ဒီကနေ့ အလက်စကားပြည်နယ် အန်ကာရေ့ချ်မြို့မှာ ပြုလုပ်တဲ့ သမ္မတထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ တွေ့ဆုံဆွေးနွေးပွဲဟာ ၃နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲ အတွက် ပြင်ဆင်ထားပေမယ့် အပြန်အလှန် နားလည်မှုရရှိကြောင်း ထုတ်ပြန်ချက်သဘောလောက်ပဲ ပြောသွားပြီး မေးခွန်းမေးတာတွေကို ပူတင်က ဖြေဆိုမသွားခဲ့သလို ထရမ့်ကလည်း ဇယ်လင်းစကီနဲ့ နေတိုးမဟာမိတ်တွေနဲ့ မပြောရသေးခင် ဘာမှ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ သဘောတူတဲ့ အချက်တချို့ ရရှိခဲ့ပေမယ့် သဘောမတူနိုင်သေးတာတွေလည်းရှိကြောင်း၊ အဲဒီထဲမှာ အဓိကကျတဲ့ အချက်တခုပါဝင်နေကြောင်း၊ နယ်မြေကိစ္စကိုတော့ ဇယ်လင်းစကီးကသာ ဆုံးဖြတ်နိုင်မှာဖြစ်လို့ နောက်တခါဆိုရင် ပူတင်နဲ့ ဇယ်လင်းစကီးတွေ့ကြဖို့ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးစလုံးက ငါ့ကို ပါစေချင်တယ်ဆိုရင် ပါရဦးမှာဖြစ်ကြောင်း ထရမ့်ကပြောသွားပြီး ပူတင်က နောက်တကြိမ် မော်စကိုမှာ တွေ့ဖို့ စကားစတာကို စိတ်ဝင်စားစရာပဲ၊ ဖြစ်နိုင်ခြေ ရှိပါတယ်လို့ ဆိုပါတယ်။ ပူတင်က ထရမ့်အကြိမ်ကြိမ် ပြောခဲ့သလိုပဲ ဒီစစ်ပွဲဟာ ထရမ့်လက်ထက်မှာဆိုရင် ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။
ထရမ့်နဲ့ ပူတင် စတွေ့ကြတဲ့အချိန် ဂုဏ်ပြုခံစင်မြင့်ကို အသွားမှာ ကမ္ဘာပေါ်မှာ အမေရိကန်မှာပဲရှိတဲ့ မြေအောက် ဘန်ကာတွေ ကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ဧရာမဗုံးတွေ သယ်ဆောင်နိုင်တဲ့ ဘီတူး ကိုယ်ပျောက် ဗုံးကြဲလေယာဥ်နဲ့ အခြံအရံ အက်ဖ်-၂၂ တိုက်လေယာဥ်တွေ ပျံဝဲပြကြတာကို ပူတင်က အံ့ဩဘနန်း မော့ကြည့်နေခဲ့လို့ ထရမ့်က ပူတင်ပုခုံးကို ပုတ်ပြီး လမ်းဆက်လျောက်ဖို့ သတိပေးလိုက်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ စစ်အင်အားကို လျော့မတွက်ဖို့ ပူတင်ကို သတိပေးလိုက်တာဖြစ်ပေမယ့် တရုပ်မိုးပျံဘောတွေ စစ်ရေးလျို့ဝှက်နေရာတွေပေါ်က ပျံတာတွေ၊ အဆင့်မြင့်စစ်စခန်းတွေနားက မြေတွေ တရုပ်တွေပိုင်ဆိုင်တုန်းက ငြိမ်နေကြတဲ့ လစ်ဗြဲမီဒီညာတချို့က အမေရိကန်ရဲ့ လျို့ဝှက်ချက်တွေ ပါကုန်ပါပြီလို့ အော်ကြပါတယ်။ အက်ဖ်-၂၂ တွေက အလက်စကားက အင်တာဒစ်ရှင်ဇုံမှာ ရုရှားဗုံးကြဲလေယာဥ်တွေကို ကြားဖြတ်ဟန့်တားခဲ့တဲ့ လေယာဥ်တွေ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နောက်ထူးခြားတာတခုက ထရမ့်နဲ့ ပူတင် ထရမ့်ရဲ့ ဘိစ်ကားကြီးထဲ အတူစီးကြတာပါ။ အဲဒါရော လက်ဆွဲနှုတ်ဆက်တာကိုရော ဆွေ့ဆွ့ခုန်တဲ့မီဒီညာတွေ ရှိတာပါပဲ။ ကားတစီးထဲ တူတူစီးတော့ စကားပြန်မရှိတဲ့အတွက် နှစ်ယောက်သား တိုက်ရိုက် ပြောရတော့မှာပါ။ စီးပွားရေးနယ်မှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိရင် ပြောရဆိုရ လုပ်ရကိုင်ရ အဆင်ပြေတာကြောင့် ထရမ့်က အဲဒီလိုစီစဥ်တာဖြစ်နိုင်ပါတယ်။ ကားခဏလေးစီးရုံ၊ မိုးပေါ်ပျံတာ မြင်ရုံနဲ့ လျို့ဝှက်ချက်တွေ ရသွားတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပူတင်က ရုရှားနဲ့ စီးပွားရေးလုပ်ဖို့ ပြောဖူးတဲ့အတွက် ထရမ့်က နိုင်ငံခြားဝန်အပြင် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကိုပါ ခေါ်သွားခဲ့ပါတယ်။
ရုရှားဂိတ်ရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ် ထရမ့်လုပ်သမျှ ကန့်လန့်တိုက်သူလည်းဖြစ်တဲ့ ဟေလာရီကလည်း ယူကရိန်းဆီက ယူထားသမျှမြေတွေ ပြန်ပေးပြီး စစ်ရပ်အောင် ထရမ့်လုပ်နိုင်ရင် သမ္မတထရမ့် နိုဘယ်ငြိမ်းချမ်းရေးဆုရဖို့ သူကိုယ်တိုင်အဆိုပြုမယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါက လက်ဝဲ ဒီမိုခရက်နဲ့ ကမ္ဘာ့ရွာလက်ဝဲသမားတွေ ပြောနေကျ စစ်ရပ်ဖို့ မဖြစ်နိုင်အောင်လုပ်တဲ့ ဇတ်လမ်းပါ။ စစ်ရပ်ဖို့ ၂၀၁၄ အိုဘမလက်ထက်ကတည်းက ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားကိုပါ ပြန်ပေးမှ စစ်ရပ်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေနဲ့ တင်းခံနေကြတာပါ။ စစ်ရပ်ဖို့ ဆွေးနွေးမယ်ဆိုတိုင်း အဲဒါတွေပြန်ရမှဆိုတော့ ဒီဇတ်လမ်းက ဘယ်တော့ ဆုံးတော့မှာလဲ။ အဲဒီနယ်မြေတွေမှာ ရုရှားများတာရယ်၊ ရုရှားဘာသာကို သုံးခွင့် ပြောခွင့် မပေးတော့ဖို့ စစ်ကြိုက်နီယိုကွန်တွေ နီယိုလစ်ဘ်တွေရဲ့ လက်စွဲ ဗစ်တိုးရီးယားနျူလန်က ယူကရိန်းမှာ ယူကရိန်းရကပတွေမှာ ဝင်မွှေထားတာကို မမေ့ကြရင် ဒီစစ်ပွဲဟာ သာမာန်ကျုးကျော်စစ် မဟုတ်တာ မြင်နိုင်မှာပါ။ ယူကရိန်းမှာ လူငယ်တွေ သေကုန် ပြေးကုန်လို့ မအလတပ်လိုပဲ ၆၀ကျော်တွေကအစ စစ်ထဲခေါ်သွင်းနေရလို့ ပြည်သူတွေ ဆန္ဒပြနေတဲ့ ယူကရိန်းက ဇယ်လင်းစကီးနဲ့ ပူတင်၊ ထရမ့်တို့ ဆွေးနွေးတော့မယ်ဆိုတိုင်း ကမ္ဘာ့ရွာလက်ဲဝအနောက်အုပ်စုက အထောက်အပံ့တွေ ချက်ချင်းတိုးပေးပြီး ဆက်တိုက်ခိုင်းနေတာကိုလည်း မြင်ကြဖို့လိုပါတယ်။
ဒီစီမှာ အုပ်ချုပ်သူဒီမိုခရက်တွေက ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေကို ၁၇နှစ်ကျော် ၁၈နှစ်မှသာ လူကြီးတွေကို စီရင်တဲ့အတိုင်း စီရင်ရမယ်လို့ လုပ်ထားတာဖြစ်ပြီး ၁၈နှစ်အောက်ဆိုရင် လူသတ်မှု၊ ဓါးပြတိုက်မှု ပထမဆင့်၊ မုဒိမ်းမှု အဲဒါတွေကျမှပဲ လူကြီးတွေကို စွဲချက်တင်တဲ့အတိုင်း အမှုဖွင့် နိုင်တာပါ။ အဲဒီအရွယ်လေးတွေ သေနတ်နဲ့ရင်ဝကို ပစ်လို့ အသက်မသေခဲ့ရင် လူကြီးလိုစွဲခွင့်မရှိပါဘူး။ ဘယ်လောက်ပဲအမှုကြီးကြီး ကျူးလွန်သူက ငယ်နေရင် တရားသူကြီးက ပြန်လွှတ်ပေးပြီး စောင့်ကြည့်ကာလလောက်ပဲ သတ်မှတ်တာတွေ၊ သူတို့လို လူမျိုး၊ အသားအရောင် ပတ်ဝန်းကျင်တွေမှာ ပညာရေး မညီမျှမှုတွေ ရှိနေလို့ပါ၊ တက္ကသိုလ် ပေးတက်လိုက်ရင် ကောင်းသွားမှာပါဆိုပြီး အမှုပိတ်လိုက်တာတွေ ရှိနေပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်လေးတွေက ရဲဆို လုံးဝကို အကြောက်အလန့် မရှိတော့တဲ့အတွက် လုပ်ချင်တိုင်းကို လုပ်နေကြတာပါ။
ဒီလိုရာဇဝတ်မှုတွေက ဒီစီမှာပဲ ဖြစ်နေတာမဟုတ်ပါဘူး၊ ဒီမိုခရက်အုပ်စီးတဲ့မြို့ကြီးတိုင်းလိုမှာ ဖြစ်နေတာ တိုက်ဆိုင်မှု ဆိုတာထက် လူဆိုး သူခိုးလေးတွေ များလာအောင် တမင်ကို စခန်းသွင်း လေ့ကျင့်ပေးနေတာလို့ပဲ ယူရပါမယ်။ တမင်လုပ်ကြတာဆိုတော့လည်း ဒေတာတွေမှာ မပေါ်အောင် လိမ်နည်းမျိုးစုံနဲ့ လိမ်ကြပြန်ပါတယ်၊ ဒါကလည်း ခြတွေအကျွမ်းဆုံးအလုပ်တခုပါပဲ။ အဲဒီလို ရာဇဝတ်မှု အများပြားဆုံး မြို့ကြီးတွေထဲက ဒီစီ၊ နယူးအော်လင်းစ်၊ စင်စင်နာ့တီ၊ မမ်းဖီးစ်စတဲ့ မြို့ကြီး၄ခုမှာ ရဲချုပ်တွေက ဒီအီးအိုင်နဲ့ ခန့်ထားတဲ့ ရဲမည်းမတွေ ဖြစ်နေပြန်ပါတယ်။ ဒီစီ ရဲချုပ် ပါမီလာအေစမစ်သ်ဆိုရင် “ချိန်းအော့ဖ်ကွန်မန်း” ဆိုတာကို