ဒီနေ့နံနက်စောစောမှာ ပြည်တွင်းလုံခြုံရေးဌာနက စုံစမ်းရေးအေးဂျင့်တွေဟာ မြို့တော်ဒီစီမှာရှိတဲ့ ဆိုမာလီဒုက္ခသည် တဖြစ်လဲ ဒီမိုကရက်အမတ် အီလ်ဟန်အိုမာရဲ့အိမ်ကို ရှာဖွေဝရမ်းနဲ့ သွားရောက်ရှာဖွေမှု ပြုခဲ့ပါတယ်။ အီလ်ဟန်ဟာ လူဝင်မှုနဲ့ အခွန်ကိစ္စတွေအတွက် သူ့မောင်ကို လက်ထပ်ခဲ့တဲ့ သတင်းတွေ ထွက်နှင့်ပြီးဖြစ်သလို ရီပါဘလစ်ကန်အမတ် နန်စီမေ့စ်က အီလ်ဟန်အိုမာကို အဲဒီကိစ္စတွေအတွက် ဇန်နဝါရီကတည်းက ဆင့်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အီလ်ဟန်အမေရိကန်ကို လာရောက်မယ့်အချိန်မှာ ၁၈နှစ်ကျော်လို့ ၁၉နှစ်ထဲ ရောက်နေပြီ ဖြစ်ပေမယ့် မိဘနဲ့အတူ အသက်မပြည့်သေးသူအနေနဲ့ လာရောက်နိုင်ဖို့အတွက် တကယ်မွေးတဲ့ ၁၉၈၁ကို ၁၉၈၂အဖြစ် ပြင်ဆင်ခဲ့ကြောင်း ၂၀၁၉တုန်းက တာဝန်သိပြည်သူတဦးက သတင်းပေးခဲ့ပါတယ်။ အဲဒီလိုသတင်းပေးပြီးနောက်မှာ မင်နီဆိုးတားလွှတ်တော်စာကြည့်တိုက်ရဲ့ ဝက်ဘ်ဆိုက်က သူမမွေးသက္ကရာဇ်ကို ၁၉၈၁ ကနေ ၁၉၈၂အဖြစ် ပြောင်းပစ်လိုက်ပါတယ်။ အမေရိကန်ကို လာတဲ့အချိန်က သူမအသက် ၁၈ကျော်နေပြီဆိုရင် မိဘကတဆင့်Continue reading “အောက်တိုဘာ ၁၂ရက် ၂၀၂၆”
Author Archives: Omma
Operation Epic Fury (119)
ဒီနေ့မှာ ဟူသီတွေက ဆော်ဒီမြို့တော် ရီယာ့ဒ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြည်တွင်းခရီးစဥ်တွေအတွက် ထားရှိတဲ့ တာမီနယ် ၃ နဲ့ ၄ ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး အရပ်သား ၁၂ဦး (ဆော်ဒီ ၄ဦး၊ ဘင်္ဂါလီ ၂ဦး၊ အမေရိကန်၊ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဆူဒန်နဲ့ ပါလက်စ်တိုင်း တဦးစီ) သေဆုံးပြီး ၃၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုအပေါ် နိုင်/ဝန် မာကိုက အပြစ်မဲ့အရပ်သားတွေရဲ့အသက်ကို ပြောင်ပြောင်တင်းတင်း လစ်လှူရှုမှုအဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒီလ ၈ရက်နေ့ကမှ အမေရိကန်နိုင်ငံခြားရေးက အရှေ့အလယ်ပိုင်းက ပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေတဲ့ နိုင်ငံတွေကို သွားရောက်ဖို့ မသင့်ကြောင်း၊ ကျန်နေရာတွေကို သွားမယ့်အစီအစဥ်တွေရှိရင်လည်း ပြန်စဥ်းစားဖို့ တိုက်တွန်းကြောင်း၊ သွားရောက်ခဲ့ရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊Continue reading “Operation Epic Fury (119)”
