၂၀၂၄ရကပမှာ ထရမ့်ရတဲ့မဲက ၇၆သန်းခွဲကျော်သွားပါပြီ၊ မဲတွေကတော့ ဆက်ရေတုန်းပါပဲ။ ကမလာရတဲ့မဲကို မဖော်ပြဘူးဆိုတာက ID မလိုဘူးဆိုတဲ့မဲတွေဟာ အမှန်အကန်လို့ မယူဆသလို ညတွင်းချင်းမပြီးပဲ အချိန်ဆွဲရေနေတဲ့ မဲတွေကိုလည်း အစစ်အမှန်အဖြစ် မယူဆလို့ပါ။ လောလောဆယ် အောက်လွှတ်တော်မှာ ရီပါဘလစ်ကန်နေရာ ၂၂၀ ရနေပါတယ်။ အရွေးချယ်ခံသမ္မတထရမ့်က Chris Wright ကို စွမ်းအင်ဝန်ကြီးနဲ့ အသစ်ဖွဲ့စည်းလိုက်ပြီး ပြည်ထဲရေးဝန်ကြီးလောင်း Doug Bergum ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အမျိုးသားစွမ်းအင်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးလိုက်ပါတယ်။ Chris နဲ့ Doug တို့ဟာ အရင်ကလည်း အလုပ်အတူတူ တွဲလုပ်ခဲ့ကြဖူးသူတွေ ဖြစ်ကြပါတယ်။ အမေရိကန်စွမ်းအင်ကောင်စီက စွမ်းအင်ကဏ္ဍဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်နေတဲ့ ကြိုးနီစနစ်တွေကို ပယ်ရှားပေးသွားမှာဖြစ်ပြီး တိုင်းပြည်စီးပွားရေး အစိတ်အပိုင်းအားလုံးမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်သလို အသစ်အသစ်သော တီထွင်ကြံဆမှုများကိုလည်းContinue reading “နိုဝင်ဘာ ၁၇ ရက် ၂၀၂၄”
Author Archives: Omma
နိုဝင်ဘာ ၁၅ ရက် ၂၀၂၄
သမိုင်းဝင်အောင်ပွဲတွေ ရခဲ့တဲ့ ထရမ့်ကမ်ပိန်းမှာ ပြောရေးဆိုခွင့်ရှိသူလုပ်ခဲ့တဲ့ Karoline Leavitt ဟာ ထရမ့်အစိုးရသစ်မှာ Press Secretary ဖြစ်လာတော့မှာပါ။ သူက အရင်ထရမ့်အစိုးရတုန်းက Kayleigh McEnany လက်အောက်မှာ Assistant Press Secretary လုပ်ခဲ့ပါတယ်။ ရကပမဲဆွယ်ကာလမှာ CNN က ခေါ်ဗျူးတုန်းက သူမကိုCNN Host က ဒေါပွခဲ့တာကြောင့် ကန်ထုတ်ခံခဲ့ရပါတယ်။ သူမက အသက် ၂၇ပဲ ရှိသေးတဲ့အတွက် အိမ်ဖြူသမိုင်းမှာ အငယ်ဆုံး Press Secretary ဖြစ်လာတော့မှာပါ။ မြောက်ဒါကိုတာဂါဗာတာ Doug Burgum က ပြည်ထဲရေးဝန်ကြီးရာထူးအပြင် အသစ်ဖွဲ့စည်းမယ့် အမျိုးသားစွမ်းအင်ကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှာပါ။ အဆိုပါကောင်စီက စွမ်းအင်ပါမစ်ပေးတာ၊ ထုတ်ယူတာ၊ ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာ၊ ပို့ဆောင်တာ၊ ဥပဒေပြုတာ အစရှိတဲ့Continue reading “နိုဝင်ဘာ ၁၅ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၄ရက် ၂၀၂၄
