ဒီမိုကရက်တွေဟာ ရီပါဘလစ်ကန်တွေကို သတင်းမှားတွေနဲ့ အကြီးအကျယ်တိုက်စစ်ဆင်နေတဲ့ထဲမှာ ပရောဂျက် ၂၀၂၅လည်း ပါပါတယ်။ အဲဒီပရောဂျက်ဟာ Heritage Foundation ကဦးစီးပြီး နိုင်ငံရေးသမားမဟုတ်တဲ့ ကွန်ဆာဗေးတစ်ပညာရှင်တွေက ဘယ်အစိုးရပဲတက်တက် အောင်မြင်တဲ့ အုပ်ချုပ်ရေးစနစ်တရပ်ထူထောင်ဖို့ ဖက်ဒရယ်အေဂျင်စီတိုင်းအတွက် အသွင်ကူးပြောင်းရေးကာလ ရက် ၁၈၀ မှာ ဘယ်အဆင့်မှာ ဘာတွေ လုပ်သင့်တယ်ဆိုတာကို brainstorm လုပ်ထားတဲ့ စာတမ်းတစောင်ပဲ ဖြစ်ပါတယ်။ ပရောဂျက် ၂၀၂၅ဟာ ဓမ္မဒိဌာန်ကျ၊ ဘက်မလိုက်၊ မျှတ၊ တရားနဲ့ညီပြီး နိုင်ငံသားအားလုံးအတွက် တန်းတူညီမျှရေးကို ရှေ့ရှုထားပြီး အစိုးရက နိုင်ငံသားတဦးချင်းစီအပေါ် အာဏာကို လက်နတ်တခုလို အသုံးချ မတိုက်ခိုက်နိုင်အောင် အဖက်ဖက်က စဥ်းစားရေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Heritage Foundation ရော ပရောဂျက် ၂၀၂၅ရောက ထရမ့်ရော ထရမ့်နားက လူတွေရော၊Continue reading “Project 2025”
Author Archives: Omma
ဇူလိုင် ၂၄ ရက် ၂၀၂၄
ပြီးခဲ့တဲ့အပတ်ကတဲက ဒလဝဲအိမ်မှာ ရောက်နေတဲ့ ဘိုင်ဒန်တို့မိသားစုမှာ ဘိုင်ဒန်ကတော့ မနေ့က ပြန်လာတယ်ဆိုပြီး ဗီဒီယိုတက်လာသလို အဲဒီမတိုင်ခင်ကလည်း ဖုံးပြောတယ်ဆိုတဲ့ အသံဖိုင် တက်လာပါတယ်။ အိမ်ဖြူပြန်ဖို့ လေယာဥ်ပေါ် မတက်ခင် သတင်းထောက်တွေက ဝိုင်းမေးကြတာ တွေကို တခွန်းမှ ပြန်မပြောပဲ မျက်မှန်အမဲကြီး တပ်ပြီး လေယာဥ်ပေါ်ကို တက်သွားတာပါ။ စကားသိပ်ပြောချင်တဲ့ ပုံမှန်ဘိုင်ဒန်ပုံစံနဲ့ ကွဲလွဲနေသလို ဘေးမှာအမြဲဖေးမစောင့်ကြပ်နေတတ်တဲ့ ဂျေလ်လည်း အတူတွဲမတွေ့ပါဘူး။ ဒီကနေ့မှာပြုလုပ်တဲ့ အိမ်ဖြူကနေ လူကိုယ်တိုင် ရုပ်သံလွှင့်တာမှာလည်း သူနဲ့ သူ့မိသားစုပဲ ပါပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်မြဲဖြစ်တဲ့ သတင်းထောက်တွေ အစိုးရပိုင်းထိပ်တန်းပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ သတင်းစာရှင်းလင်းပွဲပုံစံမလုပ်ပဲ ဘယ်သူနဲ့မှ အတွေ့မခံတဲ့ပုံစံနဲ့ ကြေငြာသွားပြီး တမိသားစုလုံးရဲ့ မျက်နှာတွေကလည်း အသုဘရှင်မျက်နှာတွေလို မသာမယာဖြစ်နေတဲ့အပြင် ထူးခြားတိတ်ဆိတ်နေတာ တွေ့ရပါတယ်။ သူ့သဘောနဲ့သူချတဲ့ ဆုံးဖြတ်ချက်ဆိုရင် စိတ်ဒုံးဒုံးချContinue reading “ဇူလိုင် ၂၄ ရက် ၂၀၂၄”
