မနေ့ညနေက အီလွန်က ဟန်းတားလက်ပ်တော့ပ်ကိစ္စကို တွဒ်တာက ဘယ်လိုဖုံးကွယ်ခဲ့သလဲဆိုတာကို စတင်ဖော်ထုတ်ပေးခဲ့ပါတယ်။ ဖော်ထုတ်ချက်တွေကိုတော့ Rolling Stone က အယ်ီဒတာ Matt Taibbi @mtaibbi တွဒ်တာအကောင့်ကနေ Thread: The Twitter Files နာမည်နဲ့ တင်ထားခဲ့ပြီး ဆက်လက် တင်သွားဦးမယ်လို့ သိရပါတယ်။ အီလွန်က တင်မယ်ပြောခဲ့တာ မနေ့က ညနေ ၅နာရီဖြစ်ပြီး တကယ်တမ်းမှာ ၆နာရီခွဲကျော်မှ တင်နိုင်ခဲ့ပါတယ်။ တင်ထားသမျှက ဟန်းတားကိစ္စအပါအဝင် ဒီမိုကရက်မကြိုက်တဲ့ တွိတွေအပေါ် ဘယ်လို ဆင်ဆာလုပ်ကြမယ်ဆိုတာ အဲဒီအချိန်က တွဒ်တာဝန်ထမ်းအချင်းချင်း အပြန်အလှန်ဆွေးနွေးထားကြတဲ့ email မှတ်တမ်းတွေ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ထဲမှာတော့ ထရမ့်ရဲ့ အိမ်ဖြူကရော ဒီမိုကရက်တွေဘက်ကပါ တချို့သတင်းတွေကို ဆင်ဆာလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တွဒ်တာဝန်ထမ်းတွေရဲ့ နိုင်ငံရေးပါတီတွေကို လှူတာတွေကိုကြည့်ရင်Continue reading “ဒီဇင်ဘာ ၃ ရက် ၂၀၂၂”
Author Archives: Omma
Tesla Semi-truck
တက်စ်လာက semi-truck ကနေ့စပြီး deliver လုပ်နေပါပြီ။ ပေါင်ချိန် ၈၁,၀၀၀ (တန်၄၀.၅)သယ်ဆောင်နိုင်ပြီး တခါအားသွင်းထားရင် မိုင် ၅၀၀ ဆက်တိုက် မောင်းနိုင်ပါတယ်။ ၇၀% အားသွင်းဖို့ နာရီဝက်ကြာမှာဖြစ်ပြီး ကုန်ကားသမားတွေက ၈နာရီမောင်းပြီးတိုင်း အနည်းဆုံး နာရီဝက် နားဖို့ ပြဌာန်းထားတာနဲ့ အကိုက်ပဲလို့ ဆိုကြပါတယ်။ တက်စ်လာဆီမီးထရပ်ကို ၅နှစ်ကြာ အချိန်ယူ ဒီဇိုင်းဆွဲ၊ စမ်းသပ် ထုတ်လုပ်ထားတာဖြစ်ပြီး စနိုးထဲ၊ မိုးထဲ၊ အပူထဲ၊ အကုန်လုံးမှာ မောင်းကြည့်ပြီးသားပါတဲ့။ ဝန်အပြည့်တင်ပြီး တောင်တက်ရင် မလေးသလို ဝန်အပြည့်နဲ့တောင်ဆင်းရင်လည်း regenarative breaking သုံးထားတာဖြစ်လို့ ရိုးရိုးကုန်ကားတွေလို ဂီယာလွတ်သွားလို့ လျောသွားတာမျိူး လုံးဝမဖြစ်ဖူးလို့ ဆိုပါတယ်။ အဲဒါတွေက တက်စ်လာကားတိုင်းပါပဲ၊ ကုန်အပြည့်နဲ့ကတော့ ခုမှစမ်းထားတာပါ။ ပုံမှန်မောင်းနေချိန်မှာ ကားဘီးတခုချင်းက လိုအပ်သလောက်ပါဝါကိုပဲ အဓိကထားContinue reading “Tesla Semi-truck”
