Dr Aseem Malhotra ဆိုတဲ့ ယူကေက နှလုံးအထူးကု ဆရာဝန်ကြီးတဦးဟာ သူဆေးကုလာတဲ့အနှစ် ၂၀ (နှလုံးကုလာတဲ့ ၁၆နှစ်)အတွင်း ကုရိုးကုစဥ် ပေးရိုးပေးစဥ်ဆေးတွေနဲ့ သူ့နာတွေ မသက်သာတာ တွေ့လာရတာကြောင့် ဆေးတွေအကြောင်း ပိုမိုသိရှိအောင် လေ့လာခဲ့ပါတယ်။ ဒေါက်တာမာဟိုထရာ တွေ့ရှိလာတာက ကိုလက်စ်ထရောကျဖို့ပေးကြတဲ့ စတက်တင်ဆေးတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မှုမှာ ၁% ပဲရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဘစ်ဖာမာက နှလုံးရောဂါမဖြစ်အောင် စတက်တင်ဆေးတွေက ကူညီနိုင်တယ်ဆိုတာကို အင်တိုက်အားတိုက် ပုံသွင်းထားတဲ့အတွက် ဆရာဝန်အများစုအပါအဝင် လူအများစုက စတက်တင်ဆေးတွေဟာ နှလုံးရောဂါကို အမှန်တကယ် ကာကွယ်နိုင်တယ်လို့ ယုံကြည်နေကြတာပါ။ ကဗကကဆနဲ့ ပတ်သက်ပြီးတော့လည်း အစဥ်အလာရှိခဲ့တဲ့ ကကဆတွေဟာ လုံခြုံစိတ်ချရတာ များတဲ့အတွက် ဒေါက်တာ မာလ်ဟိုထရာက သူကိုယ်တိုင် ဆေး၂လုံးအထိုးခံခဲ့တဲ့အပြင် လူအများကိုလည်း ထိုးထားသင့်ကြောင်း တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။Continue reading “Corrupted Big Pharma”
Author Archives: Omma
ဖေဖော်ဝါရီ ၃ ရက် ၂၀၂၃
ဒီကနေ့မှာ မိုးလေဝသအခြေအနေ စုံစမ်းရာမှာသုံးကြတဲ့ မိုးပျံဘောလုံးမျိုးတခု ကနေဒါဖက်ကနေ အမေရိကန်ထဲကို ဝင်ရောက်လာပါတယ်။ နောက်ဆုံးတွေ့တဲ့အချိန်က မွန်တားနားကိုဖြတ်ပြီး အမေရိကန်အလယ်ပိုင်း ကန်းဆပ်စ်ပြည်နယ် အရှေ့မြောက်ဖက်မှာဖြစ်ကာ အခုအချိန်မှာ အမေရိကန် အရှေ့ဖျားကို ဦးတည်သွားနေတာဖြစ်ပါတယ်။ တရုပ်ကတော့ မိုးလေဝသအတွက် သုံးတာပါ၊ ရာသီဥတုဆိုးလို့ အဲဒီဖက်ရောက်သွားတာပါလို့ လှိမ့်ပါတယ်။ ပင်တဂွန်က အဲဒီမိုးပျံဘောလုံးက တရုပ်ပိုင်ဖြစ်ပြီး သူတို့ဖက်က လိုသလို ထိန်းချုပ်နေတာမှာ မူလလမ်းကြောင်းကနေ ပြောင်းပစ်ခဲ့တယ်၊ ဒါကြောင့် စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ထလရဘောလုံးဖြစ်နိုင်နေပါလျက်နဲ့ အမေရိကန်ဝေဟင်ပိုင်နက်မှာ ခွင့်ပြုချက်မရှိ ကျူးကျော် ဝင်ရောက်နေပြီး နောက် ရက်အနည်းငယ် ထပ်ရှိနိုင်တာကို ဘိုင်ဒန်တို့က စိတ်နဲ့တောင် မပြစ်မှားရဲသလို နေနေကြတာ တော်တော်လည်း ရှက်စရာကောင်းပါတယ်။ ထရမ့်ကတော့ ပစ်ချဖို့ ပြောနေပါပြီ။ ဘိုင်ကြီးတို့ ကြောက်ကြတာကတော့ မဆန်းပါဘူး၊ အကျင့်ပျက် လာဘ်စားတဲ့သူတိုင်းမှာContinue reading “ဖေဖော်ဝါရီ ၃ ရက် ၂၀၂၃”
