သမ္မတထရမ့်က ဆယ်စုနှစ်နဲ့ချီပြီး စစ်ဖြစ်နေခဲ့ကြတဲ့ အဇာဘိုင်ကျန်နဲ့ အာမေးနီးယားတို့ကြား ငြိမ်းချမ်းရေးရအောင် ကြားဝင်ဆောင်ရွက်ပေးလိုက်ပါတယ်။ ဒီကနေ့ အိမ်ဖြူမှာ အာမေးနီးယားဝန်ကြီးချုပ်နဲ့ အဇာဘိုင်ကျန်သမ္မတ တို့နဲ့အတူ သမ္မတထရမ့်တို့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ သမ္မတထရမ့်က အစ္စရေးနဲ့ဟာမာ့စ်၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ထိုင်းနဲ့ ကမ္ဘောဒီးယား၊ ကွန်ဂိုဒီမိုကရက်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါ၊ ရုရှားနဲ့ ယူကရိန်းတို့ကြားထဲ ငြိမ်းချမ်းရေး ရအောင် ကြားဝင်ညှိနှိုင်းပေးနေတာမှာ အစ္စရေး၊ ပါကစ္စတန်နဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်များက သမ္မတထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အသီးသီးလျောက်ထားပေးထားကြပြီဖြစ်ပါတယ်။
ရုရှားရော ယူကရိန်းပါ နှစ်ဖက်အသေအကြေများနေတဲ့အတွက် နှစ်နိုင်ငံလုံးမှာ စစ်မှုမထမ်းမနေရ ဆင့်ခေါ်နေရပြီဖြစ်ပြီး ခြစားမှုနဲ့ နာမည်ကြီးတဲ့ ယူကရိန်းမှာ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ဘက်မလိုက်မှုကို အားပျော့စေတဲ့ဥပဒေကို ဇယ်လင်းစကီက လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့အပေါ် လက်မခဲနိုင်ကြတဲ့ ပြည်သူတွေ ဆန္ဒပြကုန်ကြပြီဖြစ်ပါတယ်။ သမ္မတထရမ်းရဲ့ အထူးသံတမန် စတိဝစ်ကော့ဗ်နဲ့ ပူတင်တွေ့ဆုံအပြီးမှာ ပူတင်က သမ္မတထရမ့်နဲ့တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း ပြောခဲ့အပြီး သမ္မတထရမ့်က လာမယ့်သောက်ြာနေ့ အလက်စကားမှာ တွေ့ကြမယ်လို့ ပြောသွားပါတယ်။ ရုရှားရဲ့ အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံကိုဝယ်ယူနေကြတဲ့သူတွေကို တားရစ်ဖ်၂ဆချဖို့ ပြောထားခဲ့တဲ့ အတိုင်း လုပ်လိုက်တဲ့အပြင် ဒီစစ်ပွဲကို မရပ်မချင်း သမ္မတထရမ့်က တရစ်ချင်း ကြပ်လာမယ့်သဘော
ရှိနေတဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့ ပူတင်စပြောလာတာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ယူကရိန်းအရှေ့ပိုင်းကိုရမှ စစ်ပွဲရပ်မလို ပူတင်က ပြောထားခဲ့ပါသေးတယ်။ တွေ့ဖြစ်ရင် ယူကရိန်း စစ် စပြီးထဲက အမေရိကန်နဲ့ ရုရှားထိပ်သီးဆွေးနွေးပွဲ ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်လာမှာပါ။