နိုဝင်ဘာ ၃၀ ရက် ၂၀၂၂
တရုပ်ပြည်မှာ ၁၉၈၉ တီယန်နန်မန်ရင်ပြင်သတ်ဖြတ်မှုတွေနဲ့ ဖ’လုန်ကုန်းအဖွဲ့တွေကို ရက်ရက်စက်စက်နှိမ်နှင်းခဲ့ရာမှာ တာဝန်အရှိဆုံးဖြစ်ခဲ့တဲ့ အသက် ၉၆နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ကျန်ဇီမင်းဟာ ဒီကနေ့မှာ သူမြို့ဝန်လုပ်ခဲ့ဖူးတဲ့ ရှန်ဟဲမြို့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲက လူကီးမီးယားအပါအဝင် ရောဂါတချို့ ခံစားနေရတာဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်စခဲ့တဲ့ တံခါးဖွင့်စီးပွားရေးကို အရှိန်မြှင့်ခဲ့သူ၊ တရုပ်ပြည်ကို ချမ်းသာလာအောင် လုပ်ပေးခဲ့သူအဖြစ် ခေါင်းစည်းတပ်ကြပြီး တီယန်နန်မန်ရင်ပြန်နဲ့ အဖွဲ့ဝင်သန်းပေါင်းများစွာပါဝင်တဲ့ ဖ’လုံကုန်းအဖွဲ့ကို နှိမ်နှင်းခဲ့တာတွေကိုတော့ ခြစားမီဒီယာတွေက ဖော်ပြခဲ့ရင်တောင် မထင်မရှားလောက်သာ ဖြစ်နေတာ တွေ့ရပါတယ်။ တီယန်နန်မန်ရင်ပြင်မှာ ဆန္ဒပြသူပေါင်းမြောက်များစွာကို သတ်ခဲ့တာက တိန့်ရှောင်ဖိန်လက်ထက်မှာ ဖြစ်ပြီး အဲဒီအရေးအခင်းကြောင့် ပါတီတွင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ သူ့ထက် စီနီယာကျတဲ့ ကျောက်ကျိယန်က အဲဒီအချိန်မှာ ပါတီထွေ/တွင်းချုပ်ဖြစ်နေပြီး ဆန္ဒပြသူတွေအပေါ် သက်ညှာစွာ ကိုင်တွယ်လိုတဲ့အတွက် ဖယ်ရှားခံခဲ့ရပြီး သူ့နေရာကိုContinue reading “နိုဝင်ဘာ ၃၀ ရက် ၂၀၂၂”
နိုဝင်ဘာ ၂၉ ရက် ၂၀၂၂
ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲက ကာတာမှာဆိုပေမယ့် တရုပ်က စတေဒီယံဆောက်တာကအစ ကစားသမားတွေ အဝတ်အစား၊ ဆုတံဆိပ်၊ အခမ်းအနား စတာတွေ အားလုံးကို တရုပ်ကပဲ ကြီးမှူးလုပ်သွားတာပါ။ ကဏ္ဍမျိုးစုံမှာ တရုပ်ပြည်ကလူတွေကိုယ်တိုင် လာရောက်ကြီးကြပ်ခဲ့ကြပြီး တရုပ်ပြည်က ပန်ဒါ ၂ကောင်တောင် ဖွင့်ပွဲအတွက် ပို့လိုက်ပါသေးတယ်။ အဲဒီလို ကူညီခဲ့တာတွေအတွက်လည်း ဓါတ်ငွေ့ရေဝယ်ဖို့ ကန်ထရိုက်အကြီးကြီး ရလိုက်ပါတယ်။ ဘယ်လောက်ကြီးသလဲဆိုတော့ တန် ၄သန်းကို ၂၇နှစ်စာချုပ် ရလိုက်တာပါ။ ဘိုင်ကြီးကျေးဇူးနဲ့ ကမ္ဘာမှာ စွမ်းအင်အကြပ်အတည်း ဖြစ်နေချိန်ဆိုတော့ ဓါတ်ငွေ့ရည်စာချုပ်ကြီးကြီး ရလိုက်တာဟာ စီးပွားရေးအရရော နိုင်ငံရေးအရပါ အကျိုးအမြတ်ကြီးမှာ အသေအချာပါပဲ။ တရုပ်ကုမ္ပဏီတွေတော်တော်များများရော တရုပ်အစိုးရပါ ဒီနှစ်ကမ္ဘာ့ဖလားပွဲကနေ အကျိုးအမြတ်အများကြီး ရကြတာဖြစ်တော့ တရုပ်ရုပ်သံတွေက အားတက်သရော နှိုးဆော်ကြော်ငြာပေးနေကြတာပါ။ အဲဒီထဲမှာ မပျော်နိုင်ကြသူတွေကတော့ တရုပ်ဘောလုံးအသင်းပဲ ဖြစ်ပါတယ်။ တချိန်က ကမ္ဘာ့ဖလားဗိုလ်လုပွဲတောင် တက်လာခဲ့ဖူးတဲ့နိုင်ငံကContinue reading “နိုဝင်ဘာ ၂၉ ရက် ၂၀၂၂”
နိုဝင်ဘာ ၂၆ ရက် ၂၀၂၂
ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ခေါင်းဆောင် ကလော့စ်ရွှက်ဘ်က ကနေ့ပြုလုပ်တဲ့ ဖောက်စ်နယူးစ်နဲ့ အင်တာဗျူးမှာ တရုပ်စနစ်ဟာ ကျန်ကမ္ဘာ့နိုင်ငံတွေတော်တော်များများရဲ့ စံပြ ဖြစ်ပါတယ်၊ သိပ်လည်း ဆွဲဆောင်မှုရှိတဲ့ ပုံစံပါပဲလို့ ပြောသွားပါတယ်။ ဘယ်စနစ်ကို ပြောတယ်ဆိုတာကို ရှင်းပြမထားပေမယ့် နိုင်ငံတွေက ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ရမှာပါလို့တော့ ပြန်ဖာသွားပါတယ်။ လက်ရှိတရုပ်ပြည်ရဲ့ ဘယ်စနစ်ကိုပဲကြည့်ကြည့် စံပြ ဖြစ်လောက်တာ တခုမှ မတွေ့မိပါဘူး။ နိုင်ငံရေးအရလဲ တပါတီစနစ်၊ ရကပွဲဆိုတာက အဖြစ်၊ အရည်အချင်းရှိ၊ ပြောရဲ ဆိုရဲရင် နားကားမယ်၊ လက်ညှိုးထောင်ခေါင်းညှိမ့်မယ့် ခပ်ချာချာတွေပဲ နေရာရမယ့် စနစ်မျိုး။ စီးပွားရေးအရ ခုလောက်ထိဖြစ်လာတာက သူတို့တော်လွန်းလို့ထက် ငတ်နေတဲ့ပြည်သူတွေက အခနဲနဲနဲ့ ကြိုးစားလုပ်ကြတာရယ် အနောက်အုပ်စုက သာသာထိုးထိုး အခွင့်အရေးတွေ ပေးတာရယ်ကြောင့်ပါ။ ခုချိန်မှာတော့ ရာသက်ပန်အုပ်စိုးချင်လို့ ကိုယ့်ဖာသာကိုယ် အရှက်မရှိ အတင်းကြီး ဥပဒေပြင်Continue reading “နိုဝင်ဘာ ၂၆ ရက် ၂၀၂၂”
