Operation Epic Fury (8)

ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့က အမေရိကန်သံရုံးကို အီရန်ဒရုန်း ၂ခု ထိမှန်ခဲ့တဲ့အတွက် တချို့နေရာတွေ မီးလောင်ခဲ့ပြီး အပျက်အစီးအချို့ ရှိခဲ့ပြီး ဆော်ဒီရောက် အမေရိကန်နိုင်ငံသားတွေကို အပြင်မထွက်ဖို့ ညွှန်ကြားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယူးစ်နေရှင်းက Kellie Meyer က သမ္မတနဲ့ ဆက်သွယ် ပြောဆိုရာမှာ သမ္မတက သံရုံးကို ပစ်တဲ့အတွက်ရော အမေရိကန်စစ်သားတွေ သေဆုံးရတဲ့အတွက်ပါ လက်တုန့်ပြန်မယ်၊ စောင့်ကြည့်ပါလို့ ပြောသွားကြောင်း တင်ပြထားပါတယ်။

အီရန်ဟာ တရုတ်နဲ့ ရုရှားနည်းပညာတွေနဲ့ ထုတ်လုပ်တပ်ဆင်ထားတဲ့ အလွှာလိုက်အလုပ်လုပ်တဲ့ လေကြောင်းကာကွယ်ရေးကွန်ယက်ကို အသုံးပြုပါတယ်။ အပြင်ဖက်ကာကွယ်ရေးစည်းဝိုင်းကို တရုတ်လုပ် တာဝေးပစ် HQ-9B ဒုံးကျည်စနစ်နဲ့ တပ်ဆင်ကာကွယ်ထားပြီး အဲဒီစနစ် ၂ခုစလုံးဟာ ပွဲအဖွင့်မှာတင် သုံးမရအောင် သင်းသပ်ခံလိုက်ရတာပါ။ ဗင်နီဇွဲလားတုန်းကလည်း အဲဒီလိုပါပဲ။ HQ-9B က ၂၆၀ကီလိုမီတာအထိ သက်ရောက်မှုရှိပြီး ရေဒါအပြင် နီအောက်ရောင်ခြည်နဲ့ ရှာဖွေတဲ့ စနစ်ပါ ထည့်သွင်းထားတာပါ။ ဒီကရှေ့ကို တရုတ်နဲ့ ရုရှားဆီက လေကြောင်းကာကွယ်ရေးစနစ် ဘယ်သူမှ ဝယ်ကြမှာမဟုတ်တော့ပဲ ဝယ်ထားမိသူတွေလည်း ဘောင်းဘီဖင်ပြဲကြီး ဝတ်ထားမိသလို မအီမလည် မလုံမလဲဖြစ်နေမှာ အသေအချာပါပဲ။

အမေရိကန်တပ်ဖွဲ့တွေက အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ဘယ်လိုဆွံ့အ ပင်း ကန်း သွားအောင် လုပ်ခဲ့သလဲဆိုတာနဲ့ ဒီစစ်ဆင်ရေး ဘယ်လိုစခဲ့တယ်ဆိုတာကို တပ်ပေါင်းစုဗိုလ်ချုပ်ကြီး ဒန်ရေဇင်ကိန်းက ခုလို ရှင်းပြထားပါတယ်။ ဖေဖော်ဝါရီ ၂၇ ညနေစောင်း ၃း၃၈နာရီမှာ “Operation Epic Fury is approved, no aborts, good luck” ဆိုတဲ့ ၆လုံးထဲနဲ့ စခဲ့တာပါ။ အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းနဲ့ IDF တို့ပူးပေါင်းပြီး တီဟီရန်စံတော်ချိန် နံနက် ၉း၄၅မှာ စတင်ခဲ့တာပါ။ ဒုံးကျည်တွေ ပစ်လွှတ်ခြင်းမပြုခင်မှာ Cyber Command နဲ့ Space Command တို့က အီရန်ကို ဘာကိုမှမမြင်ရ မကြားရ ဆက်သွယ်လို့မရအောင် ကန်းသွားအောင် အရင်လုပ်ခဲ့တဲ့အတွက် သူတို့အတိုက်ခံရပြီဆိုတာ မသိခင်မှာပဲ လေဖြတ်သလို လှုပ်ရှားမရဖြစ်သွားခဲ့တာပါ။