ရှေ့နေချုပ် ပမ်ဘွန်ဒီက ဗင်နီဇွဲလား”သမ္မတ” နိကိုးလပ်စ်မာဒူရိုကို ကမ္ဘာ့အကြီးဆုံး မူးယစ်မှောင်ခိုလို့ စွပ်စွဲလိုက်ပြီး သူ့ကိုဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို လက်ရှိဆုငွေ ၂၅သန်းကနေ သန်း၅၀ကို တိုးပေးမယ်လို့ ကြေငြာလိုက်ပါတယ်။ မာဒူရိုက အကြမ်းဖက်အဖွဲ့တွေကို အသုံးပြုကာ အမေရိကန်ထဲကို သေစေနိုင်တဲ့ မူးယစ်ဆေးတွေ တင်သွင်းပြီး၊ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံဆော်ပေးတဲ့အတွက် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိသူဖြစ်တယ်လို့ ဆိုပါတယ်။ မာဒူရိုဟာ ဗင်နီဇွဲလားက အစိုးရအဖွဲ့အစည်းတွေကို မူးယစ်ဆေးကုန်ကူးဖို့ အသုံးပြုနေသလို ကိုလံဘီယာက တော်လှန်ရေးတပ်တွေ (FARC)နဲ့ပေါင်းပြီး အမေရိကန်ကို မူးယစ်ဆေးတန်ပေါင်းများစွာ သွင်းနေတာ ဖြစ်ပြီး အကျိုးအမြတ်တွေကို သူ့ရဲ့ တရားမဝင်အစိုးရအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။ အရင်လက မာကိုရူဘီယိုက မာဒူရိုဟာ သမ္မတမဟုတ်သလို သူ့အစိုးရဟာလည်း တရားဝင်အစိုးရ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
အက်ဖ်ဘီအိုင်အထူးအေးဂျင့်ဟောင်း ပီတာစထရပ်နဲ့ အက်ဘီအိုင်ရှေ့နေဟောင်းလီဆာပေ့ချ်တို့ဟာ ကလင်တန်ကမ်ပိန်းရဲ့ ရုရှားကိုလူးရှင်းလုပ်ဇတ်ကို လူသိများအောင်လုပ်ဖို့ အချင်းချင်း မက်ဆေ့ပို့ ဆွေးနွေးတိုင်ပင်ထားကြတာကို ထရမ့်ပထမသက်တမ်းတရားရေးဌာနက ချပြလိုက်တဲ့အတွက် သူတို့ရဲ့ ပရိုင်ဗေစီကို ချိုးဖောက်တယ်ဆိုပြီး တရားရေးဌာနကို တရားစွဲလိုက်ပါတယ်။ ထရမ့်ကျေနပ်အောင် သူတို့ကို ဖြုတ်ပစ်ခဲ့တဲ့အတွက် ဘိုင်ဒန်လက်အောက်မှာ စထရပ်က ပြည်သူ့အခွန်ကနေ ၁.၂သန်းခန့် ရရှိခဲ့ပြီး လီဆာပေ့ချ်ကတော့ ၈သိန်းခန့် ရရှိခဲ့ပါတယ်။ သူတို့ကိုပေးခဲ့သူက ဘိုင်ဒန်လက်ထက်က ဒုလထရှေ့နေချုပ် ဘရိုင်ယန်နက်တာဖြစ်ပြီး အခုတော့ ထရမ့်နဲ့ ရီပါဘလစ်ကန်တွေကို ပစ်မှတ်ထား တရားစွဲတိုက်ခိုက်နေတဲ့ ဒီမိုကရေစီဖော်ဝေါ့ဒ်အဖွဲ့မှာ ဥပဒေဒါရိုက်တာ လုပ်နေတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ဘုတ်ဥက္ကဋ္ဌက