Operation Epic Fury/ Operation Economic Outcast (118)
ဒီနေ့မှာ ယီမင်အစိုးရတပ်တွေက အရေးပါတဲ့ရေလက်ကြားဖြစ်တဲ့ Bab al-Mandeb ရေလက်ကြားနဲ့ Perim ကျွန်းကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီလို့ ဆော်ဒီနောက်ခံပေးထားတဲ့ ယီမင်အစိုးရက ကြေငြာသွားပါတယ်။ အဲဒီလို ပြန်ရယူနိုင်ဖို့ ဆော်ဒီက ယီမင်အစိုးရတပ်နဲ့ ဒေသန္တရလက်နက်ကိုင်တပ် တွေကို လေကြောင်းပစ်ကူ အကြီးအကျယ် ပေးခဲ့တာပါ။ တချို့သတင်းတွေက ထလရဒေတာတွေ၊ ပစ်မှတ်နေရာတွေ တိုက်ခိုက်မှုအစီအစဥ်ပိုင်းတွေမှာ အမေရိကန်က ကူညီပြောပြခဲ့တဲ့အပိုင်းတွေ ရှိတယ်လို့ ဆိုကြပြီး တချို့ကတော့ ဆော်ဒီနဲ့ မက္ကာစာချုပ် ချုပ်ဆိုထားတဲ့ ပါကစ္စတန်က တိုက်လေယာဥ်တွေ ယီမင်ထဲက ဟူသီပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ ဖော်ပြကြပေမယ့် ပါကစ္စတန်က ငြင်းဆိုထားပါတယ်။ အီရန်ကတော့ ဒီကိစ္စမှာ ပါကစ္စတန်တပ်တွေ ပါနေတဲ့သတင်း မမှန်ဖို့ မျှော်လင့်နေကြပါတယ်။ အီရန်က သူတို့ထောက်ပံ့ထားတဲ့ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေအပေါ် တာဝန်မယူပေမယ့် ဟူသီတွေContinue reading “Operation Epic Fury/ Operation Economic Outcast (118)”
အောက်တိုဘာ ၇ရက် ၂၀၂၆
ဟာမာ့စ်နဲ့ ပါလက်စ်တိုင်းလက်နက်ကိုင်အုပ်စုတွေ အစ္စရေးတောင်ပိုင်းက ဂီတပွဲတော် ကျင်းပတဲ့နေရာကို ဝင်တိုက်ပြီး မိန်းမ၊ ကလေး၊ လူအိုတွေအပါအဝင် ၁၂၀၀ခန့်ကို သတ်ခဲ့တဲ့ ၃နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့ ဒီနေ့မှာ နိုင်ငံခြားရေးဝကမာကိုက အနောက်တိုင်းယဥ်ကျေးမှု မြစ်ဖျားခံတဲ့ နိုင်ငံရေးအတွေးအခေါ်တွေ အစပြုခဲ့ပြီး ဒီမိုကရေစီကျတဲ့ ညီလာခံတွေ ကျင်းပခဲ့တဲ့ ဂရိနိုင်ငံ အေသင်မြို့မှာ အရေးကြီးတဲ့ မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ သူပြောခဲ့တဲ့ထဲမှာ ပါးရှန်းတွေ အေသင်ကို ဖျက်ဆီးခဲ့တာလည်းပါသလို အနောက်တိုင်းတန်ဖိုးတွေနဲ့ ရန်သူတွေရဲ့ တန်ဖိုးတွေ ယှဥ်ကြည့်ဖို့၊ ဥရောပမဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီကျတဲ့ စနစ်တွေကို ပြန်လည် အင်အားကောင်းအောင်လုပ်ဖို့၊ ပထဝီနိုင်ငံရေးခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံတွန်းလှန်ဖို့တွေ ပြောသွားပြီး အနောက်တိုင်းယဥ်ကျေးမှုဟာ ကမ္ဘာကို ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍမှာ ဆက်နေမလား၊ အဖက်ဖက်က ကျဆင်းပြီး ခိုင်းဖတ်လိုဖြစ်နေတဲ့ သိမ်ငယ်စရာ အနာဂတ်ကို သွားမလားContinue reading “အောက်တိုဘာ ၇ရက် ၂၀၂၆”
အောက်တိုဘာ ၆ ရက် ၂၀၂၆
သမ္မတထရမ့်ရဲ့ လက်နက်ထိန်းချုပ်ရေးအထူးသံတမန် Marshall Billingslea က ရုရှားဟာ ပဋိဇီဝဆေးမတိုးတဲ့ ပလိပ်ပိုးနဲ့ ပသိုဂျင်/ပိုး ၂ခုနဲ့အထက် ပေါင်းစပ်ထားတဲ့ plague chimeras ပိုးမျိုးကို လတ်တလောသေဆုံးသွားတဲ့ လက်ဘ်ဝန်ထမ်းအလုပ်လုပ်တဲ့ Irkutsk Anti-Plague Research Institute မှာ လျို့ဝှက်စမ်းသပ်နေခဲ့တယ်လို့ ၁၉၉၂မှာ အမေရိကန်ကို ခိုလှုံလာတဲ့ ဆိုဗီယက်ခေတ် ဇီဝလက်နက်အစီအစဥ်က ထိပ်ပိုင်းအရာရှိတဦးက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတန်ကြာတုန်းက သူ့ကို ပြောဖူးကြောင်း သတိပေးသွားပါတယ်။ ရုရှားက အဲဒီလက်ဘ်ဝန်ထမ်းက ပုလိပ်ရောဂါနဲ့ သေတာပါလို့ မပြောပဲ သူ့ကိုယ်ထဲက microorganisms တွေကို စစ်ကြည့်တာမှာ သူ့အလုပ်နဲ့ ဆက်စပ်တာမတွေ့ရဘူးလို့ပဲ ပြောပါတယ်။ WHO ကလည်း ရုရှားဘက်က အဲဒီလိုပြောတယ်ဆိုတာကိုပဲ ပြန်ပြောပါတယ်။ ဒါပေမယ့် ဘာလို့ ဘာက သူမကို သေလောက်တဲ့အထိContinue reading “အောက်တိုဘာ ၆ ရက် ၂၀၂၆”
အောက်တိုဘာ ၅ရက် ၂၀၂၆
ပြီးခဲ့တဲ့အပတ်က ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားအရှေ့ပိုင်းက ပလိပ်ရောဂါအကြောင်း လေ့လာတဲ့ the Irkutsk Anti-Plague Research Institute မှာ အသက် ၂၈နှစ်ရှိ လက်ဘ်ဝန်ထမ်း Daria Shipilova ဟာ pneumonic plague ပိုးတွေ ပါဝင်တဲ့ test tube တခုကို မှားယွင်းပြီး ခွဲလိုက်မိတယ်လို့ ဆိုပါတယ်။ အဆုပ်ရောင်လက္ခဏာတွေ ပြနေတဲ့ Daria ကို စက်တင်ဘာ ၂၉မှာ အနားက Shelekhov မြို့ဆေးရုံမှာ တင်ခဲ့ပြီး အသက်ရှုစက် ventilator ပေါ်မှာ ထားခဲ့ရင်းနဲ့ ၂ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ Institute က ဝန်ထမ်းတွေ အပါအဝင် သူနဲ့ ထိတွေ့မှု ရှိနိုင်ခဲ့တဲ့ လူ ၁၈၉ဦးကို ကွာရင်တိုင်းContinue reading “အောက်တိုဘာ ၅ရက် ၂၀၂၆”
