နိုဝင်ဘာ ၁၃ ရက် ၂၀၂၁

အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ ငွေဖောင်းပွမှုဟာ အနှစ် ၄၀အတွင်းမှာ အကြီးဆုံးပြဿနာကြီး ဖြစ်လိမ့်မယ်လို့ ဖေဖေါ်ဝါရီလထဲက ကလင်တန်နဲ့ အိုဘားမားလက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး လုပ်ခဲ့တဲ့ လာရီဆမ်းမားစ်က ဟောကိန်းထုတ်ခဲ့တာပါ။ အဲဒီလောက်ကြီးတဲ့ ပြဿနာဖြစ်လာဖို့ Federal Reserve ကရော ဘိုင်ဒန်အစိုးရကပါ မျှော်လင့်မထားခဲ့ကြတဲ့အတွက် ဘာမှ ကုစားဖို့ မပြင်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။ ငွေဖောင်းပွမှုရဲ့ အဓိကအကြောင်းရင်းတခုကတော့ တိုင်းပြည်မှာလည်ပတ်နေတဲ့ ငွေတွေထဲကို ငွေစက္ကူသစ်တွေ ထပ်မံရိုက်နှိပ်ပြီး ထိုးထဲ့လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ လည်ပတ်နေတဲ့ ငွေပမာဏများလာလေ ရှိပြီးသားငွေက တန်ဖိုးကျလေပါပဲ။ အဲဒီလို ရိုက်ထုတ်ရတဲ့ အကြောင်းရင်းကလည်း ကိုဗစ်ပိတ်ဆို့မှုတွေကြောင့်ဒုက္ခရောက်နေတဲ့ ပြည်သူကို ကူညီဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့တဲ့ ၁.၉ ဘီလီယံ အစိုးရအသုံးစရိတ်က စပါတယ်။ စာမျက်နှာပေါင်း ထောင်ချီတဲ့ ဥပဒေကြမ်းကို ကြိုးစားပြီး ရသလောက်ဖတ်ခဲ့ကြတဲ့ အမတ်က လက်တဆုပ်စာထက်Continue reading “နိုဝင်ဘာ ၁၃ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၂ ရက် ၂၀၂၁

ဘိုင်ဒန်က FDA ကို ဦးဆောင်ဖို့ အမည်စာရင်းတင်သွင်းမယ်လို့ မျှော်လင့်ထားတဲ့သူဟာ နှလုံးအထူးကု ဒေါက်တာ ရောဘတ် ကာလစ်ဖ်ဆိုတာကို သိသိချင်း ဒီမိုကရက်ဆီနိတ်တာ ဂျိုးမန်ချင်က ရောဘတ်ရဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုကြောင့် ချက်ချင်းကို ကန့်ကွက်လိုက်ပါတယ်။ ရောဘတ်က အိုဘားမားလက်ထက်တုန်းက FDA ကို ခေတ္တဦးဆောင်ဖူးပါတယ်။ အဲဒီတုန်းကလည်း မန်ချင်က ကန့်ကွက်ခဲ့ပါတယ်။ ရောဘတ်ကို အမည်စာရင်းတင်သွင်းတာဟာ ဆေးစွဲလို့ ဘဝပျက်ကြသူတွေနဲ့ မိသားစုတွေကို စော်ကားလိုက်သလိုပါပဲ၊ သူ့အနေနဲ့ ဘိုင်ဒန်အစိုးရကို တိုက်တွန်းချင်တာက FDA ကော်မစ်ရှင်နာလုပ်မယ့်သူဟာ ဆရာဝန်လက်မှတ်နဲ့ ဝယ်ရတဲ့ဆေးတွေ စွဲနေကြတဲ့ လူတွေရဲ့ အခြေအနေနဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကောင်းကောင်းသိရှိဖို့လိုသလို ဆေးဝါးလောကရဲ့ လောဘကို တိုက်ဖျက်နိုင်တဲ့ FDA ရဲ့ အခန်းကဏ္ဍကို ကောင်းစွာနားလည်ဖို့ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။ အမေရိကန်မှာContinue reading “နိုဝင်ဘာ ၁၂ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၁ ရက် ၂၀၂၁