ဖေဖေါ်ဝါရီ ၁ ရက် ၂၀၂၃
အမေရိကန်ဟာ ကမ္ဘာပေါ်မှာ တဦးချင်းစီ ကျန်းမာရေးအတွက် အသုံးဆုံးနိုင်ငံဖြစ်သလို ကျန်းမာရေးအတွက် GDP ရဲ့ အချိုးကျ အသုံးအများဆုံးနိုင်ငံနေဖြစ်ပါတယ်။ ဒါပေမယ့် ပျှမ်းမျှ လူ့သက်တမ်းက ၂၀၂၀မှာ ၇၇နှစ် ဖြစ်ခဲ့တာကနေ ၂၀၂၂မှာ ၇၆.၄နှစ်ပဲ ရှိတော့တဲ့အတွက် ၂၅နှစ်အတွင်း အနိမ့်ဆုံးကို ဆင်းသွားခဲ့တာပါ။ ယှဥ်ကြည့်မယ်ဆိုရင် ယူကေမှာ ပျှမ်းမျှလူ့သက်တမ်းက အနှစ် ၈၀ ကျော် ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အသုံးစားရိတ်ကြီးတိုင်း ပြည်သူတွေ ကျန်းမာတာမဟုတ်ပေမယ့် ဘစ်ဖာမာတွေ အက်ဖ်ဒီအေတို့ စီဒီစီတို့လို ခြစားဗျူရိုကရက်တွေကတော့ အိတ်ဖောင်းကြတာပါပဲ။ အဝလွန်ဦးရေဟာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ၂၅% ပဲရှိပေမယ့် အမေရိကန်မှာ ၄၃% ဖြစ်နေတာက အကြောင်းရင်းတခုဖြစ်သလို ၂၀၂၀အတွင်း ရှောင်လွှဲနိုင်တဲ့ အကြောင်းတွေကြောင့် သေတဲ့လူဦးရေ အများကြီးတက်လာတာက အဓိကအကြောင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရှောင်လွှဲရနိုင်တာတွေမှာContinue reading “ဖေဖေါ်ဝါရီ ၁ ရက် ၂၀၂၃”
Epstein’s Death
အသက်မပြည့်သေးတဲ့ ကလေးမတွေကို နာမည်ရှိ အာဏာရှိ အီလိတွေအတွက် ကာမဂုဏ်ဖျော်ဖြေပေးဖို့ စည်းရုံးသိမ်းသွင်းလေ့ကျင့်ပေးခဲ့တဲ့ ဂျက်ဖရေအက်ပ်စတိန်းဟာ ၂၀၁၉ ဩဂုတ်လ ၉ရက်နဲ့ ၁၀ရက်ကြား ညကာလမှာ မန်ဟက်တန်အချုပ်ခန်းအတွင်း အသတ်ခံလိုက်ရပါတယ်။ အဲဒီသတင်းကို ကြားကြားချင်း အဲဒီအချိန်က တရားရေးဝန်ကြီး ဝီလီယံဘားက သွားမကြည့်ရသေးခင်မှာတောင် ဟာ ဒါကို ဆူဆိုက်လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ အမျိုးမျိုး ယူဆချက်တွေ ထွက်လာလိမ့်မယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ ဘယ်သူပေါ့လျော့လို့လဲ၊ အစိုးရဖက်က ဘာတွေမှားလို့ ဘယ်လိုတာဝန်ယူရမလဲဆိုတာတွေထက် လူတွေဘယ်လိုထင်မယ်ဆိုတာ အရင်တွေးနေတာ မဖြစ်သင့်ဘူးလို့ တပ်ကာက ဆိုပါတယ်။ အခင်းဖြစ်ပွားချိန်မှာ ထောင်ဝန်ထမ်းတွေက အိပ်ငိုက်နေတယ်လို့ ထွက်ဆိုပြီး အဲဒီအချိန်ရဲ့ စီစီတီဗီမှတ်တမ်းကို စစ်ကြည့်ဖို့မှာလည်း အက်ပ်စတိန်းတို့ အခန်းတွေဖက်ကို ချိန်ထားတဲ့ စီစီတီဗီက အချိန်ကိုက် ပျက်နေကြောင်း တာဝန်ရှိသူတွေကContinue reading “Epstein’s Death”