ရကပပြီးတာ တပတ်ကျော်လာခဲ့ပေမယ့် မဲတွေက ရေတွက်ဆဲဖြစ်ပြီး ထရမ့်ရတဲ့မဲက ၇၆သန်း ကျော်သွားပါပြီ။ ပင်ဆယ်လ်ဗေးနီးယားဆီးနိတ်နေရာမှာ ရီပါဘလစ် ဒေ့ဗ်ကန်မက်ကောမစ်က မဲ ၂၉,၃၃၈ အသာနဲ့ နိုင်ထားပေမယ့် မဲက ၀.၄၃%ပဲကွာလို့ ပြည်နယ်ဥပဒေအရ နိုဝင်ဘာ ၂၀မတိုင်ခင် ပြန်ရေရမှာ ဖြစ်ပြီး နိုဝင်ဘာ ၂၇နောက်ဆုံးထားပြီး ပြည်နယ်ဝန်ကြီးဆီ အစီရင်ခံရမှာဖြစ်ပါတယ်။ ၀.၅ကွာရင်တော့ ပြန်ရေစရာမလိုပါဘူး။ ပြန်ရေရင်လည်း ကွာတာက ရာဂဏန်းထက် မပိုတတ်ပါဘူး။ မက်ကောမစ်က ထည့်ရတဲ့မဲတွေထဲမှာ ရက်စွဲမပါတဲ့ မဲတွေ ပါနေကြောင်း၊ ပြည်နယ်ဥပဒေအရ ရက်စွဲမပါရင် ပယ်မဲဖြစ်ရမှာကို ထည့်ရေလို့ တရားစွဲထားပါတယ်။ ရက်စွဲမပါဘူးဆိုတာက ရကပပြီးပြီး နောက်ရက်မှ ယူသွင်းလာတဲ့မဲတွေလည်း ဖြစ်နိုင်တာပါပဲ။ ရှုံးသွားတဲ့ ဒီမိုကရက်အမတ် ဘော့ဘ်ကေစီက လက်ရှိဆီနိတ်တာဖြစ်ပါတယ်။ အားလုံးမျှော်လင့်နေခဲ့ကြတဲ့အတိုင်းပဲ ထရမ့်က ရောဘတ်ကနေဒီဂျူနီယာကို ဝန်ထမ်း ၈သောင်းနဲ့Continue reading “နိုဝင်ဘာ ၁၄ရက် ၂၀၂၄”
နိုဝင်ဘာ ၁၃ရက် ၂၀၂၄
ယနေ့ဆီးနိတ်မှာ စောကျင်းပတဲ့ အများစုခေါင်းဆောင်ရွေးပွဲမှာ မာဂါမဟုတ်တဲ့ ဂျွန်သုာန်း အနိုင်ရသွားပါတယ်။ ရစ်ခ်စကော့က ပြည်သူထောက်ခံမှုအရဆုံးအပြင် တက်ဒ်ခရုဇ်နဲ့ မာဂါဆီနိတ်တာတွေထောက်ခံမှု ရထားတာပါ။ တကယ်လို့များ ဂျွန်သုာန်းက ထရမ့်အာဂျင်ဒါတွေမှာ ဖျက်မြင်းဖြစ်လာခဲ့ရင် ဒုသမ္မတဂျေဒီဗန့်စ်က ဆီးနိတ်ဥက္ကဋ္ဌလည်းဖြစ်လာမှာဆိုတော့ ဂျွန်ကိုကျော်ပြီး လုပ်သွားနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီလုပ်ထုံးက ဂျွန်အဒမ်စ်ခေတ်ကပဲ လုပ်ခဲ့ဖူးတာပါ။ အခုထရမ့်ခန့်တဲ့သူတွေထဲမှာလည်း အာဂျင်ဒါအတိုင်း မလုပ်နိုင်/ခဲ့ရင် အားမနာတမ်း ဖြုတ်ပစ်မှာပါ။ မကောင်းလို့ဖြုတ်တာက ပြည်သူအတွက် အပေါင်းလက္ခဏာပါ။ ဘိုင်ဒန်တို့လို ဘယ်လိုအသုံးမကျတဲ့ လူတွေဖြစ်နေပါစေ မဖြုတ်နိုင်တာ ပျော့ညံ့လွန်းတာမဟုတ်ရင် ဖော်မှာစိုးလို့ပဲ ဖြစ်ပါမယ်။ ထရမ့်က မကြာသေးမီကမှ ဒီမိုကရက်ကနေ ရီပါဘလစ်ကန်ကို ကူးပြောင်းလာခဲ့တဲ့ တူလ်စီ ဂက်ဘတ်ကို အမျိုးသားထောက်လှမ်းရေးဒါရိုက်တာအဖြစ် လျာထားလိုက်ပါတယ်။ တူလ်စီဟာ ပြည်နယ်လွှတ်တော်မှာ အငယ်ဆုံးအမတ်၊ တပ်ထဲမှာ ဒုဗိုလ်မှူးကြီးအထိ လုပ်ခဲ့ပြီး ထူးချွန်ဆုတံဆိပ် တွေContinue reading “နိုဝင်ဘာ ၁၃ရက် ၂၀၂၄”