ဇူလိုင် ၂၂ ရက် ၂၀၂၄
ဘိုင်ဒန်က မနေ့က ပြိုင်ပွဲက နှုတ်ထွက်တယ်ဆိုတဲ့ စာထွက်လာအပြီးမှာ ဒီကနေ့စမယ့် မဲဆွယ်ခရီးစဥ် ၉ခုကို ဖျက်သိမ်းလိုက်ပြီး နေတန်ယာဟုနဲ့ တွေ့ဖို့စီစဥ်ထားတာကိုပါ ဖျက်သိမ်းလိုက်ပါတယ်။ သူကဖျက်သိမ်းတာလား၊ ဘယ်သူကဖျက်သိမ်းလိုက်တာလဲဆိုတာတော့ မသဲကွဲပါဘူး။ သူ့ကို ဘယ်သူကမှ မတွေ့ရသလို ဒလဝဲအိမ်မှာ ဗုဒ္ဓဟူးနေ့အထိဆက်နေသွားမယ်လို့ အိမ်ဖြူရင်းမြစ်တခုက နယူးယောက်ပို့စ်ကို ပြောကြားခဲ့ပြီး ဘာအကြောင်းပြချက်မှတော့ မပေးသွားဘူးလို့ ဆိုပါတယ်။ ဒီမိုကရက်ဒိုနာတွေကြားထဲ ဘိုင်ဒန်နှုတ်ထွက်ဖို့ ဖိအားတွေများနေတဲ့ကြားမှာ ကမလာက သောကြာနေ့ အထိ ဒီမိုကရက်ဒိုနာတွေနဲ့ ဖုံးပြောစဥ်မှာ သူနဲ့ဘိုင်ဒန်က နိုဝင်ဘာမှာ နိုင်မှာ ဖြစ်ကြောင်း၊ အဲဒါကို ငါ့နှလုံးသားထဲက သိနေကြောင်း၊ အဲဒီမက်ဆေ့ကို မင်းတို့ ယူသွားပြီး မိတ်ဆွေတွေထံ ပြန်ဖြန့်ပါလို့ ပြောသွားခဲ့ပါတယ်။ အဲဒီဒိုနာတွေကို ဦးဆောင်တာက လင့်ခ်အင်ကို ပူးတွဲတည်ထောင်သူ ရိဒ်ဟော့ဖ်မန် ဖြစ်ပြီး သူနဲ့အတူ ဆီလီကွန်ဗယ်လီတိုက်တန်တွေContinue reading “ဇူလိုင် ၂၂ ရက် ၂၀၂၄”
ဇူလိုင် ၂၁ရက် ၂၀၂၄
ဒီမိုကရက်အတွင်းစည်းကလူတွေ သတင်းဖြန့်ထားသလိုပဲ ဒီကနေ့မှာ ဘိုင်ဒန်နှုတ်ထွက်ကြောင်း စာထုတ်ပါတယ်။ မနေ့ကအထိ မထွက်ပါဘူး၊ ဝင်ပြိုင်မှာပါလို့ မလျော့သောဇွဲနဲ့ ပြောနေတုန်းဖြစ်သလို အဲဒီစာထဲမှာလည်း ကမလာကို endorse လုပ်တယ်လို့ မပါပါဘူး။ အဲဒီနောက်မှ ထွက်လာတဲ့ X ပို့စ်မှာသာ ဘိုင်ဒန့်စာထဲက နောက်ဆုံးအပိုဒ်ကို endorsement လေး ဖြည့်ထားတာပါ။ ဘိုင်ဒန့် တွဒ်တာက ထရမ့်လို ကိုယ်တိုင်ရေးတင်တာမဟုတ်တာတော့ သတိပြုရပါမယ်။ စကားနဲ့ကတော့ ဒီတပါတ်နှောင်းပိုင်းမှာ လာပါမယ်တဲ့။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို ကိုယ်တိုင်ထွက်မပြောတာ သိပ်အဓိပ္ပါယ်ရှိမနေပါဘူး။ ကဗကို အကြောင်းမပြပါနဲ့၊ ကဗဖြစ်လို့ အိုင်ဆိုလိတ်လုပ်နေရလည်း live လွှင့်လို့ ရတာပါပဲ။ ကမလာရဲ့ စာထဲမှာတော့ သူ့ကို ဘိုင်ဒန်က endorse လုပ်လို့ ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။ မေးရအောင်လည်း ဇော်မဲလုံးမလေးရော အိမ်ဖြူတခုလုံးပါ ထူးခြားတိတ်ဆိတ် နေပြီးContinue reading “ဇူလိုင် ၂၁ရက် ၂၀၂၄”
