတာ ဖြစ်လို့ စီးပွားရေးအလားအလာက အခိုင်အမာပါပဲ။ ဒါတောင် ပထမ ၃ပတ်လောက်က အော်တိုပန်အစိုးရလက်ထက်မှာပါ။ သမ္မတထရမ့်က နှစ်ရပ်ပေါင်းလွှတ်တော်မှာ လုပ်ငန်းခွန်တွေကို ၂၁% ကနေ ၁၅%ကို လျော့ပေးမယ်လို့ ပြောအပြီးမှာ လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စက်ပစ္စည်း စတဲ့ အကြီးစား အသုံးစားရိတ် ၁၀% တက်သွားပါတယ်။ ဇူလိုင်လဆန်းလောက်မှာ အတည်ဖြစ်လာဖို့ မှန်းထားတဲ့ အခွန်လျော့တဲ့ Big Beautiful bill ထွက်လာပြီးရင် စီးပွားရေးက ပိုပြီး မြန်ဆန်သွက်လက်လာဖို့ ခန့်မှန်းထားကြပါတယ်။
အီလွန်က အရင်ကတည်းက ပြောထားတဲ့အတိုင်းပဲ DoGE မှာ ရက် ၁၀၀ကျော် အချိန်ပြည့်လုပ်ပေးပြီး နောက်မှာတော့ တပတ် ၂-၃ရက်လောက်ပဲ လုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်ကနေ ညွှန်ကြားအကြံပြုတာကလည်း လူကိုယ်တိုင် လာလုပ်ပေးသလောက်နီးနီး ထိရောက်မှုရှိတယ်လို့ ကြုံဖူးသမျှ ဌာနဆိုင်ရာအကြီးအကဲများက ဆိုပါတယ်။ DoGE အလုပ်တွေက နောင်နှစ်အနည်းငယ်အထိ ဆက်သွားဖို့ လိုအပ်နေသေးတာပါ။
DoGE စီစစ်ရာက မလိုအပ်လို့ လျော့လိုက်တဲ့အလုပ်ပေါင်း ၂၈၃,၁၇၁ရှိပြီး အဲဒါကတနိုင်ငံလုံးမှာ လျော့တဲ့အလုပ်ရဲ့ ထက်ဝက်ခန့် ဖြစ်ပါတယ်။ DoGE မှာ လုပ်ပေးနေကြတဲ့ လူငယ်လေးများအဆိုအရ အပျော်ပါတီလုပ်ဖို့ နေရာ တခါတလေ စတေဒီယံကြီးတွေပါ ငှားတာတွေက တနှစ်ကို သန်း၅၀လောက် ရှိကြောင်း၊ စတုန်းကတော့ နဲနဲပါးပါးဆိုပေမယ့် ဘာအစစ်အဆေးမှ မရှိတဲ့အတွက် အတင့်ရဲပြီး အကြီးအကျယ်လုပ်လာကြတာ ဖြစ်နိုင်ကြောင်း၊ ရုံးချုပ်တွေမှာ ကျည်အပြည့်နဲ့ လက်နက်တွေ ထားတာတွေ၊ လေယာဥ်စီးလုံးငှားသွားကြတာတွေ၊ သုံးတာတွေက စာရွက်နဲ့ဆိုတော့ ကွန်ပြူတာထဲ နောက်ကြောင်းလိုက်မရတာတွေ ကြုံတွေ့ရကြောင်း၊ တာလီဘန်တဦးကို ပေးထားတဲ့ $130,000 ဖိုး ကန်ထရိုက်က ဘာမှအကြောင်းပြချက် တိတိပပ မရှိနေတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