နိုဝင်ဘာ ၁၂ ရက် ၂၀၂၄
ထရမ့်ဟာ သူ့အစိုးရအတွက် ဒီနေ့ဆက်လက်ရွေးချယ်သွားတာကတော့ အီလွန်နဲ့ ဗီဗိတ်ခ် ရာမာဆွာမိ တို့ ၂ဦးကို DOGE (Department of Government Efficiency) အတွက် ရွေးချယ်လိုက်ပါတယ်။ ဒီဌာနသစ်က အိမ်ဖြူစီမံခန့်ခွဲမှုနဲ့ ဘတ်ဂျက်ရုံးနဲ့အတူ ဖက်ဒရယ်အစိုးရယန္တယားရဲ့ အပြင်ကနေ လှုပ်ရှားသွားမှာဖြစ်ပါတယ်။ အစိုးရဗျူရိုကရေစီယန္တယားကနေ မလိုအပ်တဲ့ အသုံးစားရိတ်တွေ၊ ဥပဒေတွေကို ဖျက်သိမ်း/ဖြေလျော့သွားမှာဖြစ်ပြီး အစိုးရအေဂျင်စီတွေကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်မှာ ဖြစ်ပါတယ်။ တောင်ဒါကိုတာဂါဗာတာ ခရစ္စတီနုမ်က ဝန်ထမ်းပေါင်း ၂၆၀,၀၀၀ ကျော်ရှိတဲ့ DHS ပြည်တွင်းလုံခြုံရေး ဝန်ကြီးဖြစ်လာမှာဖြစ်ပြီး လူဝင်မှုနဲ့ ဘေးအန္တရာယ်စီမံမှုတွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ Fox & Friends Weekend က co-host Pete Hegseth ကိုတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်သွားမှာပါ။ Pete ဟာContinue reading “နိုဝင်ဘာ ၁၂ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၁ ရက် ၂၀၂၄
မဲတွေ ရေတွက်ဆဲဖြစ်ပေမယ့် ထရမ့်ရတဲ့မဲက ၇၅သန်းကျော်သွားပြီဖြစ်သလို အောက်လွှတ်တော်မှာ ရီပါဘလစ်ကန်အများစုရတာ သေချာသွားပြီဖြစ်ပါတယ်။ လောလောဆယ် ၂၁၉-၂၁၀ဖြစ်ပြီး ရီပါဘလစ်ကန်က နောက်ထပ် အနည်းဆုံး ၂နေရာ ထပ်နိုင်ဖို့ရှိပါတယ်။ ဒီနှစ် ဂါဗာနာရကပကျင်းပတဲ့ ပြည်နယ် ၁၁ခုအနက် ၈ခုမှာ ရီပါဘလစ်ကန်တွေ အနိုင်ရခဲ့ပြီး ၃ခုမှာ ဒီမိုကရက်တွေ နိုင်ခဲ့ပါတယ်။ ပင်ဆယ်လ်ဗေးနီးယား ဆီးနိတ်နေရာအတွက် ရီပါဘလစ်ကန် မက်ကောမစ်ကို သတင်းဌာနတွေက အနိုင်အဖြစ် ကြေငြာခဲ့ပေမယ့် မဲတခုမကျန် ရေတွက်ပြီး နိုင်မှသာ မက်ကောမစ်ကို ဆီးနိတ်ကို ဖိတ်ခေါ်ပြီး အိုရီယန်တေးရှင်းလုပ်ပေးမယ်လို့ လက်ရှိဒီမိုကရက်လူများစုခေါင်းဆောင် ချပ်ရှုးမားက ပြောသွားပါတယ်။ ၉၉% ရေပြီးတာမှာ မဲ၃သောင်းခွဲလောက် ကွာနေသေးတာကို လက်မခံနိုင် ဖြစ်နေတာပါ။ ထရမ့်က သူ့ရဲ့အစိုးရအဖွဲ့အတွက် ၄၅အစိုးရအဖွဲ့မှာ အကြီးတန်းအကြံပေးလုပ်ခဲ့တဲ့ စတိဗ်မေလာကို ပေါ်လစီပိုင်းဆိုင်ရာ ဒု-ဝန်ထမ်းချုပ်အနေနဲ့ ခန့်အပ်သွားမှာဖြစ်ပါတယ်။Continue reading “နိုဝင်ဘာ ၁၁ ရက် ၂၀၂၄”