ကမလာနဲ့ ဒီမိုကရက်ထိပ်သီးတွေ၊ မီဒီယာတွေက ဆင်းရဲတဲ့နိုင်ငံတွေကလူတွေ အမေရိကန်ကို လာချင်ကြတာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ ပုံဖော်လေ့ရှိကြပါတယ်။ FAO က တရားဝင် သီးနှံထွက်ကုန်စာရင်းတွေအရ အမေရိကန်ကို ဝင်ရောက်လာမှုအများဆုံးနိုင်ငံတခုဖြစ်တဲ့ ဂွာတီမာလာနိုင်ငံမှာ ကမလာတို့ပြောသလို မိုးခေါင်၊ စိုက်ခင်းတွေပျက်၊ လူတွေငတ်နေတာမဟုတ်ပဲ တနှစ်ထက်တနှစ် ထွက်နှုန်းတိုးတက်နေပြီး ယခုအချိန်မှာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကနဲ့စာရင် ထွက်ကုန် ၂ဆ တိုးနေပြီဖြစ်ပါတယ်။ လူတွေ နိုင်ငံကနေ ထွက်ပြေးရတဲ့ အဓိက အကြောင်းရင်းတချို့ကတော့ ရာဇဝတ်မှု၊ လူသတ်မှု စတာတွေ ခေါင်ခိုက်နေပြီး ၉၇% သောလူသတ်မှုတွေက အဖြေမပေါ်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလူတွေ ကံကောင်းတာက အမေရိကန်မြို့ကြီးတွေမှာ ရာဇဝတ်မှု၊ လူသတ်မှုတွေ မြန်မြန်ဆန်ဆန် တက်နေပေမယ့် သူတို့ဆီနဲ့စာရင် နဲနေသေးတာပါ။ အမေရိကန်မှာလည်း ရာဇဝတ်မှု၊ လူသတ်မှုတွေContinue reading “နိုဝင်ဘာ ၁၁ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၀ ရက် ၂၀၂၁

ဂျာမန်ကျန်းမာရေးအရာရှိတွေက တခြားဥရောပနိုင်ငံတွေလိုပဲ ကိုဗစ်ကာကွယ်ဆေးထဲမှာ မော်ဒါးနားက နှလုံးကြွက်သား ယောင်ယမ်းတာနဲ့ နှလုံးပတ်ပတ်လည်က တစ်ရှုးတွေ ယောင်ယမ်းတာ တွေက အသက် ၃၀အောက်လူငယ်တွေမှာ ပိုဖြစ်တတ်တဲ့အတွက် အသက် ၃၀အောက်တွေကို တခြားတံဆိပ်ထိုးဖို့ အကြံပြုထားပါတယ်။ ဖြစ်နှုန်းကတော့ ၁၈-၂၉နှစ်ကြား အမျိုးသားတွေမှာ လူတသိန်းကို ၁၁.၇၁ဦးဖြစ်ပြီး ဖိုင်ဇာကတော့ ၄.၆၈ဦးဖြစ်ပါတယ်။ အလားတူအသက်အုပ်စုက အမျိုးသမီးတွေမှာတော့ မော်ဒါးနားက လူတသိန်းမှာ ၂.၉၅ ဦးနဲ့ ဖိုင်ဇာက ၀.၉၇ဦး ဖြစ်ပါတယ်။ အသက် ၁၂-၁၇ အမျိုးသားအုပ်စုမှာတော့ လူတသိန်းကို ၁၁.၄၁ဦးဖြစ်ပြီး ဖိုင်ဇာက ၄.၈၁ ဖြစ်ပါတယ်။ အဲဒီအသက်အုပ်စုက အမျိုးသမီးတွေအတွက်တော့ ဒေတာ မရှိသေးပါဘူး။ မနေ့က မော်ဒါးနားက European Medicines Agency ကို အသက် ၆နှစ်က ၁၁နှစ်တွေအတွက် လူကြီးတခါထိုးရဲ့Continue reading “နိုဝင်ဘာ ၁၀ ရက် ၂၀၂၁”