ဇန်နဝါရီ ၂၉ ရက် ၂၀၂၃
ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုင်ယာမီမှာ ဂါဗာနာ ဒီဆန်းတစ်စ်က သက်ငယ်မုဒိမ်းကောင်တွေကို သေဒဏ်အထိ ပေးနိုင်ဖို့နဲ့ အနည်းဆုံး ထောင်ဒဏ်တသက် ကျခံစေဖို့ အကြံပြုလိုက်ပါတယ်။ အမေရိကန်မှာ သက်ငယ်မုဒိမ်းသမားတဦးမှ သေဒဏ် ကျခံခဲ့ဖူးခြင်း မရှိသေးပါဘူး။ လူဝီစီယားနား ပြည်နယ်မှာတော့ သက်ငယ်မုဒိမ်းကောင်တဦးကို အသက် ၈နှစ်ရှိ မယားပါသမီးကို မုဒိမ်းကျင့်မှုနဲ့ သေဒဏ်ပေးခဲ့ဖူးပါတယ်။ ဆူပရင်းမ်ကုတ်ကို အယူခံရောက်လာတော့ ဆူပရင်းမ်ကုတ်က သက်ငယ်မုဒိမ်းကို သေဒဏ်ပေးတာဟာ ခြေ/ဥနဲ့ မညီပါဘူးလို့ ၂၀၀၈ တုန်းက ဆုံးဖြတ်ပေးခဲ့ပါတယ်။ သူတို့က သူများကို အသက် ဆုံးရှုံးအောင် လုပ်ထားသူတွေသာ သေဒဏ်ကျခံသင့်တယ်လို့ ယူဆကြတာပါ။ အမေရိကန်မှာ ဟူစိန်တက်ပြီး နောက်ပိုင်း အဖက်ဖက်က ဆုတ်ယုတ်လာတဲ့ထဲမှာ ရာဇဝတ် တရားစီရင်ရေးလည်း အဓိက အခန်းက ပါနေပါတယ်။ အဲဒီလို ဖြစ်လာဖို့လည်း အစိုးရရောContinue reading “ဇန်နဝါရီ ၂၉ ရက် ၂၀၂၃”
ဇန်နဝါရီ ၂၆ ရက် ၂၀၂၃
အသင့်စားဘေဘီဖုဒ်တွေမှာ အများဆုံးပါဝင်ခွင့်ပြုတဲ့ ခဲဓါတ်ကို အက်ဖ်ဒီအေက သစ်သီး၊ ဟင်းသီးဟင်းရွက်တချို့၊ အရော၊ ယောဂတ်၊ ကပ်စ်တပ်နဲ့ ပူတင်းတွေမှာ ဘီလီယံရဲ့ ၁၀ပုံ၊ တမျိုးတည်းပါဝင်တဲ့ ကန်ဇွန်းဥ၊ မုန်လာဥနီနဲ့ စီရီယယ်အခြောက်စတာတွေမှာ ဘီလီယံရဲ့ ၂၀ပုံလို့ သတ်မှတ်လိုက်ပါတယ်။ အဲဒီလို သတ်မှတ်လိုက်ခြင်းအားဖြင့် အဆိုပါအစားအစာတွေကနေ ခဲဆိပ်သင့်မှုကို ၂၄-၂၇% လျော့ချနိုင်မယ်လို့ အက်ဖ်ဒီအေကော်မစ်ရှင်နာ ဒေါက်တာရောဘတ်ကလစ်ဖ် က ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ Healthy Babies Bright Futures ဆိုတဲ့ ကလေးငယ်လေးတွေရဲ့ အာရုံကြောတွေကို အဆိပ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို လျော့ချနိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းရဲ့ ဒါရိုက်တာ ဂျိန်းဟိုလီဟန်က အက်ဖ်ဒီအေအနေနဲ့ ဒီထက်ပိုပြီး ကြပ်မတ်သင့်တယ်လို့ ဆိုပါတယ်။ ဂျိန်းတို့အုပ်စုက ထုတ်ပြန်တဲ့ ၂၀၁၉အစီရင်ခံစာမှာ ဈေးကွက်ထဲက ဘေဘီဖုဒ်တွေရဲ့ ၉၅% မှာContinue reading “ဇန်နဝါရီ ၂၆ ရက် ၂၀၂၃”