ဇူလိုင် ၁၈ရက် ၂၀၂၄
နယူးမက်စ်က သတင်းထောက် မာ့ခ်ဟယ်ပရင်က ဒီမိုကရက်ရင်းမြစ်အချို့ကို ကိုးကားပြီး နောက်ဆုံးသတင်းတချို့ကို တင်ဆက်ထားပါတယ်။ ပလိုးစီက ဘိုင်ဒန်အနေနဲ့ ပြိုင်ပွဲမှာဆက်နေရင် အောက်လွှတ်တော်ကိုပါ ဒီမိုကရက်တွေ လက်လွှတ်ရလိမ့်မယ်လို့ ဘိုင်ဒန်ဆီ ပြီးခဲ့တဲ့အပတ်ကဖုံးခေါ်ပြီး ပြောခဲ့ကြောင်း သတင်းတွေ တွေ့ရသလို ဆီးနိတ်က ဒီမိုကရက် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ရှူးမားနဲ့ ဟာကီင်းမ်ဂျက်ဖရေတို့ကလည်း ဘိုင်ဒန်ဆက်ပြိုင်နေရင် ပါတီအနေနဲ့ လွှတ်တော်ကိုပါ လက်လွှတ်ရလိမ့်မယ်၊ အဲဒီတော့ ပါတီအကျိုးအတွက် ထွက်ဖို့ စဥ်းစားသင့်တယ်လို့ စကားပါးခဲ့ကြောင်း ABC က သတင်းပို့ထားပါတယ်။ ဘိုင်ဒန်က မည်သို့ပင် ဖြစ်စေကာမူ သူဆက်ပြိုင်မယ်၊ poll တွေအရ သူထရမ့်ကို နိုင်နိုင်တယ်လို့ပြန်ပြောကြောင်း၊ အိမ်ဖြူပြောရေးဆိုခွင့်ရှိသူ အန်ဒရူးဘိတ်စ်က ဘိုင်ဒန်ပြိုင်ပွဲက ထွက်မှာမဟုတ်တာကို ထပ်လောင်းအတည်ပြုပါတယ်။ ပလိုးစီကိုလည်း ဒီကိစ္စကို လူသိရှင်ကြား ဖြေရှင်းဖို့ ဒီမိုကရက် အမတ်တွေဝိုင်းပြီး ဖိအားပေးတာနဲ့Continue reading “ဇူလိုင် ၁၈ရက် ၂၀၂၄”
ဇူလိုင်လ ၁၇ရက် ၂၀၂၄
အီလွန်က ထရမ့်အောင်နိုင်ရေးအတွက် တလကို ၄၅သန်းထည့်ဝင်လှုဒန်းသွားမှာြဖစ်တယ်လို့ သိရပါတယ်။ တဖက်မှာတော့ ဒီမိုကရက်အလှူရှင်တွေက ဘိုင်ဒန်ကို ဒီမိုကရက် ticket မှာ ဆက်ထားမယ်ဆိုရင် သူတို့လှူထားတဲ့ သန်း၉၀ကို အသုံးပြုခွင့်မပေးနိုင်ဘူးလို့ ရာဇသံ ပေးထားပါတယ်။ အဒမ်ရှစ်ဖ်ကလည်း ၂၁ဦးမြောက် ဒီမိုကရက်အမတ်အဖြစ် ဘိုင်ဒန်ကို ပယ်ရှားဖို့ ဖိအားပေးလာပါပြီ၊ အသက်ကြောင့်ပါတဲ့၊ ဒါပေါ့လေ၊ ဒီမန်းရှာဖြစ်နေတာ သူတို့အတွင်းစည်းကလူတွေ အသိဆုံးဆိုတော့ အကြောင်းတခုခုတော့ ကြံဖန်ပေးရတာပေါ့၊ သူတို့အတွက် လိမ်တာက ထမင်းစား ရေသောက်ထက် လွယ်နေတာပဲလေ။ ရှူးမားက ဘိုင်ဒန်ပြိုင်ပွဲကထွက်ပေးဖို့ တွန်းတွန်းတိုက်တိုက်ကို ပြောနေပါတယ်တဲ့။ ဖိအားတွေ သိပ်များလာလို့ထင်ပါရဲ့ ဒီကနေ့တော့ ဘိုင်ဒန်က ငါ့မှာ ကျန်းမာရေး အခြေအနေတခုခု ပေါ်လာပြီး ဆရာဝန်တွေက ငါ့ဆီလာပြီး မင်းမှာ ဒီလိုဒီလိုပြဿနာတွေရှိနေတယ်လို့ လာပြောရင် ထွက်ပေးမယ့်သဘောမျိုး ပြောလာပါပြီ။ ဩဂုတ်လထဲမှာမှContinue reading “ဇူလိုင်လ ၁၇ရက် ၂၀၂၄”
