မြန်မာပြည်မှာ ရေကြီး ရေလွှမ်းတာတွေဖြစ်တော့ ဒါမျိုးတွေဟာ အမေရိကန်မှာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတပုဒ်ကို သွားသတိရမိပါတယ်။ ဒီမှာကတော့ သဘာဝဘေးဆိုတာမှာ နယ်မြေအကန့်အသတ်ရှိပြီး ကြိုတင်ခန့်မှန်းလို့ ပြင်ဆင်လို့ ရနိုင်ပေမယ့် အကြမ်းဖက်တွေရဲ့ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ဆိုရင် အချိန် နေရာမရွေး ဖြစ်နိုင်တာရယ် ခန့်မှန်းဖို့ခက်တာရယ်ကြောင့် ပျက်စီးဆုံးရှုံးနိုင်ခြေက ပိုကြီး၊ ပိုဆိုးပါတယ်။ နိုင်ငံတနိုင်ငံကို ဆိုင်ဘာတိုက်ခိုက်မှု အောင်အောင်မြင်မြင် ဆင်နွဲနိုင်ခဲ့တာက ၂၀၀၇မှာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းတီထွင်ထားတဲ့ Stuxnet ကွန်ပြူတာဗိုင်းရပ်စ်ကို အသုံးပြုကာ အီရန်ရဲ့ ယူရေနီယံသန့်စင်စနစ်ကို ဖျက်ဆီးခဲ့လို့ အီရန်ယူရေနီယံသန့်စင်စနစ်ရဲ့ ၂၀%လောက် ပျက်စီးသွားခဲ့ပါတယ်။ အဲဒီတီထွင်မှုကို နှစ်နိုင်ငံလုံးက ဝန်မခံကြပေမယ့် အော်ပရေးရှင်းအိုလံပစ်ဂိမ်းစ် လို့ခေါ်ကြောင်း နေရှင်နယ်အင်းထရက်စ်သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီဗိုင်းရပ်စ်ကို နောက်ပိုင်းမှာ ဂက်စ်ပိုက်တို့၊ ဓါတ်အားပေးရုံ တို့၊ ရေပေးစနစ်တို့ကိုပါ တိုက်ခိုက်လာနိုင်အောင် ပြုပြင်မွမ်းမံလာကြပါတယ်။Continue reading “စက်တင်ဘာ ၂၀ရက် ၂၀၂၄”
Author Archives: Omma
စက်တင်ဘာ ၁၂ ရက် ၂၀၂၄
ကမလာတို့ ဒီမိုကရက်တွေက သူတို့လက်ထက်မှာ ရာဇဝတ်မှုခင်း ကျဆင်းတယ်လို့ ပြောကြပါတယ်။ ခိုးဝင်ရာဇဝတ်ကောင်တွေ ဒင်းကြမ်းဖြစ်နေတာရော ပတ်ဝန်းကျင်မှာ မြင်နေကြားနေရတာရောနဲ့က လွဲနေတော့ တခုခုတော့ မှားနေပြီလို့ သိလိုက်ပါတယ်။ လွှတ်တော်မှာ ရီပါဘလစ်ကန်အမတ် Andy Biggs က ဘာကြောင့် ရာဇဝတ်မှုခင်းဒေတာတွေ ကျဆင်းနေရသလဲဆိုတာကို ရှင်းပြသွားပါတယ်။ ဒီမိုကရက်တွေ ရာဇဝတ်မှုခင်း ကျဆင်းအောင်လုပ်တဲ့နည်းတွေက ၁။ ရာဇဝတ်မှုအဖြစ် အကျုံးဝင်မယ့် သတ်မှတ်ချက်တွေကို လျော့ပေးတာ၊ (ဥပမာ $ 950ဖိုးအောက် ခိုးရင် ရာဇဝတ်မှုနဲ့ အကျုံးမဝင်ပဲ တဆင့်နိမ့်တဲ့ misdemeanor အသေးစားအမှားလုပ်မိတာနဲ့ပဲ အကျုံးဝင်သွားတာပါ၊ အဲဒါကို $2000 ဖိုးအောက်လို့ ပြင်လိုက်တဲ့ ပြည်နယ်တွေမှာ ရာဇဝတ်မှုစာရင်း ပိုကျသွားပါလိမ့်မယ်။ ၂။ အလားတူပဲ ကြမ်းတမ်းရာဇဝတ်မှုနဲ့ ပတ်သက်ပြီး လက်နက်ဖြင့် ကြမ်းတမ်းစွာရိုက်နှက်မှု aggravatedContinue reading “စက်တင်ဘာ ၁၂ ရက် ၂၀၂၄”