အောက်တိုဘာ ၃ရက် ၂၀၂၆
အမေရိကန်က ကမ္ဘာမှာ တနေ့ကို ဒီဇယ်စည် ၁.၂သန်းတင်ပို့ရာကနေ အခုဆို ၁.၅သန်းအထိ တင်ပို့ပြီး အမြင့်ဆုံးတင်ပို့သူ ဖြစ်ပါတယ်။ ဒုတိယလိုက်တဲ့ ရုရှားက တနေ့ကို စည် ၇၈၃,၀၀၀နဲ့ ဆော်ဒီက ၆၇၈,၀၀၀ စည်နဲ့ တတိယပါ။ အိန္ဒိယနဲ့ တောင်ကိုးရီးယားတို့ကလည်း တနေ့ ဒီဇယ်စည် ၅သိန်းကျော် တင်ပို့နေကြပါတယ်။ ယူကရိန်းက ရုရှားရဲ့ ဒီဇယ်ချက်စက်ရုံတွေကို တိုက်ခိုက်တာရယ်၊ ဆော်ဒီနဲ့ ဟူသီပြဿနာရယ်၊ အီရန်စစ်ရယ်အပြင် စက်တွေ ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်တွေကြောင့် ဈေးကွက်ထဲမှာ နည်းသွားပေမယ့် စိုက်ပျိုးရေး/ ရိတ်သိမ်းရာသီ၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး စသည်တွေမှာ လိုအပ်ချက်က လျော့မသွားလို့ ဒီဇယ်ဈေးတက်ကုန်တာပါ။ ရုရှားက ဒီနှစ် မေ-ဇွန်အထိ တင်ပို့မြဲပမာဏအတိုင်းပဲ ပို့နေပါသေးတယ်။ ဇူလိုင် ၈-၃၁မှာ ဒီဇယ်ချက် စက်ရုံတွေ အတိုက်ခိုက်ခံရပြီးContinue reading “အောက်တိုဘာ ၃ရက် ၂၀၂၆”
OEF/ Operation Economic Outcast (117)
ဒီနေ့မှာ အမေရိကန်က အီရန်အပေါ် စီးပွားရေးအရ နောက်တဆင့် ထပ်မံတင်းကြပ်လိုက်ပါတယ်။ အီရန်ရဲ့ ရေနံနဲ့ လေကြောင်းကလွဲရင် အဓိကဝင်ငွေအုပ်စုတွေဖြစ်တဲ့ ကား၊ ရထား၊ ကုန်ထုတ်လုပ်မှုနဲ့ စတီးလ်ကဏ္ဍတွေကို ပစ်မှတ်ထားတာဖြစ်လို့ အလျော့မပေးသေးပဲ စစ်သားတွေ ဝန်ထမ်းတွေ လစာပေးဖို့၊ အစားအသောက်ဘာညာဝယ်ဖို့ ငွေစက္ကူပဲ ရိုက်ထုတ်နေရင် ငွေဖောင်းပွမှုက ခုထက် အများကြီး ဆိုးလာပါလိမ့်မယ်။ ဆန်ရှင်ထပ်မံတင်းကြပ်လိုက်တဲ့ ဘဏ္ဍာရေးဌာနရဲ့ အဓိက ရည်ရွယ်ချက်က IRGC တွေ စစ်ဆက်မတိုက်နိုင်အောင်နဲ့ အကြမ်းဖက်အဖွဲ့တွေကို ငွေ/လက်နက်နဲ့ မထောက်ပံ့နိုင်အောင် ငွေရပေါက်ရလမ်းတွေ အကုန်လုံးကို လိုက်ပိတ်ရတာပါ။ ပြည်တွင်းကားဈေးကွက်ရဲ့ ၉၀%ကို ကိုင်ထားတဲ့ အီရန်ကားကုမ္ပဏီတွေဖြစ်တဲ့ Khodro နဲ့ SAIPA ၊ အစိုးရ ရထားကုမ္ပဏီနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းကြီးတွေ၊ စတီးလ်နဲ့ အကြီးစားစက်မှုလုပ်ငန်းတွေအပြင် နိုင်ငံခြားက ကူညီပေးနေတဲ့ကုမ္ပဏီတချို့ကိုပါContinue reading “OEF/ Operation Economic Outcast (117)”
စက်တင်ဘာ ၃၀ရက် ၂၀၂၆
