Operation Epic Fury (10)

အီရန်ဖရီးဂိတ်တစီးက သီရိလင်္ကာအလွန် အိန္ဒိယသမုဒ္ဒရာက နိုင်ငံတကာရေပြင်မှာ လုံခြုံလှပြီအထင်နဲ့ သွားပုန်းနေပါတယ်။ သူ့အသက် သိပ်တန်ဖိုးထားတဲ့ ခါမေနီကိုတောင် ဘယ်အချိန် ရေအိမ်တက်တာက အစ အတိအကျသိနေတဲ့ အမေရိကန်တွေက မတ်လ ၄ရက်နေ့မှာ ရေငုပ်သင်္ဘောလွှတ်ပြီး Mk-48 တော်ပီဒိုတလုံးတည်းနဲ့ အသံတိတ်ကျွေးလိုက်တော့မှ သူလည်း သူ့ညီအကိုတွေလိုပဲ ပင်လယ်ကြမ်းပြင်မှာ ထာဝရ အနားယူ ရပါတော့တယ်။ WWII နောက်ပိုင်း ပထမဆုံးအကြိမ် တော်ပီဒို ကို အသုံးပြုတာဖြစ်ပါတယ်။ တာဝေးပစ်ဒုံးကျည်တွေ၊ ဒရုန်းတွေ တင်ဆောင်ထားတဲ့ IRGC ရဲ့ Soleimani class Shahid Sayyad Shirazi စစ်သင်္ဘောဟာလည်း ပါးရှန်းပင်လယ်ကွေ့က ဘန်ဒါအာဘတ်စ်ဆိပ်ကမ်းနားမှာ နစ်မြှုပ်ခံလိုက်ရတဲ့အတွက် နစ်မြှုပ်ခံရတဲ့ အီရန်စစ်သင်္ဘောပေါင်း ၂၀ကျော်သွားပြီလို့   CENTCOM က အတည်ပြုသွားပါတယ်။

ကနေ့ အစ္စရေးလေတပ်က F-35I ကိုယ်ပျောက်ဖိုက်တာလေယာဥ်ဟာ အီရန်ရဲ့​ ရုရှားလုပ် Yak-130 တိုက်လေယာဥ်ကို လေထဲမှာတင်ပစ်ချနိုင်ခဲ့တဲ့အတွက် သမိုင်းမှာ ပထမဆုံးစာရင်း ဝင်သွားပါပြီ။ ကာဝန် ဟက်ဆက်သ်က GPS၊ လေဆာတွေနဲ့ထိန်းပြီး တိကျစွာပစ်ခတ်နိုင်တဲ့ ပေါင် ၂၀၀၀လေးတဲ့ ဗုံးတွေကို စတင်အသုံးပြုတော့မယ်လို့ ကြေငြာသွားပါတယ်။ အဲလိုဗုံးမျိုး အလျံပယ်ရှိနေကြောင်း ကြေငြာခြင်းဖြင့် အီရန်ရဲ့ “အမေရိကန်က ဗုံးတွေပြတ်လပ်တော့မယ်”ဆိုတဲ့ ပြောဆိုချက်ဟာ မဟုတ်ကြောင်း ပြသလိုက်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးဒုံးတွေ ဗုံးတွေက အီရန်လက်နက်တိုက်နဲ့ ပစ်လွှတ်စင်တွေကို ဖျက်ဆီးလိုက်တဲ့ အတွက် အီရန်က အရင်ရက်တွေတုန်းကလို အင်နဲ့အားနဲ့ ပြန်မပစ်နိုင်တော့ပါဘူး။ စစ်စတာ ၅ရက်ပဲရှိသေးတဲ့အချိန်မှာ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည်က ၈၉% လျော့သွားပါပြီ။ ပထမရက်မှာ ဒုံးကျည် ၃၅၀ပစ်နိုင်ခဲ့ပြီး ပဉ္စမရက်မှာ ၄၀ပဲ ပစ်နိုင်ပါတော့တယ်။ ဒရုန်းတွေကလည်း ဒုတိယရက်မှာ ၅၀၀ကျော် နဲ့ အများဆုံး ဖြစ်ခဲ့ပေမယ့် ပဉ္စမရက်မှာ ၄၅ခုပဲ လွှတ်နိုင်ပါတော့တယ်။ အမေရိကန်တွေ ဗုံး/ဒုံး တွေ ပြတ်လပ်တော့မယ်လို့ အီရန်က ဝါဒဖြန့်နေတာ တကယ်တမ်းကျ သူတို့ပြတ်လပ်တော့မှာ ဖြစ်နေပါပြီ။ သူတို့ပစ်ခဲ့သမျှကလည်း လွဲတာ ချော်တာနဲ့ ပစ်ချခံရတာနဲ့ဆိုတော့ အရာမထင်တာ များပါတယ်။ ပစ်ချရာမှာ လွင့်စင်လာတဲ့ အပျက်အစီးတွေကြောင့် UAE, ဘာရိန်းနဲ့ ကူဝိတ်မှာ လူ ၁၂ဦး သေဆုံးခဲ့ပါတယ်။