ဘာမှန်းမသိပါဘူးတဲ့။ ၆၈စကွဲမိုင်ကျယ်ပြီး လူဦးရေ ၇သိန်းလောက်ပဲရှိတဲ့ အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန်ဒီစီဟာ ၂၀၂၅ခုနှစ်အတွက် နံပါတ် ၁၀၀မြောက် လူသတ်မှု ဒီလ ၁၃ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ မြို့တော်ဆိုတာ နိုင်ငံရဲ့ မျက်နှာစာဖြစ်တဲ့အတွက် ဥပဒေ အစိုးမိုးဆုံး၊ အလုံခြုံဆုံး ဖြစ်ရမယ့်အစား အဆိုးဆုံးနေရာတခု ဖြစ်နေတာပါ။
သမ္မတထရမ့်က ပြည်နယ်တွေမှာဖြစ်တဲ့ ရာဇဝတ်မှုမြင့်တက်တာတွေကို ဝင်စွက်ဖို့မလွယ်ပေမယ့် ဒီစီကိုတော့ အမျိုးသားအစောင့်တပ်တွေနဲ့ ထိန်းသိမ်းပေးဖို့ လုပ်နေပြီး အခြေအနေမဲ့တွေကိုပါ ဖယ်ရှားသွားမယ်လို့ ကြေငြာထားတဲ့အတိုင်း အခုဆို အိမ်ယာမဲ့စခန်း ၈၀အထိ ရှင်းလင်းပြီးပြီ ဖြစ်ပါတယ်။
နယူးယောက်မြို့ကြီးမှာ အခြေအနေမဲ့လိင်ပြောင်းတွေကိုပဲထားမယ့် လူ ၁၅၀အတွက် ရှယ်လ်တာ တခုကို ၅နှစ်တာအတွက် ၆၅သန်း ဘတ်ဂျက် ချပေးထားပါတယ်။ အခြေအနေမဲ့ လိင်ပြောင်းတဦး တနှစ်အိပ်ဖို့ ၈သောင်း၇ထောင် ကုန်ကျမှာဖြစ်ပါတယ်။ အဲဒီပိုက်ဆံတွေက မိုးပေါ်က ကျလာမှာ မဟုတ်သလို ထရမ့်ရဲ့ ဖက်ဒရယ်အစိုးရကလည်း ပေးမှာမဟုတ်ပါဘူး။ အဲဒီတော့ နေထိုင်သူများဆီကပဲ အခွန်ညှစ်ယူမှာပါ။
ဒီမိုကရက်အားကောင်းတဲ့ နယူးယောက်မြို့ကြီးမှာ မြို့ဝန်အဖြစ် ဒီမိုကရက်ဘက်က ဝင်ပြိုင်မယ့် ဇိုရမ် မမ်ဒါနီကို ထောက်ပံ့ပေးနေတဲ့ ဂျူးစ်ဖော်မမ်ဒါနီဆိုတဲ့အဖွဲ့က ဂျူးစ်ဖော်ရာဒီကယ်အန်အီကော်နောမစ် ဂျပ်တစ်စ်ဆိုတဲ့အဖွဲ့က လာတာဖြစ်ပြီး အဲဒီအဖွဲ့ကို ကြိုးကိုင်နေတဲ့ အလိရှာဆင်းဂမ်ဂွဒ်ဝင်က ဖရီးပါလက်စ်တိုင်းခေါင်းစဥ်အောက်က အကြမ်းဖက်ဆန္ဒပြပွဲတွေကိုရော ခိုးဝင်ပြန်ပို့တာတွေကို အကြမ်းဖက်ဆန္ဒပြကြတာတွေရောကို အဓိကထောက်ပံ့ပေးနေတဲ့ စီစီပီဝါဒဖြန့်လက်တံအဖြစ် တရုပ်မှာနေပြီး အိုင်တီအတိုင်ပင်ခံလုပ်ငန်းလုပ်တဲ့ ဘီလျံနာ နယ်ဗေးလ်ရွိုင်ဆင်ဂမ်ရဲ့ တူမဖြစ်ပါတယ်။ အဲဒါကိုကြည့်ရင် ပါလက်စ်တိုင်းဘက်ကပဲဖြစ်ဖြစ် ဂျူးဘက်ကပဲဖြစ်ဖြစ် ဆန္ဒပြတယ်ဆိုတိုင်းလည်း အမှန်အကန်တွေမဟုတ်ပဲ ၅၀၀၀စားတွေ ဖြစ်နိုင်တာရယ်၊ ဇိုရမ်နောက်မှာ စီစီပီရှိတာရယ်က ထည့်ကို စဥ်းစားရမယ့်အချက်တွေ ဖြစ်ပါတယ်။