တက်စ်လာကားနဲ့ အင်ဂျင်ကား ကွာခြားချက်များ

တက်စ်လာလျှပ်စစ်ကားနဲ့ ပါတ်သက်ပြီး မြန်မာလို ရေးထားတာ မတွေ့သေးတဲ့အတွက် ပုံမှန်အင်ဂျင်ကားတွေနဲ့ ဘာကွာလဲသိချင်သူတွေ ရှိကြမယ်လို့ ထင်ပါတယ်။ ဆီဈေးတွေကြီးလို့ လျှပ်စစ်ကား ဝယ်ချင်သူများအတွက် စဥ်းစားလို့ ရအောင်ပါ။ ကွာတဲ့ အချက်တွေကတော့ တော်တော်များပါတယ်။ ကားထဲ ဝင်တာကစလို့ သော့/ရီမုတ်မလိုပဲ ဖုံးပါရုံနဲ့ ဝင်နိုင်မောင်းနိုင်ပါတယ်။ ဗဲလေးပါကင်(သို့) ကားဆေး/ ဘော်ဒီ/ဘီးဖာ စတာတွေအတွက်တော့ ခရက်ဒစ်ကဒ်အရွယ် ကီးကဒ်လေး ပေးထားလိုက်ပြီး ဘယ်လောက်အရှိန်ထက် ပိုမမောင်းရဆိုတာ ကိုယ့်ဖုံးထဲကနေ သတ်မှတ်ထားလို့ ရပါတယ်။ ကားသော့ချတာ၊ ဖွင့်တာ၊ အလိုအလျာက်ဝိုက်ပါ ချိန်တာ၊ အစရှိတဲ့ ကိစ္စအားလုံးကို ကားထဲက screen ပေါ်ကနေ လုပ်လို့ ရပါတယ်။ ဖုံးနဲ့ ဝင်လို့ရတော့ အပြင်ကို မိသားစု သွားကြရင် ကားဆီအရင် သွားချင်တဲ့လူက သော့ကိုင်ဆီက သော့တောင်းနေစရာ မလိုတော့ပဲContinue reading “တက်စ်လာကားနဲ့ အင်ဂျင်ကား ကွာခြားချက်များ”

နိုဝင်ဘာ ၈ ရက် ၂၀၂၁

နိုဝင်ဘာ ၈ ရက် ၂၀၂၁ဒီမိုကရက် ဆီနိတ်တာ ၁၁ဦးက လောင်စာဆီဈေး ကြီးမြင့်နေမှုအပေါ် သက်သာရာ ရဖို့အတွက် ဘိုင်ဒန်ဆီကို စာရေးတောင်းဆိုခဲ့ကြပါတယ်။ သူတို့က နိုင်ငံမှာ အရေးပေါ်အခြေအနေအတွက် စုဆောင်းထားရှိတဲ့ Strategic Petroleum Reserve ကို ထုတ်သုံးဖို့နဲ့ ရေနံစိမ်းတင်ပို့မှုကို တားမြစ်ထားဖို့ အဆိုပြုခဲ့ကြတာပါ။ ကြည့်ရတာ ငြိမ်နေရင် သူတို့ပြန်လည်ရွေးကောက်ခံရဖို့ အခက်အခဲ ရှိလာနိုင်တဲ့အတွက်သာ အသံကောင်း ထဟစ်တာဖြစ်ပြီး ဆီဈေးတက်ရတဲ့ မူလပြဿနာကို ကိုင်တွယ်ဖို့ဝေးလို့ ဝေဖန်မှုတောင် မပြုခဲ့ကြတာဖြစ်ပါတယ်။အဲဒီ Strategic Petroleum Reserve က အရင်သမ္မတအဆက်ဆက်မှာ ဘာမှမရှိခဲ့ပဲ သမ္မတထရမ့်တက်လာပြီး ပြည်တွင်းရေနံ ဖူလုံလာတဲ့အချိန်မှာ Reserve မရှိတော့တာ သိခဲ့တဲ့အပြင် ရေနံစိမ်းဈေးတွေကလည်း အောက်ဆုံးရောက်နေတဲ့အတွက် တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေနဲ့ ကြုံခဲ့ရင် ထုတ်သုံးဖို့ ရည်ရွယ်ချက်နဲ့Continue reading “နိုဝင်ဘာ ၈ ရက် ၂၀၂၁”