အီရန်မှာ သေဆုံးသူ ၁၀၀၀ ကျော်သွားပါပြီ။ ဒီနေ့ Bukan အစိုးရရုံးကို ပစ်လိုက်တာမှာ IRGC တပ်ဖွဲ့ဝင် ၁၀၀ကျော် ပါသွားပါတယ်။ ခေါင်းဆောင်တွေက ကိုယ့်တပ် ကိုယ့်ပြည်သူအသက်ကို ငဲ့ခဲ့ရင် အဲဒီလောက်အထိ သေဆုံးမှုများလာစရာ မရှိပါဘူး။ IRGC commander က ၂၀၂၄တုန်းက ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့နောက်ကွယ်က ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။

စစ်ဆင်ရေးအရှိန်မြင့်လာတာနဲ့ IRGC တပ်သားတွေက သူတို့ဆိုင်ရာအဆောက်အဦတွေမှာ မနေကြတော့ပဲ အရပ်သားတွေကြားထဲ ရောနေဖို့ ကြိုးစားကြပါတယ်။ အထူးသဖြင့် ကလေးကျောင်းတွေ၊ အားကစားရုံတွေ၊ မိသားစုဂျင်မ်တွေမှာ ယာယီစခန်းတွေဖွင့်ပြီး တပ်စွဲကြပါတယ်။ ဂါဇာမှာတုန်းကလည်း ဟာမာ့စ်တွေ ဒီလိုပဲလုပ်ခဲ့ကြတာပါပဲ။ သူတို့ကို​ ရှင်းရင်းနဲ့ အရပ်သားကိုထိရင် အထူးသဖြင့် ကလေးတွေကိုထိရင် မျက်ရည်ခြူကြပါဦးမယ်။ ပြည်သူ့အသက်ကို တန်ဖိုးမထားတဲ့သူတွေက ခြူတဲ့မျက်ရည်ဆိုရင် ရိုးသားမှုရှိဖို့ မလွယ်ပါဘူး။ သတ္တိရှိတယ်၊ ပြည်သူကို တန်ဖိုးထားတယ်ဆိုတဲ့ သူတွေက ကိုယ့်ကလေးတွေ ဘေးဖြစ်မယ့်အလုပ် မလုပ်ပါဘူး။

တီဟီရန်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပြည်သူတွေ မြို့ကိုစွန့်ခွာပြီး ဘေးကင်းရာကို တိမ်းရှောင်နေကြရပါတယ်။ စစ်သားတွေက အာဖဂန်ဘက်ကို ပြေးကြသလို နိုင်ငံခြားမှာ လူခံရှိသူတွေက တူရကီဘက်ကို ပြေးကြပါတယ်။ အများစုကတော့ နေမြဲတိုင်းဆက်နေနေကြတာပါ။ အီရန်ပြည်သူ ၁သိန်းကျော်လောက် ထွက်ပြေးကြတဲ့အချိန်မှာ အီရတ်ဘက်က ကာ့ဒ်တပ်တွေက အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ အီရန်မှာ မြေပြင်ရှင်းလင်းရေးလုပ်ဖို့ ဝင်လာနေကြပါပြီ။ အစကတည်းက ချိတ်ဆက်ပြင်ဆင်ထားလို့သာ အခုလို ရက်ပိုင်းအတွင်း ဝင်လာနိုင်တာ ဖြစ်မှာပါ။