ဇူလိုင် ၁၄ရက် ၂၀၂၄
မနေ့က ပင်ဆယ်လ်ဗေးနီးယားမှာ သမ္မတထရမ့်ကို လုပ်ကြံမှုဟာ ၁၉၈၁ မတ်လ ၃၀တုန်းက ဝါရှင်တန်မှာ သမ္မတရေဂင်ကို လုပ်ကြံခဲ့မှု နောက်ပိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ သမ္မတဟောင်းတွေဟာ secret service (SS) အစောင့်အရှောက် ရတယ်ဆိုပေမယ့် ရာထူးလက်ရှိသမ္မတလောက်တော့ မရပါဘူး။ ဒါက ပုံမှန်အခြေအနေမှာ ပြဿနာမရှိပေမယ့် အခုလို အမုန်းမှိုင်း၊ မုသားမှိုင်း၊ “တရားရေး”ဌာနနဲ့ မီဒီညာတို့ အဖက်ဖက်က အကြီးအကျယ် ပုတ်ခတ်တိုက်ခိုက်တာ ခံနေရတဲ့ ထရမ့်အတွက်က တော်ရုံအစောင့်အရှောက်နဲ့ လုံလောက်ဖို့ မလွယ်ပါဘူး။ နောက်တချက်က secret service က အဖွဲ့အစည်းသေးသေးလေးဖြစ်ပြီး လက်ရှိဒါရိုက်တာ Kimberly Cheatle က DEI ကြောင့် ဒီနေရာကို ရောက်လာတာဖြစ်နိုင်သလို သူမလက်ထက်မှာ SS ရဲ့ ၃၀%လောက်က အမျိုးသမီးတွေ ဖြစ်လာဖို့ဟာContinue reading “ဇူလိုင် ၁၄ရက် ၂၀၂၄”
Prayers for Trump!! Dirty game has started.
ဒီနေ့မဲဆွယ်ပွဲမှာ သေနတ်နဲ့ အပစ်ခံရပါတယ်၊ ထရမ့်တင်တဲ့ပို့စ်ထဲမှာ နားရွက်ကို ဖောက်သွားပါတယ်တဲ့။ ပွဲလာသူတဦး သေနတ်ထိမှန်သေဆုံးပြီး နောက်တဦး ဒဏ်ရာပြင်းပါတယ်။ ပစ်တဲ့သူကို အပစ်ခံရပြီး သေသွားပြီဖြစ်လို့ သူဘယ်သူလဲ သူ့ကိုဘယ်သူခိုင်းသလဲဆိုတာတော့ ဖော်ဖို့ မလွယ်တော့ပါဘူး။ ဘိုင်ဒန့်လက်ထက် ကျောင်းပစ်ခတ်မှုတွေမှာရော အခုပစ်ခတ်မှုမှာပါ ပစ်သူကို အသေပစ်လိုက်တော့ ဆက်လိုက်လို့ မရတော့တာချည့်ပါပဲ။ မနိုင်နိုင်တာ သေချာတော့ ရှေ့လျောက် ဒီထက်ညစ်တာတွေ လာဦးမှာပါ။ ဓမ္မနဲ့ အဓမ္မ သိသိသာသာ ကွဲပြားနေပါပြီ။ ဒီလိုတွေဖြစ်စေချင်လို့ ဒီမိုကရက်တွေက သမ္မတ/သမ္မတဟောင်းတိုင်းရတဲ့ secret service ကို ရုပ်သိမ်းဖို့ လွှတ်တော်မှာ ကြိုးစားကြတာပါ။ ရီပါဘလစ်ကန်က အများစုဖြစ်နေလို့သာ မနိုင်ခဲ့တာပါ။ လွှတ်တော်တွေကအစ ဒီမိုကရက်အများစုဖြစ်နေရင် အမေရိကန်က ဒီမိုကရေစီနိုင်ငံအဖြစ်က နိဂုံးချုပ်ပါပြီ။ ဓမ္မဘက်က နိုင်စေချင်ရင် ကမ္ဘာမှာ လွတ်လပ်ခြင်းတွေ ငြိမ်းချမ်းခြင်းတွေContinue reading “Prayers for Trump!! Dirty game has started.”
