လူဦးရေအားလုံးပေါင်းမှ ၄.၂၇သန်းပဲရှိတဲ့ အော်ရီဂွန်ပြည်နယ်မှာ မဲပေးဖို့မှတ်ပုံတင်ထားတဲ့ စာရင်းထဲက နာမည်ပေါင်း ၈သိန်းဟာ မရှိသင့်တဲ့အမှား/ အထပ်/ အသေတွေ ဖြစ်နေလို့ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က တရားစွဲဆိုခဲ့ရာ အနိုင်ရသွားတဲ့အတွက် အော်ရီဂွန် ပြည်နယ်ဝန်ကြီးက အဲဒီနာမည် ၈သိန်းကို မဲမှတ်ပုံတင်စာရင်းကနေ ပယ်ရှားပေးပါမယ်လို့ ကြေငြာသွားရပါပြီ။ ၂၀၂၄ သမ္မတရကပတုန်းက ကမလာက မဲ၃သိန်းသာသာနဲ့ နိုင်သွားတာဖြစ်လို့ အဲဒီနာမည် ၈သိန်းသာ ဖယ်လိုက်ရင် အော်ရီဂွန်လို အပြာရင့်ပြည်နယ်မှာလည်း သမ္မတထရမ့် နိုင်တယ်လို့ ပြောနိုင်ပါတယ်။ အော်ရီဂွန်ရဲ့ ၃၅ကောင်တီလုံးမှာ မဲပေးဖို့ မှတ်ပုံတင်သူဟာ မဲပေးပိုင်ခွင့် ရှိသူအရေအတွက်ထက်ကို ကျော်လွန်နေတာပါ။ အလိမ်အညာတွေနဲ့ နာမည်ကြီးတဲ့ မင်နီဆိုးတားမှာ ကောင်တီ ၈၇ခုအနက် ၇၈ခုမှာ ထရမ့်နိုင်ခဲ့တာပါ။ အဲဒီကောင်တီတွေမှာ မဲပေးနှုန်းက ပုံမှန်ဖြစ်တဲ့ ၅၅% ဝန်းကျင်ပါပဲ။ မင်နီယားပုလိစ်နဲ့ မြို့ကြီးတချို့ကျမှContinue reading “ဇန်နဝါရီ၁၆ ရက် ၂၀၂၆”
Author Archives: Omma
ဇန်နဝါရီ ၁၄ရက် ၂၀၂၆
မဒူရိုကျပြီး ကျူးဘားကို ရေနံနဲ့ ငွေအဝင် လုံးဝမရှိအောင် ပိတ်ဆို့ထားတဲ့အတွက် မဟာမိတ်ကြီး ရုရှားရော ကိုယ့်ပြည်သူကိုယ် ဖိနှိပလို့ ပိတ်ဆို့ခံထားရတဲ့နိုင်ငံတွေကို ဂုတ်သွေးစုတ်အမြတ်ထုတ်ပြီး ကျားကန်ပေးနေတဲ့ တရုတ်ရော ဝင်မကူဝံ့ကြတဲ့အတွက် စီးပွားရေးပြိုလဲဖို့ နီးသထက် နီးလာပါပြီ။ အီရန်အာဏာရှင်တွေကလည်း ထိုင်ခုံလှုပ်နေတဲ့အပြင် ဆီးရီးယား၊ နိပေါ၊ ဘင်္ဂလာဒေ့ရှ်က သူတို့နဲ့ အလွမ်းသင့်တဲ့သူတွေပါ အာဏာလက်မဲ့ဖြစ်ကုန်တဲ့အတွက် တရုတ်တို့ရဲ့ လက်တံက ကျုံ့သထက်ကျုံ့ လာနေပါတယ်။ အမေရိကန်ကတော့ ဗင်နီဇွဲလားက ရေနံပထမဆုံးအသုတ်ကို သန်း၅၀၀နဲ့ ရောင်းထွက်သွားပါပြီ။ လာမယ့်ရက်တွေ ရက်သတ္တပတ်တွေမှာ ထပ်လာဦးမယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်က အစောပိုင်းက အီရန်ရဲ့ ဖြစ်လာနိုင်တဲ့ အသွင်ကူးပြောင်းရေးကာလအတွက် အမေရိကန်မှာ နေထိုင်တဲ့ နန်းကျရှားဘုရင်ရဲ့သားကြီး မင်းသားရီဇာပါလာဗီကို ချက်ချင်း လက်ခံမတွေ့သေးပဲ ပြည်သူကြားထဲ ခေါင်းဆောင် ဘယ်သူတွေ ထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ဦးမယ်လို့Continue reading “ဇန်နဝါရီ ၁၄ရက် ၂၀၂၆”