ကာ့ဒ်တွေက Indo-Iranian တွေဖြစ်ပြီး တူရကီ၊ အီရတ်၊ အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေက မက်ဆိုပိုတေးမီးယားတောင်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံမဲ့လူမျိုးစုတွေဖြစ်ပါတယ်။ အများစုက ဆွန်နီတွေဖြစ်ကြပေမယ့် ရှီးယားတွေ၊ ရာဇီဒီတွေ ခရစ်ယာန်ကိုးကွယ်သူတွေလည်း ရှိပါတယ်။ ကာ့ဒ်အုပ်စုအချင်းချင်းကြားမှာ အားပြိုင်တိုက်ခိုက်မှုတွေ ရှိတတ်ပေမယ့် IS လို ဘုံရန်သူနဲ့ ရင်ဆိုင်လာရရင်တော့ အကုန်စည်းလုံးသွားပြီး ထိထိရောက်ရောက် ပြန်ချတတ်ကြတာ သူတို့ရဲ့ ဝိသေသတခုပါ။ အချင်းချင်းညီညွတ်ဖို့ ညှိနှိုင်းပေးမယ့်သူရှိရင် သူတို့က အကောင်းဆုံးစစ်သည်တွေပါ။

မကြာသေးမီကမှ ထရမ့်ဖွဲ့စည်းလိုက်တဲ့ the Board of Peace မှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေအပြင် ပြည်တွင်း/ဒေသတွင်းပဋိပက္ခတွေ ရှိနေတဲ့ အာမေးနီးယား၊ အဇာဘိုင်ကျန်၊ ကာဇက်စတန်၊ တူရကီ၊ ပါကစ္စတန်တို့က ရှေ့ဆုံးက ပါဝင်နေကြတာကိုကြည့်ရင် သမ္မတထရမ့်ရဲ့ စေ့စပ်ပေးမှုကို ဘယ်လောက် တန်ဖိုးထားမျှော်လင့်နေကြတယ်ဆိုတာ သိနိုင်ပါတယ်။ အီရန်က ပစ်လိုက်တဲ့ဒုံးကျည်ကို တူရကီကောင်းကင်မှာ နေတိုးလေကြောင်းကာကွယ်ရေးဒုံးတွေက ဖျက်ချလိုက်ရပါတယ်။ တူရကီက Incirlik လေတပ်စခန်းကို ပစ်တာဖြစ်ပါလိမ့်မယ်။ အီရန်က ကိုယ့်ကိုယ်ကို ကာကွယ်တာလို့ တစိုက်မတ်မတ် ပြောနေပေမယ့် စစ်ပွဲကို ကျယ်ပြန့်လာအောင်လုပ်နေတာက သူတို့ ကိုယ်တိုင်ပဲ ​ဖြစ်နေတာပါ။

ဒီစစ်ဆင်ရေးမစခင်က ခေါင်ပိုင်းကျဖို့ ၄ပတ်လောက် အချိန်ယူရမယ်လို့ ထင်ခဲ့ရာက နာရီပိုင်းအတွင်း လုပ်နိုင်ခဲ့တာဟာ AI တွေရဲ့အစွမ်းကြောင့်လို့ ဝါရှင်တန်ပို့စ်က တင်ပြထားပါတယ်။ သမိုင်းမှာ အဆင့်အမြင့်ဆုံး AI နဲ့ သမားရိုးကျ ပူးပေါင်းတဲ့စစ်ပွဲတခုပါ။ အမေရိကန်စစ်တပ်က Palantir Technologies (stock code: PLTR) က တည်ဆောက်ထားတဲ့ Maven Smart System ကို အသုံးပြုပါတယ်။ အဲဒါက အကြီးစား data-mining & analysis လုပ်တဲ့ ပလက်ဖောင်ဖြစ်ပြီး petabyte (1 petabyte = 1 million gigabyte) ပေါင်းများစွာရှိတဲ့ ထောက်လှမ်းရေးဒေတာတွေကို အသုံးပြုကာ digital “central situation room” အဖြစ် ပစ်မှတ်တွေကို အချိန်နဲ့ တပြေးညီလိုက်ရှာပေးပြီး လေဆာလို တိကျတဲ့ ပစ်ခတ်မှုတွေကို တွေးတာထက်တောင် မြန်တဲ့အဟုန်နဲ့ ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးခဲ့တာပါ။