ဇူလိုင် ၇ ရက် ၂၀၂၄
ဟာမာ့စ်နဲ့ ပတ်သက်တဲ့ ငွေဖြူလျော်ဖွတ်တဲ့လုပ်ငန်းစဥ်မှာ အဓိကပါဝင်ပတ်သက်နေတဲ့ ယူအန် Relief & Works Agency (အန်ဝါ)ကို ရှေ့နေတစုက တရားစွဲဆိုလိုက်ပါတယ်။ အောက်တိုဘာ 7 တိုက်ခိုက်မှု မတိုင်ခင် ဆယ်စုနှစ်တခုလောက်ကတဲက အန်ဝါအဖွဲ့ဟာ ဂါဇာကို လူမှုရေးအကူအညီခေါင်းစဥ်နဲ့ ငွေသားအကူအညီပေးခဲ့တာ စုစုပေါင်း ၁ ဘီလီယံလောက် ဖြစ်နေပြီလို့ ယူအန်ရီပို့တွေကို ကိုးကားပြီး ရှေ့နေဂယ်ဗရီယယ်မရုန်းက ဖောက်စ်ဘဇ်နက်ဇ်ကို ပြောသွားပါတယ်။ ဂါဇာက ဒုက္ခသည်တွေအတွက် ဆိုပြီး တီဗီတွေ၊ လူမှုကွန်ယက်တွေမှာ အကြီးအကျယ် အလှူခံနေကြတာမှာ အလှူရှင်တွေဟာ နယူးယောက်က ဂျေပီမော်ဂန်ဘဏ်ထဲကို ပိုက်ဆံထည့်ပေးရပြီး နယူးယောက်က ဝန်ထမ်းတဦးက ဘတ်ဂျက်ကိုကြည့်ပြီး လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ဝက်စ်ဘန့်ခ်နဲ့ ဂါဇာတွေမှာရှိတဲ့ အန်ဝါရုံးခွဲတွေကို လစဥ်ငွေလွှဲပေးပါတယ်။ ဂါဇာကရုံးအတွက် နယူးယောက် ဂျေပီမော်ဂန်ကနေ အနောက်ဘက်ကမ်းContinue reading “ဇူလိုင် ၇ ရက် ၂၀၂၄”
ဇူလိုင် ၃ ရက် ၂၀၂၄
ပထမဒီဘိတ်ပြီးသွားပေမယ့် ရိုက်ခတ်မှုကကြီးတော့ ခုထိ သတင်းတွေ တက်နေဆဲပါ။ ထင်ရှားတာက ဘိုင်ဒန့်အနေအထားဟာ ကမ္ဘာကို အများကြီး ရိုက်ခတ်မှုရှိနိုင်တဲ့ နိုင်ငံကြီးတခုကို အုပ်ချုပ်ဖို့ မဆိုထားနဲ့ ကိုယ့်ခန္ဓာကိုယ်လိုအပ်ချက် ကိုယ့်ရဲ့ တနေ့တာကိုတောင် စီမံခန့်ခွဲနိုင်စွမ်း ရှိပုံမရပါဘူး။ အဲဒီလိုလူမျိုး သမ္မတဖြစ်နေရင် တိုင်းပြည်နဲ့ ကမ္ဘာကို သက်ရောက်မယ့် အရေးကြီးကိစ္စရပ်တွေကို သူကဦးဆောင်လမ်းညွှန်မှု ပြုနိုင်မလား၊ သူ့ကို ရုပ်ပြထားပြီး ဘယ်သူဘယ်ဝါမှန်း မသိရသူတွေက ချယ်လှယ်နေမလား သိပ်စဥ်းစားစရာမလိုပဲ သိနိုင်ပါတယ်။ ရကပဆက်ဝင်/မဝင်ကိစ္စကို မိသားစုနဲ့ တွေ့ဆုံတိုင်ပင်မယ်ဆိုပြီးတဲ့နောက်မှာ ထွက်ကြေငြာတာက ဂျိုးဘဒမဟုတ်ပဲ ဂျေးလ်ဖြစ်နေတာပါ။ ဘိုင်ဒန်လုပ်ခဲ့သမျှကို မိနစ် ၉၀လေးနဲ့ မဆုံးဖြတ်ပါနဲ့တဲ့၊ သူ့ရဲ့ ၃နှစ်ခွဲအတွင်း စွမ်းဆောင်ခဲ့မှုများနဲ့ ဆုံးဖြတ်ပါ၊ ဒီဘိတ်မှာလည်း ထရမ့်ပြောသွားသမျှတွေက အလိမ်တွေပါ၊ ဘိုင်ဒန်ကမှသာ ကောင်းကောင်းဖြေခဲ့တာပါ၊ you did aContinue reading “ဇူလိုင် ၃ ရက် ၂၀၂၄”