အဲလိုလုပ်ပြီးတော့မှ အမေရိကန်ရဲ့ တိုက်လေယာဥ် ဗုံးကြဲလေယာဥ် အစီး ၁၀၀ကျော်နဲ့အတူ လူမပါတဲ့ ဒရုန်းတွေဟာ H-Hour မှာ အီရန်လေပိုင်နက်ထဲကို ပုံစံတခုနဲ့ တညီတညာတည်း ဝင်လာခဲ့ကြပါတယ်။ ပထမ ၂၄နာရီအတွင်းမှာတင် ပစ်မှတ်ပေါင်း တထောင်ကျော်ကို ကန်နဲ့အစ္စရေးတပ်တွေက ပစ်ခတ်ဖျက်ဆီးခဲ့ပြီးပါပြီ။ ရေတပ်ကလည်း Tomahawk ခရုဇ်ဒုံးကျည်တွေနဲ့ အီရန်တောင်ဘက်ပိုင်းကို စဖွင့်ပြီး နေရာစုံကို တိုက်ခိုက်ဖို့ လမ်းရှင်းပေးလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးအထူးအလေးထားတာက လှုပ်ရှားမှု တခုချင်းတိုင်းဟာ “measured, deliberate, precise and lethal” ဖြစ်ရမယ်လို့ ဆိုတာပါ။

“သမ္မတထရမ့်က စစ်ဆင်ရေးလုပ်ဖို့ အမိန့်ပေးလိုက်တာမဟုတ်ပါဘူး၊ ၄၇နှစ်ကြာခြိမ်းခြောက်မှုတခုကို အဆုံးသတ်လိုက်တာပါ၊ တိုက်မယ့်အကြောင်းကို စာနဲ့ရေးသားတာ၊ (ခါတိုင်းလိုမဟုတ်ပဲ) နေ့ဖက်မှာ တိုက်ခဲ့တာ၊ တိုက်တိုက်ချင်း အင်ပြည့်အားပြည့် ဖျက်ဆီးရှင်းလင်းခဲ့တာတွေက ရန်သူကို အလစ်အငိုက်အကြီးကြီး မိသွားစေတာပါ၊ သူတို့သတိဝင်လာတဲ့အချိန်မှာ အကုန်ဖျက်ဆီးခံရပြီးသား ဖြစ်နေပါပြီ၊ ရန်သူတွေကို ငါတို့ပေးချင်တဲ့မက်ဆေ့ချ်က ရှင်းပါတယ်၊ အမေရိကပထမဆိုတဲ့ ကွန်မန်ဒါက “No Aborts” လို့ပြောထားပြီဆိုကတဲက ရလာဒ်က တခုပဲ သေချာထွက်ရပါမယ်” လို့ ဗိုလ်ချုပ်ကြီးကိန်းက ပြောသွားပါတယ်။

ဘိုင်ဒန်တို့က တိုက်ခိုက်ရေးဘက်မှာ လုံးဝနေရာမပေးပဲ ရာထူးလည်း ကြယ် ၃ပွင့်ဗိုလ်ချုပ်ကနေ ပေးမတက်ခဲ့တဲ့ ဗိုလ်ချုပ်ကိန်းဟာ ၂၀၂၄ဒီဇင်ဘာမှာ အငြိမ်းစားယူသွားတာကနေ ထရမ့်က တပ်ပေါင်းစုကို ကွပ်ကဲဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဆီးနိတ်မှာ မဲမခွဲခင် ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီး အဆင့်ကို တိုးပေးခဲ့တာပါ။ ခုထိ တိုက်သမျှ သေသပ် မြန်ဆန် ထိရောက်တာ ဗိုလ်ချုပ်ကြီးကိန်းရဲ့ စွမ်းဆောင်ချက်တွေ အများကြီးပါပါတယ်။ ဒီမိုကရက်တွေ လက်ထဲမှာဆိုရင် အရည်အချင်းရှိတဲ့သူ ချောင်ထိုးခံရပြီး ကျားက မလိုဝတ်တဲ့သူတွေ၊ လူမည်းတွေ၊ မိန်းမတွေကိုပဲ DEI နဲ့ နိုင်ငံရေးအရ ခန့်တာဖြစ်လို့ တိုက်တိုင်းရှုံး ပွဲတိုင်းဂွမ်းတွေ ဖြစ်နေခဲ့တာပါ။