DoGE ကဖော်ထုတ်လို့ ပယ်ဖျက်လိုက်ရတဲ့ ဂရန့်တွေ ကန်ထရိုက်တွေကို ခြစားအစိုးရများ တက်လာရင် ပြန်လုပ်နိုင်သေးသလားလို့ ဂျက်ဆီဝပ်တားစ်က မေးရာမှာတော့ ပြန်လုပ်မယ်ဆို လုပ်လို့ရပါတယ်၊ ဒါပေမယ့် စာရွက်စာတမ်းကစ အကုန်လုံးပြန်စရမှာဖြစ်တော့ အချိန်ကြာပါလိမ့်မယ်လို့ ဆိုပါတယ်။ အီလွန်ရဲ့ အထူးအစိုးရဝန်ထမ်းအဖြစ်ကတော့ မေလ ၃၀ရက်နေ့မှ ကုန်ဆုံးမှာပါ။
ရက်၁၀၀မှာ သမ္မတအပေါ် ထောက်ခံမှု ဘယ်လောက်ပဲနိမ့်တယ်ပြောပြော အဲဒီနံပါတ်က ရကပ မတိုင်ခင်က ကမလာနဲ့ ထရမ့် ဘယ်သူက တိုင်းပြည်ကို ပိုကောင်းတဲ့ ခေါင်းဆောင်မှု ပေးနိုင်မလဲလို့ မေးခဲ့တုန်းကနံပါတ်အတိုင်းပဲ (ထရမ့် ၄၅နဲ့ ကမလာ ၄၃) ဖြစ်နေပါသေးတယ်။ အခုအချိန်မှာလည်း တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းဖို့ ထရမ့်အပေါ် ယုံကြည်မှုက ၄၀% ရှိတဲ့အချိန်မှာ ကွန်ဂရက်စ်က ဒီမိုကရက်တွေအပေါ် ယုံကြည်မှုက ၃၂% ပဲ ရှိနေကြောင်း CNN က တင်ပြသွားပါတယ်။ တခုရှိတာက ၂၀၁၆တုန်းက ရကပမတိုင်ခင် နာရီပိုင်းအထိ ဟေလာရီနိုင်ခြေက ၉၀% ရှိတယ်လို့ poll တွေက မှန်းခဲ့တာဆိုတော့ ချင့်ယုံကြဖို့တော့ လိုတာပေါ့လေ။ (NYT က 91%, Reuters က 95%, the Independent က 99%+)
ဘိုင်ဒန်(သို့) အော်တိုပန်အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အမေရိကန်စီတီဇင်တွေကို ဆင်ဆာလုပ်ဖို့ ပြင်ထားတဲ့ဖိုင်တွေ ဒါဇင်နဲ့ချီပြီး ရှိနေကြောင်း၊ အဲဒီဖိုင်တွေမှာ ဆိုရှယ်မီဒီယာက ပို့စ်တွေ ကွန်မန့်တွေ ပါရှိကြောင်း၊ အဲဒါတွေကို ပြည်သူ့အခွန် တနှစ်ကို သန်း ၅၀ကုန်နေတဲ့ the Global Engagement Center တဖြစ်လဲ Counter Foreign Information Manipulation and Interference ကလုပ်နေတာ ဖြစ်ကြောင်း၊ အဲဒါကြောင့် State Dept က GEC ရဲ့ ဌာနဖွဲ့စည်းပုံက နေရာ ၅၀လုံးကို ပယ်ဖျက်လိုက်ကြောင်းနဲ့ အဲဒီဌာန ရော အဲဒီဌာနအတွက် ဘတ်ဂျက် ၆၅သန်းကိုပါ ပယ်ဖျက်လိုက်တဲ့အကြောင်းကို ကွန်ဂရက်စ်ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာသွားပါတယ်။