နိုဝင်ဘာ ၂၃ ရက် ၂၀၂၂
မနေ့ကပဲ တွဒ်တာမှာ ကလေးလိင်အမြတ်ထုတ်ခံရတဲ့ သတင်းတွေကို ကာဗာယူပြီး ကလေးပွန်းတင်နေကြတာ၊ ကလေးလိင်ကုန်ကူးတဲ့ပို့စ်တွေ တင်နေကြတာ ရေးလိုက်ပါတယ်။ တပ်ကာက ထောင်ချီပေးရတဲ့ ကလေးအသုံးအဆောင် အဝတ်အစားထုတ်လုပ်သူ ဘလန်ရှာဂါ ကြော်ငြာတွေမှာ ကလေးတွေနဲ့ ကလေးတွေကိုင်ထားတဲ့ အရုပ်တွေကို နှိပ်စက်ညှင်းပန်းပြီး လိင်ကျွန်လိုဖျော်ဖြေတဲ့ ပုံစံမျိုးတွေ ဝတ်ပေးထားကြောင်း၊ ကလေးရဲ့ ပတ်ဝန်းကျင်မှာလည်း အဲဒီဘွန်းဒေ့ဂျ်နဲ့ ပတ်သက်တဲ့ အခင်းအကျင်းတွေ ပြထားကြောင်း၊ အဲဒါဟာ ကလေးတွေအပေါ် လိင်အမြတ်ထုတ်တာကို တဖက်လှည့်နဲ့ ပေါ်ပေါ်ထင်ထင် လုပ်နေတာဖြစ်ကြောင်း တင်ဆက်သွားပါတယ်။ အဲဒီဘလန်ရှာဂါစီအီးအို ဆဲဒရစ်ရှားဘစ်နဲ့ လုံးထွေးနေတာက နယူးယောက်မြို့ဝန် အဲရစ်ခ်အဒမ်စ်ပဲ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်တွေက ထောက်ပြကြတဲ့အခါမှာတော့ ဆဲဒရစ်က ဓါတ်ပုံဆရာကို အပြစ်တင်ပြီး သူ့ကြော်ငြာတွေကို ပြန်သိမ်းသွားပါတယ်။ (တပ်ကာရဲ့ တင်ဆက်မှုကို ကွန်မန့်မှာ လင့်ခ်ချပေးပါမယ်။) တာဝန်ရှိသူတွေက ဒီလိုကိစ္စမျိုးတွေကို အရေးမယူကြတာContinue reading “နိုဝင်ဘာ ၂၃ ရက် ၂၀၂၂”
နိုဝင်ဘာ ၂၂ ရက် ၂၀၂၂
ဖရီးစပိချ်ကို ကာကွယ်ဖို့ ကြွေးကြော်ထားတဲ့ တွဒ်ချုပ်ကြီးလက်ထက်မှာ တွဒ်တာကို အဓိက ပြုပြင်ပြောင်းလဲမှုတွေလုပ်ရင်း တွေ့ရှိလာရတာက ကလေးတွေကို လိင်အမြတ်ထုတ်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အရင်တွဒ်တာအုပ်ချုပ်သူတွေက သူတို့ မ နေတဲ့ဒီမိုကရက်အစိုးရတွေလိုပဲ သူတို့/ သူတို့လူတွေထိုင်ခုံလှုပ်မယ့်ကိစ္စလောက်ကိုပဲ အရေးတယူ ကန့်သတ်ပိတ်ပင်ကြပြီး လူ့ကျင့်ဝတ်အရ အမှန်တကယ်လုပ်ဆောင်သင့်တာတွေကိုတော့ လစ်လျူရှုထားခဲ့ကြတာပါ။ လူကုန်ကူးခံခဲ့ရဖူးပြီး ပြန်လွတ်လာသူတွေက တွဒ်တာကို လူ/လိင်ကုန်ကူးတဲ့ကိစ္စ အရေးယူဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြပေမယ့် ထိထိရောက်ရောက် ဘာတခုမှ လုပ်ပေးတာ မတွေ့ခဲ့ရဘူးလို့ ပြောကြပါတယ်။ မေလတုန်းက လူကုန်ကူးခံရပြီး ပြန်လွတ်လာတဲ့ အလိုင်ဇာဘလူးဆိုတဲ့အမျိုးသမီးရဲ့ ဆောင်းပါးတခုမှာ အီလက်ထရောနစ်ဆားဗစ်ပရိုဗိုက်ဒါတွေဆီက ပျောက်ဆုံးနဲ့ အမြတ်ထုတ်ခံရတဲ့ ကလေးတွေအတွက် ဖွင့်ပေးထားတဲ့ ဆိုင်ဘာတစ်ပ်လိုင်းကနေ ၂၀၂၁အတွင်း ရီပို့ပေါင်း ၂၉သန်းကျော် ရခဲ့တာမှာ တွဒ်တာက ရီပို့လုပ်တာက ၉သောင်းတောင် မပြည့်ဘူးလို့ ဆိုပါတယ်။Continue reading “နိုဝင်ဘာ ၂၂ ရက် ၂၀၂၂”
နိုဝင်ဘာ ၂၀ ရက် ၂၀၂၂
မနေ့ကတွဒ်တာမှာလုပ်တဲ့ ထရမ့်အကောင့် ပြန်ဖွင့်ပေးဖို့ ထောက်ခံ/မထောက်ခံဆိုတဲ့ poll မှာ ၁၅သန်းမဲပေးခဲ့ကြပြီး ပြန်လာဖို့ ထောက်ခံတဲ့ဖက်က အစပိုင်းမှာ ၈၀ရာနှုန်းလောက် ရှိခဲ့တာကနေ နောက်ဆုံးမှာ ၅၂ရာနှုန်းပျော့ပျော့ပဲ ကျန်တော့တာပါ။ အဲဒါကို ထောက်ပြကြတော့ အီလွန်က ဘော့နဲ့ ထရိုးလ်အာမီတွေ ပါနေတာ မနည်းဘူးပဲလို့ တခါ၊ သူတို့တွေ လက်ပန်းကျသွားသလောက်ပြီလို့ တခါ ပြန်ပြောပြီး နောက်တခါ poll လုပ်ရင် ဘာတွေသတိထားရမယ်၊ ကြိုရှင်းထားရမယ်ဆိုတာ သိသွားပြီလို့ အီလွန်က ဆိုပါတယ်။ ထရမ့်အကောင့်က အပိတ်မခံရခင်က ဖော်လိုဝါ ၈၈သန်းကျော် ရှိနေခဲ့တာကနေ ပြန်ဖွင့်တဲ့အချိန်မှာ ၁သန်းပဲရှိပါတော့တယ်။ ဘယ်သူမှလည်း မရှိတော့တဲ့အကောင့်ကို unfollow လုပ်ကြမယ် မထင်ပါဘူး။ ပြန်ဖွင့်ပေးပြီး နာရီပိုင်းအတွင်း ဖော်လိုဝါတွေ ပြန်တက်လာတာ တသန်းတသန်း ခဏလေးပါပဲ၊ အခုစာရေးချိန်အထိဆို ၈၇.၃သန်းထိContinue reading “နိုဝင်ဘာ ၂၀ ရက် ၂၀၂၂”
နိုဝင်ဘာ ၁၈ရက် ၂၀၂၂
မစ်တမ်းလည်းပြီးရော အက်ဖ်ဘီအိုင်က ထရမ့်ရဲ့ မာရာလေဂိုအိမ်ကို ဝင်စီးတာမှာ သူတို့ စွပ်စွဲထားသလို ဘာမှမတွေ့ခဲ့ရတာကြောင့် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ တိုက်ခိုက်တာကို ဝန်ခံလိုက်သလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း ဘိုင်ဒင့်(မ)တရားရေးဌာနက စပယ်ရှယ်ကောင်ဆယ်ခန့်ပြီး ထပ်စစ်ပါဦးမယ်တဲ့။ ၂၀၁၆ကနေ ကနေ့အထိ ထရမ့်အပေါ် စွပ်စွဲခဲ့ကြတာတွေကို ပြန်ကြည့်ရင် ကလိန်တန်မ မွှေခဲ့တဲ့ ရုရှားပရုဘ်ရော၊ ဟန်းတားကိစ္စဖော်ထုတ်ဖို့ ယူကရိန်းသမ္မတဆီ ဖုံးတခါ ခေါ်ဖူးတာနဲ့ အင်မ်ပိချ်လုပ်ခံရတာရော၊ ဂျန်၆ကိစ္စမှာလည်း လွတ်ခဲ့သမျှရွှေသမင်တွေက ပလုံစီတာကချည့် ဖြစ်နေပေမယ့်လည်း နောက်တခါ အင်မ်ပိချ် ထပ်အလုပ်ခံရတာရောမှာ ဘာသက်သေမှ မပြနိုင်လို့ အမှုတွေပိတ်ခဲ့ရပြီးပါပြီ။ နယူးယောက်ဒီအေကလည်း တက်လာထဲက ထရမ့်ကိုနွှာဖို့ ကြုံးဝါးပြီး တက်လာတာပါ။ ပြည်သူအတွက် လုံခြုံရေးတို့ တရားဥပဒေစိုးမိုးရေးတို့က ပြောင်းပြန်ရေမှ ထိပ်ဆုံးကို ရောက်မှာပါ။ ပြောခဲ့တဲ့ ကိစ္စတွေအားလုံးမှာ ပါနေတဲ့ အမှုတွဲတွေမှာContinue reading “နိုဝင်ဘာ ၁၈ရက် ၂၀၂၂”
ယူကရိန်းစစ်နဲ့ FTX
အရင်အပတ်က ခရစ်ပ်တိုငွေကြေးအရောင်းအဝယ်လုပ်တဲ့ ၃၂ဘီလီယံတန်ဖိုးရှိခဲ့တဲ့ FTX ပြိုကွဲသွားပြီး ဒေဝါလီခံဖို့ လျောက်ထားလိုက်ရပါတယ်။ အဲဒီexchange ရဲ့ဖောင်ဒါဖြစ်တဲ့ ဆမ်ဘန့်ခ်မန်ဖရိဒ်ကလည်း အခွန်ရှောင်ဖို့ရော အမေရိကန်ဥပဒေတွေရဲ့ သက်ရောက်မှုကနေ ကင်းနိုင်ဖို့ရော FTX ကို ဘဟားမားစ်မှာ မှတ်ပုံတင်ပြီး အဲဒီမှာပဲ နေတာများပါတယ်။ ဆမ်ဘန့်ခ်မန်ဖရိဒ်က အမွှေစိန်ပြီးရင် ဒီမိုကရက်ပါတီရဲ့ အကြီးဆုံး ငွေအင်အားထောက်ပံ့ပေးသူဖြစ်ပြီး သူ့ရဲ့ ပြိုင်ဖက်ခရစ်ပိုငွေကြေးကုမ္ပဏီတွေနဲ့ယှဥ်ရင် သူအသာရဖို့အတွက် နိုင်ငံရေးသမားတွေကို ငွေနဲ့ဝယ်ထားတာ များပါတယ်။ မပြိုကွဲခင်နောက်ဆုံးဖြစ်ခဲ့တာက သူ့ပြိုင်ဖက် ဘိုင်နန့်စ်က စီအီးအို ချန်းပန်ဇောင်ကို ဝေဖန်ခဲ့လို့ ပြဿနာတက်ခဲ့ကြပါတယ်။ ဘိုင်နန့်စ်က အက်ဖ်တီအိတ်စ်မှာ ၂၀၁၉အထိ ရင်းနှီးမြှုပ်နှံနေသေးတာပါ။ နောက်တော့ ဆမ်က ခရစ်ပ်တိုငွေကြေးကဏ္ဍကြီးတခုလုံးကို ဥပဒေနဲ့ ချည်ဖို့ တွန်းလာချိန်မှာ ဘိုင်နန့်စ်က ဆန့်ကျင်ခဲ့တာပါ။ ဝါရှင်တန်က ကီးတွေကို အိတ်ထဲထည့်ထားတဲ့ ဆမ်က သီးသန့်အစည်းအဝေးတွေမှာContinue reading “ယူကရိန်းစစ်နဲ့ FTX”