နိုဝင်ဘာ ၇ ရက် ၂၀၂၁ – ကိုဗစ်ကာကွယ်ဆေး များ

သုတေသနပြုလုပ်ချက်အသစ်တခုအရ အမေရိကန်မှာ အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေး ၃မျိုးအနက် ၂မျိုးက ထိုးပြီး ၆လလောက်ကြာရင် ကာကွယ်နိုင်စွမ်းက ၅၀% အောက်ကို ကျသွားတယ်လို့ ဆိုပါတယ်။ မော်ဒါးနားဆေးက ၂ကြိမ်ထိုးပြီးချိန်မှာ ကာကွယ်နိုင်စွမ်းက ၈၉.၂% ရှိပေမယ့် စက်တင်ဘာမှာကျတော့ ၅၈% ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဖိုင်ဇာဆေးက မူလ ၈၆.၉% ကနေ ၄၃.၃ % ကို ကျဆင်းသွားပြီး ဂျွန်ဆင်အန်ဂျွန်ဆင်က မူလ ၈၆.၄ % ကနေ ၁၃.၁ % ကို ကျဆင်းသွားတာပါ။ ဆေး ၂ကြိမ်ထိုးအပြီးမှာ ဆေးရုံတင်ရတဲ့အခြေအနေ မရောက်အောင် ကာကွယ်ပေးနိုင်မှုက မော်ဒါးနား 95%၊ ဖိုင်ဇာ 80% နဲ့ ဂျွန်ဆင်အန်ဂျွန်ဆင် 60% ဖြစ်ပါတယ်။ စစ်ပြန် ၅သိန်းအပေါ်Continue reading “နိုဝင်ဘာ ၇ ရက် ၂၀၂၁ – ကိုဗစ်ကာကွယ်ဆေး များ”

နိုဝင်ဘာ ၆ ရက် ၂၀၂၁ – ကိုဗစ် ဗက်ဆင်းမန်ဒိတ်

ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကြောင့် ထရပ်ကားမောင်းသူတွေရဲ့ ၃၇% က အလုပ်ပြုတ်တော့မယ့် အနေအထားဖြစ်နေတယ်လို့ The American Trucking Associations, National Private Truck Council နဲ့ Truckload Carriers Association တို့က သတိပေးလိုက်ပါတယ်။ ဘိုင်ဒန်လက်ထက်မှာ အမေရိကန်တွေ မကြုံစဖူး ကြုံတွေ့နေရတဲ့ လက်ရှိအခက်အခဲတွေထဲကတခုက ကုန်စည်စီးဆင်းမှုပဲ ဖြစ်ပါတယ်။ ဝင်ငွေနဲရင် (သို့) အလုပ်မရှိရင် ရမယ့် ခံစားခွင့်တွေ အခွင့်အရေးတွေ အများကြီးရှိတာအပြင် တက်လာတဲ့ ဆီဈေး၊ ကုန်ဈေးနှုန်းတွေနဲ့ မီတာခတွေ စတာတွေကြောင့် ရသမျှက ပရုပ်လုံးလို အလျှင်အမြန် လုံးပါးပါးကုန်တာလည်း အလုပ်လုပ်ဖို့ စိတ်မပါကြတော့တဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယားမှာဆိုရင် မီတာခက ၂ဆလောက်ထိ တက်သွားတာပါ။ ရှေ့လျောက် ပိုအေးလို့ heatContinue reading “နိုဝင်ဘာ ၆ ရက် ၂၀၂၁ – ကိုဗစ် ဗက်ဆင်းမန်ဒိတ်”