ထရမ့်အစိုးရက Temu တို့ Shein တို့လို အင်တာနက်ကနေ စားသုံးသူကို ပေါပေါပဲပဲ တရုပ်ပစ္စည်းတွေ တိုက်ရိုက်ရောင်းတဲ့ tariff က လွတ်နေတဲ့ ကုမ္ပဏီလေးတွေကို တားဆီးဖို့ the de minimis ဂယ်ပေါက်ကို ပိတ်ပစ်လိုက်ပါတယ်။ အဲဒီဂယ်ပေါက်ပိတ်တာနဲ့အတူ တိုင်းပြည်ထဲကို ဝင်နေတဲ့ ဖန်တနိုင်းလ်တွေကိုပါ အဟန့်အတားဖြစ်သွားမယ်လို့ ဆိုပါတယ်။ Walmart တို့ Costco တို့က တရုပ် supplier တွေကို ဈေးလျော့ပေးဖို့ ဖိအားပေးနေကြောင်း ဗြိတိသျှမီဒီယာတခုက ဖော်ပြထားပြီး တရုပ်အစိုးရကတော့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
တရုပ်အစိုးရက အမေရိကန်က တင်သွင်းနေရတဲ့ ဆီမီးကွန်ဒပ်တာ၊ ဆေးပစ္စည်း၊ aerospace ပစ္စည်းနဲ့ တဖြည်းဖြည့်ထပ်ထပ်ထည့်လာတဲ့ ပစ္စည်းတွေအပေါ် 125%tariff ချမှတ်ထားတာကို ခပ်စောစော ကတဲက တိတ်တိတ်လေး ရုတ်သိမ်းသွားပြီး ကနေ့မှာတော့ အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ဘယ်လိုချဥ်းကပ်ရမလဲဆိုတာ နည်းလမ်းရှာနေတယ်လို့ ဖွင့်ပြောလာပါပြီ။ ဒါပေမယ့် လေကတော့ သိပ်မချသေးပါဘူး၊ ငါတို့က တိုက်မယ်ဆိုလည်း အဆုံးအထိပဲ၊ စကားပြောမယ်ဆိုလည်း တံခါးဖွင့်ထားပါတယ်တဲ့။ ဒီဘက်က စခေါ်စေချင်လို့ ညိုမြလုပ်နေပေမယ့် သူတို့က နှစ်ပေါင်းများစွာ အကျောကြီး အမြတ်ထုတ်လာတာဆိုတော့ ဒီဘက်က စကမ်းလှမ်းတာမျိုး လုံးဝမလုပ်ဘူးလို့ ပြောထားပြီးသားပါ။ ထရမ့်ကတော့ တရုပ်ပြည်မှာ ဒုက္ခရောက်နေကြတာ သူစိတ်မချမ်းသာကြောင်း၊ ရှီကဆွေးနွေးလာဖို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ဇယ်လန်းစကီအိမ်ဖြူကို လာတုန်းကတဲက လက်မှတ်ထိုးဖို့ စီစဥ်ထားခဲ့တဲ့ သတ္တု တူးဖော်ရေး နှစ်နိုင်ငံသဘောတူညီချက်ဟာ ဗာတီကန်မှာ ထရမ့်နဲ့ ဇယ်လင်းစကီး ၂ဦးထဲ ဒူးတိုက်ဆွေးနွေးအပြီးမှာ ပြန်အသက်ဝင်လာပြီး ဧပြီ ၃၀မှာ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ဒီစာချုပ် ချုပ်လိုက်ရင် ယူကရိန်းနိုင်ငံထဲမှာ အမေရိကန်အကျိုးစီးပွား တရားဝင်ရှိသွားမှာဖြစ်လို့ ရုရှားအတွက် အဟန့်ဖြစ်သွားမှာကြောင့် ထရမ့်က အစကတဲက လက်မှတ်ထိုးစေချင်ပေမယ့် စစ်ကြိုက် ဂလိုဘယ်လစ်များရဲ့ ရုပ်သေးက ငြင်းဆန်နေခဲ့တာ လူထောင်သောင်းချီထပ်သေပြီးမှ လက်မှတ်ထိုးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ခုလို စာချုပ်ချုပ်လိုက်တာကို ကရင်မလင်ကတော့ သဘောကျပုံ မပေါ်ပါဘူး။