ထရမ့်နဲ့ ကမလာ+ABC ဒီဘိတ်
ကနေ့ဒီဘိတ်ကို ဘယ်လိုမြင်သလဲဆိုရင် သူခိုးက လူ လူ ဟစ်တဲ့ပွဲကြီးလို့ပဲ မြင်ပါတယ်။ ကမလာက စိတ်ပျက်စရာကောင်းလောက်အောင် အလိမ်အညာတွေနဲ့ တိုက်ခိုက်လာတာ သူမပါးစပ်ကထွက်တာ အကုန်လုံး အမှန်ဆိုတာ တခုမှကို မပါတော့ပါဘူး။ လိမ်နေတာကသူ၊ သူကပဲ ထရမ့်ကို လူလိမ်ကြီးတဲ့။ မျက်နှာပေးတွေကလည်း စနိုက်ကျော်စရိုက်ပဲ ဖြစ်နေပြီး ဒုသမ္မတတယောက်ရဲ့ တည်ကြည်မှုမျိုး လုံးဝ မတွေ့ရပါဘူး။ အလိမ်တွေနဲ့ တိုက်ခိုက်လာတော့ အလိမ်တွေကို ပြန်ရှင်းနေရတာနဲ့ပဲ ပြီးနေတော့ တိုင်းပြည်အတွက် အရေးပါတဲ့ကိစ္စတွေ ဘာမှ ကောင်းကောင်းပြောချိန် မရတော့ပါဘူး။ ဒိုင်တွေကလည်း လစ်ဗြဲမီဒီညာဒိုင်တွေဆိုတော့ ကြိုညှိထားတာတင်အားမရသေးဘူး၊ ကမလာကို အကြပ်တွေ့မယ့်ဟာဆို ဖြတ်ပစ်၊ ထရမ့်ကို ကြပ်ရမယ်ဆိုရင် သာသာထိုးထိုးမေးကြတာ သိသာလွန်းပါတယ်။ ယခုအမေရိကန်က ထရမ့်အုပ်ချုပ်တဲ့ ၄နှစ်ကနဲ့စာရင် ပိုကောင်းလားဆိုတဲ့ မေးခွန်းကို ကမလာက မဖြေပဲ သူကContinue reading “ထရမ့်နဲ့ ကမလာ+ABC ဒီဘိတ်”
Trump Campaign Gives CNN 10 ‘Must Ask’ Questions For Kamala Interview
ထရမ့်ကမ်ပိန်းက မနက်ဖြန်မှာ ပြုလုပ်မယ့် ထရမ့်နဲ့ ကမလာတို့ရဲ့ စကားစစ်ထိုးပွဲမှာ ကမလာကို မေးကိုမေးသင့်တဲ့ မေးခွန်း ၁၀ခုကို ဩဂုတ် ၂၈ရက်နေ့ကတဲက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒါတွေကတော့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လွန်းနေတယ်ဆိုတာကို ဝန်ခံသွားပြီး ကမလာကို မဲပေးလို့ သူတက်လာရင် ကုန်ဈေးနှုန်းတွေ ကျအောင် လုပ်ပေးမယ်ဆိုတော့ လွန်ခဲ့တဲ့ ၃နှစ်ခွဲမှာ ဘာလို့မလုပ်ခဲ့တာလဲ။ အိမ်ဈေးတွေ သက်သာဖို့ လူတွေဝယ်နိုင်ကြဖို့က ကမလာရဲ့ ပထမဆုံးနေ့မှာလုပ်မယ့် ဦးစားပေးအစီအစဥ်ဆိုတာမှန်ရင် အခုရော ဦးစားပေးထဲမှာ ဘာလို့မရှိနေတာလဲ။ မင်းက မက်ဒီကဲဖော်အောလ်နဲ့ ဂရင်းနယူးဒီးလ်တွေကို ပူးတွဲစပွန်ဆာ လုပ်ခဲ့တယ်။ အဲဒါတွေက ထရီလီယံပေါင်းများစွာ ကုန်ကျမှာဖြစ်ပြီး အမေရိကန်စီးပွားရေးကိုပါ အများကြီး ထိခိုက်လာမှာဖြစ်တာတောင် မင်းက ဆက်ပြီး ထောက်ခံနေဦးမှာလား။ လွတ်လပ်မှု ဖရီးဒမ်းဆိုတဲ့စကားကို အကြိမ်များစွာပြောခဲ့တာဆိုတော့ ခိုးဝင်လူရမ်းကားတွေ အသတ်ခံခဲ့ရတဲ့ လေကင်ဘေလီ၊Continue reading “Trump Campaign Gives CNN 10 ‘Must Ask’ Questions For Kamala Interview”