ပုံမှန်အားဖြင့် ထောက်လှမ်းရေးတွေ ရက်သတ္တပတ်နဲ့ချီပြီး လုပ်ရမယ့် planning အလုပ်တွေကို ဒီ Maven စနစ်က နာရီပိုင်းအတွင်း လုပ်နိုင်တာ ဖြစ်ပါတယ်။ ဂြိုလ်တုကပုံတွေကို အကဲဖြတ်တာ၊ ထောက်လှမ်းရေးအချက်ပြတာ၊ လူအချင်းချင်း ဆက်သွယ်တဲ့မှတ်တမ်း စတဲ့ အချက်တွေပေါ်ကနေ IRGC ကို ဝင်တိုက်ဖို့အကောင်းဆုံးအချိန်ကို အမြန်ဆန်ဆုံး တွက်ချက်ပေးသလို မစ်ရှင်တခုလုံးအတွက် တွက်ချက်မှုတွေ၊ နိုင်ငံတကာပိုင်နက်မှာဆိုရင် ဥပဒေတခုခုနဲ့ ငြိ/မငြိ ဆိုတာတွေကအစ တွက်ပေးနိုင်ပြီး ပုံမှန် လူ ၂၀၀၀လောက် လုပ်ရမယ့်အလုပ်ကို လူ ၂၀ထဲနဲ့ လုပ်လို့ ရတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးက US က AI မှာ ရှေ့ကရောက်ရမယ်လို့ ပြောနေတာပါ။

အီရန်က သူတို့အစိုးရကို ပြုတ်ကျအောင် လုပ်မယ်ဆိုရင် အစ္စရေးမှာရှိတဲ့ Dimona နျူဓါတ်ပေါင်းဖိုကို ပစ်ခတ်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ သူတို့မှာ ရေတပ်ရော လေတပ်ပါ ပြုတ်ပြုတ်ပြုန်း သွားပြီဆိုတော့ ဘာနဲ့များလှမ်းပစ်မှာပါလိမ့်။ ဒီလိုအန္တရာယ်များတဲ့နေရာကိုဆိုရင် Bunker-buster လောက်တော့ သုံးရမယ်လေ။ အစ္စရေးကရော အဲဒါတွေ အစကတဲက ထည့်မတွက်ထားပဲ ရှိပါ့မလား။

နေတိုးမှာ GDP ရဲ့ ၅% ပေးရမယ့်အစား ၁.၂၅ % လောက်နဲ့ အမေရိကန်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရယူနေတဲ့ စပိန်က သူ့အခြေစိုက်စခန်းတွေကို အမေရိကန်ကို ပေးမသုံးလို့ ထရမ့်က စပိန်နဲ့ ကုန်သွယ်မှု မလုပ်တော့ဘူးလို့ ကြေငြာပြီး ၂၄နာရီမပြည့်ခင်မှာပဲ အမေရိကန်နဲ့ ပူးပေါင်းဖို့ သဘောတူညီလိုက်ပါပြီ။ အဲလိုမလုပ်ရင် သူ့ပြည်သူတွေ ဆန္ဒပြကြပါလိမ့်မယ်။ ပြင်သစ်က သူတို့ရဲ့ တခုတည်းသော လေယာဥ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းကို စေလွှတ်လိုက်ပါပြီ။ UK က စတမ်မာကတော့ သူတို့ ဥ ထားတဲ့ မူစလင်တွေကို UK က အီရန်ကို တိုက်ခိုက်တာမှာ မပါပါဘူးနော်လို့ ပြာပြာသလဲ ရှင်းပြနေရပါတယ်။ အမြဲကန့်လန့်လုပ်တဲ့ တရုတ်နောက်လိုက် ကနေဒါက သူ့ကိုမတိုင်ပင်ဘူးလို့ အပြစ်တင်ပါတယ်။ သူ့ကိုပြောရင် တရုတ်ကိုရောက်၊ တရုတ်ကနေ အီရန်ကို ပြန်ရောက်နိုင်တယ်လေ။