ဟေလာရီကမ်ပိန်းရဲ့ ဥပဒေအတိုင်ပင်ခံလုပ်ခဲ့တုန်းက ရုရှားကိုလူးရှင်း ပရောဂျက်အတွက် ကုန်ကျစားရိတ်တွေကို သူ့ဥပဒေအဖွဲ့ရဲ့ ဥပဒေဝန်ဆောင်မှုတွေအဖြစ် အယောင်ပြခဲ့သလို ၂၀၁၆နဲ့ ၂၀၂၀ရကပတွေမှာ အငြင်းပွားစရာတွေ လုပ်ခဲ့တယ်ဆိုတဲ့ မာ့ခ်အလိုင်းယာ့စ် ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ထရမ့်ပထမသက်တမ်းတုန်းကစလို့ ထရမ့်အပေါ် အမှုရာကျော် ဖန်တီးစွဲဆိုခဲ့တာပါ။
ဂယ်ဗင်နျူဆမ်ရဲ့ ဖနီး ဂျနီဖာနျူဆမ်က ၂၀၁၁ကတဲက သူတို့ထောင်ထားတဲ့ ဒီအီးအိုင်အသားပေး The Representation ပရောဂျက်ဆိုတဲ့ နန်းပရောဖစ်ထဲကို ပြည်သူ့ဘဏ္ဍာတွေ သန်းချီချပေးခဲ့ပြီး အဲဒီကနေမှ သူတို့ရဲ့ ဖော်ပရောဖစ်အဖွဲ့ဖြစ်တဲ့ ဂဲလ်စ်ကလပ်အန်တာတိန်းမန့်အယ်လ်အယ်လ်စီကို လွှဲပြောင်းပေးခဲ့ကာ သူတို့အတွက် လခ ၁.၅သန်း၊ ရုပ်ရှင်/လိုင်စင် ရောင်းရတာတွေကနေ ၁.၇သန်း ရယူခဲ့တယ်လို့ အခွန်ဖောင်တွေထဲကနေ တွေ့ရှိထားပါတယ်။ ဂျနီဖာက ဂျန်ဒါအီကွတီအတွက် လှုပ်ရှားသူလို့ဆိုပြီး မှိုင်းတိုက်တဲ့ ရုပ်ရှင်တွေ ဖန်တီးသူလည်း ဖြစ်ပါတယ်။
နယူးယောက်က နော့သ်ဝဲလ်ဆေးရုံက နှလုံးအထူးကု ၃ဦးဖြစ်တဲ့ ဆန်ဒိဂျော်ဟာ၊ စနီဟာပတဲလ်နဲ့ ဒီင်းစမစ်သ်တို့က ကိုယ်တွင်းအော်ဂန်တွေဟာ သိပ်ကိုရှားနေပြီ၊ ငါတို့ဟာ သေတယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုမှုအသစ် ပြလုပ်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။ သေပြီးသူဆီက ကိုယ်တွင်းအင်္ဂါတွေကို အစားထိုးဖို့ အသုံးမပြုနိုင်တာကြောင့် အသိစိတ်၊ မှတ်ဉာဏ်၊ အကြံအစည်၊ ဆန္ဒစတဲ့ ဦးနှောက်ရဲ့ မြင့်မားတဲ့လုပ်ဆောင်ချက်တွေ မလုပ်နိုင်တော့ရင် ကျန်တဲ့ဦးနှောက်ရဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေသေးရင်တောင်မှ ဦးနှောက်သေဆုံးပြီလို့ သတ်မှတ်သင့်တယ်လို့ ငြင်းခဲ့ကြပါတယ်။ ကလီစာအစားထိုးဖို့ လိုအပ်ချက်များလာတာနဲ့အမျှ လူတွေ ကျန်းမာအောင် လုပ်ပေးရမယ့်အစား ရှိနေသေးသူတွေ မြန်မြန်ကြွအောင် တဖြည်းဖြည်းနဲ့ သတ်မှတ်ချက်တွေ လျော့လာကြတာပါ။
