Operation Epic Fury (39)

မနေ့က F-15E လေယာဥ်ပျက်ကျရာမှာ ပါသွားတဲ့ weapon system officer (WSO) ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီလို့  X မှာသတင်းတွေ တက်လာပါပြီ။ သမ္မတထရမ့်လည်း ဒီသတင်းကြားရဖို့ အိမ်ဖြူတော်မှာပဲ အလုပ်လုပ်ရင်း စောင့်ဆိုင်းနေခဲ့တာပါ။ အကောင်းဆုံးသတင်းက ကိုယ့်လူတဦးမှ မကျခဲ့တာပါပဲ။ ကြီးကြီးကျယ်ကျယ်ဒဏ်ရာတောင် မရခဲ့ကြပါဘူး။ WSO က ပေ ၇၀၀၀ မြင့်တဲ့တောင်ရိုးပေါ်ကို အီရန်တပ်တွေလက်ကလွတ်အောင်ပြေးပြီး တက်ရှောင်နေခဲ့တာပါ။ သူက တယောက်တည်းဆိုပေမယ့် တပ်ချုပ်ရော စစ်ဝန်ရော၊ chief of staff ရော အကုန်လုံးက ၂၄နာရီ စောင့်ပေးနေကြတာပါ။

ကယ်ဆယ်ရေးအဖွဲ့မှ Pararescuemen အနည်းဆုံး ၂၄ဦးက လေထီးတွေနဲ့ဆင်းပြီး ဒလကြမ်းပစ်ခတ်နေတဲ့ကြားက ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြတာပါ။ ရှာဖွေခဲ့တဲ့နေရာတဝိုက် ပေါက်ကွဲမှု ပစ်ခတ်မှုတွေ အများကြီး ဆူညံပွက်နေတဲ့ကြားက ကယ်ခဲ့ကြတာဖြစ်ပါတယ်။ အနိမ့်ပျံနိုင်တဲ့ A-10 တွေကလည်း ကာပစ်ပစ်ပေးနေပါတယ်။ စခန်းကို မပြန်အားလို့ ဝေဟင်မှာတင် ဆီဖြည့်ပြီး ဆက်ရှာနေရတာပါ။ စခန်းကို မပြန်အားလို့ ဝေဟင်မှာတင် ဆီဖြည့်ပြီး ဆက်ရှာနေရတာပါ။ အဲဒီ CSAR ယူနစ်ရဲ့ ယုံကြည်ချက်က “That Others May Live”  သူများတွေအသက်ရှင်ဖို့ပါတဲ့။ သူတို့အလုပ်က အင်မတန်စွန့်စားရတာဖြစ်ပြီး အသက်အန္တရာယ်နဲ့ သိပ်နီးပေမယ့် ကယ်ဖို့လွှတ်တဲ့ထဲမှာ ပါချင်လို့ သူ့ထက်ငါ volunteer လုပ်နေကြတဲ့စိတ်ဓါတ်က နှလုံးသားထဲမှာ ရသမျိုးစုံပေးနေတာပါ။

အဲဒီ Chaharmahal နဲ့ Bakhitiari ခရိုင်တဝိုက်က ကျောက်တောင်ကျောက်ဆောင်တွေကြားမှာ ဖြစ်တော့ ကျောက်တုံးတွေကြား ပုံးကွယ်ပြီး ငှက်ပစ်လောင်ချာတွေနဲ့ ထွက်ပစ်ကြတာတွေလည်း ရှိနေပါတယ်။ ကယ်ဆယ်ရေးမစ်ရှင်အတွင်း အနီးကပ်ပစ်ခတ်မှုတွေကြားမှာ အီရန်တပ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ မနေ့က ဒုတိယမြောက် ပစ်ချခံရတဲ့ A-10 လေယာဥ်က F-15E က ပိုင်းလော့ကို ကယ်စဥ်မှာ ပစ်ချခံရလို့ ပါးရှန်းပင်လယ်ကွေ့ထဲကို ပျက်ကျသွားခဲ့တာပါ။ ပိုင်းလော့ကို ကယ်ယူလာတဲ့ ရဟတ်ယာဥ်ကလည်း ကျည်ထိခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ဒဏ်ရာရသွားခဲ့ကြပါတယ်။