ဇန်နဝါရီ ၁၁ ရက် ၂၀၂၆
အီရန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြပွဲတွေ ပိုမိုကျယ်ပြန့်လာနေပါတယ်။ တချို့နေရာတွေမှာ ရဲ/လုံထိန်းတွေဟာ တာဝန်ကို စွန့်ပြီး ထွက်သွားတာတွေ၊ ဘာမှမလုပ်ပဲ ရပ်ကြည့်နေတာတွေ ရှိတယ်လို့ သတင်းတွေလည်း တက်နေပါတယ်။ နောက်ဆုံးသတင်းတွေအရ မီး၊ အင်တာနက်ဖြတ်ပြီး နှိမ်နှင်းမှုတွေ ပြုလုပ်လာတာ အလောင်းတွေ ထရပ်ကားတွေနဲ့ တင်ရတဲ့အထိပါပဲ။ ပြီးခဲ့တဲ့ ၃ရက်အတွင်းမှာတင် အသတ်ခံရသူ ၃၀၀၀ ကျော်သွားပြီလို့ သိရပြီး အမေရိကန်ဘက်ကလည်း ဒရုန်းတွေ တပ်တွေ ပြင်ဆင်နေပြီလို့ သတင်းထွက်လာပါတယ်။ ခါမေနီအစိုးရက ဆန္ဒပြသူတွေကို အမေရိကန်က အကာအကွယ်ပေးရင် အစ္စရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး တဖက်မှာလည်း သမ္မတထရမ့်ကို ဆက်သွယ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာပါတယ်။ သမ္မတထရမ့်က ဆွေးနွေးဖို့ သဘောတူလိုက်ပေမယ့် မတွေ့ဆုံရသေးခင်မှာ ဖြစ်ပျက်မှုတွေပေါ် မူတည်ပြီး တိုက်ခိုက်မှု ပြုလုပ်သွားနိုင်သေးကြောင်း ကြေငြာထားပါတယ်။ မင်းသားရီဇာပါလာဗီကContinue reading “ဇန်နဝါရီ ၁၁ ရက် ၂၀၂၆”
ဇန်နဝါရီ ၉ရက် ၂၀၂၆
အီရန်မှာ ဆန္ဒပြပွဲတွေလုပ်လာတာ ဒီဇင်ဘာ ၂၈ကထဲကဖြစ်ပြီး တနေ့ထက်တနေ့ ပိုကြီးထွား လာနေပါတယ်။ တချို့မြို့တွေမှာ ရဲတပ်ဖွဲ့က ပြည်သူကို မနှိမ်နှင်းတော့ပဲ လွှတ်ထားလိုက်တာ၊ ၊ အမျိုးသမီးတွေက ပါးရှန်းယဥ်ကျေးမှုမဟုတ်ပဲ အာရပ်ထုံးစံကလာတဲ့ ခေါင်းနဲ့ မျက်နှာကို ဖုံးတာတွေကို မီးရှို့ကြ၊ ဆန္ဒပြလူအုပ်ကြီးတွေက ပလီတွေထဲဝင်ပြီး အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ်ပလီဆရာတွေကို အော်ဟစ်ကြ၊ အစုအဝေးနဲ့ ခရစ်ယာန်ဘာသာကို ကူးပြောင်းကြ စသဖြင့် သတင်းမျိုးစုံ ကြားနေရပါတယ်။ အာဏာရှင်တပ်တွေ ပစ်ခတ်နှိမ်နှင်းရာမှာ သေဆုံးသွားခဲ့တဲ့ ဆန္ဒပြလူငယ်လေးတွေရဲ့ ပုံတွေကိုလည်း ဂုဏ်ပြုဖြန့်ဝေနေကြပါတယ်။ သေဆုံးသူခန့်မှန်းခြေ ၃၆-၆၄ဆိုပေမယ့် ဆေးရုံရပ်ဝန်းကတော့ သေဆုံးသူ ၂၀၀ကျော်ပြီလို့ ဆိုပါတယ်။ အစ္စရေးဝကခ နေတန်ယာဟူက ပါးရှန်းပြည်သူတွေကို မင်းဆိုးမင်းညစ်ကို ဆန့်ကျင်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်းနေခဲ့တာပါ၊ နောက်ဆုံးတကြိမ်က ရေရှားပါးမှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဩဂုတ်လကမှပါ။ အစ္စရေးရဲ့Continue reading “ဇန်နဝါရီ ၉ရက် ၂၀၂၆”