နိုဝင်ဘာ ၁၀ရက် ၂၀၂၄
မနေ့ညအထိ ပြည်နယ် ၁၀ခုက အောက်လွှတ်တော်အမတ်နေရာ ၂၀အတွက် ဘယ်သူ့ကိုမှ အနိုင်လို့ မကြေငြာသေးပါဘူး။ ရေတွက်မှုတွေ မပြီးဆုံးသေးပေမယ့် လက်ရှိအနေအထားအတိုင်း ဆက်သွားမယ်ဆိုရင် ရီပါဘလစ်ကန်တွေက ၂၂၄အထိ ရလာနိုင်ပြီး ဒီမိုကရက်တွေက ၂၁၁အထိ ရလာနိုင်ပါတယ်။ ၂၁၈ ရရင် အများစုဖြစ်ပြီဆိုပေမယ့် ရိုင်နိုတွေရှိတဲ့အတွက် များမှ စိတ်ချရမှာပါ။ ရကပညကနေ ၆ညအထိ ရေလို့မပြီးသေးဘူးဆိုတာက သွေးရိုးသားရိုးမဟုတ်နိုင်တော့ မျှမျှတတ စောင့်ကြည့်သူတွေ ရှိပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဒီမိုကရက်တွေက လွှတ်တော်မှာ မာဂါအင်အား တတ်နိုင်သမျှ မများအောင် အသေအလဲ ကြိုးစားဦးမှာပါ။ ဆီးနိတ်မှာ လာမယ့်လွှတ်တော်သက်တမ်းအတွက် ရီပါဘလစ်ကန်လူများစုခေါင်းဆောင် ရွေးချယ်ဖို့ကို ပြည်သူက လတ်လတ်ဆတ်ဆတ် ရွေးချယ်လိုက်တဲ့ ဆီနိတ်တာတွေ ဝင်လာတဲ့အထိမစောင့်ပဲ နီယိုကွန် မက်ဒေါနဲနဲ့ ထရမ့်ကိုမုန်းတဲ့ဂျွန်သုန်းတို့က ဗုဒ္ဓဟူးနေ့မှာ လုပ်သွားမှာပါ။ ဆီနိတ်တာတွေ လျို့ဝှက်မဲနဲ့Continue reading “နိုဝင်ဘာ ၁၀ရက် ၂၀၂၄”
ရက်ပါရှောန်ဒစ်ဒီကုမ့်ဘ်စ်ကို ဘယ်သူကထိန်းချုပ်ထားတာလဲ
ရဲတွေ အိမ်ကိုဝင်စီးတုန်းက ဘေဘီအွိုင်းတွေ လူဘရီကန့်ဗူးတွေ ရာနဲ့ချီတွေ့ရတဲ့ ဒစ်ဒီအပေါ် နောက်ဆုံးစွဲချက်က ၁၃နှစ်သမီးလေးကို နောက်ဆယ်လီတယောက်နဲ့အတူ နောက်ဆယ်လီမ တဦးရှေ့မှာ မုဒိမ်းကျင့်ကြတာဖြစ်ပါတယ်။ ဒစ်ဒီအပေါ် စွဲချက်တွေ ပြင်းထန်လာတာနဲ့အမျှ ဒစ်ဒီကလည်း သူနဲ့အတူ အိပ်ခဲ့ ဆိုးခဲ့ကြဖူးတဲ့ ဆယ်လီတွေပုံ ပြန်ဖြန့်ပါတယ်။ အိပ်ယာထဲကပုံတွေပါပေါ့၊ ကမလာနဲ့ အတွဲခုတ်တာတောင် ပါလိုက်သေး။ အိုဘမကြီးက သူ့ကို မွှန်းနေတဲ့ ဗီဒီယိုလည်း ပါတာပဲ။ ဒစ်ဒီက ထင်သလိုကြဲနေခဲ့တာ ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူး။ ၁၉၉၁တုန်းကဆို စီးတီးကောလိပ်မှာ သူစီစဥ်တဲ့ ပွဲတခုမှာ လူအုပ်ကြီးနင်းမိလို့ လူ ၉ယောက်သေပါတယ်။ လူအရမ်းများလို့ ဒါမျိုးတွေဖြစ်နိုင်တာကို ကြိုသတိပေးထားပါလျက်နဲ့ ဒီလောက်လူအများကြီးသေတာဆိုတော့ ပွဲစီစဥ်သူအနေနဲ့ ဒစ်ဒီမှာ ပြဿနာအများကြီးတက်ပြီး လုပ်စားလို့မရတော့အောင်ကို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ အေးဆေးပါ။ အဲဒီလို လုပ်ချင်တိုင်းလုပ်Continue reading “ရက်ပါရှောန်ဒစ်ဒီကုမ့်ဘ်စ်ကို ဘယ်သူကထိန်းချုပ်ထားတာလဲ”
