Political correctness ဆိုတဲ့ ဘယ်လို အသုံးအနှုန်းတွေ မသုံးသင့်ဘူးတို့၊ ဒါအစား ဘယ်လိုသုံးပါတို့ စတာတွေက လူတွေကို စာနာတာကနေ ဖြစ်လာတာမဟုတ်ပါဘူး။ Political correctness ကို ကွန်မြူနစ် ဆိုဗီယက်ယူနီယံမှာ စထွင်ခဲ့တာပါ။ အမှန်တရားဆိုတော့ အချက်အလက်အရ မငြင်းနိုင် ပေမယ့် နိုင်ငံရေးအရ အနာဟောင်းလောင်းကလည်း စပ်တဲ့အခါကျတော့ “မင်းပြောတာ အချက်အလက်အရ မှန်ပေမယ့် နိုင်ငံရေးအရ မမှန်ဘူး၊ အဲဒီဝောာ့ ပါးစပ်ပိတ်ထား” လို့ အာဏာပြ ကန့်သတ်နိုင်ဖို့ လိုရင်းဖြစ်ပါတယ်။ လက်ဝဲယိမ်းနိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေပြီဖြစ်ပြီး လူတွေက တဖြည်းဖြည်းနဲ့ အတွေးအခေါ် ပုံသွင်းခံလာရတာ ဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ ဟာသ ဆိုတာလည်း သင်းသတ်ခံလိုက်ရတာပါပဲ။