Obesity tripled in a generation
ဂျန်နရေးရှင်းတခုစာအတွင်း အဝလွန်ဦးရေ ၃ဆတိုးလာပါတယ်တဲ့။ တခုခုဆို ကလိုင်းမိတ်ချိန့်ပဲ ဆောင့်အော်နေတဲ့ အီလိတွေနဲ့ ဒီမိုခေါင်းတွေ ပြည်သူအပေါ် တကယ်စေတနာကောင်းရှိတယ်ဆိုရင် အဝလွန်ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီ။ အဝလွန်တာက ရောဂါတွေအများကြီးရဲ့ အကြောင်းရင်းဖြစ်လို့ ဆေးတွေကုရတော့ ရှာသမျှပိုက်ဆံ ဘစ်ဖာမာကို လုပ်ကျွေးရတာနဲ့ ကုန်နေတာပါ။ အဝလွန်နဲ့ မူးယစ်ဆေးပြဿနာကို မရှင်းပဲ ကြီးကြီးကျယ်ကျယ်ကြီးတွေ ပြောနေတဲ့ နိုင်ငံရေးသမားမှန်သမျှ ဘီအက်စ်တွေချည့်ပါပဲနော်။ ပြောလို့သာ ပြောရတာပါ၊ အစာထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေနဲ့ အက်ဖ်ဒီအေနဲ့ ဘစ်ဖာမာနဲ့ ပေါင်းစားနေတာ ကြာပါပြီ။ မကြည့်လို့သာ မမြင်ကြတာပါ။ မျက်စေ့ဖွင့် နားစွင့်ထားပြီး စူးစမ်းတတ်တဲ့ ချင့်ယုံတတ်တဲ့ အကျင့်လေးတော့ မွေးထားကြပါ။
Why Obama won’t say Radical Islamic?
အိုဘမက အမေရိကန်သမ္မတတွေထဲမှာ အဆိုးရွားဆုံးပါလို့ ဆရာကြီး သောမတ်စ်ဆိုးလ်က ဆိုပါတယ်။ ပညာရေးမှာ common core နဲ့ ဆွဲချထားပြီး ကျန်းမာရေးမှာ အဖော့ဒဘဲလ်အက်နဲ့ ကျန်းမာရေးကို လူများစုအတွက် အဖော့ဒဘဲလ်မဖြစ်အောင် လုပ်သွားခဲ့ပါတယ်။ စွမ်းအင်ဘက်မှာလည်း ဘိုင်ဒန်လိုပဲ ပြည်တွင်းစွမ်းအင်တွေ လိုက်ပိတ်ခဲ့လို့ ရုရှားနဲ့ အိုပက်ပြုသမျှ နုခဲ့ရပါတယ်။ နိုင်ငံခြားရေးမှာလည်း အပိုလိုဂျီတိုးရ်လို့ ခေါ်ရလောက်အောင် ကမ္ဘာလှည့်ပြီး သေးသိမ်တဲ့ သူ့စိတ်နဲ့ အမေရိကန်ကိုပါ သိမ်ငယ်စေခဲ့ပါတယ်။ လွတ်လပ်သောကမ္ဘာကြီးရဲ့ ခေါင်းဆောင်ဆိုတဲ့ ရာထူးကိုမှ အားမနာ အာဏာရှင်ဆော်ဒီဘုရင်ကို ခါးကိုင်းနေအောင် ဦးညွှတ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ကမ္ဘာ့ငပွကြီးများအကုန် ဂျိုကြွကြပြီး ရုရှားက ယူကရိန်းနိုင်ငံထဲက ခရိုင်းမီးယားဒေသကို သိမ်းခဲ့ပါတယ်။ အကြမ်းဖက်တွေ ပြန်ပေးဆွဲသွားတဲ့ အမေရိကန်ဓါးစာခံတွေလည်း တယောက်ကိုမှ မကယ်နိုင်ခဲ့တဲ့အပြင် ဘန်ဂါဇီမှာ တိုင်းပြည်ကိုယ်စားပြု သံအမတ်ကြီးနဲ့တကွ ကိုယ့်နိုင်ငံသားတွေContinue reading “Why Obama won’t say Radical Islamic?”