Congressional Accord 1963
CURRENT COMMUNIST GOALS (1-45) FBIဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Willard Cleon Skousen က ထောက်လှမ်းရေးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး အမေရိကန်ကို ကွန်မြူနစ်တွေ ထိုးဖောက်လွှမ်းမိုးဖို့ ကြိုးစားနေတဲ့အကြာင်းကို ပြည်သူတွေ သိရှိနိုင်ဖို့ ၁၉၅၈မှာ The Nacked Communist အမည်နဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူရေးခဲ့တဲ့ ကွန်မြူနစ်ရည်မှန်းချက် ၄၅ ချက်ကို ကွန်ဂရက်စ်မှာ အဲဒီတုန်းက ဖလော်ရီဒါမှ ဒီမိုကရက်အမတ် Mr. Albert Sydney Herlong Jr. က ဖတ်ကြားသွားခဲ့ပါတယ်။ 1. U.S. acceptance of coexistence as the only alternative to atomic war. နျူကလီးယားစစ်ပွဲတွေကို ရှောင်ရှားဖို့အတွက် အတူယှဉ်တွဲနေထိုင်ရေးဆိုတာကိုContinue reading “Congressional Accord 1963”
ဇန်နဝါရီ ၄ရက် ၂၀၂၅
ပထမထရမ့်အစိုးရက ၂၀၂၀အစောပိုင်းမှာ ဗင်နီဇွဲလားက မဒူရိုကို ဖမ်းလာပေးရင် ဆုကြေး ၁၅သန်း ကနေ ဘိုင်ဒန်တို့က ၂၀၂၅အစောပိုင်းမှာ သန်း ၂၅ကို တိုးမြှင့်ခဲ့ပြီး ဩဂုတ်လထဲမှာ ထရမ့်ဒုတိယအစိုးရကသန်း၅၀အထိ တိုးမြှင့် ကြေငြာချက်ထုတ်ခဲ့ပေမယ့် အမေရိကန်ရေတပ်က လက်ရဖမ်းဆီးမိခဲ့လို့ ဆုကြေး ပေးစရာ မလိုတော့ပါဘူး။ တကယ်သွားဖမ်းရတဲ့ ကုန်ကျစားရိတ်ကတော့ ဆုကြေးထက် အများကြီး ပိုနိုင်ပါတယ်။ တကယ်လို့များ မအောင်မြင်ခဲ့ရင် တပ်သားအသက်၊ စစ်ယာဥ်/လက်နက်တင်မက အမေရိကန် ဂုဏ်သိက္ခာပါ ကျဆင်းသွားနိုင်လို့ အင်မတန် အလျော်အစားကြီးတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။ မာဒူရိုကို သွားဖမ်းရာမှာ ကုန်ကျတဲ့ စားရိတ်တွေကို ရေနံကနေ ပြန်ယူမှာဖြစ်ပြီး ဆိုရှယ်လစ် အာဏာရှင်စနစ်အောက်မှာ အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့ infrastructure ကို ပြန်လည် တည်ဆောက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ပိုတာကတော့Continue reading “ဇန်နဝါရီ ၄ရက် ၂၀၂၅”