မနေ့က အိမ်ဖြူမှာ သမ္မတထရမ့်နဲ့ နည်းပညာလောကက ထိပ်သီးတွေ တွေ့ဆုံခဲ့ကြပြီး Super Intelligence SI နဲ့ပတ်သက်တဲ့ ကြေညာချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အရင်က ဉာဏ်ရည်တု AI လို့ခေါ်ပြီး အခု SI လို့ပြောင်းခေါ်တဲ့ နည်းပညာဟာ စက်မှုတော်လှန်ရေးထက်ရော အင်တာနက်စပေါ်တုန်းကထက် အများကြီးကြီးမားတဲ့ အပြောင်းအလဲကို ဆောင်ကျည်းလာမှာဖြစ်ပြီး သန်းနဲ့ချီတဲ့ အလုပ်အကိုင်အသစ်တွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဘာနေဆန်းဒါးစ်တို့ ဒီမိုကရက်တွေကတော့ SI က လူရဲ့ထိန်းချုပ်မှုကို ကျော်လွန်တော့မယ်၊ နျူလက်နက်ထက် ဆိုးတာတွေ လာတော့မယ်ဆိုပြီး တလောက လူသားထုကြီး ပျက်သုဉ်းတော့မယ်ဆိုတဲ့ ခြောက်လှန့်မှုမျိုးကို အားဖြည့်ကြပါတယ်။ သူတို့ရဲ့ အဖြေက ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ဖို့ပါ။ တကယ်တမ်း အဲဒီလို ခြောက်လှန့်တာတွေက လူ့အသက်နဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားပဲ ဥပဒေကိုContinue reading “စက်တင်ဘာ ၃၀ရက် ၂၀၂၆”
Operation Epic Fury (116)
ယူကေက RAF Fairford အမေရိကန်လေတပ်အခြေစိုက်စခန်းနဲ့ ၂မိုင်ခန့်အကွာမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တွေ့ရှိသူ ကျား၅ဦးကို ယူကေအစိုးရက ထိန်းသိမ်းခဲ့တဲ့အတွက် သမ္မတထရမ့်က ချီးမွမ်းခဲ့ပြီး နောက်တရက်မှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သမ္မတထရမ့်က အဲဒီထဲက တချို့ကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်နေလို့ စောင့်ကြည့်နေခဲ့တာ အချိန်တခုရှိပြီလို့ ဆိုပါတယ်။ အဖြစ်နိုင်ဆုံးကတော့ အီရန်နဲ့ ပတ်သက်နေနိုင်တာပါပဲ၊ အီရန်ကလည်း အဆိုပါစခန်းကို အန္တရာယ်ပြုဖို့ ခြိမ်းခြောက်ထားဖူးတယ်လေ။ သူတို့ကို ဖမ်းမိချိန်မှာ အနားမှာရှိတဲ့ မသင်္ကာဖွယ် ဗင်ကား၃စီးကလည်း ဓါတုပစ္စည်းတွေနဲ့ ပြည့်နေမယ်လို့ ယူဆရပါတယ်။ ရိတ်ပစ်တွေ အကြမ်းဖက်တွေကို ဝေဖန်/ ထောက်ပြရင်သာ အမုန်းစကားနဲ့ အာမခံမရမှာ၊ အဲဒီလူတွေဆိုရင်တော့ အာမခံက မဖမ်းခင်က ပေးပြီးသားလို့ ပြောရမလိုပါပဲ။ ယူကေတာဝန်ရှိသူတွေကတော့ အဲဒီလူတွေကို လွှတ်လိုက်ပေမယ့် စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။Continue reading “Operation Epic Fury (116)”