ဇန်နဝါရီ ၂၂ ရက် ၂၀၂၃
ရှာဖွေလေ တွေ့ရှိလေကတော့ ဘိုင်ဒန်နဲ့ လျို့ဝှက်စာရွက်စာတမ်းများပဲ ဖြစ်ပါတယ်။ စတွေ့တာကနေ အထပ်ထပ် တွေ့နေပြန်တာဆိုတော့ ဘယ်ကဘယ်လို သဲလွန်စရလာတာလဲလို့ စဥ်းစားသင့်ကြောင်း ကက်ရှ်ပတဲလ်က ထောက်ပြသွားပါတယ်။ တကယ်ဆို အပ်ကျတာကသိနေတဲ့ ထလရတွေက ဖော်ချင်ရင် အစောကြီးထဲက ဖော်လို့ ရနေပါလျက်နဲ့ ခုမှ စဖော်ပြီး တတိတတိနဲ့ တိုးပြလာတာဟာ ဘိုင်ဒန်ကို ၂၀၂၄မှာ ဝင်မပြိုင်စေလိုတာကြောင့် စ နေတာလည်း ဖြစ်နိုင်ကြောင်း၊ ဘိုင်ဒန်ကိုယ်၌က မပြိုင်တော့ဘူးမပြောလာမချင်း ကလပ်စီဖိုင်းတွေ ပိုပိုတွေ့လာမယ့်သဘောရှိကြောင်းလည်း ခန့်မှန်း ပြောကြားသွားပါတယ်။ အဲဒါကြောင့်လည်း မီဒီညာကြီးတွေက ဝိုင်းတင်နေကြတာ ဖြစ်မှာပါ။ နောက်တချက်က လွှတ်တော်ထဲမှာ ဘတ်ဂျက်အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာဆိုတော့ ရီပါဘလစ်ကန်တွေကို ဘိုင်ဒန်အမှုတွေနဲ့ အာရုံလွှဲထားနိုင်ရင် သူတို့လိုချင်တဲ့ ဘတ်ဂျက်ရနိုင်မယ်လို့ တွက်ကြတာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူအနေနဲ့ အမှန်အတိုင်းContinue reading “ဇန်နဝါရီ ၂၂ ရက် ၂၀၂၃”
ဇန်နဝါရီ ၁၇ ရက် ၂၀၂၃
မိုင်ယိုကာဒိုက်တစ်စ် နှလုံးကြွက်သားယောင်ရမ်းပြီး ရုတ်တရက် နှလုံးရပ်ကုန်တာတွေ အဖြစ်များသထက် များလာတာနဲ့ ပတ်သက်လာတာက လူ့အသက်တွေ အများကြီးနဲ့ အလုပ်လုပ်နေရတဲ့ လေယာဥ်မှူး၊ ရထား/ကား မောင်းသူတွေအပြင် အမှားမခံတဲ့ ဆေးဖက် စစ်ဖက်ဝန်ထမ်းတွေ အများကြီးဟာ သူတို့အသက်တင်မက သူတို့အပေါ်မှာ မှီတည်နေတဲ့ အများပြည်သူရဲ့ အသက်တွေအတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေပါတယ်။ ဆေးထိုးပြီး ရုတ်တရက်ကြွကုန်ကြတာက ခုမှမဟုတ်ပါဘူး။ အရင်ထဲကပါ၊ သတင်းတွေ အတင်းဖုံးဖိထားလို့ လူသိသိပ်မများနေတာပါ။ ခုတော့ မီဒီယာကြီးတွေမှာ မတင်ပေမယ့် မီဒီယာလေးတွေနဲ့ တွဒ်တာမှာ တင်လို့ ရနေပြီဖြစ်တော့ ပိုတင်ကြလို့ လူသိ ပိုများလာတာပါ။ လေယာဥ်မှူးတွေလောကမှာတော့ ကြားနေ သိနေကြတာ မနှစ်ကထဲကပါ။ ဆိုးကျိုးတွေ ဘယ်လိုရှိနိုင်တယ်ဆိုတာ သိရအောင် အရင် သေချာစီစစ်ပြီးမှ ထိုး/မထိုး ဆုံးဖြတ်ချင်ကြပေမယ့် တာဝန်ရှိသူတွေဖက်က စီစစ်ပေးဖို့/ထုတ်ပြန်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။Continue reading “ဇန်နဝါရီ ၁၇ ရက် ၂၀၂၃”