နိုဝင်ဘာ ၅ ရက် ၂၀၂၁

နယူးဂျာစီပြည်နယ်ရဲ့ အထက်လွှတ်တော်ဥက္ကဌအဖြစ် ၁၀နှစ်ကျော်လုပ်လာတဲ့ ဒီမိုကရက်အမတ်ကို ထရပ်ကားမောင်းသူက မဲ၂၀၀၀ကျော်အသာနဲ့ အနိုင်ရသွားပါပြီ။ ထရပ်ကားမောင်းသူ အက်ဒ်ဘား က ပဏာမရွေးကောက်ပွဲမှာ $153 သာသုံးခဲ့ပြီး ရွေးကောက်ပွဲတလျောက်လုံးအတွက် သုံးစွဲခဲ့တာ $5000 မပြည့်ပဲ ဒီမိုကရက် စတိဗ်ဆွီနီကတော့ ၁သန်းလောက် သုံးခဲ့တာဖြစ်ပါတယ်။​ အက်ဒ်ရဲ့ ကြော်ငြာ ကိုတောင် သူ့သူငယ်ချင်းရဲ့ တူလေးက ရိုက်ပေးခဲ့တာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းငယ်လေးတွေ လုပ်ရကိုင်ရခက်တဲ့ အမိန့်တွေ အာဏာတွေကြောင့် နယူးဂျာစီက လုပ်ငန်းငယ်လေးတွေ ၃ ပုံ ၁ပုံလောက် ပိတ်သွားပြီဖြစ်ပါတယ်။ အက်ဒ်က မျက်စိမှိတ်၊ ကံကိုပုံပြီး ဝင်ပြိုင်ခဲ့တာမဟုတ်ပဲ နံပါတ်တွေကိုကြည့်ပြီး ဝင်ပြိုင်ခဲ့တာပါ။ သူတို့မဲဆန္ဒနယ်မှာ မဲပေးနိုင်သူ ၁သိန်းခွဲအနက် အကြိမ်ကြိမ်အရွေးခံခဲ့ရတဲ့ ဆွီနီက တခါမှ သုံးသောင်းကို များများကျော်ပြီး မရဖူးပါဘူး။ အဲဒီတော့ ကျန်တဲ့နံပါတ်တွေထဲက သုံးသောင်းကျော်လောက်ရဖို့ဆိုတာContinue reading “နိုဝင်ဘာ ၅ ရက် ၂၀၂၁”

နိုဝင်ဘာ ၄ ရက် ၂၀၂၁

အင်္ဂါနေ့က ပြုလုပ်တဲ့ နယူယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့ မြို့ဝန်ရွေးကောက်ပွဲမှာ ၃ကြိမ်အရွေးခံပြီးသားဖြစ်တဲ့ လက်ရှိဒီမိုကရက်မြို့ဝန် ဘိုင်ရွန်ဘရောင်းက ပါတီတွင်း ပဏာမရွေးကောက်ပွဲတုန်းက AOC ထောက်ခံပေးထားတဲ့ လက်ဝဲစွန်း ဒီမိုကရက်တစ်ဆိုရှယ်လစ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားသူ အင်ဒီရာ ဝေါ်လ်တန်ကို ရှုံးနိမ့်သွားခဲ့လို့ မဲစာရွက်ပေါ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ မဲပေးသူတွေက အမည်ဖော်ပြထားတဲ့ မဲလက်မှတ်ပေါ်က နာမည်တွေတင်မက ကိုယ်နှစ်သက်ရာလူကိုပါ နာမည်ရေးပေးနိုင်တဲ့ write-in နေရာလည်း ပေးထားတာကြောင့် ဘရောင်းက သူ့ကို ထောက်ခံသူတွေကို မဲစာရွက်ပေါ်က မြို့ဝန်နေရာမှာ သူ့နာမည်ကို ဖြည့်ရေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ပုံမှန်ဆိုရင် လူတွေက အလွယ်ကြိုက်ကြတဲ့အတွက် တကူးတက နာမည်ဖြည့်နေရမှာမျိုးဆိုရင် မဲများများရဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဘတ်ဖဲလိုးမြို့က ရီပါဘလစ်ကန်နဲ့ အလယ်အလတ် ဒီမိုကရက်တွေက လက်ဝဲစွန်းအစီအစဥ်တွေကို မကြိုက်ကြတဲ့အတွက် အချင်းချင်းလှုံ့ဆော်Continue reading “နိုဝင်ဘာ ၄ ရက် ၂၀၂၁”