ဒီဇင်ဘာ ၂၇ ရက် ၂၀၂၅
Survivor 10th season ရိုက်ကူးခဲ့တဲ့ ဖိလစ်ပိင်းအရှေ့ဖက် ပစိဖိတ်သမုဒ္ဒရာထဲက လူဦးရေ ၁၈၀၀၀ခန့်ပဲ ရှိတဲ့ Palau ကျွန်းနိုင်ငံလေးဟာ ထရမ့်အစိုးရက ပြန်ပို့ပေမယ့် မိခင်နိုင်ငံတွေက လက်မခံတဲ့ ရာဇဝတ်ပြစ်မှု မရှိတဲ့ လူ ၇၅ဦးကို တဦး တသိန်းကျနဲ့ ၇.၅သန်းယူပြီး လက်ခံပြီး နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ပေးဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ အဲဒီနိုင်ငံကလည်း သူတို့ရဲ့ လုပ်အားလိုနေတဲ့ ကဏ္ဍတွေမှာ ဖြည့်တင်းနိုင်ဖို့ မျှော်လင့်နေတာပါ။ အင်္ဂလိပ်စကားက ပူးတွဲရုံးသုံးဘာသာလည်းဖြစ်၊ အမေရိကန်စာပို့စနစ်နဲ့ အမေရိကန်ဒေါ်လာသုံးပြီး အမေရိကန်စစ်တပ်ရဲ့ အကာအကွယ်အောက်မှာရှိတဲ့၊ အမေရိကန်ကို လွတ်လွတ်လပ်လပ် သွားလာလည်ပတ် အလုပ်လုပ်ခွင့်ရှိတဲ့ အမေရိကန်ပိုင်ခဲ့ဖူးတဲ့ Palau ဟာ အရမ်းကို သာယာလှပတဲ့ နိုင်ငံလေးတခု ဖြစ်တော့ ပြည်နှင် ခံရသူတွေကို ပို့တဲ့Continue reading “ဒီဇင်ဘာ ၂၇ ရက် ၂၀၂၅”
ဇန်နဝါရီ ၂၃ရက် ၂၀၂၆
ခုရက်တွေအတွင်း အင်တာနက်မှာ ပွဲဆူနေတာက ဂရင်းလန်အကြောင်းပါ။ အခု ထရမ့်လက်ထက်ကျမှ ပွဲဆူနေပေမယ့် အမေရိကန်က ဂရင်းလန်ကို ရဖို့ ကြိုးစားခဲ့တာ ၁၉၄၆ကတည်းကပါ။ အဲဒီတုန်းကလည်း ဒိန်းမတ်က ကန့်ကွက်ခဲ့တာပါပဲ။ အဲဒီမတိုင်ခင် ၁၈၆၇, ၁၉၁၀တွေမှာ ဂရင်းလန်ကို ဝယ်ဖို့ အမေရိကန်အစိုးရအတွင်း ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၁၉ တုန်းကလည်း ထရမ့်ကိုယ်တိုင် ဝယ်ဖို့ဆန္ဒရှိကြောင်း ထုတ်ပြောခဲ့တာကို ဒိန်းမတ်က လိုလားဟန်မပြခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမဏီက ဒိန်းမတ်ကို သိမ်းယူအပြီး အမေရိကန်က ဂျာမန်တွေ ဂရင်းလန်ထဲ ဝင်မလာအောင် မွန်ရိုးမူနဲ့ ဂရင်းလန်ကို ဝင်ပြီး တပ်တွေချထားခဲ့လို့ ခုအချိန်မှာ ဂျာမဏီပိုင် ဖြစ်မနေတာပါ။ ကမ္ဘာစစ်ပြီးတော့ အမေရိကန်တွေ မခွာတော့ပဲ နောက်တော့ နှစ်နိုင်ငံလုံး နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာကြပါတယ်။ သမ္မတထရမ့် ဂရင်းလန်ကို ရချင်ရတဲ့Continue reading “ဇန်နဝါရီ ၂၃ရက် ၂၀၂၆”