WSO ကို ရှာဖွေကယ်ဆယ်ဖို့ ဂျာမဏီက အမေရိကန်စစ်ခန်းမှာ ထားတဲ့ HC-130J Combat King II လေယာဥ် ၂စီးကို အရှေ့အလယ်ပိုင်းသို့ ထပ်ခေါ်ထားခဲ့တာပါ။ အီရန်ကလည်း အဲဒီလူကို တွေ့ရင်သတ်ဆိုတဲ့ မက်ဆေ့ကတမျိုး၊ ဖမ်းမိရင် ၆သောင်းပေးမယ် ဆိုတာကတဖုံ တလစပ် ကြေငြာနေခဲ့ပါတယ်။

သမ္မတထရမ့် အီရန်ကို ဟော်မုဇ်ပြန်ဖွင့်ဖို့ ပေးထားတဲ့ ၁၀ရက်ဆိုတဲ့အချိန်ပြည့်ဖို့ ၄၈နာရီအလိုမှာ ငရဲမိုးရွာဖို့ ၄၈နာရီပဲလိုတော့တယ်၊ အချိန်နီးလာပြီဆိုပြီး ထပ်မံသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အီရန်ဘက်ကလည်း ဖွင့်ထားပါတယ်ဆိုပေမယ့် ချွင်းချက်ကြီးတွေနဲ့ပါ။ မရှိမဖြစ်နဲ့ လူသားစာနာတဲ့ ကုန်စည်တွေပဲ ပေးဖြတ်မယ်၊ ဒါလည်း အီရန်ဆိပ်ကမ်းတွေကို လာတဲ့သင်္ဘောတွေပဲ ဖြစ်ရမယ်၊ ဘာတွေသယ်လာတယ်၊ ဘယ်သူတွေပါတယ်ဆိုတာတွေကို အရင်တင်ပြပြီး IRGC ရဲ့ ကြိုတင် ထောက်ခံချက် ရရှိထားရမယ်လို့ သတ်မှတ်ထားတာပါ။ ဟော်မုဇ်က အစကတည်းက နိုင်ငံတကာ ရေလမ်းကြောင်းဖြစ်ပြီး ပါးရှန်းပင်လယ်ကွေ့နိုင်ငံတွေရဲ့ တခုတည်းသော ပင်လယ်ထွက်ပေါက်ပါ။ အဲဒါကို သူ့ဆီလာမှဆိုတော့ ဒါဖွင့်တယ်လို့ ခေါ်နိုင်ပါ့မလား။ ဟော်မုဇ်မှာ သင်္ဘောအစီး ၂၀၀၀ကျော် ပိတ်မိနေပါသေးတယ်။

အီရန်ရဲ့ လေကာစနစ်က ဖျက်ဆီးပြီးဖြစ်တော့ အမေရိကန်လေယာဥ်တွေကို ဘာနဲ့ပစ်ချခဲ့တာလဲလို့ မေးစရာရှိပါတယ်။ အီရန်ဘက်ကရင်းမြစ်တွေကတော့ အဆင့်မြင့်လေ/ကာစနစ်အသစ်လို့ ဆိုပေမယ့် အဲဒါက ရုရှား အဇာဘိုက်ကျန်ဘက်ကနေ ပို့လိုက်တဲ့ S-500 လေ/ကာစနစ် ဖြစ်ပုံရတယ်လို့ တချို့က ဆိုပါတယ်။ အတည်ပြုထားတာတော့ မရှိပါဘူး။ ရုရှားရဲ့ အဲဒီ S-500 Prometheus လေ/ကာစနစ်က ကောင်းကင်အမြင့်က လေယာဥ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေအပြင် ဟိုက်ပါဆိုးနစ်တွေကိုတောင် ပစ်ချနိုင်တယ်လို့ ဆိုထားပါတယ်။ အီရန်က လူသတ်အစိုးရကို ဆုံးရှုံးလိုက်ရရင် သူတို့အတွက် အဓိက proxy မရှိတော့မှာဖြစ်လို့ ခရုအဆံကျွတ်လို ဖြစ်တော့မယ့်အခြေအနေကို မရောက်အောင် တရုတ်နဲ့ရုရှားက အစွမ်းကုန်ကြိုးစားကြမှာကတော့ မလွဲမသွေပါပဲ။