လူချမ်းသာတွေကို အခွန်တိုးကောက်ခြင်းသရုပ်မှန်
နိုက်ကီကုမ္ပဏီက အခွန်မဆောင်ဘူးလို့ ပြောကြပါတယ်။ အဲဒါမျိုး ဘယ်လိုလုပ်သလဲဆိုတော့ နိုက်ကီက ကုမ္ပဏီ ၂ခု ခွဲထားပါတယ်။ ကုန်အမှတ်တံဆိပ် Trademark နဲ့ပတ်သက်တဲ့ ကုမ္ပဏီကိုတော့ အခွန် ၁% ပဲပေးရတဲ့ တောင်အမေရိကက ဘလိစ်နိုင်ငံလေးမှာ မှတ်ပုံတင်ထားပြီး ဥရောပမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကတော့ နိုက်ကီ ပစ္စည်းထုတ်လုပ်တာတွေ၊ ရောင်းချတာတွေ၊ ဝန်ထမ်းလခပေးတာတွေ၊ စတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အပိုင်းအားလုံးကို လုပ်တဲ့အတွက် သန်းရာချီတဲ့ ဝင်ငွေရှိပါတယ်။ နှစ်ကုန်တဲ့အခါ ဥရောပက နိုက်ကီကုမ္ပဏီရဲ့ မြတ်သမျှပိုက်ဆံက အမှတ်တံဆိပ်ကို ကိုင်ထားတဲ့ ဘလိစ်ကကုမ္ပဏီကို အမှတ်တံဆိပ်သုံးစွဲခအဖြစ် ပေးလိုက်ရတော့ အမြတ်သိပ်မကျန်တော့လို့ အခွန်ဆောင်စရာ မလိုတော့ပါဘူး။ ဘလိစ်က ကုမ္ပဏီကလည်း အဲဒီနိုင်ငံရဲ့ ဥပဒေအရ ၁% ပဲဆောင်ရတာဖြစ်လို့ ပွဲက အဲဒီမှာတင် ပြီးသွားပါပြီ။ လုပ်ငန်းခွန်မြှင့်တာဟာ အလယ်အလတ်လုပ်ငန်းတွေကို သင်းသပ်သလိုလည်း ဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အကျိုးမဲ့သလောက်Continue reading “လူချမ်းသာတွေကို အခွန်တိုးကောက်ခြင်းသရုပ်မှန်”
ဩဂုတ် ၃၀ရက် ၂၀၂၄
မနေ့က ကမလာရဲ့ ဘိုင်ဒန်ဆင်းပြီးနောက် ပထမဦးဆုံး အင်တာဗျုူးကို CNN မှာ ပြုလုပ်ခဲ့ပါတယ်။ ထရမ့်အင်တာဗျူးတွေလို live လွှင့်တာမဟုတ်ပဲ တိပ်သွင်းပြီး တည်းဖြတ်ပြီးမှ ပြန်လွှင့်တာဖြစ်ပါတယ်။ အမေရိကန်တင်မက လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ခေါင်းဆောင်လုပ်ချင်တဲ့သူက ကြိုရေးထားတာကို ဖတ်ပြရတာမဟုတ်ရင် တီ ဆားနဲ့တို့သလို ကြောက်နေတာ ဖြစ်သင့်ပါသလား။ ထုတ်လွှင့်ပေးတဲ့သူက CNN က Dana Bash ဆိုတော့ သက်သက်ညှာညှာလည်းမေးမယ်၊ မေးခွန်းလည်း ကြိုရနိုင်မယ်၊ ကြိုလည်း လေ့ကျင့်ထားလို့ရမယ်၊ ဒါတောင် ဘေးမှာ ယောက်ျားတယောက်မပါပဲ မသွားရဲတာဆိုတော့ ပြောစရာစကားတောင် မကျန်တော့အောင်ပါပဲ။ အင်တာဗျူးက အားလုံးပေါင်းမှ ၂၇မိနစ်လားပါ၊ မေးခွန်းမေးတဲ့အချိန်နဲ့၊ တမ်ပွန်တင်မ်ပြောတာနဲ့ နှုတ်ဆက်စကားတွေ နှုတ်လိုက်ရင် သူ့အတွက်က ကျန်လှ ၁၀မိနစ်ပါ။ အဲဒီထဲမှာ ဝေ့နေတာနဲ့၊ မဖြေချင်တဲ့ဟာကို နောက်မေးခွန်းသွားပါဆိုပြီး လူလည်ကျတာနဲ့ဆိုတော့Continue reading “ဩဂုတ် ၃၀ရက် ၂၀၂၄”
ကမ္ဘာပေါ်မှာ ဘယ်သူအာဏာအရှိဆုံးလဲ။
ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးက အမေရိကန်သမ္မတလား၊ ပူတင်လား၊ ရှီလား၊ တယောက်မှ မဟုတ်ပါဘူး။ သူတို့ရဲ့နာမည်တွေကိုလည်း လူများစုက သိကြမှာမဟုတ်ပါဘူး။ ဘလက်ရော့ခ်၊ စတိတ်စထရိနဲ့ ဗန်ဂတ်တို့ဟာ S&P 500 ရဲ့ ၈၈% ကို ကိုင်ထားကြပြီး ကမ္ဘာမှာ လည်ပတ်နေတဲ့ ၄၄၀ထရီလီယံဒေါ်လာအနက်က ၆၆ထရီလီယံက သူတို့လက်ထဲမှာ ဖြစ်ပါတယ်။ အဲဒီ ၃ခုရဲ့ စီအီးအိုတွေက ကမ္ဘာကြီးကို ချယ်လှယ်နေကြတာပါ။ ဒီသုံးခုပိုင်တဲ့ထဲမှာ ဂျန်နရယ်ဒိုင်နမစ်၊ စထရမ် ရူးဂါးကုမ္ပဏီ၊ လော့ဟိမာတင်၊ နော်သရော့ပ်၊ ဘိုးရင်း၊ စတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ထုတ်လုပ်သူတွေရဲ့ ရှယ်ယာတွေ ပါကြတော့ စစ်ဖြစ်တာဟာ သူတို့ကို ပိုကြွယ်ဝအောင် လုပ်ပေးလိုက်သလိုပါပဲ။ ဒါကြောင့်လဲ စစ်မကြိုက်တဲ့ ထရမ့်က သူတို့ရဲ့ ရန်သူ နံပါတ် ၁ ဖြစ်လာတာပါ။Continue reading “ကမ္ဘာပေါ်မှာ ဘယ်သူအာဏာအရှိဆုံးလဲ။”
ဩဂုတ် ၂၃ ရက် ၂၀၂၄
ဒီကနေ့မှာ ရောဘတ်ကနေဒီဂျူနီယာက သမ္မတရကပကနေ နှုတ်ထွက်ပြီး သမ္မတထရမ့်ကို ထောက်ခံမှုပေးလိုက်ပါတယ်။ ကနေဒီအနေနဲ့ ကနေဒီတမိသားစုလုံး ဒီမိုကရက်တွေဖြစ်ကြတဲ့အတွက် ရီပါဘလစ်ကန်ခေါင်းဆောင်တဦးကို ထောက်ခံမှုပေးလိုက်တာဟာ အထူးသဖြင့် အခုလို မကွဲကွဲအောင် မမုန်း မုန်းအောင် မီဒီယာမျိုးစုံနဲ့ ရန်တိုက်ပေးနေတဲ့ခေတ်မှာ ဘယ်လောက်တောင်ခက်ခဲမလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။ ဒီမိုကရက်ဖြစ်ပေမယ့် ဒီမိုကရက် ပရိုင်မရီမှာ တရားသဖြင့် ပါဝင်ယှဥ်ပြိုင်ဖို့ကို အိုဘမတို့ ဘိုင်ဒန်-ဟဲရစ်တို့ အပိုင်စီးထားတဲ့ပါတီက ညစ်ထားတဲ့အတွက် ဝင်ပြိုင်ခွင့် မရခဲ့ပါဘူး။ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတဲ့အခါမှာ facility၊ ငွေကြေး ကစလို့ အောက်ခြေလူထုအထိ ထိုးဖောက်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ မဲပြားပေါ် ရောက်လာဖို့အတွက် မီရှီဂန်လိုပြည်နယ်မျိုးမှာ လူသိနည်းတဲ့ Natural Law Party ကနေ ဝင်ခဲ့ရပြီး ဝါရှင်တန်မှာတော့ Wd the People ပါတီကိုContinue reading “ဩဂုတ် ၂၃ ရက် ၂၀၂၄”