အစ္စရေးတပ်တွေက အီရန်အဆင့်မြင့်ထောက်လှမ်းရေးအရာရှိ ၂ဦးဖြစ်တဲ့ Sayed Yahya Hamidi နဲ့ Jalal Pour Hossein တို့ကို သုတ်သင်ခဲ့ပြီး အီရန်နောက်ခံပေးထားတဲ့ အီရတ်ရှိ Kata’ib ဟဇ်ဘိုလာ ၅ဦးကိုပါ သုတ်သင်ပစ်နိုင်ခဲ့ပါတယ်။ အဲဒီအဖွဲ့က အမေရိကန်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ သီးသန့်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပုံမှန်တော့ သူတို့က လက်ဘနွန်မှာ အခြေစိုက်ကြတာပါ။ အခု အီရတ်မှာ လာပုန်းနေတာ ဖြစ်ပုံရပါတယ်။ အစ္စရေးက “မင်းတို့ ပြေးလို့ရတယ်၊ ပုန်းလို့မရဘူး၊ အစ္စရေးနဲ့ မိတ်ဆွေတွေကို ပစ်မှတ်ထားရင် ငါတို့က လုံးဝအလွတ်မပေးဘူး”လို့ သတိပေးထားပါတယ်။ပါတယ်။  

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုဟာ လွှတ်တော်နှစ်ရပ်က နှစ်ပါတီခေါင်းဆောင်၈ဦးကို ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ ဒါဆိုရင် လွှတ်တော်ကို မတင်ပြလို့ဆိုပြီး အပြစ်ရှာနေတဲ့သူတွေ ထရမ့်ကို ဆက်အပြစ်တင်နိုင်ဖို့ နောက်ဆင်ခြေတခု ထပ်ရှာရဦးမယ့်ပုံပါပဲ။

အမေရိကန်နဲ့ အစ္စရေးတပ်တွေ အီရန်ကို အစွယ်ချိုးနေစဥ်မှာ အီရန်ကနေ တရုတ်ကိုပို့နေတဲ့ တနေ့ ရေနံစည် ၂သန်းလောက်က ပို့လို့မရတော့ပါဘူး။ အီရန်က တနေ့ကို စည်ပေါင်း ၁.၆သန်း တင်ပို့ပြီး အဲဒီထဲက ၉၀% က တရုတ်ကို သွားတာဖြစ်ပါတယ်။ ဗင်နီဇွဲလားက တနေ့ကို ရေနံစည် ၄သိန်းလောက် တင်ပို့ပြီး အဲဒီထဲက ၇၀% က တရုပ်ကိုသွားတာပါ။ ဒီနေ့ရေနံဈေးက ၁၀-၁၅% တက်သွားပြီး ဘရန့်ရေနံစိမ်းက တစည်ကို ၈၀ထိလာနေပြီး WTI က ၇၀ကျော်နေပါပြီ။ တရုတ်က တခြားက ရေနံဝယ်ရရင် ဒေါ်လာနဲ့ပဲ ဝယ်ရဖို့များတာအပြင် ကမ္ဘာ့ပေါက်ဈေးအတိုင်း ဝယ်ရမှာဖြစ်လို့ တနှစ်ကို ဘီလီယံရာနဲ့ချီပြီး ပိုသုံးရတော့မှာဖြစ်ပါတယ်။ အမေရိကန်ကတော့ ရေနံဈေးတက်ရင် အမြတ်ပိုများမှာဖြစ်လို့ ဟော်မုဇ်ပိတ်လည်း ထိခိုက်မှာ မဟုတ်ပါဘူး။

အီရန်မှာ စစ်ဌာနချုပ်နဲ့တကွ ထောက်လှမ်းရေးအဆောက်အဦတွေ ခေါင်းဆောင်တွေ အရှင်းခံရပြီး အထက်နဲ့ အဆက်ပြတ်နေပုံရတဲ့ (သို့) Mosaic Defense ကို အကောင်အထည်ဖော်မယ့် အလယ်အလတ်/ အောက်ခြေတပ်သားတွေဟာ လူနေရပ်ကွက်တွေထဲ အရပ်ဝတ်နဲ့ ပြန်လာကြပေမယ့် လူထုက လက်မခံတော့ပဲ တိုက်ခိုက်၊ နှင်ထုတ် ဖယ်ကျဥ်တာ ခံနေကြရပါတယ်။ အာဏာရှိတုန်းက လူထုကို နိုင်စားခဲ့၊ ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့သူတွေ ဝဋ်လည်တဲ့ အချိန်ပါပဲ။

Leave a comment