ဦးနှောက်သေတယ်ဆိုတာတွေရဲ့ ၄၀% လောက်က မှားယွင်းဆုံးဖြတ်တာတွေ ဖြစ်နေပြီး ကိုမာရနေသူတွေရဲ့ ၁၅% က သိသိသာသာမဟုတ်ပေမယ့် အသိစိတ်ရှိနေသေးတယ်လို့ အဆင့်မြင့်စမ်းသပ်ချက်တွေက တွေ့ရှိထားပါတယ်။ ကနေဒါက ဆေးပညာအကူအညီနဲ့ သတ်သေနိုင်မယ့် ဥပဒေကလည်း အလားတူပဲ စစချင်းမှာ အများ လက်ခံနိုင်မယ့်ပြဌာန်းချက်မျိုးနဲ့ စပေမယ့် နောက်တဆင့်ချင်း လျော့လာတာ နောက် ၁၀နှစ် လောက်ဆိုရင် ဘယ်လောက်တောင် ဆိုးနေမလဲဆိုတာ စဥ်းစားသင့်ပါတယ်။ သူတို့တွေရဲ့ ဆောင်ပုဒ်က သေခြင်းတရားဆိုတာ ဇီဝဖြစ်စဥ်တခုတင်မဟုတ်ပဲ၊ လူမှုရေးအရ ရွေးချယ်မှုတခုလည်း ဖြစ်ပါသတဲ့။
အိန္ဒိယမှာရှိတဲ့ အမေရိကန်သံရုံးက အမေရိကန်မှာ ဗီဇာသက်တမ်းကို ကျော်လွန်ပြီး နေထိုင်နေကြတဲ့ အိန္ဒိယနိုင်ငံသားတွေကို ဗီဇာစည်းကမ်းသတ်မှတ်ချက်တွေကို လေးစားလိုက်နာဖို့နဲ့ သက်တမ်းကျော်ပြီး နေထိုင်ရင် ဗီဇာပြန်ရုတ်၊ ပြန်ပို့ခံရနိုင်၊ နောက်နောင်ဗီဇလျောက်မရ စတဲ့ ပြင်းထန်တဲ့ အကျိုးဆက် တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အခုလို သတိပေးတာဟာ အိန္ဒိယကို ရုရှားဆီက ရေနံဝယ်ယူနေလို့ tariff ၂ဆ တိုးမယ်လို့ မကြေငြာခင်၂ရက်အလိုမှာ ဖြစ်ပါတယ်။
ဘေလ်ဂိတ်စ်ဖောင်ဒေးရှင်းက ထောက်ပံ့ပေးတဲ့ ကျွဲနွားတွေမှာထိုးတဲ့ ကကဆစမ်းသပ်မှုကို ယူကေက တီဘီရောဂါမရှိတဲ့ ကျွဲနွားတွေကို ပစ်မှတ်ထားကာ အဆင့် ၃ဆင့်နဲ့ ပြုလုပ်ခဲ့ပြီး အဆင့် ၁ က တီဘီ ရှိ/မရှိ အရေပြားစမ်းသပ်မှု၊ ဒီနှစ်ဆန်းပိုင်းမှာပြုလုပ်ခဲ့တဲ့ အဆင့် ၂ က ဘီစီဂျီ တီဘီကကဆ ထိုးနှံမှု ပြုလုပ်ခဲ့ပါတယ်။ တီဘီရောဂါမရှိပဲ ဂိတ်စ်ရဲ့ တီဘီကကဆ ထိုးနှံအပြီးမှာမှ ကျွဲနွားတွေမှာ တီဘီ ဖြစ်ပွားမှု များပြားလာတဲ့အတွက် နွားကောင်ရေ ၃၅,၀၀၀ခန့်ကို သတ်ပစ်ခဲ့ရပါတယ်။ ဂိတ်စ်က ကမ္ဘာပေါ်မှာ လူဦးရေသိပ်များနေတယ်လို့ ယူဆသူဖြစ်ပြီး သဘာဝအသားထက် ဓါတ်ခွဲခန်းမှာ ထုတ်လုပ်တဲ့အသားကို စားကြစေဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။ သူ့ရဲ့ အသီးတွေမှာ ဖြန်းတဲ့ အပီးလ်ဆိုတာကလည်း ကျန်းမာရေးအတွက် အငြင်းပွားစရာပါ။ ဂိတ်စ်ရဲ့ အာရှနဲ့ အာဖရိကက ကလေးတွေကို ထိုးပေးတဲ့ ကကဆပရောဂျက်တွေကြောင့် ကလေးတွေ မစွမ်းမသန် ဖြစ်ကုန်တာတွေ အသက်ဆုံးတာတွေကလည်း မီဒီညာကြီးတွေ မကြိုက်ကြတဲ့ သတင်းတွေပါပဲ။ ကကဆလို့ နာမည်ပေးလိုက်တာနဲ့ တကယ်ကာကွယ်မယ်ထင်ရင် မှားပါလိမ့်မယ်။