ဩဂုတ် ၂၂ရက် ၂၀၂၄
ကမလာဟဲရစ်ရဲ့ လမ်းသစ်ဆိုတာ တရုပ်ကို ဖျင်ကုန်းပေးရမယ့် လမ်းပါ။ သိပ်တော့မသစ်ပါဘူး၊ အိုဘမတို့ ဘိုင်ဒင်-ဟဲရစ်တို့လည်း လုပ်ခဲ့တာပါပဲ၊ ကမလာနဲ့ တရုပ်ကေဒါ တမ်ပွန်တင်မ်လက်ထက်မှာ ပိုဆိုးမှာပါ။ ဘာလို့လုပ်သလဲ၊ ကွန်မီစနစ်ကို သိပ်ယုံနေလို့လားဆိုတော့ မဟုတ်ပါဘူး။ ကွန်မီစနစ်ကို တကယ်ယုံတဲ့လူတွေက အာဏာရပြီးမှ မီလျံနာတွေ ဖြစ်လာပါ့မလား။ အာဏာဆုပ်ကိုင်ထားချင်တဲ့လူတိုင်း လက်ဝဲစနစ်ကိုပဲ ခုတုံးလုပ်ကြတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်း သိကြပါတယ်။ ကမလာကမ်ပိန်းကလည်း မုသာဝါဒကမ်ပိန်းပဲ။ တခုမှ အမှန်မပါဘူး။ ထရမ့်နဲ့ ဗန့်စ် မပြောတာတွေကို ပြောတယ်၊ မလုပ်တာတွေကို လုပ်တယ်လိုပြောပြီး သူတို့ပြောခဲ့ လုပ်ခဲ့တာတွေကျတော့ မလုပ်ခဲ့သယောင် မဖြစ်ခဲ့သယောင် ပြောကြတယ်။ အလိမ်ခံချင်တဲ့သူ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲရှီသူကတော့ သေချာလေ့လာတာမျိုး ဘယ်လုပ်မလဲ။ ထရမ့်နဲ့ပတ်သက်ပြီး မကောင်းပြောသမျှကလည်း ဘာမှ ရေရေရာရာ မဟုတ်ဘူး။ သွားပုပ်လေလွင့်ပြောတာထက် ဘာမှမပိုဘူး။ ၄ရက်သာContinue reading “ဩဂုတ် ၂၂ရက် ၂၀၂၄”
ဩဂုတ် ၂၀ရက် ၂၀၂၄
မနေ့က ဒီမိုကရက်နေရှင်နယ်ကွန်ဗန်းရှင်း (DNC) ကို ရှီကာဂိုမှာ စတင်ကျင်းပပါတယ်။ DNC မှာ ကမလာက လူကြည့်အများဆုံးအချိန် prime time ည ၉နာရီမှာ စကားပြောခွင့်ရခဲ့ပေမယ့် ဂျိုးက ဘယ်သူမှ မကြည့်တော့တဲ့ ည ၁၁း၂၈ နာရီမှာမှ စကားပြောခွင့် ရခဲ့ပါတယ်။ “လက်ရှိသမ္မတ”လည်းဖြစ် သက်ကြီးရွယ်အိုတွေထုံးစံအတိုင်း ညစောစောအိပ်တာ နာမည်ကြီးတဲ့ ဂျိုးကို ညသန်းခေါင်နီးမှ စကားပေးပြောတာ ပလိုးစီအော်နေတဲ့ “ဝီလပ်ဖ်ဂျိုး”နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ အဲဒီလုပ်ရပ်က ဂျိုးကို တာ့တာပြလိုက်တာပါပဲ၊ ဒီမှာတော့ ခေါင်းထဲတည့်ပြီး သံရိုက်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ ဂျိုးနေရာကို ကမလာလုလိုက်တာ ၁လလောက်ရှိပေမယ့် DNC document တွေမှာ ဂျိုးရဲ့ ဒုတိယသက်တမ်း ဆိုတာကို ဖော်ပြထားတဲ့ အကြိမ် ၂၀ကျော် ဆိုတော့ ဒီအန်စီကContinue reading “ဩဂုတ် ၂၀ရက် ၂၀၂၄”