အမေရိကန်နဲ့ အစ္စရေးတပ်တွေဟာ တီဟီရန်၊ အစ္စဖာဟန်နဲ့ အခြားမြို့တွေက ဒုံးကျည်ဆိုက်တွေကို ဗုံးမိုးရွာပြီး အရှိန်တိုးမြှင့်နှိမ်နှင်းနေသလို အီရတ် Shalamcheh နယ်စပ်ဖက်ကနေ  စစ်ကူပေးဖို့ ဝင်လာတဲ့ယာဥ်တန်းကြီးကို မီးခိုးနဲ့ အပျက်အစီးအစအနတွေအဖြစ် ဘဝပြောင်းပေးလိုက်ပါပြီ။ အီရဝ်တဦးသေပြီး အများအပြားဒဏ်ရာရကာ ကျန်သူတွေက အလင်းရောင်တွေ့တဲ့ ပိုးဟပ်တွေလို ပြေးပုန်းကုန်ကြတာပါပဲ။ အီရတ်ကလည်း နယ်စပ်ကို ပိတ်ပစ်လိုက်ပါပြီ။ အီရန်မှာ လူသန်း၉၀ကျော် ရှိပေမယ့် အများစုက အစိုးရကို မုန်းတီးရွံရှာကြတဲ့အတွက် ပြည်ပကနေ စစ်ကူခေါ်ယူနေရတာလို့ သုံးသပ်ကြပါတယ်။

မပေါက်ကွဲခဲ့တဲ့ အီရန်ဒရုန်းတခုကို ဖြုတ်ကြည့်တဲ့အခါမှာ ဥရောပကလုပ်တဲ့ chips တွေသုံးထားတာ တွေ့ရတယ်လို့ သတင်းထွက်လာပါတယ်။ အီရန်က အကြမ်းဖက်ရန်လိုတဲ့အတွက် အမည်းစာရင်းထဲ ထည့်ထားပြီး အနောက်နိုင်ငံတွေက နည်းပညာတွေ မစီးဆင်းစေဖို့ တားမြစ်ထားတဲ့နိုင်ငံပါ။ ဂျာမဏီရဲ့ Infineon transistors, ပိုလန်က fuel pumps, ဆွစ်ဇာလန်က microcontrollers နဲ့ တခြား EU နိုင်ငံတွေကအစိတ်အပိုင်းတွေဟာ အီရန်ရဲ့ Shahed ဒရုန်းနဲ့ ရုရှားရဲ့ ကော်ပီဗားရှင်းတွေမှာ တွေ့ရတာပါ။ အဲဒါတွေနဲ့ ယူကရိန်းကိုပစ်နေသလို အစ္စရေးကိုလည်း ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

နေတိုးဥရောပမဟာမိတ်တွေဟာ ဟိုဘာသာကလူတွေကို ဖျင်မထားသလောက် အစ္စရေးကို မုန်းကြတာ လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး။ ဒါပေမယ့် သူတို့ကူချင်လှပါတယ်ဆိုတဲ့ ယူကရိန်းကို ပစ်ခတ်ဖို့ အီရန်နဲ့ရုရှားကို ပစ္စည်းရောင်းပေးတယ်ဆိုတာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ယူကရိန်းကိုကူချင်တာက သူတို့ပေမယ့် တကယ်ကူရတော့ အမေရိကန်ပြည်သူတွေရဲ့ ပိုက်ဆံတွေနဲ့ပါ။ တဖက်မှာ ဥရောပက ရုရှားကို တဖက်လှည့်နဲ့ လက်နက်အစိတ်အပိုင်းတွေ ခိုးရောင်းနေသလို ရုရှားစစ်တိုက်ဖို့ ပိုက်ဆံရအောင် ရုရှားဆီက ရေနံတွေ လှိမ့်ဝယ်နေခဲ့တာပါ။ အဲဒီလို မီးစတဖက် ရေမှုတ်တဖက် လုပ်နေမှတော့ စစ်က ကြာပြီပေါ့။

Leave a comment