ဒီဇင်ဘာ ၂၂ ရက် ၂၀၂၅
ထရမ့်အစိုးရက နိုင်ငံတွင်းမှာ တရားမဝင်နေထိုင်သူတွေ နှစ်မကုန်ခင် ကိုယ့်ဖာသာကိုယ် ပြန်မယ်ဆိုရင် သူတို့ကို စာရင်းပေးပါ၊ ထောက်ပံ့ငွေ ၃၀၀၀ အပြင် အခမဲ့ လေယာဥ် စီစဥ်ပေးမယ်၊ သူတို့ဖမ်းမိလို့ ပြန်ပို့ခံရရင်တော့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြည်တွင်းလုံခြုံရေးဝကဌာနက ကြေငြာသွားပါတယ်။ အကျုံးဝင်တဲ့လူတွေထဲမှာ ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမှာဖြစ်ပြီး အခုလို ပြန်မယ်ဆိုရင် နောက်တခါ တရားဝင်ပြန်လာဖို့ ဖြစ်နိုင်မယ်၊ သူတို့ဖမ်းမိလို့ ပြန်ပို့ရရင်တော့ နောက်တခါ ပြန်လာဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ဆိုပါတယ်။ အရင်က $၁၀၀၀ ပေးတုန်းက ၁သန်းကျော် ပြန်ကြတာကနေ ၃ဆတိုးပေးတာ ဖြစ်ပါတယ်။ အရင်က ကိုယ့်ဖာသာကိုယ် ပြန်မယ်လို့ အကြောင်းကြားပြီးရင် ပြင်ဆင်ချိန်ပေးပေမယ့် ခုတကြိမ်မှာ အဲဒီလို ပြောထားတာ မတွေ့တဲ့အတွက် နှစ်မကုန်ခင် ပြန်ရဖို့ များပါတယ်။ စိတ်ဝင်စားကြသူများContinue reading “ဒီဇင်ဘာ ၂၂ ရက် ၂၀၂၅”
ဒီဇင်ဘာ ၂၀ ရက် ၂၀၂၅
ဆိုမာလီလိမ်/ခိုးမှုတွေနဲ့ နာမည်ဆိုးထွက်နေတဲ့ မင်နီဆိုးတားမှာ သံသယရှိသူ နောက်ထပ်၆ဦးကို တာဝန်ရှိသူတွေက စွဲချက်တင်လိုက်ပါတယ်။ ဒီတခါခိုးတဲ့ပုံစံက ၄ခုမြောက်လိမ်နည်းဖြစ်ပြီး မက်ဒီကိတ် တခုထဲမှာတင် ၉ဘီလီယံကျော်အထိ ဆုံးရှုံးနိုင်တယ်လို့ အစိုးရရှေ့နေ Joe Thompson က ဆိုပါတယ်။ ၁၈ဘီလီယံဖိုးရှိတဲ့ မက်ဒီကိတ် claim တွေကို ၂၀၁၈ကစပြီး ပြန်စစ်ဆေးနေကြောင်း၊ အဲဒီထဲက တဝက်(သို့)တဝက်အထက်က အလိမ်တွေဖြစ်နိုင်ကြောင်း၊ စစ်ဆေးမှုတွေက မက်ဒီကိတ်ထဲက လိမ်လို့ကောင်းတဲ့ ဝန်ဆောင်မှုခေါင်းစဥ် ၁၄ခုကိုပဲ စစ်တာဖြစ်ကြောင်း၊ နောက်ထပ် ၅ဦးကိုလည်း Housing Stabilization Services အစီအစဥ်ကို အလွဲသုံးမှုနဲ့ စွဲချက်တင်ထားကြောင်း၊ အဲဒီထဲက ၂ဦးက မင်နီဆိုးတာကမဟုတ်ပဲ အဆိုပါအစီအစဥ်ကနေ ငွေရလွယ်လို့ လာတာဖြစ်ကြောင်း၊ “fraud tourism” ဆိုတဲ့ လိမ်စားချင်တဲ့သူတွေ လိမ်လို့လွယ်တဲ့နေရာတွေဆီ သွားကြတာတွေက တခြားမှာလည်း ရှိပေမယ့်Continue reading “ဒီဇင်ဘာ ၂၀ ရက် ၂၀၂၅”