အီရန်က ဟော်မုဇ်ရေလက်ကြားကို တရုတ်တနိုင်ငံတည်းသာ ပေးဖြတ်မယ်လို့ ကြေငြာလိုက်သလို ရုရှားက ဥရောပကို LNG ဓါတ်ငွေ့ မရောင်းတော့ပဲ နေလိုက်ရမလားလို့ သွေးတိုးစမ်းပါတယ်။ စစ်ဆင်ရေးအတွက် အသင့်ပြင်ထားတဲ့ စွမ်းအင်ဝန်ကြီးဘာဂမ်က အမေရိကန်က စွမ်းအင် အများကြီး တိုးထုတ်မယ်လို့ ကြေငြာလိုက်ပါတယ်။ အရင်အစိုးရတွေက Bureau of Land Management အောက်ကို ပို့ထားတဲ့ မြေဧက ၂၂.၂သန်းကို ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ဖို့အတွက် မြေငှားခွင့်ပြုလိုက်ပါပြီ။

သူ့ဘက်မှာ ရုရှားနဲ့ တရုတ်ရှိတယ်ဆိုပြီး မာန်ထောင်ခဲ့တဲ့ အီရန်က တကယ်တမ်း စစ်ဖြစ်တဲ့အခါ အမေရိကန်ရဲ့ အတုမရှိတဲ့စွမ်းပကားကို မြင်တွေ့လိုက်ရတဲ့ ရုရှားနဲ့ တရုတ်က ကုပ်ဆင်းသွားတဲ့အတွက် သူ့ဘက်မှာ သူပေးကျွေးမွေးထားတဲ့ ဟဇ်ဘိုလာတွေ ဟူသီတွေလောက်ပဲ ကျန်တော့တာပါ။ ဟာမာ့စ်ကလည်း အသံမထွက်နိုင်တော့သလို ဟဇ်ဘိုလာခေါင်းဆောင်ပိုင်းရော ရုံး/စခန်းတွေပါ အကုန်ကြွသွားပါပြီ။ အီရန်မှာ အင်တာနက်ပြတ်နေတာလည်း နာရီ ၁၀၀ကျော်သွားပြီဖြစ်ပြီး လျှပ်စစ်မီးတွေပါ ပြတ်ကုန်ပြီဖြစ်ပါတယ်။

ဒီစစ်ပွဲကြောင့် တရုပ်နဲ့ရုရှားကို အဖေခေါ်နေတဲ့/ ခေါ်ချင်တဲ့ နိုင်ငံတွေဟာ အစစ ပြန်သုံးသပ်ရတော့မှာ ဖြစ်သလို Bipolar စစ်အေးတိုက်ပွဲအပြီးမှာ multi-polar ကမ္ဘာကြီး ဖြစ်လာနေတယ်ဆိုတဲ့ ယူဆချက်လည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့ စစ်ရေးအာဏာကို ကန့်သတ်မယ့် ဒီမိုကရက်တွေရဲ့ War Power Resolution ဟာ ဆီးနိတ်မှာ ၄၇-၅၃နဲ့ ရှုံးနိမ့်သွားခဲ့ပါပြီ။ ဒီမိုကရက်ဖက်တာမင်းက ကန့်ကွက်ခဲ့ပြီး ရီပါဘလစ်ကန် ရန်ဒ်ပေါလ်က ထောက်ခံတာကလွဲလို့ ကျန်အားလုံးက ပါတီလိုင်းအတိုင်း မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရီပါလစ်ကန်တွေက ၁၉၇၃ က War Powers Act အရ သမ္မတဟာ ရက်၆၀-၉၀ ကြာတဲ့စစ်အတွက် ကွန်ဂရက်စ်မှာ မဲခွဲဖို့ မလိုဘူးဆိုတာကို ထောက်ပြကြပါတယ်။ မနက်ဖြန်ကျရင် အောက်လွှတ်တော်မှာ မဲခွဲဦးမှာဖြစ်ပါတယ်။  

Leave a comment