နိုဝင်ဘာ ၈ ရက် ၂၀၂၄
အမှိုက်ပေါင်း ၇၄သန်းကျော်က ရွေးချယ်လိုက်တဲ့ နာဇီကြီးက ရွေးကောက်ခံရပြီး ၄၈နာရီအတွင်းမှာ စစ်တွေရပ်သွားဖို့ ကြီးမားတဲ့အရွေ့တခု ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ဟာမာ့စ်က စစ်ချက်ချင်းရပ်အောင် လုပ်ပေးဖို့ ပြောလာသလို ဟဇ်ဘိုလာကလည်း စစ်ရပ်ဖို့ ထရမ့်အနေနဲ့ အပြောနဲ့မဟုတ်ပဲလက်တွေ့ အမြန်ဆုံး လုပ်ပေးပါလို့ ပြောလာပါပြီ။ ဟူသီတွေက နိုင်ငံတကာရေပြင်မှာ သူတို့လုပ်နေတာက ခံစစ်သက်သက်ပါ၊ အဲဒါတွေလည်း ရပ်လိုက်ပါပြီလို့ ကြေငြာပါတယ်။ ဆော်ဒီက ဟာမာ့စ်တွေကို လက်မခံတော့ဘူးလို့ ပြောသွားပါပြီ။ ပူတင်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလေးအနက်ကို စိတ်ဝင်စားပါတယ်တဲ့။ အမှန်က ပူတင်က ဆွေးနွေးဖို့ တောင်းဆိုနေတာ ကြာပါပြီ၊ ဘိုင်ဒန်တို့ ကမလာတို့က ယူကရိန်းစစ် ကြာမှ ပြည်သူ့ကူငွေနဲ့ သူတို့အိတ်ထဲ များများဝိုက်နိုင်မှာမို့ ဆွေးနွေးဖို့ ရှောင်နေကြတာပါ။ ဇယ်လင်းစကီးကလည်း ဝေစုရတော့ ပြည်သူက လူသန်းချီ သေခဲ့ရပြီမို့ မတိုက်ချင်တော့သည့်တိုင်Continue reading “နိုဝင်ဘာ ၈ ရက် ၂၀၂၄”
နိုဝင်ဘာ ၆ရက် ၂၀၂၄
မနေ့က ကျင်းပတဲ့ အထွေထွေရကပမှာ ထရမ့်သမ္မတဖြစ်သွားသလို ဆီးနိတ်ကိုလည်း ရီပါဘလစ်ကန်တွေ ရလိုက်ပါတယ်။ ထူးခြားတာက ထရမ့်က အီလက်တိုရယ်ဗုတ်တင်မက ပြည်သူ့မဲကိုပါ အပြတ်အသတ်နိုင်လိုက်တာပါ။ ရီပါဘလစ်ကန်သမ္မတလောင်းက ပြည်သူ့မဲကို အနှစ် ၂၀အတွင်း ပထမဆုံး နိုင်လိုက်တာပါ။ အီလက်တိုရယ်က ၃၁၂နဲ့ ပြည်သူ့မဲက ၇၂သန်းခွဲကျော် ရနေပါပြီ။ ရေတာကတော့ ဆက်ရေနေတုန်းပါပဲ ရကပပြီးလို့ နောက်တနေ့ညအထိ ဆက်ရေနေဆဲပါ။ ခုထက်ထိ အထက်လွှတ်တော်မှာ ဒီမိုကရက်ဖက်က ၃နေရာ လက်လွှတ်ခဲ့ရပြီး ရီပါဘလစ်ကန်က ၃နေရာ တိုးရခဲ့ပါတယ်။ အောက်လွှတ်တော်မှာ ခုအထိ ဒီမိုကရက်က တနေရာဆုံးရှုံးသွားခဲ့ပြီး အဲဒီနေရာကို ရီပါဘလစ်ကန်က ရသွားခဲ့ပါတယ်။ ကမလာတို့ နယ်စပ်ကိုင်တာ ဘယ်လောက်ဆိုးလဲဆိုရင် တက္ကဆက်စ်နယ်စပ်က စတားကောင်တီက အနှစ် ၁၂၀အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရီပါဘလစ်ကန်သမ္မတလောင်းကို ၅၇%မဲနဲ့ ရွေးချယ်ခဲ့တဲ့အထိပါ။ လာတီနိုနဲ့Continue reading “နိုဝင်ဘာ ၆ရက် ၂၀၂၄”